မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, December 27, 2007

ဂရုစိုက်ပြီးတော့ဖတ်ပါ

ဒီအောက်ကစာကို ကြိုးစား၍ ဖတ်ကြည့်ပါ
နဲနဲ ထူးခြားတာ တွေ့ပါလိမ့်မယ်


The Phenomenal of the Human Mind

Cambridge University က research လုပ်ထားတဲ့ ဟာလေးပေါ..
စိတ်ဝင်စားဖို့ကောင်းပါတယ်.... ကြိုးစားပြီတော့ဖတ်ကြည့်ပါ






ကျေးဇူးတင် ပါတယ်...
ပျော်ရွှင်နိုင်ပါစေ......

ဆက်ဖတ်ပါ...

Wednesday, December 26, 2007

Woman with one eye

My Mom only had one eye.I hated her...
She was such an embarrassment.
She cooked for students & teachers to support the family.
There was this one day during elementary school
where my mom come to say hello to me.

I was so embarrassed.
How could she do this to me?

I ignored her, threw her a hatedful look and ran out.
The next day at school one of my classmates said,
"EEE, your mom only has one eye!"
I wanted to bury myself.
I also wanted my mom to just disappear.
So I confronted her that day and said,"If you're only
gonna make me a laughing stock, why don't you just die?!!!"
My mom did not respond....
I didn't even stop to think for a second about waht i had said,
because i was full of anger.
i was oblivious to her feelings.

i wanted out of that house, and have nothing to do with her.
So i sutdied real herd, got a chance to go to Singapore to study.
Then, I got married..
I bought a house of my won.
I had kids of my own.
I was happy with my life, my kids and the comforts.
Then one day, my mother came to visit me.
She hadn't seen me in years and she didn't even meet her grandchildren.
When she stood my the door, my children laughed at her, and i yelled
at her for coming over univited.
I screamed at her,"How dare you come to my house and scare my children!!!"
"GET OUT OF HERE! NOW!!!"
And to this, my mother quietly answered,"Oh,i'm sorry. I may have gotten
the wrong address." and she disappeared out of sight.
One day, a letter regarding a school reunion came to my house in Singapore.
So I lied to my wife that I was going on a business trip.
After the reunion, I went to the old shack just out of curiosity.
My neighbors said that she died.
I did not shed a single tear.
They handed me a letter that she had wanted me to have.
"My dearest son, I think of you all the time. I'm sorry that i came to Singapore
and scared your children.
I was so glad when I heard you were coming for the reunion.
But I may not be able to even get out of bed to see you.
I'm sorry that i was a constant embarrassment to you when you were growing up.
You see.... when you were very little, you got into an accident, and lost your eye.
As a mother, I couldn't stand watching you having to grow up with
one eye.
So I gave you mine.
I was so proud of my son who was seeing a whole new world for me, in my place,
with that eye.
With my love to you.
Your mother...

ဆက်ဖတ်ပါ...

Monday, December 24, 2007

ရင်တွင်းဖြစ် ကဗျာ အတိုအစများ....(၂)

~~~ကျေးဇူးရှင်...~~~

တစ်ဝမ်းတစ်ခါး
တစ်လှမ်းအသွားမှာ
ဝမ်းတစ်ထွာ အတွက်
သမုဒ္ဒရာထဲ
နှစ်မြုပ်ခဲ့လည်း
လွတ်ရာလွတ်ကြောင်း
ကောက်ရိုး တစ်စဆုပ်လည်း
ကျေးဇူးရှင်ပဲ၊၊


~~~ကံ~~~~

ကံအကောင်းဆုံး
လူတစ်စုတွင်
ငါလိုလူတစ်ယောက်
ကံကောင်းဆုံးဟု
ထင်ကာထားလည်း
ကံကိုယုံ၍
ဆူးပုံမနင်းနဲ့...၊၊

~~~နှင်းဆီတစ်ပွင့်~~~

လပြည့်ညမှာ
ချစ်သူအလှက
ရင်မှာစွဲညှိချစ်မိခဲ့ပြီ
လမိုက်ညမှာ
ချစ်သူကွယ်ပျောက်
ထားရစ်ခဲ့ပြီ
ှနှင်းဆီတစ်ပွင့်....။


အပွင့်ကားကား
ဆူးရဲကြားမှာ
တင့်တယ်လှပ
သူ့မာနက
သူ့အလှဖျက်သည်...။။။



ဆီးနှင်းဖွေးဖွေး
လွင်ပြင်လေးမှာ
အိမ်မက်ရထား
ခုတ်ကာသွားသည်...



ချစ်သူရင်ခွင် မှေးဝင်အိပ်စက်
ရုန်းထွက် ဖို့ပင်မေ့နေသည်
ချစ်သူအပါးခိုကာနားမည်
ချစ်သူစိတ်ထားလှပသည်...



မင်းရဲ့ဆံပင် မင်းရဲ့အသွင်က
ယမင်းရုပ်သွင် လှပသည်
မင်းရဲမျက်လုံး အသဲနှလုံးက
ရိုးသားဖြူစင် နုးညံသည်...။။



မြတ်နိုးတွယ်တာ ချစ်နေသမျှကို
တမ်းတမျှော်မှန်း ပိုင်ဆိုင်လိုခြင်းအစစ်
သနားကြင်နာ ယုယသမျှကို
ပေးဆပ်ခြင်တာ ကိုယ်ရဲ့အဖြစ်
မြတ်နိုးကြင်နာယုယမူတွေ အချစ်တွေကို
ချစ်သူနားလည်နိုင်ပါစေ။။။



သံယောဇဉ်ကြိုး
ရစ်ပတ်နှောင်ဖွဲ့
ပြစ်ကာထားလည်း
မသိစိတ်က
တိုး၍ရစ်ပတ်
ရုန်းထွက်မရတဲ့
ငယ်ချစ်ဦး...။။



ပြူတင်း မှန်တံခါးမှာ
နှင်းများရိုက်ခတ်တဲ့
ဒီဇင်ဘာရဲ့ ညတည
ပရစ်အော်သံ
ချစ်သူခေါ်သံလားလို့
ယောင်ရမ်းစမ်းမိ
မင်းမရှိ...။။



အမှားတစ်ခု
ပြုခဲ့ဖူးသည်
ငါ၏စိတ်တွင်
ညိုဝင်းရိုက်ခတ်
ပြင်းစွာထိလည်း
ခံနိုင်ရည်းစွမ်းအား
တင်းကာထားလည်း
ပြိုပျက်ခဲ့သည်....။။။




မွန်းကျပ်လွန်းသည့်
ငါ၏စိတ်တွင်
ကိန်းဝင်စွဲညှို
ဖျက်မရသည့် အကြောင်းအချက်များ



ရူပ်ထွေးလွန်းသည်
အကြောင်းအချက်များကို
ပြုပြင်ဖယ်ရှား
ကြိုစားကြံဆရာတွင်
အို...ဘုရားသခင်ကယ်တောင်မူပါ....။။



ဆက်ဖတ်ပါ...

အလို လျှောက် သီအိုရီ....

***အချစ်
လေးမြား နှင့် ခွင်းပစ်မရ
ရင်ထဲနိုးထလာပါမှ

***အချစ်
ရွှေစစ်ငွေစစ်ပေးမရ
မျက်ဝန်းလှစ်ဟဆိုပါမှ

***အချစ်
ဖြစ်စေဖန်ဆင်း သွင်းမရ
နှလုံးသားက ချိုပါမှ

***အချစ်
ဖျောက်ပစ်မရ ဖယ်မရ
နေ့ညမသိ
ပင်ပန်းစွ........

ဆက်ဖတ်ပါ...

Sunday, December 23, 2007

စေတနာ ကျောင်းတော် (အေးသာယာ G.T.I)

တောင်တွေရဲကြား
ကျောင်းတော်ရာသို့
တက်ကြွခြေလှမ်း
ဘယ်ညာ လှမ်းကာ
စိတ်သစ်လူသစ်
အားမန်သစ်ဖြင့်
ရောက်ခဲ့ပြီ

နွေးစွာကြိုဆို
ကျောင်းတော်သားတို့
နိုင်ငံရဲ့အား
စက်စွမ်းအားကို
ပို့ချသင်ကြာ
ဤကျောင်းတော်သာ
အမြတ်ဆုံး.....

နိုင်ငံတာဝန်
ထမ်းကာယူမည်
စက်မှုစွမ်းအား
အတတ်ပညာရှင်တို့
မွေးထုတ်ပေးရာ
ဤကျောင်းတော်သာ
အမြတ်ဆုံး.....

စေတနာတရား
ထက်ကာထားသည်
ကျေးဇူးကြီးမား
ဆရာ ဆရာမများ၏
မေတ္တာသည်သာ
ဤကျောင်းတော် ၏
စိတ်နှလုံး......

ဆက်ဖတ်ပါ...

ခွဲခွာခြင်း ၏ ရလဒ်....

အိမ်ပြန်တေးဆို
ငှက်ငယ်လေးလို
သာယာဟစ်ကျူး
လွမ်းဘွဲထူးကို
ဆိုညည်းချင်လည်း
ဆွံအနေတယ် အမိငယ်....

အိမ်ပြန်ချိန်ဝယ်
နုတ်ဆက်အနမ်း
ပျံ့လွင့်နေလည်း
ပြုံးသူ့စိတ်ဝယ်
မျက်ရည်ချောင်းစီး
တင်းကာထားလည်း
ပြိုပျက်ခဲ့တယ် အမိငယ်....

ဟန်ဆောင်ကာဖုံး
မျက်နက်ဝန်းကို
လှစ်ဟပြချင်လည်း
ထွက်ကျလာမည့်
မျက်ရည်းများကို
တားဆီးပေးပါ အမိငယ်....

ဆက်ဖတ်ပါ...

ဗေဒါပန်း....

ချောင်းရေ အလျင်တွင်
ဗေဒါ တစ်ပွင့်မျောပါလွင်လည်း
သူအလှနှင့် ထိုက်တန်သူသာ

ဝေယံပင်မြင့်တွင်
တောင်ပန်း သဇင်
ချစ်ခင်ဟန်လည်း
သူ့အလှနှင့် ထိုက်တန်သူသာ

ဗေဒါအလာ
ငါ၏ ဘဝတွင်
ရေမျောကမ်းတင်
ဝေးလွင့်ခဲလည်း
ငါဘဝနှင့် ထိုက်တန်သူသာ

ဆက်ဖတ်ပါ...

ခင်မင်မူတံတား.......

မာနရိုက်တံ ခတ်မိပြန်တော့ 
အတ္တသခင် မာနရှင်ကား
ရှောင်ခွာထွက်ပြေး ခပ်ဝေးဝေး

အံ့အြမိမှန်း စိတ်ထံကိုမေး
အိုးအတ္တသခင် မာနရှင်လေး
အဘယ်ကြောင့်ပြေး ခပ်ဝေးဝေး

အဖြေကိုရှာတွေး ခပ်ရေးရေး
တွေး၍ပေါ်ပြန် ဖြေမှန်မှန်ကာ
အတ္တာသခင် မာနရှင်အား
တားဆီးလေလား ခင်မင်မူ့တံတား....


ဆက်ဖတ်ပါ...

ရင်တွင်းဖြစ် ကဗျာ အတိုအစများ....

~~ဝါနု~~

အလှတွေစု ဖူးငုံနုမှာ
ဝါနုမျက်နှာ ပြုံးရွှင်သာနှင့်
ရွယ်ကာပျိုနု အပြုံးနုကို
ထွေးကာပြုလို့.....၊၊

~~သံယောစဉ်~~

ရွာမလို့ဟန်ပြင်
တိမ်ညိုတိမ်မဲ
လေယူသိမ်းလည်း
လွင့်ပါးခဲ့ရပါလား

နှင်းနှီးမူတစ်ခု အစပြုကာ
သံယောစဉ်ကြိုး
မတိုးရစ်ခင်
အချိန်လက်တံ
ရိုက်ခတ်ပြန်တော
ခွဲခွာရဦးမှာပါလား...၊၊


~~ချစ်သူ (၂)~~
မြတ်နိုးလွန်းသူ
မင်းမျက်ဝန်းကို
အောက်မေ့တမ်းတ
လွမ်းမဝလည်း
ချစ်သူစကား
နားထောင်မိသည်

ချစ်ရလွန်းသူ
မျက်နက်ဝန်းကို
မြင်ယောင်တမ်းတ
တစ်ရက်ခြားလည်း
တစ်သက်ခြားထင်
ဂတိရိုက်ချိုး
ဖြစ်မိသည်၊၊

ဆက်ဖတ်ပါ...

Thursday, December 20, 2007

ချယ်ရီ အလွမ်း....

တောင်ပေါ်မြိုလေး ငွေနှင်းဖွေးနှင့်
ထင်းရူးမြိုင်တော ယူကလစ်ပေါကာ
တောတောင်ကြားဝယ် ကွေ့လမ်းသွယ်နှင့်
နှင်းရည်သောက်သုံး ချယ်ရီပြုံးကို
မင်းပန်ဆင်ရန်....

ဟိုး..ရင်အတိတ် လွမ်းမောစိတ်နှင့်
နှစ်သက်ကြည်နူး နေ့ရက်ထူးကို
စိကာပတ်ကုံး စကားလုံးများနှင့်
မွှန်းကာဖွဲ့ထုံး အချစ်ဆုံးကို
တမ်းတလေဟန်....

ချစ်စရာအပြုံး မင်မျက်လုံးကို
တမ်းတမြတ်နိုး ချစ်စိတ်တိုးကာ
လွင့်ပျံ့စိတ်ကူး မေတ္တာထူးနှင့်
တံစက်မြိတ်ထက် နှင်းရည်စက်ကို
နှစ်သက်လေဟန်.....


မင်းမြတ်ဘုန်း....

ဆက်ဖတ်ပါ...

လွမ်းရိပ်ပဲ့တင်...

ရင်ခုန်သံတိတ်
အချစ်စိတ်ပို တိတ်တခိုးနဲ
အိပ်နိုးလွန်ထ အစိုးမရခင်
မထင်မှတ်ပဲ လိုက်လှဲကျွမ်းဝင်
သံယောစဉ်ကို မနှင်လိုရက်
အနှင်ခက်ပြီမေ.....

တစ်နေ့တစ်ခြား
အတွေးများလို့ ရွေလျားအသိ
သတိလွတ်ကင်း ဖွဲ့တင်မိကြိုး
ဆတိုးလွန်နှောင် စည်းဘောင်မထား
မှားသလား ဟင်......

သက်အပ်နှင်းပုံ
မြတ်နိုးယုံးစား နှလုံးသားဖြင့်
ခံစားကြည်းနူး မေတ္တာဦးမှာ
လွမ်းလိပ်ပြားစင် မလွမ်းချင်လည်း
လွမ်းရင်ကွဲဖို့ ခွဲခွာခြင်းက
ဘ၀မင်းမူ အနိုင်ယူလျင်.....

ချစ်ဦး ထွတ်တင်
မညွတ်ခင်က ဆွတ်ကျင်ကြေမွ
ရှတဒဏ်ရာ ဝေဒနာအတွက်
အမျက်မထုံ တစ်သက်မမုန်းပဲ
အပြုံးသွေ့သွေ့ အရူံးတွေစမ်း
နှလုံးမြေကျွမ်းလည်း
နွမ်းသည်းညှာမှာ
လွမ်းဆဲပါမေ....


မင်းမြတ်ဘုန်း......

ဆက်ဖတ်ပါ...

မျှော်လင့်ခြင်း ရင်ပြင်

မိုးတဖြောက်ဖြောက် သွန်းကာမှောက်သည်
လွမ်းမောရိပ်ထင် ချစ်သူ့အသွင်ကို
ပူဆွေးသောက ဗျာပါဒနှင့်
ရင်ခုန်မြတ်နိုး ချစ်စိတ်တိုးကာ
လွမ်းလျှက်ပါမေ....

ရေကြည်တစ်ပေါက် ရင်ထဲရောက်လည်း
လိုချင်တက်မက် နောက်တစ်စက်ကို
မက်မောတွယ်တာ မင်းမျက်ဝန်းမှာ
စောင့်မျှော်တန်းတ ချစ်လိမ့်ငြားဟု
လွမ်းလျက်ပါမေ....

စက္ကန့်ရဲနောက် မိနစ်ရောက်သည်
ရာသီလည်သော်လည်း မောင့်မေတ္တာကာ
နုပျိုသစ်လျက် မပျက်ယွင်းပဲ
ချစ်ခင်လျက်သား နောင်များစွာမှာလည်း
ချစ်လျက်ပါမေ....



မင်းမြတ်ဘုန်း.....

ဆက်ဖတ်ပါ...

Tuesday, December 18, 2007

မျဉ်းဖြောင့်တစ်ကြောင်းရဲ့သစ္စာ

......အချစ်ကို
ဟောသလို...ဟောသလို
အဓိပ္ပါယ်တွေ ဖွင့်ဆိုကြ
ရင်ခုန်မှု ဗေဒနဲပေါ့

အချို့က....
ပိုင်ဆိုင်လိုခြင်း အစစ်
အချစ် တဲ့....
ကျမ်းကျိန်စရာမလိုတဲ့
တစ်ကယ့်အဖြစ်ကို
မျက်နှာပြန်သစ်လိုက်တော့
စွန့်လွတ်နိုင်ခြင်း
မဟုတ် ပဲနဲ့
ပိုင်ဆိုင် လိုခြင်းနဲ့ လွဲခဲ့ရတဲ့
ချစ်သူရဲ့
နဖူး လှလှ
နှတ်ခမ်း ရွရွ
ပါး မွမွ ကို
တစ်ခါဆို
တစ်ခါ လေးမှ
မနမ်း ခဲ့တဲ့ ဘဝ
ခဏ ခဏ
မှန်းဆ
လွမ်းမဝ
ဒါပေမယ့်
နောင်တ မဟုတ်တာတော့
သေချာတယ်......



မင်းမြတ်ဘုန်း.....

ဆက်ဖတ်ပါ...

mmphone gallery

Hello Darling

ဆက်ဖတ်ပါ...