မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Saturday, September 13, 2008

သုညဘဝ


ချိုချိုခါးခါးနဲ့ အတ္တတခွက်
ယစ်မူကာမျိုချလို့
ဘယ်တုန်းကမှ မပြည့်ဝခဲ့ပါဘူး
ကျဆုံးသွားခဲ့တဲ့မာနကို
တွယ်တာစရာဆိုလို
ရင်နာစရာတွေနဲ့သာ
အစွယ်အဖွေးသားနဲ့
စက်ဆုတ်စရာ အကြည့်တွေက
ဟိုးအောက် အနက်ရှုင်းဆုံးအထိ
ထွင်းဖောက်ခဲ့
ရင်ခွင်မှာက ဗလာ
သေချာတာက နတ္ထိ
ကြိုးဆွဲရာ က ရတဲ့
သုညဘဝ

ဆက်ဖတ်ပါ...

Friday, September 12, 2008

ပြန်လည်နိုးထခြင်း

ကျွန်တော့် ဘလော့ဂ်ကာ ဘော်ဘော်တွေနဲ့ နဲနဲ ဝေကွားသွားခဲ့တယ်။ အလုပ်က အသစ်ဖြစ်သွားတာရယ် ပြောင်းရရွှေရနဲ့ ဘလော့ဂ်ဘက်ကိုမလှည့်နိုင်ဘူး ဖြစ်သွားတယ်။ ဘယ်သူငယ်ချင်းဆီကို မှ သွားမလည်ဖြစ်ဘူးဖြစ်သွားတယ်။ ခုတော့ပြန်လာပါပြီခင်ဗျာ။ ပို့စ် မတင်ခင် အရင်ဆုံး သူငယ်ချင်းတွေဆီလျှောက်လည်လိုက်ပါဦးမယ်။ အားလုံး မင်္ဂလားအပေါင်းနဲ့ပြည့်စုံကြပါစေလို့။ ခုလောလောဆယ်တော့ သူငယ်ချင်းတွေနားထောင်ဖို့ ဒိုးလုံး သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒိုးလုံး အမှတ်တရပေါ့ခင်ဗျာ။
ရင်ထဲကချစ်ဦးမေတဲ့ ခင်ဗျ.....


ဆက်ဖတ်ပါ...

Monday, September 1, 2008

အပြုံး


အချစ်ဆုံးဟု
အပြုံးတုကို
ယှဉ်ကာပြုလည်း
မယိုင်မလဲ
ပြိုင်ကာနွှဲကာ
ခွင့်လွှတ်ခါရွေး
ပြုသူမေ့လည်း
ပြုံးတုံ့ကလေးနဲ
နေခဲ့တယ်...

ဆက်ဖတ်ပါ...