မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, April 14, 2009

နှစ်သစ်ကူး နှင့် မွေးနေ့မင်္ဂလာ

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နုတ်ခွန်းဆက်သလိုက်ပါတယ်။ ပထမဦးစွာ ကျွန်တော့်ကို ဒီနေ့ ဒီရက်မှာ မွေးဖွားသန့်စင်ပေးခဲ့သော မေမေ နှင့် ဖေဖေ့ ကို အဝေးရောက်သားကြီး ကျွန်တော် မင်းမြတ်ဘုန်း မှ ရိုသေစွာ ကန်တော့လိုက်ပါတယ်။ ဖေဖေ နှင့် မေမေ ကျန်းမာ ချမ်းသာပြီး တရားဘာဝနာများ ကို အေးငြိမ်းချမ်းသာစွာဖြင့် အားထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ကို ရင်ဝယ်သားကဲ့သို့ ပြုစုခဲ့သော ကြီးကြီး ကိုလည်း သား မင်းမြတ်ဘုန်း မှ ရိုသေစွာကန်တော့လိုက်ပါတယ်။ ကြီးကြီးတစ်ယောက် ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကျွန်တော် အဝေးကိုရောက်နေပေမယ့် နှစ်စဉ် ဒီအချိန်ရောက်တိုင်း တစ်နှစ်မှ မပျက်ပဲ ကျွန်တော်ကြိုက်တဲ့ မုန့်လုံးရေပေါ်ကို စတုဒီသာ ကျွေးမွေး လှူဒါန်းပေးတဲ့ မေမေ။ ကျေးဇူးပါမေမေ။

ကဲ့..... ကျွန်တော်ကတော့ သူငယ်ချင်းတွေကို ပေါ့ပေါ့ပါးပါး ယိုးဒယားအစားအစာ နဲ့ ဧည့်ခံလိုက်ပါတယ်ဗျာ....

အားရပါးရ သုံးဆောင် ကြပါခင်ဗျာ.........



ဒါကတော့ အချိုပွဲပေါ့ ဗျာ ... ဟဲဟဲ မလောက်ရင်ပြောနော် မရှက်ပါနဲ့ .....






ကျွန်တော့်ရဲ့ မွေးနေ့မှာ ဆုမွန်ကောင်းတွေ တောင်းပေးတဲ့ ချစ်သူရေ.. ကျေးဇူးပါ..........


ဆက်ဖတ်ပါ...

Wednesday, April 1, 2009

ကျောက်ရုပ်လူသား


အကြီးမားဆုံး စွန့်လွတ်မှု နဲ့
အသေးငယ်ဆုံး ပိုင်ဆိုင်မှု ဟာ
ပျော်ရွှင်မှု ဆိုတဲ့ ရူးသွပ်ခြင်းမှာ
သန္ဓေတည့်ခဲ့တာပဲ
ရွေ့လျားနေတဲ့ စက္ကန့်တိုင်းကို
ခေါင်းခေါက်ပြီး
အသေးငယ်ဆုံးသော့ ရွေလျားမှုကို
အခိုင်အမာ ဖမ်းဆုပ်
ငါဟာ ကျောက်ရုပ်တစ်ရုပ်
ဖြစ်တတ်ခဲ့ပြီ

ပြောင်းလဲမှုတိုင်းမှာ
ဖြစ်ပေါ်ခဲ့တဲ့ ခံစားမှုတိုင်းရဲ့
ထိုးနှက်ချက်တွေက
ငါ့ရဲ့ အသက်ကို ရင့်ရော်စေခဲ့တယ်
မာကျောသွားတဲ့
နှလုံးသားကို
အသက်သွင်းဖို့ကြိုးစာခဲ့ရင်းနဲ့
ပေးဆပ်မှုတွေက အပုံအပင်
ဖျက်မရတဲ့ ဒဏ်ရာတွေနဲ့
ငါဟာ ကျောက်ရုပ်တစ်ရုပ်
ဖြစ်တတ်ခဲ့ပြီ


မင်းမြတ်ဘုန်း

ဆက်ဖတ်ပါ...