မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, September 22, 2009

စိတ်



လွင့်မျောနေတဲ့တိမ်တွေကို ခိုစီးလို့
ရင်ခွင်တစ်ခုလုံးကို ဖွင့်ပြီး
လွင့်ထွက်နေတဲ့စိတ်အစဉ်ကို
အသာအယာတွဲထူလို့
မသဲမကွဲနဲ့ လွဲခဲ့တဲ့ အရာတွေကို
စုပုံ ပြီးစွန့်ပစ်ခဲ့တယ်

မသေချာမယ့် သေချာတာတွေကိုတော့
မစွန့်လွှတ်ချင်တာ အမှန်ပါ
မထင်မှတ်ပေမယ့် အဖြစ်မှန်တွေကတော့
မျက်စိရှေ့မှာ တန်းစီလို့
ဝေဝါးလာမယ့် စေတနာတွေကို
ဖယ်ကာပိတ်ဆို့ ခဲ့တယ်


မင်းမြတ်ဘုန်း

ဆက်ဖတ်ပါ...

Friday, September 18, 2009

နိဗ္ဗာန် ပြည်ကြီး မဝေးတော့ပြီ။




ဟောင်း...တဲ့ အတိတ်
ညစ်မဲရိပ်ကို ဖယ်ကာ အခု
အားထုတ်ပြုလော

နောင်... အနာဂတ်
စိတ်ချဖို့အရေး ခုတိုင်မနှေး
အားထုတ်ပြုလော

ပစ္စုပ္ပန် ယခု လက်ဝယ်ခုကို
သေချာသတိ စိတ်ဝယ်သိ၍
ခန္ဓာအမဲ အယူစွဲကို
ပယ်ကာ ဂရု
သီလ ပြုကာ
ဆောက်တည်ဖြည့်ကျင့်
သမာဓိမှ သည်
နိဗ္ဗာန် ပြည်ကြီး မဝေးတော့ပြီ။
မင်းမြတ်ဘုန်း

ဆက်ဖတ်ပါ...

Tuesday, September 15, 2009

ပထမအကြိမ်း စုပေါင်းမဟာဘုံကထိန်ပွဲ ဖိတ်ကြားခြင်း

ကျေးဇူးတော်ရှင် ညောင်ကန်အေး ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်တော်မူသော ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်္ကာပူ) တွင် စုပေါင်း မဟာဘုံကထိန်ပွဲတော်ကြီး (ပထမ)အကြိမ်အဖြစ် Nyaung Kan Aye Dharma Society က ဦးစီးကျင်းပ၍ ပုရိမဝါကပ်တော်
မူကြကုန်သော သံဃာတော်အရှင်မြတ်တို့အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ကထိန်သင်္ကန်း အစရှိသော လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်း ရေစက်ချ အခမ်းအနားသို့ အောက်ပါ အစီစဉ်အတိုင်း ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်ဖိတ်ကြားအပ်ပါသည်။

မြန်မာ ရိုးရာ အစားအသာက်များဖြင့် နံနက် (၉း၃၀) မှ စတင်ကာ ဓမ္မမိတ်ဆွေများအား ဧည့်ခံကျွေးမွေးပါမည်။


Place: Link Hall, Between Blk 212 and Blk 213,
Yishun st 21, Singapore 760209

Date: 11th October 2009 (Sunday)

6:30am: Offering Breakfast Dana to the Venerable Sangha.

10:30am: Offering Kathina Robe to the Venerable Sengha.

11:30am: Offering of Lunch Dana to the Venerable Sangha.

2:00pm: Dhamma Talk by the Most Venerable Nyaung Kan Aye Sayadaw
on the benefits of Kathina Robe offering and sharing of merits.

All of our Buddhist devotees in Singapore are kindly informed and invited to Listen to the Noble Dhamma talk together with us for realization of Nibbana.
Your attendance and participation at this auspicious event will be much appreciated.
Mya the blessing of the Noble Trple Gem be with you and all devotees!



ကထိန် အလှူရှင်များ ရနိုင်သော အကျိုးတရားငါးပါး

၁. တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။
၂. တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။
၃. စားလိုသည်များ၊ စားသော်ငြား၊ ဘေးကာမသင့်ပြီ။
၎. ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကာမရှိပြီ။
၅. ကိုယ့်ပစ္စည်းများ၊ သူတစ်ပါး၊ ယူသွားကင်းပသည်။
အောက်ပါလှူဖွယ်ပစ္စည်းများကို ကျောင်းတွင်အလွယ်တကူ ဝယ်ယူလှူဒါန်းနိုင်ပါသည်။
၁.ပရိက္ခရာရှစ်ပါးအစုံ S$ 50
၂.သင်္ကန်းဒွိစုံ S$ 30
၃.သပိတ်တစ်လုံး S$ 10
၎.ထီးတစ်လက် S$ 5
၅.ဖိနပ်တစ်ရံ S$ 5

Five kinds of benefit of offering kathina robes gained by donors
1. Wherever you go, you will be free from danger.
2. Business can be done easily by the donors.
3. Donors are free from food poisoning wherever dining.
4. Properties are safe from fire, water, dictators, thieves and bad offspring.
5. Donors' wealth and possession could not be taken unruly.

The following requisites are available at the Tample so that you can easily offer them to the Venerable Monks.

1. A set of robe S$ 50
2. Double robe S$ 30
3. Alms-bow S$ 10
4. An umbrella S$ 5
5. Apair of slipper S$ 5
ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်ကာပူ)
Nyaung Kan Aye Dharma Society

Blk 209 #02-141, Yishun St 21, Singapore 760209
Tel: 93449842/84140977/67593375

ဆက်ဖတ်ပါ...

Friday, September 11, 2009

မေ့ဘူးသက်လယ်

ကျွန်တော် ဟိုးငယ်ငယ်လေးထဲက အလွန်ကြိုက်ခဲ့တဲ့သီချင်းလေးပါ... မြန်မာသံစဉ် စစ်စစ် နှင့် သံစဉ်ကာလာလေးက လည်း အတော်စုံစုံစီစီပါပဲ။ စာသား ကလည်း အလွန်ကောင်းတဲ့ သီချင်းလေးပါ ဒီအပြင် ကို သိန်းတန်(မြန်မာပြည်) ရဲ့ အသံအေးအေး လေးနဲ့ဆိုတော့ ရင်ထဲထိသွားတာပေါ့ဗျာ....

ဒီတပတ် Weekend မှာ သူငယ်ချင်းတွေ နားဆင်ခံစားနိုင်အောင်လို့မျှဝေပေးလိုက်ပါတယ်။

နားဆင်ကြည့် ပါဗျာ.... ဘဝအမောတွေကို ဂီတသံစဉ် သီချင်း လေးထဲမှာ မျှောချလိုက်ပေါ့..... အကုန်လုံး မဟုတ်တောင်မှ နဲနဲ တော့ သက်သာသွားပါလိမ့်မယ်။

ကောင်းသော weekend ပါခင်ဗျာ။

ဆက်ဖတ်ပါ...

Sunday, September 6, 2009

စုပေါင်း ဘုရား အနေကဇာတင် ကုသိုလ်ယူပွဲ


ကျွန်တော်တို့ သူငယ်ချင်းများရဲ့ စုပေါင်း ဘုရားအနေကဇာတင် ပွဲနှင့် ညောင်ကန်အေးဆရာတော် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒက အားဆွမ်းဆပ်ကပ် လှူဒါန်းပွဲ ကို အောင်မြင်စွာ နှင့်
ပြီးမြောက်ခဲ့ပါသည်။ ခုလို မထင်မှတ်ပဲ နှင့် ဆရာတော်အား ဆွမ်းဆပ်ကပ် လှူဒါန်း နိုင်ခဲ့လို့ အလွန် ဝမ်းမြောက် ပီတိဖြစ်ခဲ့ရပါသည်။ ဆရာတော်၏ မြင့်မားသော သာသနာပြုလုပ်ငန်းများ နှင့် ကမ္ဘာသို့ ထေရဝါဒ သာသနာပြန့်ပွားရေး
အတွက် ပြင်းပြသော ဆရာတော်၏ စိတ်ဓါတ်ကို လက်စုံမိုး၍ ကြည်ညို ပွားများပူဇော်မိပါသည်။



ညောင်ကန်အေး အဓိဋ္ဌန်

ဗုဒ္ဓသာသနာဝင်၊ သူတော်စင်တို့
မြတ်ရှင်ဆန္ဒ၊ လိုတော်ကျ၍
လောကကြီးပွား၊ မပျက်ပြားဘဲ
ဘုရားသာသနာ၊ ရှည်မြင့်ကြာအောင်
ဆရာဒကာ၊ မျိုးသဟာတို့
ညီညာလက်တွဲ၊ တာဝန်ခွဲ၍
စိတ်လဲရှည်ကြ၊ တရားပြလျက်
ဓမ္မကျင့်တူ၊ အိမ်တွင်းလူနှင့်
ရပ်သူရွာမြို့၊ တိုင်းပြည်တို့မှ
ရှေ့သို့ကမ္ဘာ၊ ဖြန့်ချိဖြာလျက်
ချမ်းသာပွားရေး၊ ညောင်ကန်အေး
အားပေးကြိုးပမ်းကြပါစို့......။



ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်ကာပူ)
Nyaung Kan Aye Dharma Society

Blk 209 #02-141, Yishun St 21, Singapore 760209
Tel: 93449842/84140977/67593375
Email: nkasayardaw@gmail.com / ashinvisuddha@gamil.com


ပါဝင်ကုသိုလ်ယူသူ သူငယ်ချင်းများ

ကိုမျိုးအောင်
မစန္ဒာ
မခေမာ
မချို (ပန်းခရမ်းပြာ)
မညိုမီ
ကိုကျော်
မနီလာလင်းထွန်း
ဇာနည်(လေပြေသွေး)
မင်းမြတ်ဘုန်း (အဆုံးမဲ့လွမ်းချင်း)
မျိုးမျိုး
ငြိမ်းငြိမ်း
ရွှေဇင်
ကိုသက်
ဝဏ္ဏ
ကျော်ဇင်သန့်
သုဇာနည်

ဆက်ဖတ်ပါ...