မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, August 26, 2008

စိတ္တဇ ညများ


ဟိုး...တိမ်တွေဆီကို ပျံဝဲလို
ဖြန်ကျက်ချင်တဲ့ငါတောင်ပံတွေကို
ကြင်နာစွာနဲ့ရိုက်မချိုးလိုက်ပါနဲ့
တောင်းပန်ပါတယ်

ဟိုး...အဆုံးမရှိတဲ့ လွင်ပြင်မှာ
ခုန်ပေါက်ချင်နေတဲ့ ငါ့ခြေထောက်တွေကို
နာကြည်းစွာနဲ့ တုတ်နှောင်မထားလိုက်ပါနဲ့
တောင်းပန်ပါတယ်

ဟိုး...မိုးကုတ်စက်ဝိုင်းဆီသို့
ရွက်လွင့်သွားချင်နေတဲ့ငါ့ကို
အချစ်များစွားနဲ့ မသိမ်းပိုက်ထားပါနဲ့
တောင်းပန်ပါတယ်

အချစ်....
အမုန်း....
နာကြည်းခြင်း ဒဏ်ရာ
နာကျင်ခြင်း အလွမ်း
အားလုံး အားလုံး ဘာမှမလိုချင်ဘူး
ကျေးဇူးပြုပြီး အဲ့ဒါတွေငါ့ကို မပေးပါနဲ့
တောင်းပန်ပါတယ်

အသံတွေ
ငိုညည်းသံတွေ
အော်ဟစ်သံတွေ
ကျေးဇူးပြုပြိး မကြားပါရစေနဲ့
တောင်းပန်ပါတယ်

ငါဟာ
ကမ္ဘာပေါ်မှာ အသက်ရှင်ခွင့်
လက်မှတ်ရှိတယ်
လွတ်လပ် ယုံကြည့်ခွင့် ပြုခံထားရတဲ့
သူတစ်ယောက်ဖြစ်တယ်
ငါ့ကို ပိတ်ပင်မထားကြပါနဲ့
ငါ့ကို လှောင်ပိတ်မထာကြပါနဲ့
ငါ့ကို လွတ်လပ်ခွင့်ပေးသလို
ငါ့ကို သေဆုံးခွင့် လည်းပေးလိုက်ပါ

ဆုတောင်းလိုက်ပါတယ်
ဒီညကုန်လွန်လို့
မနက်ဖြန်ကစပြိး မိုးမချုပ်ပါစေနဲ့လို့..........

0 Comments: