မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, October 21, 2008

ပြိုကျခဲ့သောမိုးကောင်းကင်


ပြာဖြစ်သွားတဲ့ညတစ်ညကို
ကောင်းကင်မှာဖြန့်ကြဲလို့
ရင်ခုန်သံတွေကို
အငမ်းမရမျိုချ
ရူးသွပ်သွားတဲ့
ငါ့အိပ်ယာပေါ်မှာ
တွန်ကြေသွားတဲ့ လရောင်ကို
ညင်သာစွာထွေးပွေ
ငါရုန်းထခဲ့တဲ့ နွံထဲမှာ
ပိုင်ဆိုင်တာဆိုလို့ ဘားမှမရှိ
ပေးဆပ်မှုတွေကတော့
မကုန်မခန်းနိုင်
လွတ်လပ်မှုကို ဖမ်းဆုပ်
ငါတူးဖေါ်ခဲ့တဲ့ ဒသနတွေက
အခန်းထောင့်မှာ အစီအရိ
လဲသူလဲ ကွဲသူကွဲနဲ့
ညီမျှမှုဆိုတာ ဘာလဲ
အော်... အတ္တ

1 Comment:

ဟန်လင်းထွန်း said...

ရူးသွပ်သွားတဲ့
ငါ့အိပ်ယာပေါ်မှာ
တွန်ကြေသွားတဲ့ လရောင်ကို
ညင်သာစွာထွေးပွေ
ငါရုန်းထခဲ့တဲ့ နွံထဲမှာ
ပိုင်ဆိုင်တာဆိုလို့ ဘားမှမရှိ
ပေးဆပ်မှုတွေကတော့
မကုန်မခန်းနိုင်

ဒီအပိုဒ်လေးကို ဖတ်လိုက်တာ ကောင်မလေးတစ်ယောက် ကုတင်ပေါ်မှာ လို့ မြင်ရောင်နေတယ်ဗျာ
ကောင်းတယ်