မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, August 18, 2009

ပြည်သူချစ်သော အမေ


အမေ
ခံယူချက်အပြည့်နဲ့ ဘဝကိုစတေးခဲ့တဲ့ အမေ
မှောင်မိုက်နေတဲ့သားတို့ ကို ရောင်နီသဖွယ်လမ်းပြခဲ့တဲ့အမေ
ဝံပုလွေတွေကြားမှာ ခြင်္သေ့တစ်ကောင်လို ရဲရင့်တဲ့အမေ
အမေ
အမေ့ရဲ့ ခံယူချက်
အမေ့ရဲ့ ညွန်ကြားချက်
အမေ့ရဲ့ သတ္တိတွေ နဲ့
သားတို့ လူလားမြောက်ခဲ့ပြီ အမေ
အရာရာရှင်သန်ခွင့် မရှိတဲ့ ကန္တာရမှာ
အမေဟာအိုအေစစ်ပါပဲအမေ
လူဖြစ်ပေမယ့် လူဖြစ်ခွင့်မရှိတဲ့ဘဝတွေ
ဖေါက်ထွက်ခြင်ပေမယ့် ဖေါက်ထွက်ခွင့်မရှိတဲ့ ဘဝတွေ
ဘဝတွေ ဘဝတွေ စတေးခဲ့ရပြီ အမေ..
အမေ
သားတို့ကို အမေကြည့်ပြီး တိတ်တခိုးကျနေမယ့်
အမေရဲ့ ရင်ထဲက မျက်ရည်တွေကို သားတို့ တွေ့နေရတယ် အမေ
မဝေးတော့တဲ့တစ်နေ့မှာ
အမေ့ဆန္ဒတွေ ပြည့်ဝမှာပါ အမေ
အမေ့ ယုံကြည်ချက်တွေ ပြီးပြည့်စုံတော့မှာပါ အမေ...

အမေအမြန်ဆုံး လွတ်မြောက်နိုင်ပါစေ......


မင်းမြတ်ဘုန်း

0 Comments: