
ချိုချိုခါးခါးနဲ့ အတ္တတခွက်
ယစ်မူကာမျိုချလို့
ဘယ်တုန်းကမှ မပြည့်ဝခဲ့ပါဘူး
ကျဆုံးသွားခဲ့တဲ့မာနကို
တွယ်တာစရာဆိုလို
ရင်နာစရာတွေနဲ့သာ
အစွယ်အဖွေးသားနဲ့
စက်ဆုတ်စရာ အကြည့်တွေက
ဟိုးအောက် အနက်ရှုင်းဆုံးအထိ
ထွင်းဖောက်ခဲ့
ရင်ခွင်မှာက ဗလာ
သေချာတာက နတ္ထိ
ကြိုးဆွဲရာ က ရတဲ့
သုညဘဝ