မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Monday, September 1, 2008

အပြုံး


အချစ်ဆုံးဟု
အပြုံးတုကို
ယှဉ်ကာပြုလည်း
မယိုင်မလဲ
ပြိုင်ကာနွှဲကာ
ခွင့်လွှတ်ခါရွေး
ပြုသူမေ့လည်း
ပြုံးတုံ့ကလေးနဲ
နေခဲ့တယ်...

ဆက္ဖတ္ပါ...

Tuesday, August 26, 2008

စိတ္တဇ ညများ


ဟိုး...တိမ်တွေဆီကို ပျံဝဲလို
ဖြန်ကျက်ချင်တဲ့ငါတောင်ပံတွေကို
ကြင်နာစွာနဲ့ရိုက်မချိုးလိုက်ပါနဲ့
တောင်းပန်ပါတယ်

ဟိုး...အဆုံးမရှိတဲ့ လွင်ပြင်မှာ
ခုန်ပေါက်ချင်နေတဲ့ ငါ့ခြေထောက်တွေကို
နာကြည်းစွာနဲ့ တုတ်နှောင်မထားလိုက်ပါနဲ့
တောင်းပန်ပါတယ်

ဟိုး...မိုးကုတ်စက်ဝိုင်းဆီသို့
ရွက်လွင့်သွားချင်နေတဲ့ငါ့ကို
အချစ်များစွားနဲ့ မသိမ်းပိုက်ထားပါနဲ့
တောင်းပန်ပါတယ်

အချစ်....
အမုန်း....
နာကြည်းခြင်း ဒဏ်ရာ
နာကျင်ခြင်း အလွမ်း
အားလုံး အားလုံး ဘာမှမလိုချင်ဘူး
ကျေးဇူးပြုပြီး အဲ့ဒါတွေငါ့ကို မပေးပါနဲ့
တောင်းပန်ပါတယ်

အသံတွေ
ငိုညည်းသံတွေ
အော်ဟစ်သံတွေ
ကျေးဇူးပြုပြိး မကြားပါရစေနဲ့
တောင်းပန်ပါတယ်

ငါဟာ
ကမ္ဘာပေါ်မှာ အသက်ရှင်ခွင့်
လက်မှတ်ရှိတယ်
လွတ်လပ် ယုံကြည့်ခွင့် ပြုခံထားရတဲ့
သူတစ်ယောက်ဖြစ်တယ်
ငါ့ကို ပိတ်ပင်မထားကြပါနဲ့
ငါ့ကို လှောင်ပိတ်မထာကြပါနဲ့
ငါ့ကို လွတ်လပ်ခွင့်ပေးသလို
ငါ့ကို သေဆုံးခွင့် လည်းပေးလိုက်ပါ

ဆုတောင်းလိုက်ပါတယ်
ဒီညကုန်လွန်လို့
မနက်ဖြန်ကစပြိး မိုးမချုပ်ပါစေနဲ့လို့..........

ဆက္ဖတ္ပါ...

Monday, August 18, 2008

ချစ်သူ နှင့်သာဆိုရင်


အသင့်ပြင်ထားတဲ့
အိမ်မက်ရထားကို
အချစ်တွေအပြည်ဖြည့်
သံယောစဉ် လမ်းပေါ်မှာ
မြတ်နိုးမူနှင့်မောင်းနှင်
ချစ်သူဆီခုတ်မောင်းလို့
လှပတဲ့နေ့ရက်များဆီသို့
ချစ်သူလက်ကိုဆွဲကာ
သူရိန်မင်းဆီမှာ လက်မှတ်ဖြတ်ပြီး
ကိုတို့ကမ္ဘာပတ်ကြမယ်
စကြဝဠာ တံတိုင်းမှာ သွားထိုင်ပြိး
လမင်းကြီးကို လှောင်ပြုံး
ကြယ်တွေကို သီကာကုံးလို့
ချစ်သူ့ရင်ခွင်ကြားမှာ
မှေးကာအိမ်စက်တော့မယ်



(အမြဲစိတ်ကောက်တတ်တဲ့ ကျွန်တော့်ချစ်သူအတွက် :P)

ဆက္ဖတ္ပါ...

Wednesday, July 30, 2008

ဦးနှောက်စေရာ


ရွာမည့်ဟန်ပြင်
ညိူစဉ်တွင်လည်း
လေပြင်းမာယာ
ဝင်လာပြန်တော
သူ့မာယာအောက်
လှစ်ကာကွယ်ပျောက်ခဲ့ရတယ်

ချစ်ခွင့်ဟန်ပြင်
ညွှတ်စဉ်တွင်လည်း
ဦးနှောက်စေရာ
ဝင်လာပြန်တော
ချစ်စိတ်ကွယ်ပျောက်
လွမ်းမောခဲ့ရတယ်.....၊၊

ဆက္ဖတ္ပါ...

Thursday, July 17, 2008

အလွမ်းနိဂုံး

ချစ်သူ
ကိုယ်တို့ဟာ ထပ်တူမကျတဲ့
ပုစ္ဆာတပုဒ်ကို အဖြေထုတ်ခဲ့ကြတယ်
အဖြကတော့ ထပ်တူမကျခြင်းပဲ
ဒါပေမယ့်ကိုယ်တို့လက်ခံခဲကြတယ်

ချစ်သူ
ကိုယ်တို့ဟာ အတ္တပင်လယ်မှာ
ကူးခတ်ခဲ့ကြတယ်
အတ္တပင်လယ်ရေကိုသောက်သုံးလို့
နောက်ဆုံးတော့ ငတ်မပြေခဲ့ဲကြဘူး

ချစ်သူ
မျဉ်းပြိုင် နှစ်ကြောင်းဟာ
ဘယ်တော့ မှ ပေါင်းဆုံနိုင်မှာ မဟုတ်ဘူး
ဆိုတာ ကိုယ်တို့သိခဲ့ကြတာပဲ
ဒါပေမယ့် ကိုယ်တို့ကျေနပ်ခဲ့ကြပါတယ်

ချစ်သူ
ကိုယ်တ့ိုဟာ သံသယဆိုတဲ့
နွံထဲမှာ နှစ်မြုပ်ခဲ့ကြတယ်
ရုန်းထွက်ဖို့ မကြိုးစားခဲ့ကြဘူး
ဒါပေမယ့် ကိုယ်တို့ နောင်တမရခဲ့ကြဘူး

ချစ်သူ
ကိုယ်တို့ရဲ့ ရင်းနှီးမှု ဆိုတဲ့
စည်းတဖက်ခြာမှာ ဝေးကွာခြင်းက မင်းမူခဲ့တယ်
ဒါတွေဟာ ဘယ်သူမှ လုပ်ယူခဲ့တာမဟုတ်ပါဘူး။
ကိုယ်တို့ ဆုံးဖြတ်ခဲ့ကြတာပဲ
ရှိပါစေတော့ ချစ်သူ

အလွမ်းရဲ့နိဂုံး မှာ ဒဏ်ရာဆိုတာကတော့
နေရာယူတတ်ပါတယ် ချစ်သူ။

ဆက္ဖတ္ပါ...

Saturday, March 1, 2008

ပန်းခရေ

ပန်းခရေ နန်းမြေမှာတင့်ဖို့
ပန်းအခြွေ လွမ်းလေကိုမျှော်

ပန်းခရေ နွမ်းပေမယ့်မွှေးသမို့
ပန်းစံရေး ပန်းရွေးကိုမျှော်

ပန်းခရေ ပန်လိုက်မှတင့်သမို့
ပန်းဘဝ နွမ်းလိုက်တာနော်....

မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Thursday, February 14, 2008

ချစ်သူအတွက် (အဆုံးမဲ့လွမ်းချင်း)

Glitter GraphicsGlitter GraphicsGlitter Graphics

ချစ်သူ....
~~~မင်းဟာ ငါ့ကို ရင်ခုန်စရာကောင်တဲ့ ဒီ valentine's day ကို ကျွမ်းဝင်စေခဲ့တယ်၊
~~~ချစ်စရာကောင်းတဲ့ နှင်းဆီ တွေနဲ ကြည်နူးမူ့တွေ ပေးခဲ့တယ်။

ချစ်သူ....
~~~မင်းဟာ ငါ့ကို ပျော်ရွှင်စရာကောင်းတဲ့ ဒီ valentine's day မှာ ပါဝင်ကပြစေခဲ့တယ်၊
~~~သာယာပြော့ပျောင်း တဲ့ ကကြိုး တွေနဲ့ ငါကို တွဲခေါ်ခဲ့တယ်။

ချစ်သူ...
~~~မင်းရေးဖွဲ့ခဲ့တဲ့ ဒီဇတ်လမ်းမှာ မင်းဘာလို့ အဆုံးထိပါဝင်ခွင့် မရခဲ့ဲတာလဲ..၊
~~~အလွမ်း ခန်းတွေကို မင်းဘာလို့ ငါ့တစ်ယောက်တည် ကစေခဲ့တာလဲ။

ချစ်သူ...
~~~မင်းဟာ ငါ့ကို ဒီ valentine's day တိုင်းမှာ ဆိုနင့် ကြေကွဲစေခဲ့တယ်၊
~~~ချစ်စရာကောင်းတဲ့ နှင်းဆီ တွေကို ကြောက်ရွံစေခဲ့ဲတယ်။

ချစ်သူ....
~~~မင်းပေးခဲ့တဲ့ နှင်းဆီတွေက ငါကို တသက်လုံး ထုံမူးရီဝေစေခဲ့ပြီ၊
~~~မင်းရဲ့ဆူတွေနဲ့ ငါ့ရဲ နှလုံးသားမှာ ချစ်ရာတွေ နဲ့ ပြည့်နေပြီ။

ချစ်သူ....
~~~မင်း... အတွက် မပေးလိုက်ရတဲ့ valentine's day လက်ဆောင် ကို မင်ရဲ့နဘေးမှာ ဖြန်ထားလိုက်ပါမယ်...
မင်းထွေးပွေ့ယူပါတော့ ချစ်သူ...
"မောင်... ဒီနေ့ valentine's day နော်" လို့... မင်းပြောခဲ့တဲ့ မင်းအသံလေးကို နားထောင်ခွင့်ရှိသေးရင်........





မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Monday, December 24, 2007

ရင်တွင်းဖြစ် ကဗျာ အတိုအစများ....(၂)

~~~ကျေးဇူးရှင်...~~~

တစ်ဝမ်းတစ်ခါး
တစ်လှမ်းအသွားမှာ
ဝမ်းတစ်ထွာ အတွက်
သမုဒ္ဒရာထဲ
နှစ်မြုပ်ခဲ့လည်း
လွတ်ရာလွတ်ကြောင်း
ကောက်ရိုး တစ်စဆုပ်လည်း
ကျေးဇူးရှင်ပဲ၊၊


~~~ကံ~~~~

ကံအကောင်းဆုံး
လူတစ်စုတွင်
ငါလိုလူတစ်ယောက်
ကံကောင်းဆုံးဟု
ထင်ကာထားလည်း
ကံကိုယုံ၍
ဆူးပုံမနင်းနဲ့...၊၊

~~~နှင်းဆီတစ်ပွင့်~~~

လပြည့်ညမှာ
ချစ်သူအလှက
ရင်မှာစွဲညှိချစ်မိခဲ့ပြီ
လမိုက်ညမှာ
ချစ်သူကွယ်ပျောက်
ထားရစ်ခဲ့ပြီ
ှနှင်းဆီတစ်ပွင့်....။


အပွင့်ကားကား
ဆူးရဲကြားမှာ
တင့်တယ်လှပ
သူ့မာနက
သူ့အလှဖျက်သည်...။။။



ဆီးနှင်းဖွေးဖွေး
လွင်ပြင်လေးမှာ
အိမ်မက်ရထား
ခုတ်ကာသွားသည်...



ချစ်သူရင်ခွင် မှေးဝင်အိပ်စက်
ရုန်းထွက် ဖို့ပင်မေ့နေသည်
ချစ်သူအပါးခိုကာနားမည်
ချစ်သူစိတ်ထားလှပသည်...



မင်းရဲ့ဆံပင် မင်းရဲ့အသွင်က
ယမင်းရုပ်သွင် လှပသည်
မင်းရဲမျက်လုံး အသဲနှလုံးက
ရိုးသားဖြူစင် နုးညံသည်...။။



မြတ်နိုူးတွယ်တာ ချစ်နေသမျှကို
တမ်းတမျှော်မှန်း ပိုင်ဆိုင်လိုခြင်းအစစ်
သနားကြင်နာ ယုယသမျှကို
ပေးဆပ်ခြင်တာ ကိုယ်ရဲ့အဖြစ်
မြတ်နိုးကြင်နာယုယမူတွေ အချစ်တွေကို
ချစ်သူနားလည်နိုင်ပါစေ။။။



သံယောဇဉ်ကြိုး
ရစ်ပတ်နှောင်ဖွဲ့
ပြစ်ကာထားလည်း
မသိစိတ်က
တိုး၍ရစ်ပတ်
ရုန်းထွက်မရတဲ့
ငယ်ချစ်ဦး...။။



ပြူတင်း မှန်တံခါးမှာ
နှင်းများရိုက်ခတ်တဲ့
ဒီဇင်ဘာရဲ့ ညတည
ပရစ်အော်သံ
ချစ်သူခေါ်သံလားလို့
ယောင်ရမ်းစမ်းမိ
မင်းမရှိ...။။



အမှားတစ်ခု
ပြုခဲ့ဖူးသည်
ငါ၏စိတ်တွင်
ညိူဝင်းရိုက်ခတ်
ပြင်းစွာထိလည်း
ခံနိုင်ရည်းစွမ်းအား
တင်းကာထားလည်း
ပြိုပျက်ခဲ့သည်....။။။




မွန်းကျပ်လွန်းသည့်
ငါ၏စိတ်တွင်
ကိန်းဝင်စွဲညှို
ဖျက်မရသည့် အကြောင်းအချက်များ



ရူပ်ထွေးလွန်းသည်
အကြောင်းအချက်များကို
ပြုပြင်ဖယ်ရှား
ကြိုစားကြံဆရာတွင်
အို...ဘုရားသခင်ကယ်တောင်မူပါ....။။



ဆက္ဖတ္ပါ...

အလို လျှောက် သီအိုရီ....

***အချစ်
လေးမြား နှင့် ခွင်းပစ်မရ
ရင်ထဲနိူးထလာပါမှ

***အချစ်
ရွှေစစ်ငွေစစ်ပေးမရ
မျက်ဝန်းလှစ်ဟဆိုပါမှ

***အချစ်
ဖြစ်စေဖန်ဆင်း သွင်းမရ
နှလုံးသားက ချိုပါမှ

***အချစ်
ဖျောက်ပစ်မရ ဖယ်မရ
နေ့ညမသိ
ပင်ပန်းစွ........

ဆက္ဖတ္ပါ...

Sunday, December 23, 2007

စေတနာ ကျောင်းတော် (အေးသာယာ G.T.I)

တောင်တွေရဲကြား
ကျောင်းတော်ရာသို့
တက်ကြွခြေလှမ်း
ဘယ်ညာ လှမ်းကာ
စိတ်သစ်လူသစ်
အားမန်သစ်ဖြင့်
ရောက်ခဲ့ပြီ

နွေးစွာကြိုဆို
ကျောင်းတော်သားတို့
နိုင်ငံရဲ့အား
စက်စွမ်းအားကို
ပို့ချသင်ကြာ
ဤကျောင်းတော်သာ
အမြတ်ဆုံး.....

နိုင်ငံတာဝန်
ထမ်းကာယူမည်
စက်မှုစွမ်းအား
အတတ်ပညာရှင်တို့
မွေးထုတ်ပေးရာ
ဤကျောင်းတော်သာ
အမြတ်ဆုံး.....

စေတနာတရား
ထက်ကာထားသည်
ကျေးဇူးကြီးမား
ဆရာ ဆရာမများ၏
မေတ္တာသည်သာ
ဤကျောင်းတော် ၏
စိတ်နှလုံး......

ဆက္ဖတ္ပါ...

ခွဲခွာခြင်း ၏ ရလဒ်....

အိမ်ပြန်တေးဆို
ငှက်ငယ်လေးလို
သာယာဟစ်ကျူး
လွမ်းဘွဲထူးကို
ဆိုညည်းချင်လည်း
ဆွံအနေတယ် အမိငယ်....

အိမ်ပြန်ချိန်ဝယ်
နုတ်ဆက်အနမ်း
ပျံ့လွင့်နေလည်း
ပြုံးသူ့စိတ်ဝယ်
မျက်ရည်ချောင်းစီး
တင်းကာထားလည်း
ပြိုပျက်ခဲ့တယ် အမိငယ်....

ဟန်ဆောင်ကာဖုံး
မျက်နက်ဝန်းကို
လှစ်ဟပြချင်လည်း
ထွက်ကျလာမည့်
မျက်ရည်းများကို
တားဆီးပေးပါ အမိငယ်....

ဆက္ဖတ္ပါ...

ဗေဒါပန်း....

ချောင်းရေ အလျင်တွင်
ဗေဒါ တစ်ပွင့်မျောပါလွင်လည်း
သူအလှနှင့် ထိုက်တန်သူသာ

ဝေယံပင်မြင့်တွင်
တောင်ပန်း သဇင်
ချစ်ခင်ဟန်လည်း
သူ့အလှနှင့် ထိုက်တန်သူသာ

ဗေဒါအလာ
ငါ၏ ဘဝတွင်
ရေမျောကမ်းတင်
ဝေးလွင့်ခဲလည်း
ငါဘဝနှင့် ထိုက်တန်သူသာ

ဆက္ဖတ္ပါ...

ခင်မင်မူတံတား.......

မာနရိုက်တံ ခတ်မိပြန်တော့
အတ္တသခင် မာနရှင်ကား
ရှောင်ခွာထွက်ပြေး ခပ်ဝေးဝေး

အံ့အြမိမှန်း စိတ်ထံကိုမေး
အိုးအတ္တသခင် မာနရှင်လေး
အဘယ်ကြောင့်ပြေး ခပ်ဝေးဝေး

အဖြေကိုရှာတွေး ခပ်ရေးရေး
တွေး၍ပေါ်ပြန် ဖြေမှန်မှန်ကာ
အတ္တာသခင် မာနရှင်အား
တားဆီးလေလား ခင်မင်မူ့တံတား....


ဆက္ဖတ္ပါ...

ရင်တွင်းဖြစ် ကဗျာ အတိုအစများ....

~~ဝါနု~~

အလှတွေစု ဖူးငုံနုမှာ
ဝါနုမျက်နှာ ပြုံးရွှင်သာနှင့်
ရွယ်ကာပျိုနု အပြုံးနုကို
ထွေးကာပြုလို့.....၊၊

~~သံယောစဉ်~~

ရွာမလို့ဟန်ပြင်
တိမ်ညိုတိမ်မဲ
လေယူသိမ်းလည်း
လွင့်ပါးခဲ့ရပါလား

နှင်းနှီးမူတစ်ခု အစပြုကာ
သံယောစဉ်ကြိုး
မတိုးရစ်ခင်
အချိန်လက်တံ
ရိုက်ခတ်ပြန်တော
ခွဲခွာရဦးမှာပါလား...၊၊


~~ချစ်သူ (၂)~~
မြတ်နိုးလွန်းသူ
မင်းမျက်ဝန်းကို
အောက်မေ့တမ်းတ
လွမ်းမဝလည်း
ချစ်သူစကား
နားထောင်မိသည်

ချစ်ရလွန်းသူ
မျက်နက်ဝန်းကို
မြင်ယောင်တမ်းတ
တစ်ရက်ခြားလည်း
တစ်သက်ခြားထင်
ဂတိရိုက်ချိုး
ဖြစ်မိသည်၊၊

ဆက္ဖတ္ပါ...

Thursday, December 20, 2007

ချယ်ရီ အလွမ်း....

တောင်ပေါ်မြိုလေး ငွေနှင်းဖွေးနှင့်
ထင်းရူးမြိုင်တော ယူကလစ်ပေါကာ
တောတောင်ကြားဝယ် ကွေ့လမ်းသွယ်နှင့်
နှင်းရည်သောက်သုံး ချယ်ရီပြုံးကို
မင်းပန်ဆင်ရန်....

ဟိုး..ရင်အတိတ် လွမ်းမောစိတ်နှင့်
နှစ်သက်ကြည်နူး နေ့ရက်ထူးကို
စိကာပတ်ကုံး စကားလုံးများနှင့်
မွှန်းကာဖွဲ့ထုံး အချစ်ဆုံးကို
တမ်းတလေဟန်....

ချစ်စရာအပြုံး မင်မျက်လုံးကို
တမ်းတမြတ်နိုး ချစ်စိတ်တိုးကာ
လွင့်ပျံ့စိတ်ကူး မေတ္တာထူးနှင့်
တံစက်မြိတ်ထက် နှင်းရည်စက်ကို
နှစ်သက်လေဟန်.....


မင်းမြတ်ဘုန်း....

ဆက္ဖတ္ပါ...

လွမ်းရိပ်ပဲ့တင်...

ရင်ခုန်သံတိတ်
အချစ်စိတ်ပို တိတ်တခိုးနဲ
အိပ်နိုးလွန်ထ အစိုးမရခင်
မထင်မှတ်ပဲ လိူက်လှဲကျွမ်းဝင်
သံယောစဉ်ကို မနှင်လိုရက်
အနှင်ခက်ပြီမေ.....

တစ်နေ့တစ်ခြား
အတွေးများလို့ ရွေလျားအသိ
သတိလွတ်ကင်း ဖွဲ့တင်မိကြိုး
ဆတိုးလွန်နှောင် စည်းဘောင်မထား
မှားသလား ဟင်......

သက်အပ်နှင်းပုံ
မြတ်နိုးယုံးစား နှလုံးသားဖြင့်
ခံစားကြည်းနူး မေတ္တာဦးမှာ
လွမ်းလိပ်ပြားစင် မလွမ်းချင်လည်း
လွမ်းရင်ကွဲဖို့ ခွဲခွာခြင်းက
ဘဝမင်းမူ အနိုင်ယူလျင်.....

ချစ်ဦး ထွတ်တင်
မညွတ်ခင်က ဆွတ်ကျင်ကြေမွ
ရှတဒဏ်ရာ ဝေဒနာအတွက်
အမျက်မထုံ တစ်သက်မမုန်းပဲ
အပြုံးသွေ့သွေ့ အရူံးတွေစမ်း
နှလုံးမြေကျွမ်းလည်း
နွမ်းသည်းညှာမှာ
လွမ်းဆဲပါမေ....


မင်းမြတ်ဘုန်း......

ဆက္ဖတ္ပါ...

မျှော်လင့်ခြင်း ရင်ပြင်

မိုးတဖြောက်ဖြောက် သွန်းကာမှောက်သည်
လွမ်းမောရိပ်ထင် ချစ်သူ့အသွင်ကို
ပူဆွေးသောက ဗျာပါဒနှင့်
ရင်ခုန်မြတ်နိုး ချစ်စိတ်တိုးကာ
လွမ်းလျှက်ပါမေ....

ရေကြည်တစ်ပေါက် ရင်ထဲရောက်လည်း
လိုချင်တက်မက် နောက်တစ်စက်ကို
မက်မောတွယ်တာ မင်းမျက်ဝန်းမှာ
စောင့်မျှော်တန်းတ ချစ်လိမ့်ငြားဟု
လွမ်းလျက်ပါမေ....

စက္ကန့်ရဲနောက် မိနစ်ရောက်သည်
ရာသီလည်သော်လည်း မောင့်မေတ္တာကာ
နုပျိုသစ်လျက် မပျက်ယွင်းပဲ
ချစ်ခင်လျက်သား နောင်များစွာမှာလည်း
ချစ်လျက်ပါမေ....



မင်းမြတ်ဘုန်း.....

ဆက္ဖတ္ပါ...