အသင့်ပြင်ထားတဲ့
အိမ်မက်ရထားကို
အချစ်တွေအပြည်ဖြည့်
သံယောစဉ် လမ်းပေါ်မှာ
မြတ်နိုးမူနှင့်မောင်းနှင်
ချစ်သူဆီခုတ်မောင်းလို့
လှပတဲ့နေ့ရက်များဆီသို့
ချစ်သူလက်ကိုဆွဲကာ
သူရိန်မင်းဆီမှာ လက်မှတ်ဖြတ်ပြီး
ကိုတို့ကမ္ဘာပတ်ကြမယ်
စကြဝဠာ တံတိုင်းမှာ သွားထိုင်ပြိး
လမင်းကြီးကို လှောင်ပြုံး
ကြယ်တွေကို သီကာကုံးလို့
ချစ်သူ့ရင်ခွင်ကြားမှာ
မှေးကာအိမ်စက်တော့မယ်
(အမြဲစိတ်ကောက်တတ်တဲ့ ကျွန်တော့်ချစ်သူအတွက် :P)
1 Comment:
မှောင်ခိုလက်မှတ်နဲ့မသွားနဲ့နော်..လက်မှတ်စစ်နဲ့တိုးနေဦးမယ်
ဟိးဟီး.. ဦးဦးမင်းမျက်ခုံး... :P
Post a Comment