အလွန်ကြီးမားတဲ့ ကျွန်သစ်ပင်ကြီးပေါ်မှာ ငှက်မောင်နှံ အသိုက်ဖွဲပြီး နေထိုင်နေကြတယ်။ တစ်နေ့တော့ ငှက်မလေးဟာ ငှက်ကလေးတစ်ကောင် ကိုမွေးဖွားခဲ့တယ်။
ငှက်မောင်နှံဟာ ငှက်ကလေးကို အရမ်းချစ်တာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျတော့ ထင်းခုတ်သမား သားအဖ နှစ်ယောက်ဟာ ကျွန်းသစ်ပင်ကြီးအောက်ကိုရောက်လာတယ်။
ထင်းခုတ်သမား သားက ကျွန်းသစ်ပင်ကြီးကိုတွေ့တော့
“အဖေ သားတို့ ဒီကျွန်းပင်ကြီးခုတ်ကြမယ်လေ”
ထင်းခုတ်သမားက ကျွန်းပင်ကြီးကိုကြည့်ပြီး
“အင်... ဒီအပင်က တော်တော်ကြီးတယ် နောက်ရက်ကျမှ အဖေတို့ တောင်ပိုင်းက သစ်ခုတ်သမားတွေကို ခေါ်ပြီး လာခုတ်ကြတာပေါ”
“ဟုတ်ကဲ့အဖေ”
ဒီလိုနဲ့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်မှ ထွက်သွားကြတယ်။
အဲဒီလို ထင်းခုတ်သမား သားအဖ ပြေားနေတဲ့ စကားကို ငှက်မလေးကြားသွားတော့ အရမ်းကိုစိုးရိမ်သွားတယ်။
အဲဒါနဲ့ ငှက်မလေးက ငှက်ဖိုကိုပြောတယ်
“ဘယ်လို လုပ်ကြမလဲ ကျွန်မတို့ သားလေးက လည်းမပျံနိုင်သေးဘူး သူတို့နောက်နေ့သစ်ပင် လာခုတ်ရင် ကျွန်မတို့တော့ ဒုက္ခ ပါပဲရှင်ရယ်”
ငှက်ဖိုက
“သိပ်လည်းစိတ်မပူပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၂ပတ်လောက်ကြာတော့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ပြန်ရောက်လာတယ်။
ထင်းခုတ်သမား သားက
“အဖေ သားတို့ ဒီကျွန်ပင်ကြီးကို ခုတ်ကြရအောင်။”
ထင်းခုတ်သမားက
“အဖေ တောင်ပိုင်းကသစ်ခုတ်သမားတွေကို သွားခေါ်တယ် သူတို့က မအားသေးဘူးပြောတယ်။ အဖေတို့ မြောက်ပိုင်းက သစ်ခုတ်သမားတွေကို သွားခေါ်ပြီး တော့ လာခုတ်ကြတာပေါသားရယ်”
ဒီလို နဲ့ သစ်ခုတ်သမား သားအဖ ထွက်သွားကြပြန်တယ်။
အဲဒီလို သစ်ခုတ်သမား သားအဖ ပြောဆိုသံကို ငှက်မလေးက ကြားပြန်တော့ အရမ်းစိုးရိမ်သွားပြန်တယ်။
အဲ့ဒါနဲ့ ငှက်ဖိုကိုပြော ပြန်ရော
“ဒီတစ်ခါတော့ သူတို့ တကယ် လာကြတော့မယ်နဲ့တူတယ် ဘယ်လိုလုပ်ကြမလဲ”
ငှက်ဖိုက....
“သိပ်လည်း မစိုးရိမ်ပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၃ပတ်လောက်ကြာသွားတယ် ဘယ်သူမှ မလာခဲ့ကြဘူး။ နောက် သီတင်း ၄ပတ်လောက်ကြာတော့ သစ်ခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ရောက်လာကြပြန်တယ်။
ထင်းခုတ်သမားက သူ့သားကို ပြောတယ်
“သားရေ အဖေ မြောက်ပိုင်းက ထင်းခုတ်သမားတွေကိုသွားခေါ်တယ် သူတို့ကလာမယ်ပြောပြီး ခု သီတင်း ၃ပတ်ရှိပြီ မလာကြသေးဘူး။ သူတို့ မလာရင်တော့ နောက်ရက်ကြရင် အဖေတို့
နှစ်ယောက်ပဲ လာခုတ်ကြတာပေါ့သားရယ်။”
ထင်းခုတ်သမားသား က
“ဟုတ်တယ် အဖေ သားတို့ သူများအားမကိုးပဲ ကိုယ်အားကိုယ်ကိုးပြီးလာခုတ်ကြတာပေါ့”
ဒီလိုနဲ့ ပြောပြီး ထင်းခုတ်သမား သားအဖ ထွက်သွားကြတယ်။
အဲဒီစကားသံတွေကို ငှက်မောင်နှံ ကြားတော့
ငှက်ဖိုက....
“ရှင်မရေ ဒီတစ်ခါတော့ သူတို့တွေ တကယ်လာခုတ်တော့မယ် ငါတို့ အသိုက်ပြောင်းမှ ရတော့မယ်”
အဲ့ဒီတော့ ငှက်မလေး ပြုံးပြီး
“အင်း... စိုးရိမ်စရာတော့ မရှိတော့ပါဘူး အသိုက်ပြောင်းမယ်ဆိုလည်း ပြောင်းလို့ရပါပြီး ကျွန်မတို့ သားလေးလည်း ကောင်းကောင်းပျံနိုင်နေပြီပဲ။ ဒါနဲ့ ရှင်ပြောတာမှန်သားပဲ သူတို့ မလာနိုင်သေး
ပါဘူး ဆိုတာ” “ ရှင်ကဘယ်လို သိလဲ ”
ငှက်ဖိုက....
“ သြော် ရှင်မရယ် ဘယ်အလုပ်မဆို ကိုယ့်အားကိုယ် မကိုပဲ သူများအားကို နေရင် ဘယ်တော့မှ မဖြစ်မြောက်နိုင်ဘူးလေ” “ ကိုယ့်အားကိုယ် ကိုးရင် တော့တစ်ကယ် ဖြစ်မြောက်တော့မယ်ဆိုတာ
ကျိန်းသေ သလောက်ဖြစ်သွားပြီး။ အဲ့တာကြောင့် သူတို့က သူများကို အားကိုးနေသ၍ ငါတို့သစ်ပင် ကို မခုတ်ဖြစ်သေးဘူးဆိုတာ ကျိန်းသေတာပေါ့ ရှင်မရယ်”
ဒီလိုနဲ့ သူတို့ ငှက်သားအမိလည်း ပျော်ရွှင်စွာနဲ့ အသိုက်ပြောင်းရွှေသွားကြတယ်။
Friday, August 22, 2008
ထင်းခုတ်သမား နှင့် ငှက်မောင်နှံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment