မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Friday, August 21, 2009

သီချင်းကောင်းလေး တစ်ပုဒ်

သီချင်းကောင်းလေးပါ...

လိုက်ဆိုကြည့်ပါ.... ကြိုက်သွားပါလိမ့်မယ့်

:)


ဆက်ဖတ်ပါ...

Saturday, March 14, 2009

စင်းကလိပ်စ် (Singlish)

ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်တာ အတော်ကြာသွားပြီ.. သူငယ်ချင်း ဘလော့ဂ်တွေကို တော့လည်ဖြစ်ပါတယ် ခြေရာလေးတွေမထားခဲ့နိုင်တာခွင့်လွတ်ပါ.... ခု စင်ကာပူက ဟာသဗီဒီယို ကလစ်လေးတစ်ခုကို သူငယ်ချင်းတစ်ယောက်ဆီ ကနေရလို့ အားလုံးကို မျှဝေလိုက်ပါတယ်။ ရယ်သောသူ အသက်ရှည်၏

ဆက္ဖတ္ပါ...

Saturday, November 15, 2008

ကြုံဆုံရမည့် နေ့တစ်နေ့

ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။

နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ....ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။

ကိုယ့်ရှေ့မှာ...
ကိုယ့်နောက်မှာ...
ကိုယ့်ဘေးပတ်လည်မှာ...
စိတ်မရှည်တဲ့မျက်နှာနဲ့
လူတွေဟာ လူတွေဟာ...
ခေါ်သံကိုသာ နားစွင့်နေကြတယ်။

ဟော...
ငါ့နာမည်ကို ခေါ်သံပါလား...
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့လာတယ်။
နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။

ရှောင်လွှဲလို့မရတဲ့
သည်ခဏအချိန်ကလေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။

အဆုံးမတော့
ငါဟာ...တုန့်ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ပဲ
သူ့ရှေ့မှောက်အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။

ကမ္ဘာလောကကြီးက
အသံဗလံတွေ အားလုံးဟာ
အဲသည်တခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း ငါထင်လိုက်မိပါရဲ့။

ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တစ်ချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။

အခွန်ဆောင်မှာလား။ သက်တမ်းတိုးမှာလား”...... တဲ့။

forward မေးတစ်ခုကနေ ရတဲ့ကဗျာလေးပါ။ အားလုံးဖတ်ရအောင်ဝေမျှပေးလိုက်ပါတယ်။

ကျွန်တော်တို့တတွေ မလွဲမသွေ ကြုံဆုံ ရမယ် နေ့တစ်နေ့ ပါခင်ဗျာ။။။

“အခွန်ပေးခြင်း ဆင်းရဲခြင်း ကင်းလွတ်ကြပါစေ။
ခေါင်ပုံဖြတ်ခြင်း အချင်းချင်း ကင်းလွတ်ကြပါစေ။”

ဆက္ဖတ္ပါ...

Monday, July 28, 2008

အကူအညီ

အသက်အရွယ်ကြီးရင့်နေသော အဖိုအိုတစ်ယောက်သည် သူ့ ဥယျာဉ်ခြံတွင် ခရမ်းချဉ်သီးစိုက်ဖို့ မြေကြီးတွေကို တူးဆွနေတယ်။ ဒါပေမယ် သူဟာ အလွန်အိုမင်းနေပြီဖြစ်တဲ့အတွက် မြေကြီးတွေကို တူးဆွဖို့ အားမရှိတောဘူး။ အဲဒါကြောင့် နိုင်ငံခြားမှာ ပညာသွားသင်နေတဲ့ သားကို သွားသတိရပြီး အီးမေး တစ်စောင်ပိုလိုက်တယ် ...

ချစ်လှစွာသော သား

အဖေ ဒီနေ့ အဖေခြံမှာ ခရမ်းချဉ်သီး စိုက်ဖို့အတွက် အဖေ မြေကြီးတွေတူးဆွချင်တယ် ဒါပေမယ့် အဖေမှာ မြေကြီးတူးဆွဖို့အတွက် အားအင်တွေမရှိတော့ဘူး သားရယ်။ အဖေထင်ပါတယ် တကယ်လို့များ ခုချိန်မှာ သားရှိနေမယ် ဆိုရင် အဖေကို ကူပြီး မြေကြီးတွေ တူးဆွပေးမှာ သေချာတယ်။

ချစ်တဲ့ အဖေ

အဲဒီလို သားဆီသို့ အီမေး ပို့ပြီး နောက် တစ်နာရီလောက် အကြာမှာ သားဆီက အီးမေးပြန်လာတယ်။

ချစ်လှစွာသော အဖေ

ကျွန်တော်တစ်ခုပြောမယ်၊ အဖေ ကျေးဇူးပြု ပြီး မြေကြီးတွေ မတူးဆွပါနဲ့ ။ အဖေ အဲဒီလို တူးဆွနေလို့ရှိရင် သားတို့ ရဲ့ ပစ္စည်းတွေ ဘယ်မှာ သွားဖွက် ရတော့ မလဲ။

ချစ်တဲ့ သား


အဲဒီလိုနဲ့ သားဆီမှ အီးမေး ရရှိပြီး ၁၅ မိနစ် လောက်အကြာမှာ ထောက်လှမ်ရေး အဖွဲ့မှ လူတွေ တံခါးလာခေါက်ပြီး သူတို့ဟာ ထောက်လှမ်ရေးမှ လူတွေဖြစ်ကြောင်း အဖိုးအိုရဲ့ ခြံမှာ သူတိုကို ရှာခွင့်ပြုပါရန် အဖိုးအိုကို ပြောပြီး။ သူ တို့ဟာ အဖိုးအိုရဲ့ ခြံမှာ စတင်ပြီး တူးဆွ ရှာဖွေကြပါတော့တယ် ။ တူးဆွလို့ တခြံလုံးလည်းကုန်ရော ဘားမှ မတွေ့တာနဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားကြတယ်။

ဒီလိုနဲ့ နောက် တစ်နာရီလောက်အကြာမှာ အဖိုးအိုဟာ သားဆီမှ အီးမေး တစ်စောင်ရရှိပြန်တယ်။

ချစ်လှစွာသော အဖေ
အဖေ ခရမ်းချဉ်သီးစိုက်ဖို့ တူးဆွချင်နေတဲ့ မြေကြီးတွေ ခုလောက်ဆို တူးဆွပြီးပြီလောက်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် အဝေးကို ရောက်နေပေမယ့် ကျွန်တော် တတ်နိုင်သလောက် အဖေကို ကူညီလိုက်ပါတယ်။

ချစ်တဲ့ သား

ဆက်ဖတ်ပါ...

Tuesday, July 22, 2008

Singapore English V.s. Britin English

WHEN GIVING A CUSTOMER BAD NEWS
Britons: I'm sorry, Sir, but we don't seem to have the sweater youwant in your size, but if you give me a moment, I can call the otheroutlets for you.
Singaporeans: No Stock.

RETURNING A CALL
Britons: Hello, this is John Smith. Did anyone call me a few moments ago?
Singaporeans: Hello, u call me ah?

ASKING SOMEONE TO MAKE WAY
Britons: Excuse me, I'd like to get by. Would you please make way?
Singaporeans: S-kews me

WHEN SOMEONE OFFERS TO PAY
Britons: Hey, put your wallet away, this drink is on me.
Singaporeans: No-need, lah.

WHEN ASKING FOR PERMISSION
Britons: Excuse me, but do you think it would be possible for me to
entre through this door?
Singaporeans: (pointing the door) can ar?

WHEN SURPRISING
Britons: Oh, Really. It's wonderful.
Singaporeans: Whar lar wae!

WHEN DECLINING AN OFFER
Britons: I'd prefer not to do that, if you don't mind.
Singaporeans: Don't want la...

IN DISAGREEING ON A TOPIC OF DISCUSSION
Britons: Err. Tom, I have to stop you there. I understand where you're
coming from, but I really have to disagree with what you said about the issue.
Singaporeans: You mad, ah?

WHEN ASSESSING A TIGHT SITUATION.
Britons: We seem to be in a bit of a predicament at the moment.
Singaporeans: Die-lah!!

WHEN TRYING TO FIND OUT WHAT HAD HAPPENED
Britons: Will someone tell me what has just happened?
Singaporeans: see how!

WHEN SOME ONE DID SOMETHING WRONG
Britons: This isn't the way to do it here let me show you,
Singaporeans: like that also don't know how to do!!!!



forward mail တစ်ခုမှ ပေးပို့လာသည်ကို ပြန်လည်မျှဝေလိုက်ပါသည်
ပြုံးပျော်နိုင်ပါစေ

ဆက်ဖတ်ပါ...

Thursday, June 19, 2008

အကောင်းဆုံးမေးခွန်း

တနေ့မှာ ကောလိပ်ကျောင်းသား ၄ ယောက်ဟာ ညဉ်နက်တဲ့အထိ ဆော့ကစားနေကြတယ်
မနက်ဖြန်စာမေးပွဲအတွက် ဘားမှကို မပြင်ဆင်ကြဘူး။ မနက်မိုးလင်းတော့ သူတို့ လေးယောက်ဟာ စာမေးပွဲ မဖြေချင်တာနဲ့ သူတို့ ၄ ယောက်သားတိုင်ပင်ကြတယ်။
သူတို့်တိုင်ပင်ထားတဲ့အတိုင်း သူတို့ကိုယ် သူတို့ ညစ်ပေ နွမ်းနယ် အောင်လုပ်ပြီး ကျောင်းအုပ်
ဆရာမကြီးဆီကို သွားကြတယ်။ ကျောင်းအုပ်ဆရာမကြီးကိုတွေ့တော့ သူတို့ ဟာ မနေ့ညက
မင်္ဂလာဆောင်တစ်ခုကိုသွားကြောင်း ပြီးတော့ သူတို့ရဲ့အပြန်လမ်းမှာ သူတို့မောင်းလာတဲ့ကား
ဟာ ဘီးပေါက်သွားတဲ့အတွက် အိမ်ရောက်တဲ့အထိ တွန်းပြီးပြန်လာခဲ့ရတယ် ဆိုတဲ့အကြောင်း
ပြောပြီးသူတို့ စာမေးပွဲဖြေမယ့်ရက်ကို ရွှေ့ချင်ကြောင်း ပြောကြတယ်။ ကျောင်းအုပ်ဆရာမကြီး
ကလည်း ကောင်းပြီး မင်းတို့ ၄ ယောက်အတွက် စာမေးပွဲဖြေ မည့် ရက်ကို နောက် ၃ ရက်သို့
ရွှေ့ပြောင်းပေမည့်အကြောင်းပြောလိုက်တယ်။ သူတို့ ၄ ယောက်စလုံးလည်း ဝမ်းသာအားရစွာနဲ့ အဲဒီနေ့မှာ အဆင်သင့် ပြင်ဆင်ထားမည်ဖြစ်ကြောင်း ကတိပေးခဲတယ်။
ဒီလိုနဲ့ ၃ ရက် မြောက်တဲ့နေ့ မှာသူတို့ဟာ တက်ကြွစွာနဲ့ ကျောင်းသို့ ရောက်လာကြတယ်။
သူတို့ကို တွေ့တော့ ဆရာမကြီးက ပြောတယ် သူတို့ ၄ ယောက်အတွက် သီးသန့် အခန်း ၄ ခန်း ခွဲထားပြီး တစ်ယောက် ၁ ခန်းစီမှာ ဖြေရမည်ဖြစ်ကြောင်းပြောတယ်။ သူတို့ ၄ ကလည်းသဘောတူကြောင်း ပြန်ပြောတယ်။ ပြီးတော့ ဆရာမကြီးကသူတို့ ၄ ယောက် အတွက် သီးသန့် မေးခွန်း ထုတ်ထားကြောင်း ပြောတယ်။ သူတို့ ၄ ယောက်ကလည်း ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ သေချာပြင်ဆင်ခဲ့တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် နှင့် သဘောတူကြောင်းပြန်ပြောခဲ့တယ်။ ဒီလိုနဲ့ သူတို့ ၄ ယောက်ဟာ မေးခွန်းလည်းကြည့်လိုက်ရော......
မေးခွန်းက နှစ်ခုပဲပါတယ် အမှတ်က ၁၀၀ ဖိုးဖြစ်တယ်

မေးခွန်း ၁။ ဖြေဆိုသူ့အမည်_________________________ ( ၂ မှတ် )

မေးခွန်း ၂။ မည်သည့် ဘက်ကကားဘီးပေါက်သလဲ။ _______ ( ၉၈ မှတ် )

(က) ကားရှေ့ ညာဘက် ဘီး
(ခ) ကားရှေ ဘယ်ဘက် ဘီး
(ဂ) ကားနောက် ညာဘက် ဘီး
(ဃ) ကားနောက် ဘယ်ဘက် ဘီး

ဆက္ဖတ္ပါ...

Wednesday, March 5, 2008

အေးအတူ ပူအမျှ

အေးအတူ ပူအမျှ 1 အေးအတူ ပူအမျှ ဆိုတဲ့ ချစ်စရာ ဟာသလေးကို သဘောကျလို့ မနှင်းပွင့်ဖြူလေး ဆီကနေ ကူယူ ဝေမျှလိုက်ပါတယ်။ အားလုံးပဲပျော်ရွှင် နိုင်ပါစေ။


ချမ်းအေးတဲ့ ဆောင်းတစ်ညနေခင်းမှာ အဘိုးနဲ့အဘွားတို့ စုံတွဲဟာ မက်ဒေါ်နယ် စားသောက်ဆိုင်ထဲကို ခပ်ဖြည်းဖြည်း ဝင်လာပါတယ်။

အဲ့ဒီအဘိုးအဘွားစုံတွဲ ဝင်သွားတဲ့အချိန်မှာ ဆိုင်က လူတွေတော်တော်ပြည့်နေတယ်။ ငယ်ငယ်ရွယ်ရွယ် မိသားစုတွေ၊ ပျိုပျိုမျစ်မျစ်စုံတွဲတွေနဲ့ ပြည့်နေတဲ့ကြားက အဘိုးအဘွားစုံတွဲအတွက် ထိုင်စရာ စားပွဲလွတ်တစ်နေရာကို တွေ့သွားကြတယ်။

စားသောက်နေတဲ့ လူတစ်ချို.က အဘိုးနဲ့အဘွားကို အားကျတဲ့ အကြည့်တွေနဲ့ကြည့်ပြီး သဘောတွေကျနေကျတယ်။ ကြည့်စမ်းပါဦး သည်အဘိုးကြီးနဲ့ အဘွားကြီး ကြည့်ရတာ နှစ်ပေါင်း ၆၀လောက် အတူနေခဲ့ကြပုံရတယ်နော်၊ သိပ်ကြင်နာတာပဲ ဆိုတဲ့ မျက်လုံးမျိုးတွေနဲ့ပေါ့။

နေရာယူပြီးတဲ့အခါ အဘိုးကြီးက ပိုက်ဆံပေးရတဲ့ ငွေသိမ်းစားပွဲကိုသွားပြီးစားစရာတွေကိုမှာတယ်။ အဘိုးကြီးက ငွေရှင်းပြီးတဲ့နောက် စားစရာတွေကို ဗန်းကလေးနဲ့ ထည့်ယူလာပြီး အဘွားကြီးဆီပြန်လာတယ်။

စားပွဲဆီ ပြန်ရောက်တော့ စားစရာတွေကို ဗန်းပေါ်ကနေ စားပွဲပေါ်နှစ်ယောက်သား ပြောင်းနေရာ ချလိုက်ကြပါသေးတယ်။

စားစရာတွေကတော့ ဟမ်ဘာဂါ အသားညှပ်ပေါင်မုန့် တစ်လုံးရယ်၊ အားလူးချောင်းကြော်တစ်ပွဲနဲ့ ဖျော်ရည်တစ်ခွက်ရယ်။

နေရာချလိုက်ပြီးတဲ့အခါ ရေပါးစက္ကူနဲ့ ထုပ်ထားတဲ့ ဟမ်ဘာဂါကို အဘိုးကြီးက ဖြေလိုက်ပါတယ်။ ပြီးတော့ နှစ်ပိုင်း အညီအမျှ ဖြစ်အောင် သေသေချာချာ ဂရုတစိုက် ပိုင်းလိုက်တယ်။ ပိုင်းလို့ရတဲ့ တစ်ဝက်ကို သူ့ ဇနီးသည် အဘွားကြီးရှေ.မှာ ချပေးလိုက်တယ်။

ပြီးတော့ ပန်းကန်ထဲက အားလူးချောင်းကြော်တွေကို အဘိုးကြီးက သေသေချာချာ ရေကြည့်လိုက်ပြန်တယ်။ ပြီးတော့မှ နှစ်ပုံအညီအမျှ ခွဲဝေလိုက်ပြီး တစ်ပုံကို သူ့အဘွားကြီးရှေ.မှာ ချပေးလိုက်ပြန်တယ်။ ပြီးတော့ ဖျော်ရည်ကို တစ်ငုံသောက်တယ်။ သူသောက်ပြီးတဲ့အခါ အဘွားကြီးကို ဖျော်ရည်ခွက်လေး ကမ်းပေးတော့ အဘွားကြီးကလည်း တစ်ငုံသောက်တယ်။ ပြီးတော့ ဖန်ခွက်ကို သူ့တို့နှစ်ယောက်ရဲ. အလယ်တည့်တည့်မှာ ချထားလိုက်တယ်။

ဖျော်ရည် တစ်ငုံဆီသောက်အပြီးမှာ အဘိုးကြီးက စ စားနေပါပြီ။ သည်အခါမှာတော့ ဆိုင်ထဲမှာရှိတဲ့ တစ်ခြားစားသုံးသူ ပရိသတ်ရဲ. ရင်ထဲမှာ တစ်မျိုးဖြစ်လို့လာခဲ့ပြီ။ သနားစရာ ကောင်းလိုက်တာနော်။ အဘိုးနဲ့အဘွားခများမှာ တစ်ယောက်စာလေးပဲ မှာစားနိုင်ကြတယ် ဆိုတဲ့ အတွေးကလည်း လူတိုင်းရဲ.ရင်ထဲမှာ မွနေမှာပါ။

အဘိုးကြီးက ဟမ်ဘာဂါကို စားပြီးနောက် အားလူးချောင်းကြော်တွေကို ကောက်ဝါးတဲ့ အချိန်မှာတော့ စားသုံးသူများထဲက မနေနိုင်ရှာလေတဲ့ လူငယ်တစ်ယောက်က ထပြီး အဘိုးအဘွားတို့ စားပွဲကို သွားလိုက်ပါတော့တယ်။ အဘိုးတို့ ၊ အဘွားတို့ နောက်ထပ် တစ်ယောက်စာ ဝယ်ကျွေးပါရစေ။ ဒါနပြုပါရစေလို့ ချေချေငံငံ ပြောလိုက်တယ်။

အဘိုးရော အဘွားပါ နေပါစေကွယ်၊ တို့များ လုံလောက်ပါတယ် လို့ပြောတယ်။ အဘိုးတို့ နှစ်ယောက်က ဘာမဆို နှစ်ယောက်အတူ မျှဝေခံစားနေကျကွယ့် လို့လည်း ပြောလိုက်သေးတယ်။

တစ်ဆိုင်လုံးမှာရှိတဲ့ ပရိသတ်အနေနဲ့ကတော့ အဘွားကြီးဟာ အခုချိန်ထိ တစ်ဖဲ့တစ်ကိုက်မှ မစားသေးတာ တွေ့နေရပါတယ်။ အဘွားကြီးက အဘိုးကြီးရှေ.မှာ ငုတ်တုတ်ထိုင်လို့ အဘိုးကြီးစားသောက်နေတာကို ပီတိမျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့ရတယ်။ တစ်ခါတစ်လေတော့ အဘိုးကြီးနဲ့အတူ ဖျော်ရည်လေး တစ်ကျိုက်ဆီ သောက်တဲ့အခါမျိုးတော့ ရှိသပေါ့။ ဒါကလွဲရင် အဘွားကြီးက စားကို မစားသေးဘူး။

မနေနိုင်လူငယ်မှာလည်း ပိုလို့တောင် မရိုးမရွဖြစ်လာပြီ။ အဘုးိတို့ အဘွားတို့ရယ် ကျွန်တော်ဘယ်လိုမှ မကြည့်ရက်လို့ပါ။ ကျွန်တော့်ကို ဒါနပြုခွင့်ပေးပါလား ခင်ဗျား လို့ လည်း ထပ်ပြောလိုက်တယ်။ သည်တစ်ခါ မှာတော့ အဘွားကြီးက ဖြေပြန်တယ်။ နေပါစေ မောင်ရယ်၊ အဘွားတို့နှစ်ယောက်က ဘာကိုမဆို နှစ်ယောက်အတူ မျှဝေခံစားနေကျကွဲ. တဲ့။ ဒါနဲ့ လူငယ်လေးခမျာလည်း သူ့စားပွဲကို ပြန်လာခဲ့ရပြန်တယ်။

တိုတိုပြောရရင် အဘိုးကြီး စားလို့ သောက်လို့ ပြီးသွားပြီရော ဆိုပါစို့။ အဘိုးကြီးက သူ့နှုတ်ခမ်းကို စက္ကူလက်သုတ်ပဝါလေးနဲ့ ကျကျနန သုတ်သင်သန့်စင်နေပြန်တယ်။ အဘွားကြီးကလည်း ခုထက်ထိ သူ့ရှေ.က စားစရာတွေကို မစားသေးပဲ အဘိုးကြီးကိုပဲ ရွှန်းရွှန်းစားစား ကြည့်နေတုန်းရယ်။

မနေနိုင်သူ လူငယ်လေးလည်း မအောင့်နိုင်တဲ့ အဆင့်ကိုပြန်တော့တာမို့ သူတို့စားပွဲကို ကူးလိုက်ပြန်တယ်။ တတိယအကြိမ် အဖြစ် သူ့ကို တစ်ယောက်စာ ဝယ်ယူလှူဒါန်းခွင့်ပေးဖို့ အနူးအညွတ် တောင်းပန်ပြန်တယ်။ သည်တစ်ချိန်မှာလည်း မလိုအပ်ကြောင်း ၊ သူတို့မှာ ပြည့်စုံကြောင်းကိုပဲ အဘိုးနဲ့ အဘွားက ချေချေငံငံ ပြန်ဖြေပြန်တယ်။

နောက်ဆုံးမှာတော့ မနေနိုင် မအောင့်နိုင်သူ လူငယ်က တည့်တည့်ပဲ မေးချလိုက်ပါတော့တယ်။

အဘွားရယ် ........ ခုထက်ထိ အဘွားတစ်လုတ်မှ မစားသေးတာ ဘာကြောင့်ပါလဲ ခင်ဗျား၊ အဘွားပြောတော့ အဘွားတို့ နှစ်ယောက်ဟာ ဘာကိုမဆို မျှဝေခံစားနေကျဆို။ ခုကျတော့ အဘိုးက စားလို့တောင်ပြီးသွားပေမဲ့ အဘွားက တစ်လုတ်တောင်မှ မစားရသေးဘူး။ အဘွားက ဘာကို စောင့်နေပါလဲ ခင်ဗျား.................

အဘွားကြီးက လူငယ့်အမေးကို သူ့ထုံးစံအတိုင်း ချေချေငံငံ ပြန်ဖြေပါတယ်။


" သွား ပေါ့ သားရယ်......... သွား ကို စောင့် နေ တာ ပါ ကွယ့် "................ တဲ့ ။


Post settings Labels ဟာသ, No matching suggestions Published on 3/5/08 2:43 PM Permalink Location Options Post: EditLoaded more posts.

ဆက္ဖတ္ပါ...

Friday, February 22, 2008

သကြားမင်းထံပေးစာ

မောင်ထူး လေးတစ်ယောက် အိမ်ရှေ့တံခါးမှာထိုင်နေရင်း သူငယ်ချင်းတွေစက်ဘီးကိုယ်စီနှင့် ဟိုမှဒီသို့
ပျော်ရွှင်စွာ သွားလာနေကြသည် ကိုကြည့်ရင်း သူလည်း စက်ဘီးလေးတစ်စီးလောက်တော့ လိုချင်နေမိသည်။
စက်ဘီးဝယ်ရန် သူ့အမေတို့ကိုလည်း မပူစာရက်၊ သူတိုမှာလည်းသူတိုဟာနဲ့သူတို့ မိသားစု စားဝတ်နေရေးအတွက်ရုန်းကန်နေကြရတယ်၊ ဒါပေမယ် စက်ဘီးစီးချင်တဲ့စိတ်ကိုတော ဖျောက်လို့မရဘူးဖြစ်နေတယ်၊ စက်ဘီးတစ်စီးဝယ်ရန်မှာလည်း ၂၀၀ လောက်ဆိုတော့၊ သူလိုကလေးတစ်ယောက်က ဘယ်က ရနိုင်မလဲ ဒီပိုက်ဆံ ၂၀၀ လောက်ကို၊ ဒါနဲပဲ သူတစ်ယောက်တည်းထိုင်ရင်း စက်ဘီးလေးတွေကို မြင်ယောင်နေမိတယ်။အဲ့ဒိလိုစိတ်ကူးယဉ်နေတုန်း၊ ငယ်ငယ်တုန်က သူ့မေမေပြောပြဖူးတဲ ပုံပြင်ထဲက သကြားမင်း ဆိုတာကို သွားသတိရလိုက်မိတယ် ဆိုရင်ပဲ သူ့မျက်နှာမှာ မျော်လင့်ချက်ရောင်ခြည်တွေ လင်းလက်လာတယ်။

သူ စဉ်းစားလိုက်တယ်
"အင်း... အဲဒိသကြားမင်ကြီးက ကလေးတွေကို အရမ်းချစ်တယ်ပြောတယ်၊ အင်း... အဲဒီသကြားမင်းကြီက
ကျွန်တော့်ကို စက်ဘီးဝယ်ဖို့ ၂၀၀ လောက်ပေးရင် ကောင်းမှာပဲ " လို့ စဉ်းစားမိတယ်၊
ဒါနဲ အဲဒီသကြားမင်းကိုလည်း ဘယ်လိုပြောရမယ် မသိဘူးဖြစ်နေတယ်။
ဒိလိုနဲ့ မောင်ထူးလေးတစ်ယောက် စဉ်းစားနေရင်းနဲ နောက်ဆုံး သကြားမင်းထံ စာရေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ အိမ်ရှေခုံပေါ်တွင် စာရွက်၊ဘောပင်ကိုင်ကာ အားကြိုးမန်တက်စာရေးနေပါတော့သည်။သူရေးလိုက်သောစာက.....

သို့ .... သကြားမင်းကြီး ဟုဆို၍ လိပ်မူပြီး


" သို့
သကြားမင်းကြီးခင်ဗျာ...
ကျွန်တော် မောင်ထူး ဖြစ်ပါသည်၊ ကျွန်တော် စက်ဘီးတစ်စီး အရမ်းလိုချင်ပါသည်၊
စက်ဘီးတစ်စီး ၂၀၀ ဖြစ်ပါသည်၊ စက်ဘီးဝယ် ဖို့ ပိုက်ဆံ မရှိပါ ခင်ဗျာ။
သိကြားမင်းကြီက ကလေးတွေ ကိုချစ်တယ် ဆိုရင် ကျွန်တော့်ကို ကူညီပါ ခင်ဗျာ၊
ကျွန်တော် စိတ်အရမ်းညစ်နေပါတယ်၊
ဖြစ်နိုင်ရင် သကြားမင်းကြီး ကျွန်တော့်ကို ပိုက်ဆံ ၂၀၀ လောက်ပေးပါ ခင်ဗျာ။
သကြားမင်းကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။


ချစ်လှစွာသော
မောင်ထူးလေး


ဒိလိုနဲ မောင်ထူးလည်း စာကို စာတိုက်ကနေတဆင့် စာထည့်လိုက်တယ်။
နောက်တနေ့ စာပို့လုလင်က စာတိုက်ပုံးကို လည်းဖွင့်ရော မောင်ထူးရဲ့ စာကို သွားတွေ့ တယ်၊
စာပို့လုလင်လည်း တော်တော်ထူးဆန်းတယ်၊ သကြားမင်း ထံကို လိပ်မူ ထားတယ်ဆိုတော့
သူ လည်း မောင်ထူးလေးရဲ့စာကို ဘယ်ပို့ရ မှန်းမသိတော့ သူ့ရဲ့ မန်နေဂျာ ထံကို ပို့လိုက်တယ်။
မန်နေဂျာကလည်း ဒီစာက သိပ်ထူးဆန်းတယ်ဆိုပြီတော့ နိုင်ငံတော်သမ္မတကြီးထံပို့လိုက်တယ်။
သမ္မတကြီးလည်း သိချင်တာနဲ စာကို ဖောက်ဖတ်လိုက် တော့မှ မောင်ထူးလေး ရဲ့ စာဖြစ်မှန်းသိတော့တယ်။
စာကိုဖတ်ပြီးတော့ သမ္မတကြီးလည်း မောင်ထူးလေးကို သနားကြင်နာစွာနဲ့ ပိုက်ဆံ ၁၀၀ စာအိတ်နဲထည့်ပြီး
"သို့ မောင်ထူးလေး..... မှ ...သကြားမင်း" ဟု ဆို၍ မောင်ထူးလေးထံကို ပြန်ပို့ပေးလိုက်တယ်။


နောက်တစ်ရက် မောင်ထူးလေး စာကိုလက်ခံရရှိ ပြီး စာမှာ သကြာမင်းထံမှ သိရ၍ အတိုင်းမသိဝမ်းသာသွား၏။
ဒါနဲ မောင်ထူးလေးလည်း ချက်ခြင်းစာပြန်ရေးလိုက်တယ် သကြားမင်းထံမှ စာနှင့် ပိုက်ဆံကို လက်ခံရှိကြောင်း
အတိုင်းမသိဝမ်းသာကြောင်း၊ ကျေးဇူးတင်ကြောင်း ကို စာပြန်ရေးလိုက်တယ်။
သူရေးလိုက်သော စာက.....

" သို့ ......

သကြားမင်းကြီး ခင်ဗျာ

ကျွန်တော်ကို သကြားမင်းကြီးက သနားကြင်နာစွာနဲ ပို့ပေးလိုက်သော စာနဲ့ပိုက်ဆံ ကို ကောင်းမွန်စွာ ရရှိပါသည်။
အတိုင်းမသိ ဝမ်းသာပါသည် သကြားမင်းကြီး၊ ကျေးဇူးလည်း တင်ပါသည်။
ဒါပေမယ့်..သကြားမင်းကြီး.. စိတ်မကောင်းစရာ တစ်ခုက သကြားမင်းကြီး ပို့ပေးလိုက်သော
ပိုက်ဆံ ၂၀၀ မှာ ဒီနိုင်ငံက အခွန်တော်အတွက် ပိုက်ဆံ ၁၀၀ ဖြတ်ယူလိုက်တဲ့ အတွက်
ကျွန်တော်မောင်ထူး ပိုက်ဆံ ၁၀၀ သာလက်ခံရှိ ပါတယ်။ ထိုကြောင့် စက်ဘီးဝယ်ရန် ၁၀၀ လိုနေပါသေးသည်၊
သို့အတွက် နောက်တခါ သကြားမင်းကြီးပိုက်ဆံ ၁၀၀ ထပ်ပို့ရင် ၂၀၀ ပို့ မှသာ ကျွန်တော် ၁၀၀ သာ
လက်ခံရရှိ နိုင်ပါမည်။
ဒီနိုင်ငံ က အခွန်တော်ကြေးကြီး သည့်အတွက်ကြောင့် သကြားမင်းကြီ ကိုလည်း အားနာမိပါသည်။
စက်ဘီးလေးကို လည်းမြင်ယောင်မိပါသည်။


ချစ်လှစွာသော
မောင်ထူးလေး





~~~~~~~~~~~~~~~~~~~~~~ပြီးပါပြီ~~~~~~~~~~~~~~~~~~~~~~~

ပျော်ရွှင်နိုင်ပါစေ


မင်းမြတ်ဘုန်း

ဆက်ဖတ်ပါ...

Wednesday, February 6, 2008

ချစ်သူများအတွက် ချစ်သူများနေ့ အမှတ်တရ (၂)

.
လှောင်တာလေလား
ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူနေကြ၏ ။ ချစ်စကားလေးတွေကလည်းတီတီတာတာပေါ့ ။
"ဟိုအရင်ကလေ မောင်က တစ်ယောက်တည်းသီသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ၊အခုတော မောင့်စိတ်တွေ ပြောင်းလာရပါပြီး မောင့်အတွက် သစ္စာရှိတဲ့ အဖော်တစ်ယောက်ကို လိုချင်လာပြီး။ အလုပ်ကနေ အိမ်ကိုပြန်လာပြီးဆိုတာနဲ့ ကြိုနေမယ့်သူ တစ်ဦးဦး ရှိနေစေချင်ပြီး။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံးနဲ့ မောင့်ကို ကြည့်မယ့်တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ် "
မိန်းကလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏ ။
"လာမောင်၊ ခင်တို့ အိမ်မွေး တိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင် သွားဝယ်ကြမယ်နော် " တဲ့ ။။

လက်တွေ့သမားကွ
"ရှင်က ကျွန်မကို တကယ်ချစ်လို့လား "
"ချစ်တာပေါ့ "
"ကျွန်မသေရင် ရှင်ငိုမှာလား"
"ဘယ်လောက်ငိုမှာလဲ၊ မယုံဘူးနော်၊ လက်တွေ့ငိုပြ "
"ဒါဆိုရင် အရင်သေပြလေ"

ရေလာမြောင်းပေး
"ရှင်ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော် "
"ကိုယ်မင်းကို မနမ်းရပါလား"
"ဟုတ်ပါတယ် ၊ တကတည်းမှပဲ... နမ်းမယ်ဆိုရင်ပြောတာပါ "

ဟိုတယ်နှလုံးသား
"ကျွန်မမှာ ဟိုတယ်လိုနှလုံးသားရှိပါတယ်နော် "
"ဘာကိုပြောတာလဲဟင် ၊ ကျွန်တော်နားမလည်းဘူး"
"နောက်တစ်ယောက်အတွက် အမြဲတမ်း အခန်းရှိနေတယ်လေ"

နွားတစ်ကောင်၏ မှတ်တမ်း
ချစ်သူ့အိမ်မှာ ကျွန်တော်ရောက်နေ၏ ။ ကျွန်တော်တို့နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲ ထိုင်ကြ၏ ။ ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ်ဖက်လိုက်၏ ။ချစ်သူကလည်း ကျွန်တော်ကို တင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်၏ ။ သို့သော် သိပ်မကြာပါ ။ကျွန်တော်ကို အသာတွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်၏ ။ ပြီးတော့ မီးခလုပ်ကို လှမ်းပိတ်၏ ကျွန်တော် အရိပ်အခြည်ကို ကောင်းကောင်းနားလည်လိုက်ပါသည်။ သြော်...သူအိပ်ချင်ရှာပြီကိုး ။ ကျွန်တော် သနားစိတ်ဖြင့် ထပြန်ခဲ့ပါသည်။

ပုံမှန်နေအထား
"ဟဲ့...နင့်ချစ်သူက နင့်ကို နမ်းတဲ့အခါ သူ့မျက်နှာ ဘယ်လိုဖြစ်နေသလဲ၊ ပြောပြစမ်းပါဟယ် "
"ဘယ်သိမှာလဲ ၊ ငါက မအနမ်းခံရတိုင်း မျက်စိကို စုံမှိတ်ထားတာဟဲ့ "

အဖျားရှူးဇတ်သိမ်း
ပရိဘောက ဆိုင်ကြီးတစ်ခုကို ပိုင်သူတစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောကများဝယ်ယူရန် နယူးယေက်သို့ရောက်လာခဲ့လေသည်။ သူတည်းသော ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့တွင် တကယ်လှ တကယ်ချောသော မိန်းမပျိုလေးတစ်ဦး နှင့် တွေရ၏ ။ မိန်းမပျိုးလေးက ပြင်သစ်မလေး ဆိုတော့ တစ်ယောက် ဘာသာစကားကို တစ်ယောက်နားမလည်။ ထိုကြောင့်သူက မှတ်စုစာအုပ်လေးကို ထုတ်ပြီး အငှားကားပုံ ဆွဲပြလိုက်လေ၏ ။ ကောင်မလေးကခေါင်းညိတ်၏ထိုနောက် သူတို့အငှားကားတစ်စီးငှားကာ အတူစီးပြီး စားသောက်ဆိုင်တစ်ခုသို့သွားကြလေ၏ ။ စာသောက်ဆိုင်တွင် စားသောက်နေကြရင်း သူဌေးကြီးက စာရွက်ပေါ်တွင် ကနေသည့် ပုံတစ်ခုဆွဲပြရာ ကောင်မလေးက သဘောတူခေါင်းညိတ်သဖြင့် သူတို့တွေ အတူကကြလေ၏။ ထိုနောက် သူတို့နှစ်ဦး ဝိုင်အတူသောက်ကြ၏ ။ ထိုအချိန်တွင် ကောင်မလေးက သူဌေးကြီးထံမှ စာရွက်နှင့်ဘောလ်ပင်ကိုတောင်းကာ ခုတင်ပုံ တစ်ခု ဆွဲပြလိုက်၏။ ထိုပုံကိုမြင်သောအခါ သူဌေးကြီးမှာ အံသြစိတ်နှင့် အတူ ပါးစပ်ကပင် ထွက်၍ ယောင်မိသည်ဟူ၏ ။ သူဌေးကြီးယောင်လိုက်သည်ကား....
"ဟာ၊ တော်လိုက်တဲ့ ပြင်သစ်မပဲ ၊ ငါပရိဘောဂ ရောင်းတယ်ဆိုတာ သူဘယ်လိုသိလဲမသိဘူး" တဲ့ ။ ကဲ့မှတ် ရော။

မရိုက်ပေါင်ရှင်
ခင်ပွန်း ။ ။မင်းကို ဟိုငနဲက ရည်းစားစကားလိုက်ပြောတာ ဘာလို့ ငြိမ်ခံခဲ့ရတာလဲ။ ပါးဆွဲပြီး ရိုက်လိုက်ပါလား

ဇနီး ။ ။အိုတော်၊ မရိုက်နိုင်ပါဘူး ။ အပျိုလို့ အထင်ခံရ နည်းသလားရှင့်

အိုကွယ်..ရှက်လိုက်တာ
စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုဆီသို့ အလည်ခေါ်သွား၏ ။ သူတို့ရောက်ပြီး မကြာမီ ရိုင်ဖယ်တပ်သားများ သေနတ်ပစ်လေကျင့်နေသော နေရာသို့ ကူသွားကြ၏ ။ မမျှော်လင့်ဘဲ ကျယ်လောင်သော သေနတ်ပစ်သံများကြားလိုက်ရသည့်အခါ ချစ်သူမိန်းကလေး တုန်လှုပ်လန့်ဖျပ်သွားကာ စစ်သားလေး၏ ရင်ခွင်ထဲသို ပြေးဝင်မိ၏ ။ သူ တို့နားမှ စစ်သားများ ပြုံးကြလေ၏ ။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှရုန်းထွက်လိုက်၏ ။
"ဒီလောက်ထိ လန့်သွားမယ်လို့ မထင်မိဘူး ၊ရှက်လိုက်တာကွယ် "ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့် ဆက်ပြောလိုက်၏ ။
"ကဲ အချစ်၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်နေတဲ့နေရာ သွားကြည့်ရအောင် " တဲ့ ။ ။


ဆက္ဖတ္ပါ...

ချစ်သူများအတွက် ချစ်သူများနေ့ အမှတ်တရ (၁)

ပြီခဲ့တဲ့ တပတ် နှစ်ပတ် က တစုံတယောက်အတွက် နဲနဲ အချိန်ပေးလိုက်ရတဲ့အတွက်Blog ဘက်မလှည့် နိုင်ဘူဖြစ်သွားတယ်... လာရောက် လည်ပတ် တဲ့သူငယ်ချင်းအားလုံးကို အားလည်းနာ တယ် ကျေးှဇူးလည်းတင်ပါတယ်. ခုတော နည်းနည်း အချိန် ရတာနဲ့ post အသစ် တင်ရင်း နဲ့ သူငယ်ချင် အချို့ရဲ့ blogsတွေကို ဝင်မွှေလိုက်တယ် ...blog တွေအားလုံး တော်တော်လေးကောင်းမွန်ကြပါတယ် ခုလို ကျွန်တော် အပါအဝင်.. မြန်မာ blog လောက စိုပြည် ရှင်သန်ဖို့ မအားလပ်တဲ့ကြားကနေပြီး နည်းပညာများကိုဖြန်ဝေပေးသော၊ မေးမြန်းချက် မျာကို တခုမကျန်ပြန်လည်ဖြေကြားပေးသော ဆရာ blogger များကို ကျွန်တော် မင်းမြတ်ဖုန်းမှ အထူးကျေးဇူးတင်ပါသည်။
ခုဆိုရင် ချစ်သူများနေ့ (Valentine's Day) ကလည်း ရောက်တော့မှာ ဆိုတော့ ချစ်သူများနေ့အမှတ်တရ မြန်မာ့သွေး အဖွဲ့မှ တင်ဆက်သည့် ချစ်သူတို့ အတူဖတ်ဖို့ ဟာသများ ကို ချစ်သူရှိသူများ၊ ချစ်သူမရှိသူ များပါ အတူတကွ ဖတ်ရအောင်လို့ သူငယ်ချင်းတွေ အားလုံးကိုဝေမျှလိုက်ပါတယ်။ ရယ်မောခြင်း ဖြင့် ချစ်နိုင်ကြပါစေ။ ချစ်သူတွေအားလုံး ပျော်ရွှင်နိုင်ပါစေ...

ချစ်အဓိပ္ပါယ်
Love (အချစ်) ဟူသည်...
L... Lake of sorrow (ဝမ်းနည်းပူဆွေးရေအိုင်)
O...Ocean of tears (မျက်ရည် သမုဒ္ဒရာ)
V... Valley of death (မရဏတောင်ကြား)
E... End of live (ဘဝနိဂုံး) .......ပါတဲ့။

တုံးလို့ကြိုက်
ဧဒင်ဥယျဉ်တွင် ဖြစ်သည်။
အာဒမ်က ဘုရားသခင်ကို မေး၏ ။
"ဘာကြောင့်များ ဧဝကို သိပ်လှအောင် ဖန်တီးခဲ့ရတာလဲဘုရား"
"မင်းအာရုံစိုက်မိအောင်လို့ "
"ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလဲဘုရား "
"ဒါမှ မင်းသူ့ကို ချစ်မိမှာပေါ့ " ဤအချက်ကို အာဒမ်သည် ခေတ္တမျှ စဉ်းစား၏ ။
"ဒါဖြင့် ဘာကြောင့်များ ဧဝကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလဲဘုရား "
"ဒါမှပဲ မင်းကို ကြိုက်မှာပေါ့ကွာ" ဟူသတည်း ။

ငါ့ဟာကွ
ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်ခန်းသို့ပြောင်းရွှေ့ပေးပါရန်ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြငွေသည် တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏ ။ မန်နေဂျာက ထိုအခန်းသို့ သမီးရည်းစား စုံတွဲတစ်တွဲအတွက် နေရာပေးလိုက်၏ ။မိမိနေရမည့် အခန်းသို့ရောင်သောခါမှ ယခင်အခန်းတွင် ခုတင်ခြေရင်း၌ မိမိ၏ ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏ ။ ထိုကြေင့် ထီးပြန်ယူရန် ထိုအခန်းသို့သွားလေ၏ အခန်းအပြင်ဖက် တံခါးသို့အရောက်တွင် အတွင်းမှ သမီးရည်းစားစုံတွဲ၏ စကားပြောသံများကိုကြားရသဖြင့် ခေတ္တနားစွင့်နေမိ၏ ။
"ခင်ရယ် ၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ ဟာလဲဟင် "
"အို၊ မောင့်ဟာပေါ့ မောင်ကလည်း "
"ဟောဒီ သမင်မျက်လုံးလေးကရော"
"မောင့်ဟာပဲပေါ့ "
"ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင် "
"မောင့်ဟာ၊ မောင့်ဟာ"
"ဒီဆင်ဆွယ်လို လက်မောင်းလေးတွေကရော"
"အို... မောင့်ဟာပဲပေါ့ " ထိုကဲ့သို့မေးလာရာ ပဉ္စငါးပါး ကုန်ခါ နီးလာ၏ ။ အပြင်ကနားထောင်နေသော ကိုမြငွေ အတော့်ကို စိုးရိမ်စိတ်ဝင်လာ၏ ။ ထိုကြောင့် အပြင်မှနေ၍ လှမ်းအော်ပြောလိုက်လေ၏ ။
"အထဲက ကျေးှဇူးရှင်လေး ၊ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောင်ကြီးကတော့ မင်းဟာမဟုတ်ဘူးနော် ၊ အဲဒါ ငါ့ဟာကွ" တဲ့ ။ ။

ကျုပ်ကိုလည်းကုပေးပါလား
ပန်းခြံတစ်ခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစားစုံတွဲတစ်တွဲ ထိုင်နေ၏ ။ ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်းအဘိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏ ။ သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို အဘိုးကြီး အတိုင်သားကြားနေရ၏ ။
"မောင်၊ ခေါင်းနည်းနည်းမူးလာတယ် "ကောင်လေးက နဖူးလေးကို နမ်းလိုက်၏ ။ ထိုနောက်
"မူးသေးလားဟင် "
"ဟင့်အင်း ၊ ပျောက်သွားပြီး "အတန်ကြာသောအခါ မိန်းကလေးက
"မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ "။ ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ ။
"ဘယ်လိုနေသေးလဲ "
"အင်း၊ သက်သာသွားပြီး "ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်မသိဘူး ၊ တဆစ်ဆစ်နဲ့ "ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယနမ်းပေးလိုက်၏ တစ်ဖက်တွင်ထိုင်နေသော အဘိုးကြီးအတော့်ကို နားကြားပြင်းကတ်လာ၏ထိုကြောင့် လှမ်းပြောလိုက်၏
"ဟေ့ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ၊ ဦးမှာ လိပ်ခေါင်းဖြစ်နေလို့ " တဲ့ ။။

ဆက္ဖတ္ပါ...

Sunday, January 13, 2008

Very Funny

Bryan came home from the pub late one Friday evening stinkingdrunk, as he often did and crept into bed beside his wife who was already asleep.
He gave a peck on the cheek and fell asleep.

When he awoke he found a strange man standing at the end of his bed wearing a long flowing white robe.
"Who the hell are you?" Demanded Brian,
"and what are you doing in my bedroom?".

The mysterious Man answered "This isn't your bedroom and I'm St Peter".

Brian was stunned "You mean I'm dead!!! That can't be, I have so much live for, I haven't said goodbye to my family....you've got to send me back straight away".

St Peter replied "Yes you can be reincarnated but there is a catch.
We can only send you back as a dog or a hen."

Brian was devastated, but knowing there was a farm not far from his house, he asked to be sent back as a hen.

A flash of light later he was covered in feathers and clucking around pecking the ground.

"This ain't so bad" he thought until he felt this strange feeling welling up inside him.

The farmyard rooster strolled over and said "So you're the new hen, how are you enjoying your first day here?"

"It's not so bad" replies Brian, "but I have this strange feeling inside like I'm about to explode".

"You're ovulating" explained the rooster, "don't tell me you've never laid an egg before".

"Never" replies Brian.

"Well just relax and let it happen"

And so he did and after a few uncomfortable seconds later, an egg pops out from under his tail.
An immense feeling of relief swept over him and his emotions got the better of him as he experienced motherhood for the first time.
When he laid his second egg, the feeling of happiness was overwhelming and he knew that being reincarnated as a hen was the best thing that ever happened to him...ever!!!

The joy kept coming and as he was just about to lay his third egg
he felt an enormous smack on the back of his head and heard his wife shouting
"Brian !!! , wake up you drunken bas*ard,

You're sh*tting on the bed!!!"

ပျော်ရွှင်နိုင်ပါစေ.....

ဆက်ဖတ်ပါ...