မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Sunday, November 1, 2009

လွမ်းနေပြီ (မြင့်မြတ်)



နံနက်အာရုံဦးတွန်သံနှင့်အတူ နေခြည်နုလေးတွေက ဟိုမှ ဒီမှ တိုးဝင်လာခဲ့ကြတယ်။
အော် နံနက်မိုးသောက်ခဲ့ပြန်ပြီပေါ့..ဒီလို ရေတွက် ခဲ့တဲ့ မနက်ခင်းလေးတွေက ငါ့အခန်းထဲမှာ ပြန့်ကျဲလို့။
အာရုံကိုစုစည်းလို့ ပြူတင်းပေါက်ကို တွန်းအဖွင့် လေပြေအေးလေးတွေက အလုအယက်နဲ့တိုးထိုး ကျီဆယ်ကာ
ငါကို နှစ်သိမ့်မှု့တွေ ပေးနေသယောင် နဲ့ ...
ဟိုးအဝေမှာ ရင့်ကျက်လှတဲ့တောင်တန်းတွေက အသူရာနေမင်းကို ခေါင်းပေါ်မှာ ရွက်ကာ လောကသစ်တစ်ခုအတွက် အားအင်တွေက အပြည့်။
ရော့ရဲ ချိနဲ့ နေတဲ့ ငါ့အတွက် အားအင်တွေ ဖြည့်ဆည်းပေးနေသလို။
ဟိုး သစ်ပင်ပေါ်က ငှက်မောင်နှံ ကတောင် ငါ့ကို လှောင်ပြုံးလို့ အသံလေးတွေပေးနေပြီး
သူ့ချစ်သူနဲ့ အတူ လှပတဲ့ အနက်ခင်းမှာ ချစ်ခွန်းတွေ ဖွဲ့သီလို
အရာအားလုံးက ငါကို သနားဂရုဏာ အပြည့်နဲ့ အားပေးနေခဲ့ကြတယ်။
မင်းတို့တတွေအားလုံးကို အားနာပါတယ်ကွာ
ဒါပေမယ့် မင်းကိုလွမ်းတဲ့ စိတ်တွေက ဘာနဲ့မှ အစားထိုးလို့ မရခဲ့ဘူး။
မင်းတွက် ရေးခဲ့တဲ့ ကဗျာလေးတွေကလည်း ဟိုတစ်စ ဒီတစ်စ နဲ့ ကြေမွလို့
မှောင်မိုက်နေတဲ့ ငါ့အခန်းထဲမှာ တိတ်ဆိတ်ခဲ့တဲ့ တီတီတာတာအသံလေးတွေ ကပဲ့တင်ထပ်နေခဲ့တယ်
ချစ်သူရယ် နံရံတွေသာ နားရှိခဲ့မယ်ဆိုရင် မင်းကို ပြန်ပြောကြပါလိမ့်မယ်
မင်းကို လွမ်းနေပြီ ဆိုတာ...

မင်းကို ချစ်ခဲ့ ဒီစိတ်လေးနဲ့ ရှင်သန်နေဆဲနေ့ရက်တွေ
ဘယ်ခါ ပျက်စီးမသွားပါ ငါမင်းအတွက်ရှိနေမှာ

မင်းသာငါရဲ့ လိုအပ်ဆုံးပါ ကျန်တာတွေလည်း ဂရုမစိုက်ဘူးကွာ
မင်းလေးတစ်ယောက်တည်းချစ်တာ နေ့ရက်တိုင်းပါပဲ

မင်းကိုပဲ ကမ္ဘာကြီးဆုံးတိုင်လက်တွဲမယ် အချစ်လေးရယ်
မင်းယုံလိုက် ငါချစ်သမျှတွေ ပုံပေးမယ် ချစ်လေးရယ်
ချစ်သူရယ် ဒီနှင်းလေးတွေ မကုန်ဆုံးခင် ပြန်ခဲ့ပါ လွမ်းနေပြီ

ဝေးနေရတဲ့ ချိန်တွေတိုင်းမှာ ရင်မှာကြေကွဲ တမ်းတမိနေတာ
မင်းလေးပြန်ခဲ့အချစ်ရာ တ့ိုခရီးဆက်ရမှာပဲ

ကိုယ့်ရဲ့ မင်းရဲ့ ကဗျာတွေလည်း လေ ငါမြင်ရောင်တိုင်းလွမ်းလို့ ရူးနေတယ်
မင်းလေး ငါ့နားရှိစဉ် ကမ္ဘာကြီးလည်း ပြည့်စုံတယ်။


ဆောင်းခိုငှက်

ဆက္ဖတ္ပါ...

Thursday, October 23, 2008

အချစ်နှင့် ခရီးသွားခြင်း (၂)


ဒီလိုနဲ့ ကျွန်တော်နှင့် ကျွန်တော့်ရဲ့ အချစ်ဖန်ဆင်းရှင် ခရီးသွားခဲ့ကြတာ ခရီး အတော်အတန်သွားခဲ့ပြီးပြီ အဲ့ဒီအတောအတွင်းမှာ သူနှင့် စကားများလိုက် ရန်ဖြစ်လိုက်ကြနဲ့ပေါ့။ သူက ကျွန်တော့်ကို ကူညီမယ်လို့သာပြောတာ သူလုပ်ချင်တာသူလုပ်တာ ပြောရင်လည်းနားမထောင်တတ်ဘူး ကျွန်တော်ကတော့သူ့ကို နားလည်ဖို့ကြိုးစား ခဲ့တယ်။ သူကတော့ နဲနဲလေးမှ ကျွန်တော့်ကို နားလည်ပေးချင်ပုံမရဘုူး။ ကျွန်တော့်ကို အမျိုးမျိုး နှိပ်စက်တယ်၊ တော်တော်ဆိုးတဲ့ အချစ်ဖန်ဆင်းရှင်။ တစ်ခါတလေတော့လည်း မောပန်းလွန်းနေတဲ့ ကျွန်တော့်ကို ယုံကြည်ချက်တွေ ခွန်အားတွေပေး တတ်တယ်။

ဒီလို နဲ့ တစ်ရက်မှာ ခရီးရှည်ကြီးကို ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ရလို ကျွန်တော် မူးဝေပြိးလဲကျသွားခဲ့တယ် ကျွန်တော်မေ့မျောသွာပြိး လောကကြီနှင့် အဆက်ပြတ်သွားတယ်။ ကျွန်တော်ပြန်သတိရလာပြီး မျက်လုံးဖွင့် ကြည့်လိုက်တော့ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်အောက်ရောက်နေတယ် ကျွန်တော်ရဲ့ အချစ်ဖန်ဆင်းရှင်က သူကိုယ်သူ အချစ်သစ်ပင် ဖန်ဆင်းပြီး ကျွန်တော့် ကို အုပ်မိုးပေးထားခဲ့တယ် အလွန်ကြီးမားတဲ့ အချစ်သစ်ပင်ကြီးက သူ့လက်ရဲ့ အကိုင်းက သစ်ရွက်တွေနဲ့ ကျွန်တော့်ကို ပူလောင်မှုမှကင်းဝေစေခဲ့တယ်၊ ရင်ထဲမှာ အေးချမ်းသွားတယ်၊ ကျွန်တော်နဲနဲကျေနပ်သွားတယ်။ ကျွန်တော် သူ့ကို မော့ကြည့်ပြီးတော့ မေးကြည့်လိုက်တယ်

“ဒီမယ် အချစ်ဖန်ဆင်းရှင် ခင်ဗျားက ဘာလို့ကျွန်တော့်အပေါ်ဒီလောက်ကောင်းနေရတာလဲ၊ ကျွန်တော်က ခင်ဗျားကို ဘာမှ အကူအညီမတောင်းပဲနဲ့ ခင်ဗျားက ကျွန်တော့်ကို အကူအညီတွေ အများကြီးပေးခဲ့တယ်”

အချစ်ဖန်ဆင်းရှင်က သူ့အကိုင်းလေးတွေကို သွက်သွက်ခါအောင် ခါရမ်းပြီး ရယ်မောလိုက်တယ်။

“ ကောင်လေး.. မင်းတို့သက်ရှိလူသားတွေ အသက် ရှင်ရပ်တည်ဖို့အတွက် ငါတို့ အချစ်ဖန်ဆင်းရှင်တွေ လိုက်ပါစောင့်ရှောက်ရမှာက ငါတို့ တာဝန်ပဲလေ...ငါတို့မရှိပဲ မင်းတို့ ရှင်သန်ဖို့ မလွယ်ဘူး”

သစ်ပင်ကြီးကပြောရင်း သူ့ရဲ့ လက်တွေကို ကိုင်းညွတ်ပြီး ကျွန်တော့်ကို ပွေ့ဖက်လိုက်တယ်။ သူ့ရဲ့လက်တွေကို ကိုင်းညွတ်လိုက်တော့ အရွက်တွေကြားမှာ ဖုံးကွယ်ထားတဲ့ အချစ်ပန်းသီးလေးတွေ ထွက်ကျလာတယ်။ ကျွန်တော်လည်းဗိုက်စာတာနဲ့ သစ်ပင်ကြီးဆီက ချစ်ပန်းသီးတွေ စားချင်လို့ ခွင့်တောင်းလိုက်တယ်။

“ ဒီမယ် အချစ်ဖန်ဆင်းရှင်ကြီး ခင်ဗျားဆီက ချစ်ပန်းသီလေးတွေ ကျွန်တော့်ကို နဲနဲလောက် ခူးခွင့်ပေးပါလား။ ကျွန်တော်ဗိုက်ဆာနေလို့”
သစ်ပင်ကြီးက ပြောတယ်

“ကောင်လေး မင်းစားချင်ရင်တော့ ငါ့ဆီက လာခူးစားလို့ရပါတယ်။ ဒါပေမယ် ဒီချစ်ပန်းသီးလေးတွေက ငါ့ ရဲ့ နှလုံးသားထဲက ဖြစ်လာတဲ့အသီးတွေ ငါ့ရဲ့ ချစ်ပန်းသီတွေကို ငါ မခြွေပေးပဲ ဘယ်သူမှ စားလို့ မရသေးဘူး ငါမခြွေချသေးတဲ့ ငါ့ချစ်ပန်းသီးကို လောဘတကြီးနဲ့ ခူးစားမိခဲ့လို့်ရှိရင် ဒီလူမှာ အချစ်အဆိပ်မိသွားပြီး ဒုက္ခတွေခံစားလာရလိမ့်မယ်။ အကယ်ဤ ငါခြွေချ ပေးတဲ့ ချစ်ပန်းသီး ဆိုရင်တော့ သူ့မှာ ချမ်းသာ သုခတွေနဲ့ပြည်စုံလာလိမ်မယ်။ သူ့မှာ မမြင်နိုင်တဲ့စွမ်းအင် တွေအများကြီးရှိနေတယ်။”

ကျွန်တော်နဲနဲတွေဝေသွားတယ်.... ခူးစားရမှာ နဲနဲ တွန့်ဆုတ်သွားတယ်.... ကျွန်တော်သူ့ကို တွေဝေပြီးကြည့်နေမိတယ်။ တော်တော်ကြာမှ သူက

“ကောင်လေး မင်းစားချင်ရင်တော့ ငါတစ်လုံးခြွေပေးပါ့မယ်....ရော့”

အဲ့ဒါနဲ့ အချစ်သစ်ပင်ကြီးက သူရင်ဘတ်ထဲမှ ချစ်ပန်းသီးတစ်လုံး ကျွန်တော့်ကို ချပေးလိုက်တယ်။ ကျွန်တော်လည်းဗိုက်ဆာနေတာနဲ့ အချစ်သစ်ပင်ကြီးကို မှီပြီး အားရပါးရ စားလိုက်တယ်။ စားပြီတာနဲ့ ကျွန်တော် မူးရစ်ရီဝေသလို ခံစားလိုက်ရတယ် ပြီးတော့ ကျွန်တော် အိပ်ပျော်သွားခဲ့တယ်။ ပြန်နိုးလာတော့ ခန္ဓာကိုယ်မှာ အားအင်သစ်တွေတိုးပွားလာသလို ခံစားလိုက်ရတယ်။ တော်တော်ကောင်းတဲ့ ချစ်ပန်းသီး ကျွန်တော့်စိတ်တွေလန်းဆန်းသွားခဲ့တယ်၊ အားအင်တွေပြည့်ဝလာတယ်။ ဒါနဲ့ ကျွန်တော်လည်း ချစ်သစ်ပင်ကြီးကို ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။ သူက ပြန်ပြောတယ်

“ ကျေးဇူးတင်စရာမလိုပါဘူ ကောင်လေး အချစ်ဆိုတာက ကိုယ့်တစ်ယောက်တည်းရဲ့ လိုအပ်ချက်ကို ရှေ့တန်းတင်ပြီး ရယူပိုင်ဆိုင်ချင်စိတ်နဲ့ ခူးယူခဲ့မယ်ဆိုရင် မင်းခူးယူပိုင်ဆိုင်နိုင်ပါတယ် ဒါပေမယ် ခွန်အားကိုဖြစ်စေတဲ့ ချစ်ပန်းသီးတစ်လုံးတော့ ဖြစ်လာမှာ မဟုတ်ဘူး”

ပြီးတော့သူကဆက်ပြောတယ်...

“ကိုယ်တစ်ကယ် လိုအပ်နေတဲ့အချိန်မှာ တစ်ကယ့်ကို စေတနာအစစ်နဲ့ ခူးချွေပေးလို့ ရရှိခဲ့ရင် မင်းရယူပိုင်ဆိုင်နိုင်ပါတယ် ဒါဆိုရင် အဲ့ဒီချစ်ပန်းသီဟာ မင်းအတွက် တကယ့်ကို အားအင်သစ်တွေ ရရှိစေနိုင်ပါတယ်”

အင်း... သူပြောတာတွေကို ကျွန်တော်နဲနဲလက်ခံလိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ခရီးဆက်ထွက်ဖို့ ထွက်လာခဲ့တယ်။
ခရီးလမ်းတစ်လျောက် ကျွန်တော်နဲ့ အချစ်ဖန်ဆင်းရှင်တို့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ခရီးထွက်လာခဲ့တာ နှစ်တောင်တော်တော်ပေါက်ခဲ့ပြီ။ တစ်ရက်မှာ ကျွန်တော်တို့ဟာ အလွန်ပူပြင်းလှတဲ့ ကန္တာရကြီး ကို ဖြတ်သန်းလာခဲ့ကြတယ်။ အရမ်းပူပြင်းလွန်းလို့ ကျွန်တော် အာခေါင်တွေ ခြောက်သွေ့လာတယ်၊ သောက်စရာရေဆိုလို့ နဲနဲမှ မရှိ။

အဲဒီအချိန်မှာ အချစ်ဖန်ဆင်းရှင်က

“ ခဏလေးနေဦးကောင်လေး ...”
ဆိုပြီးတောင်ကုန်းလေးပေါ်ကို တက်သွားတယ်။ ပြီးတော့ တောင်ကုန်းလေးရဲ့ဟိုဖက်မှာ အိုအေစစ်လေးတစ်ခု ဖန်ဆင်းလိုက်ပြီး ကျွန်တော့်ကိုလှမ်းခေါ်ပြတယ်။

“ကောင်လေး ဟို..မှာမင်းတွေ့လား အိုအေစစ်လေး အဲဒီမှာ မင်းအတွက် သောက်စရာရေရှိတယ်။ နားစရာနေရာရှိတယ်။”
ကျွန်တော်ဝမ်းသာသွာတယ်။ ပြီးတော့သူကဆက်ပြောတယ်

“အဲ့ဒါ ငါဖန်ဆင်းထားတဲ့ အိုအေစစ်လေးပဲ မင်းကြည့်နေ အဲဒီကို တခြားသူတွေ တွေ့ပြီး ရေလာရှာလိမ့်မယ်။”

ခဏကြာတော့ လူတစ်ယောက်ရောက်လာတယ်။ အဲ့ဒီသူလည်းအိုအေစစ်ကိုတွေ့တော့ ဝမ်းသာအားရနဲ့ ရေဝင်သောက်တယ်၊ ရေကို အငမ်းမရသောက်လိုက်တယ်။ ပြီးတော့ ခဏထိုင်နားတယ် ပြီးတော့ ထပ်သောက်ပြန်တယ်။ ပြီးတော့ ထပ်ခါထပ်ခါ သောက်ပြန်တယ်။ သူ့မှာ ရေသောက်လွန်လို့ ဗိုက်ကြီးတင်းကားလာတယ် နောက်ဆုံး ဆက်မသောက်နိုင်ပဲနဲ့ လဲကျသွားတယ်။

ခဏကြာပြန်တော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်၊ သူကျတော့ ပထမလူလောက် အလောတကြီးမသောက်ဘူး၊ ပထမ တစ်ငုံလောက်သောက်လိုက်တယ် ကျန်တာကို သွန်ပစ်လိုက်တယ်။ နောက်တစ်ငုံထပ်သောက်တယ် ကျန်တာကိုသွန်ပစ်လိုက်တယ်။ အဲ့ဒီလိုသောက်လိုက်သွန်လိုက်နဲ့ သူလည်း ဗိုက်ကြီးတင်းကားလာတယ်။ နောက်ဆုံး ဆက်မသောက်နိုင်တော့ပဲ လဲကျသွားပြန်တယ်။

ခဏကြာပြန်တော့ နောက်တစ်ယောက် ရောက်ပြန်လာတယ်။ ဒီလူကြတော့ ရေကိုတွေ့တွေ့ချင်း တစ်ဝသောက် ပြီးတော့ ရေကိုခေါင်းပေါ်ကနေ တဝလောင်းချ ပြီးတော့ တဝပြန်သောက် ပြီးတော့ ခေါ်င်းပေါ်ကနေပြန်လောင်းချ၊ အဲဒီလို ကျေနပ်အောင်နေပြီးတော့မှ ပြန်လည်ထွက်ခွာသွားတယ် ဒါပေမယ့် သူဝေးဝေး မသွားနိုင်ဘူး ခဏကြာတော့ လဲကျသွားပြန်တယ်။

အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် အချစ်ဖန်ဆင်းရှင်ကို မေးကြည့်တယ် သူတို့ ဘာဖြစ်သွားကြတာလဲလို့
သူကပြောတယ်။

“သူတို့တွေ က ငါဖန်ဆင်းထားတဲ့ အချစ် အိုအေစစ်လေးက အချစ်ရေတွေကို တန်ဖိုးမထားခဲ့ကြလို့ပဲ။ ပထမ တစ်ယောက်ကတော့ လောဘတကြိး သောက်ယူသုံးစွဲတယ်။ သောက်လေသောက်လေငတ်မပြေဖြစ်ပြီး လဲကျသေဆုံးတယ်။ ဒုတိယတစ်ယောက်ကတော့ တန်ဖိုးမထားတတ်ဘူး။ သောက်တယ် သွန်တယ်။ သူလည်းအဲ့လိုပဲ နောက်ဆုံး လဲကျသေဆုံးခဲ့တယ်။ တတိယတစ်ယောက်ကတော့ အလွဲသုံးစားလုပ်တယ်။ သောက်တယ် ချိုးတယ်။ အဲဒီတော့ အပူရှပ်ပြီးသေဆုံးခဲ့တာပဲ။ အဲ့ဒီငါ့ရဲ့ အချစ်အိုအေစစ်ဆိုတာက ဒီလိုပူပြင်းလှတဲ့လောက အလယ်မှာ ခရိးသွားတွေ တန်ဖိုးရှိရှိ သောက်ယူသုံးစွဲဖို့ ဖန်ဆင်းထားခဲ့တာပဲ။ တန်ဖိုးရှိရှိ သောက်ပါ နားပါ။ ပြီးရင် ကိုယ်ရဲ့လိုရာခရိးကို ငြိမ်းချမ်းစွာနဲ့ သွားနိုင်ကြမယ်။ အဲဒါကြောင့်.....

အချစ်ကို အလွဲသုံးစား မလုပ်ရဘူး။ဘယ်သူမပြုမိမိ အမှုပါပဲ။”

အဲဒါနဲ့ ကျွန်တော်လည်း အဲ့ဒီ အိုအေစစ်လေးမှာ ကျွန်တော့်အတွက် လိုအပ်သလောက် ယူငင်သောက်သုံး အနားယူပြိး ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။။။ ခရီးကတော့ ရာစုနှစ်ခရီးပေါ့ခင်ဗျာ.......


အားလုံးကို ကျေးဇူးတင်ပါတယ် ခုလို ပြီးဆုံးအောင် မျက်စိ အညောင်းခံပြီးဖတ်ပေးတဲ့ အတွက်၊ အားနည်းချက်တွေ ရှိတဲ့အတွက် ခွင့်လွတ်နားလည်ပေးပါလို့ .....


ကြိုးစားလျှက်ပါ။။။။


မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Saturday, October 18, 2008

အချစ်နှင့် ခရီးသွားခြင်း (၁)



အချစ်ဆိုသည်မှာ ... တဲ့..........

အင်း... လူအတော်တော်များများ က အချစ်ဆိုတဲ့ အရာကို အဓိပ္ပါယ် ဖွဲ့ ဆိုနေလိုက်ကြတာ.. အမျိုးမျိုးပါပဲ... အချို့ကျတော့ အချစ်ကို တစ်သက်မှာ တစ်ခါတွေဖူးကြတယ်တဲ့၊ တချို့ကျတော့ အချစ်က အမြဲတမ်းမွေးဖွားနေကြတာ တဲ့၊ အင်... တချို့ကြတော့ပြောတယ် အချစ်နဲ့တွေရင် ကဗျာ ဆရာတွေဖြစ်သွားကြရောတဲ့.....

ဟဲဟဲ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူးဗျ။ အချစ်ဆိုတာ ကျွန်တော့် ရဲ့ ခရီးသွားဖေါ်ဗျ။ သူက ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်ဖြစ်သလို ကျွန်တော့် နှင့် ခရိးသွား အဖေါ်လည်းဖြစ်တယ်ခင်ဗျ၊
တစ်ရက်မှာ ကျွန်တော်ဟာ ရာစုနှစ်ဆိုတဲ့ ခရီးရှည်ကြီးကို စတင်ဖို့ လာခဲ့တယ်။ အဲ့ဒီမှာ စပြီး အချစ်ဆိုတဲ့ဖန်ဆင်းရှင်နဲ့ စပြီးတွေ့တော့တာပဲ ဘယ်အချိန်တည်းက ကျွန်တော့်ကိုစောင့်ကြည့်နေတယ်မသိဘူး ။ ကျွန်တော် ခရီးသွားမယ် ဆိုတာနဲ့ သူက အတင်းလိုက်မယ် ဆိုတော့တာပဲ....
ကျွန်တော်ကပြောတယ် အချစ် ခင်ဗျား ကျွန်တော့်နဲ့လိုက်လို့ မဖြစ်ဘူး ကျွန်တော် အခုသွားမယ့် ခရီးလမ်း က ရာစုနှစ်ခရီး ခက်ခဲမယ် ကြမ်းတမ်းမယ် မသိနိုင် မမြင်နိုင်တဲ့ အရာတွေ များကြီးရှိလာနိုင်တယ် ခင်ဗျားမလိုက်နဲ့ လို အတန်တန်ပြောတယ် မရဘူး
သူကလိုက်မယ်ပဲပြောတယ် ပြီးတော့ သူကပြောသေးတယ် ဒီခရီးမှာ ငါမပါလို့ရှိရင် မင်း ရှေ့တစ်လှမ်းတောင်လှမ်နိုင်မှာ မဟုတ်ဘူးတဲ့

ဟ... တယ်ဆိုတဲ့စာပါလား ...ကျွန်တော်စဉ်စားတယ် ဒီအချစ်ဆိုတဲ့လူနဲ့တော့ ခက်နေပါပြီ သူကိုခေါ်သွားရင်ကောင်းမလား။ အတင်းထားခဲ့မယ် ဆိုရင်လည်း သူက ပြောတယ် ရှေ့တစ်လှမ်းတောင် လှမ်းနိုင်မှာမဟုတ်ဘူးတဲ့ ... ရော...ခက်နေပါပြီ။ ဘယ်လိုလုပ်ရမလဲ ကျွန်တော်မယုံကြည်ဘူး သူမပါပဲလည်းကျွန်တော်သွားလို့ဖြစ်တယ်ပေါ့။ ကျွန်တော်သူ့ကို ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒါနဲ့ပဲ ကျွန်တော် တစ်ယောက်တည်းထွက်လာခဲ့တယ် ဒါပေမယ် အဲ့ဒီအချစ်ဆိုသူ ကြီးက ကျွန်တော့် နောက်မှာ ကပ်ပြီးလိုက်လာတယ်။ ကျွန်တော်သူ့ကို ဂရုမစိုက်ဘူး ကိုယ်လမ်းကိုဆက်လျှောက်လာခဲ့တယ်။ အဲ့ဒီလို လျှောက်ရင်းနဲ့ ကမ်းစပ်နားကို ရောက်လာတယ် ဟိုဘက်ကမ်းကို ကူးရတော့မယ် ခရီးဆက်ဖို့အတွက် ကျွန်တော် ကူတို့လှေ လိုက်ရှာလိုက်တယ်.... လှေတွေကတော့ အများကြီးပဲ ကမ်းစပ်မှာ ဆိုက်ထားတယ် ကူတို့သမားတွေကလည်းထိုင်နေကြတယ်... ဒါနဲ့ ကျွန်တော် မိဘဆိုတဲ့ လှေနားကို သွားပြီးတော့ မေးကြည့်လိုက်တယ် ကျွန်တော်ဟိုဘက်ကမ်းကို သွားဖို့ လိုက်ပို့ပေးနိုင်မလားမေးကြည့်တယ်။ ကျွန်တော့်ကို ဘာမှပြန်မပြောဘူး ... ဒါနဲ့ ကျွန်တော် ဆက်မေးကြည့်တယ်.. တုတ်တုတ်မှကို မလူပ်ဘူး... ဒါနဲ့ တစ်ခြားမိဘ လှေတွေကိုလည်းလိုက်မေးကြည့်တယ် ဟိုဘက်ကမ်းကို လိုက်ပို့ပေးနိုင်မလားပေါ့။ ဘယ်သူမှ ဘာမှ ပြန်မပြောဘူး ကျွန်တော်စိတ်ညစ်သွားတယ်။ ဒါဆိုငါ ဘယ်လိုခရီးဆက်ရပါ့မလဲ။ ဒါနဲ့ ကျွန်တော် မှာပါတဲ့ ပိုက်ဆံလေးတွေကို ပြပြီး ပိုက်ဆံပေးမယ်ပေါ့ လိုက်ပို့ပေးပါလို့ ပြောကြည့်တယ် မရဘူး။ ကျွန်တော့် အပြုအမူတွေကို အစအဆုံးကြည့်နေတဲ့ အချစ်ဖန်ဆင်းရှင်က ရယ်ပါလေရော။
ပြီးတော့ ပြောသေးတယ် ကောင်လေးမင်းကြည့်တဲ့ ဒီကိစ္စမှာ ငါမပါလို့ရှိရင် မင်းဘယ်လိုမှ ခရီးဆက်လို့မရတော့ ဘူးတဲ့။
ကျွန်တော်က သူ့ကို ဘုကြည့်ကြည့်ပြီးတော့... သူပါတော့ရော သူကဘာလုပ်ပေးနိုင်မှာ မို့လို့လဲ ပေါ့။ သူကရယ်ပြီးတော့ ကောင်လေး ရော့ ငါဆီက အချစ်၅၂၈ ကိုယူသွားပြီတော့ သူတို့ကို ပေးလိုက်တဲ့ သူတို့ မင်းကို လိုက်ပို့လိမ့်မယ် တဲ့ ပြောပြီး ကျွန်တော့်ကို သူ့ အချစ် ၅၂၈ ကမ်းပေးလိုက်တယ်။
ကျွန်တော်လည်း မယူချင်ယူချင်နဲ့ စမ်းကြည့်မယ်ပေါ့ ဆိုပြီး မိဘဆိုတဲ့ လှေနားကိုသွားပြီးတော့ သူပေးလိုက်တဲ့ ၅၂၈ အချစ်တွေပေးလိုက်တယ်။
အဲ့ဒါနဲ့ မိဘလှေကလည်း ၅၂၈ အချစ်တွေလည်းရရော ဝမ်းသာအားရနဲ့ ကျွန်တော့်ကို ခေါ်ပါလေရော။ သားလေးဘယ်သွား မလဲတဲ့
သူတို့လိုက်ပို့ပေးမယ်တဲ့... ဟ... တယ်ဟုတ်တဲ့ အချစ် ဖန်ဆင်းရှင်ပါလားဗျ... တော်တော်ဟုတ်တာပဲ... ဒါနဲ့ ကျွန်တော်လည်းဝမ်းသာအားရနဲ့ လှေပေါ် လိုက်လာပြီး ဟိုဘက်ကမ်းကို ရောက်လာခဲ့တယ်။

ကမ်းစပ်ကို ရောက်တယ်ဆိုရင် ပဲ များပြားလိုက်တဲ့ ကျွန်တော့်လိုပဲ ခရီးသွားတွေကို
တွေ့လိုက်ရတယ်။ အဲ့ သူတို့မှာ လည်း သူတို့မှာလည်းသူတို့ အချစ်ဖန်ဆင်းရှင်နဲ့ သူတို့ ခရီးသွားနေကြတယ်။ တစ်ချို့က ခရီးသွားရင် သူတို့အချစ် ဖန်ဆင်းရှင်ကို အဖော်ပြုသွားကြတယ်.. တချို့ ကြတော့လည်း သူတို့ အချစ်ဖန်ဆင်းရှင်ကို အဖေါ်မလုပ်ချင်ကြဘူး။ တချို့ ကြတော့လည်း သူတို့ အချစ်ဖန်ဆင်းရှင်တွေနဲ့ စကားများနေကြတယ်... ဟဲဟဲ ကျွန်တော့် လိုပေါ့...
အဲ့ဒါနဲ့ ကျွန်တော့် အချစ်ဖန်ဆင်းရှင်ကလည်း ကျွန်တော့်ကိုပြောတယ် ကောင်လေးမင်းကြည့်တဲ့.. ငါတို့မပါပဲ မင်းတစ်ယောက်ထဲ
ခရီးသွားလို့မရဘူးတဲ့။ အင်း.. ကျွန်တော် နဲနဲတော့ လက်ခံလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ခရီးသွားဖေါ်တော့ရတာပေါ့ မပျင်းတော့ဘူးပေါ့။

ဒါနဲ့ပဲ ကျွန်တော် ခရီးဆက်ထွက်ခဲ့တယ်

ဆက်ရန်...........


ဟိဟိ ... ဆက်လက်စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ဆက်လာဦးမယ် ကျွန်တော်နဲ့ ကျွန်တော့် ရဲ့အချစ်ဖန်ဆင်းရှင် ဘယ်လို့ ခရီးသွားကြတယ်ဆိုတာ.. သူက တစ်ခါတစ်ရံ ပျော့ပျောင်းပေမယ့် တစ်ခါတစ်ရံ ခက်ထန်တတ်တယ်။

ဆက်လက်အားပေးပါဦးလို့....

ဆက္ဖတ္ပါ...

Wednesday, June 18, 2008

ကော်ဖီ ငံငံ အချစ်

လှပတဲ့မီးရောင်စုံတွေနဲ့အတူ သာယာလှပတဲ့ဂီတသံစဉ်တွေ ရဲ့အောက်မှာ မျောလွင့်ရင်း သူဟာခပ်အုပ်အုပ် မီးရောင်အောက် ထောင့်တစ်ထောင့်ရဲ့စာပွဲဝိုင်း တစ်နေရာမှာ တစ်ကိုယ်တည်း ပါတီညချမ်းကို ခံစားကြည့်ရှုနေမိတယ်။ အဖေါ်ကင်းမဲ့နေတဲ့သူကို တော့ ဘယ်သူမှ သတိမထားမိကြဘူး သူဟာသာမန်ကောင်းလေးတစ်ယောက်ပါပဲ။ အရောင်အသွေးစုံလှတဲ့ လူငယ် လူရွယ် တွေဟာ သူ့အုပ်စုနှင့်သူ မြူးတူးပျော်ရွှင်စွာ ကခုန်နေကြတယ်။ အဲဒီ အထဲမှာမှ သူများနဲမတူ ထူးခြားလှတဲ့ နတ်သမီးလေး(သူမ)ကို သူသတိထားမိတယ်။ သူ့ရဲ့မြင်ကွင်းထဲမှာ သူမရဲ့ အလှအပ အမူအရာတွေဟာ အားလုံးထက်ကို ပေါ်လွင် လွန်းလှတယ်။ သူငေးကြည့်နေမိတယ် သူမရဲ့ အနားမှာ ဝိုင်းဝိုင်းလည်နေတဲ့သူတွေကများပါဘိ။ တစ်ခါတစ်ခါသူမရဲ့ရယ်သံ ချိုချို လေးတွေဟာ သူ့ဘက်ကို ပျံလွင့်လာတယ်။ ဒီလိုနဲ့ ပါတီ အပြီးမှာ သူဟာ ကောင်မလေးအနားကို ထသွားပြီးတော့ ကောင်မလေးကို ယဉ်ကျေးစွာ ပြုံးပြနုတ်ဆက် လိုက်တယ်။ ပြီးတော့ နောက်တနေမှာ သူ့နှင့်အတူ ကော်ဖီသောက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ ကောင်မလေးဟာ အရမ်းကိုအံ့သြသွားတယ်။ ဒါပေမယ့် သူ့ရဲ့ယဉ်ကျေးတဲ့ အပြုအမူကြောင့် ကောင်မလေးက ကျေနပ်စွာနဲ့ ကတိပေးလိုက်တယ်။

နောက်တစ်နေ့မှာ သူတို့နှစ်ယောက် လှပတဲ့ ကော်ဖီ ဆိုင်လေးတစ်ဆိုင်မှာ တွေ့ခဲ့ကြတယ်။ သူဟာ တစ်စုံတစ်ခုကို ပြောဖို့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တယ်။ သူတို့နှစ်ယောက် ရဲ့ ကော်ဖီဝိုင်းလေးဟာ တိတ်ဆိတ်ခြင်းနဲ့ မင်းမူနေတယ်။ အဲ့ဒီအတွက် ကောင်မလေးဟာ တော်တော်အနေရကျပ်လာပြီး ပြန်တော့မလို့ အလုပ်မှာ ကောင်လေးက ရုတ်တရက် စားပွဲထိုးလေးကို လှမ်းခေါ်ပြီး...

ဆားနဲနဲလောက်ရ နိုင်မလားခင်ဗျား ကျွန်တော် ကော်ဖီ ထဲ ထည့်သောက်ချင်လို့” ။

သူ့အသံကို ကြားပြီး ဘေးနာကလူတွေက တအံတသြ နဲ့ ထူးဆန်းစွာ လှည့်ကြည့်ကြတယ်။ သူတော်တော် ရှက်သွားတယ် ဒါပေမယ့် သူဟာ ရှက်ရှက်နဲပဲ ကော်ဖီ ထဲကို ဆားတွေလောင်းထည့်ပြီး သောက်လိုက်တယ်။
သူမလည်းအံ့သြစွာနဲ သူ့ကိုမေးလိုက်တယ်....

မင်း အဲ့ဒီလို့ ကော်ဖီ ငံငံ သောက်တတ်တဲ့အကျင့် ရှိလိုလား

ကောင်လေးက ညင်သာစွာနဲပြန်ဖြေလိုက်တယ်....

ကျွန်တော်ဟာငယ်ငယ်တုန်းက ပင်လယ်ကမ်းခြေက ရွာလေးတစ်ရွာမှာကြီးပြင်းခဲ့ရတယ်။ နေ့စဉ်ပင်လယ်ပြင်မှာ ဆောကစားခဲ့တဲ့ကျွန်တော်ဟာ ပင်လယ်ရေရဲ့ ငံရှရှ အရသာကို ကြိုက်နှစ်သက်ခဲ့တယ်။ နောက်ပိုင်းကျွန်တော်ပင်လယ်ပြင်နဲ့ဝေးကွာခဲ့တဲ့အချိန်ကစပြီး ပင်လယ်ရေရဲ့ အရသာကို လွမ်းဆွတ်ပြီး ကော်ဖီငံငံ လေးကို ကြိုက်နှစ်သက်ခဲ့တယ်။ ဒီကော်ဖီငံငံလေးကို သောက်တိုင်း ကျွန်တော်ချစ်တဲ့ပင်လယ်ရယ်။ ကျွန်တော်ချစ်တဲ့မြို့၊ကျွန်တော်ချစ်တဲ့ ကျွန်တော့်အိမ်၊ ကျွန်တော်ချစ်တဲ့ ဖေဖေနဲ့မေမေကို အရမ်းသတိရမိတယ်။ ကျွန်တော် သတိရတိုင်း ဒီကော်ဖီငံငံ လေးကို သောက်ဖြစ်တယ်။

ကောင်လေးကပြောရင်း မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့တက်လာတယ်။
ကောင်မလေးလည်း နားထောင်ရင်းစိတ်ထဲမှာ စို့သွားတယ်။ ကောင်းလေးကိုလည်း နားလည်ခံစားပေးခဲ့တယ်။ သူဟာ တကယ့်ကို အိမ်လွမ်းသူ ဇာတိမြေကို ချစ်တတ်သူ တစ်ယောက် ဆိုတာ ယုံကြည်ခဲ့တယ်။

ဒါနဲပဲသူတိုဟာ တစ်ယောက်အကြောင်းတစ်ယောက် စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။ နောက်ပိုင်း မကြာခဏတွေဖြစ်ခဲ့ကြတယ်။
ဒီလိုနဲပဲ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှု ဂရုစိုက်မှုတွေနဲ့ ချစ်သူဘဝကိုရောက်သွားကြတယ်။ သူတို့နှစ်ယောက်ရဲ့ဘဝဟာ တစ်ခြားဘာအခက်အခဲမှ မရှိပဲ လက်ထပ်လိုက်ကြတယ်။ နောက် ပျော်ရွှင်စွာနဲ့ နှစ်ယောက်သားနေထိုင်ခဲ့ကြတယ်။ ပြီးတော့ အမြဲတမ်း သူမဟာ ကော်ဖီသောက်တိုင်း သူ့ကောင်လေးကြိုက်တတ်တဲ့ ကော်ဖီငံငံလေး ကို ဖျော်တိုက်ခဲ့တယ်။

ဒီလိုနဲသူတိုဟာ ပျော်ရွှင်စွာနေထိုင်လာခဲ့ ပြီး ဆယ်စုနှစ် ၂ခု ၃ခု ကို ကျော်လွန်လာခဲတယ်။ အသက်တွေကြီးရင့်လာတော့ သူဟာ ဆုံးပါးခဲ့တယ်။ သူဟာ ဆုံးပါးပြီး နောက်စာလေးတစ်စောင် ကို သူမအတွက် ချန်ထားခဲ့တယ်။ စာထဲမှာကတော့

ချစ်လှစွာသော ညီမ

ကိုယ့်ကို ခွင့်လွတ်ပါလို့ ပထမဦးစွာတောင်ပန်ချင်ပါတယ်။ ကိုယ်ဟာ မင်းကို တစ်ဘဝလုံးလိမ်လည်ခဲ့မိတယ်။ ကိုယ်လိမ်လည်ခဲ့မိတာကတော့ ကော်ဖီငံငံ လေးအကြောင်းပါပဲ။ မင်းမှတ်မိ မလားမသိဘူး။ ကိုယ်တို့ ပထမဦးဆုံး စတွေ့ခဲ့တဲ့နေ့ကပေါ့။ အဲဒီနေ့က ကိုယ်တစ်ကယ် စိတ်လှုပ်ရှားပြီးတုန်လှုပ်နေခဲ့တယ်။ အမှန်တကယ် ကိုယ်မှာချင်တာက သကြားပါ။ ဒါပေမယ့် ကိုယ်မှာလိုက်တာက ဆားဖြစ်နေတယ်။ ကိုယ်ပြန်မှာဖို့အတွက်က အရမ်ကို စိတ်လှုပ်ရှားနေလို့ ဒီအတိုင်ပဲထားလိုက်တယ်။ အဲဒီကော်ဖီငံငံလေးကိုပဲဆက်သောက်ဖြစ်လိုက်တယ်။ အဲဒီမှာ ကိုယ်မထင်ထားခဲတဲ့ ကိုယ်တိုနှစ်ယောက်ရဲ့စကားဝိုင်းလေးဟာ တိတ်ဆိတ်နေရာကနေ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။ ကိုယ်မင်းကို အဖြစ်အမှန်ဖွင့်ပြောချင်ပါတယ်။ ဒါပေမယ့် မင်းမုန်းသွားမှာကို ကိုယ်အရမ်းကြောက်ရွံခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကိုယ်မင်းကို ကတိပေးခဲ့တယ်လေ ကိုယ်မင်းကို ဘားမှ မလိမ်ခဲ့ပါဘူး ဆိုတာ။ ကိုယ်အခုသေဆုံးခဲ့ပြီ ဆိုတော့ ကိုယ်အဖြစ်မှန်ကို ပြောပြခဲ့မယ်။ ကိုယ် ကော်ဖီငံငံ လေးကို လုံးဝ မကြိုက်ခဲ့ပါဘူး ။ ဒါပေမယ့် တော်တော်လေးကို ခါးပြီးငံတဲ ကော်ဖီ ကို ကိုယ်တစ်သက်လုံး သောက်သုံးခဲ့တယ်။ ကိုယ်မင်းကို စပြီးတွေတဲ့ အချိန်ကစပြီး ကိုယ်တစ်ခုမှ မင်းအပေါ်မှာ အမှားမလုပ်ခဲ့ပါဘူး ။ မင်းနဲ့အတူတူ ရှိနေတဲ့အချိန်တိုင်းဟာ ကိုယ်အတွက် အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ နောင်ဘဝ ဆိုတာရှိခဲ့ရင် ကိုယ်မင်းနဲ့နေချင်ပါသေးတယ်။ မင်းတိုက်တဲ့ကော်ဖီ ငံငံ လေကို ဆက်သောက်ချင်ပါသေးတယ်။


စာဖတ်နေရင်းနဲ့ သူမရဲ့မျက်ရည်တွေဟာ အတားအဆီမဲ့စွာစီးဆင်းလာတယ်။ သူ့ရဲ့ အချစ်ကို နှမြောတသစွာနဲ့ လွမ်ဆွတ်မိတယ်။ နောင်အခါ သူမကို ဘယ်သူမေးမေး ကော်ဖီ အရသာလေးက ဘယ်လိုနေလဲဆိုရင် ချိုတယ်လို့ ဖြေခဲ့တယ်။

အချစ်ဆိုတာ ဘယ်တော့မှ မမေ့နိုင်သလို ခွင်လွှတ်နိုင်ပါတယ်၊ မမြင်ရနိုင်ပေမယ့် နားလည်ပေးနိုင်ပါတယ်။

ဆက္ဖတ္ပါ...

Thursday, June 12, 2008

ကိုစိုးထက် နှင့် မစိုးမြနန္ဒာသက်လွင် တို့အား အားပေးဖိတ်ခေါ်ခြင်း

ကျွန်တော် ဖတ်လိုက်ရတဲ့ သတင်းတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကို ဘလောက်ကာ1001burmese.blogspot.com ရဲ့ ကဲ့ရဲ့ဝေဖန် ရှုပ်ချခဲ့တဲ post ကို ဖတ်လိုက်ရတယ် တော်တော် လေးကိုဝေဖန် ထားတာပဲ။ ထားလိုက်ပါ သူတိုက ဘယ်လိုဦးတည်ချက်နဲ့ပဲ ဝေဖန်ဝေဖန် ကိုယ်ဝါသနာပါရာ အလုပ်ကို အဆုံးမသတ်စေချင်ပါဘူး။ ဒီလို အလကားနေရင်းသူများတွေကို လိုက်ဝေဖန်တတ်တဲ့ လူမျိုးက တစ်မျိုုးသက်သက်ကို ရှိတယ် အဲဒီလူမျိုးတွေကို အရှုံးမပေးစေချင်ဘူး။ သူတို့ဘယ်လောက်ဝေဖန်နိုင်မလဲ ဘယ်လောက်ရှုံ့ချ နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်လိုက်ပါ သူတို့ကို အပြုံးလေးနဲ့ ခွင့်လွှတ်လိုက်ပါ။ ကိုယ့်ဘလောက်ကို ပိတ်လိုက်တာ ဖျက်လိုက်တာဟာ သူတို့ကို အရှုံးပေးလိုက်တာပဲ။ သူတို့ ရဲ့ဝေဖန်ကဲ့ရဲ့မှုတွေကို ကိုယ်က ကျေနပ်စွာလက်ခံလိုက်တဲ့သဘောပါပဲ ကိုယ်မှန်တယ် ထင်ရင် ဘယ်သူ့ကို မှ ဂရုစိုက်စရာမလိုပါဘူးလို့တော့ထင်ပါတယ်။ ကျွန်တော် သူတို့ကို တော့ မပြောလိုတော့ပါဘူး (010burmese.blogspot.com) အဲ sorry (1001brumese.blogspot.com) သူတို့တွေက ပြောလေကဲလေဆိုတဲ့ လူမျိုးတွေ သူတိုကို ဒေါသဖြင့်နေရင်လည်းကိုယ်ပဲပင်ပန်းပါတယ်။ သူတို့က အဆဲခံချင်တဲ့သူတွေလေ သူတို့ကို ဆဲလေသူတို့က ပိုပျော်လေ သူတို့တိုက်ခိုက်တာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သွားလို့ ခုဆိုရင် ဘလောက်တွေ ဖတ်ပြီးရီနေလောက်ပါပြီ။ ထားလိုက်ပါသူတို့ကို ခဏလေး ဝိုင်းအပြင်ဘက် ထုတ်ထားလိုက်ပါ။ ကိုယ်လုပ်နေတဲ့အလုပ်တွေဆက်လုပ်ပါ။ ကျွန်တော့်တို့ တွေအားလုံး ကိုစိုးထက် နှင့် မစိုးမြနန္ဒာသက်လွင် တို့ရဲ့ posts လေးတွေကို စောင့်မျှော်နေပါတယ်။ အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ပါစေလို့ ကျွန်တော် မင်းမြတ်ဘုန်း(အဆုံးမဲ့လွမ်းချင်း) ဆုတောင်း ၍ အားပေးဖိတ်ခေါ်လိုက်ပါတယ်။

ဆက္ဖတ္ပါ...

Wednesday, March 19, 2008

နားခိုခွင့်ရင်ခွင်

ချစ်သူမင်းဟာငါရဲ့ရင်ခွင်တံခါးကို မခေါက်ပဲနဲ့ တွန်းဖွင့်ခဲ့တယ်
ဝင်ခွင့်မတောင်းဘဲနဲ မင်းရဲ့ခြေလှမ်းတွေက သေချာလှမ်းဝင်ခဲ့တယ်
ယိုင်နဲ့နေတဲ့မင်းရဲခြေလှမ်းတွေက အပြေးတပိုင်းနဲငါ့ဆိသို့
တုန်ရိနေတဲ့လက်တွေနဲ့ ငါ့ကို တွဲခိုလို့
ရီဝေနေတဲ့မင်းရဲ့မျက်လုံးမှာ ကြေကွဲမူ့တွေကအပြည့်
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားမှာ နာကြည်းမူကအပြည့်
အို....... ပင်ပန်းလိုက်တာ
မင်းကိုဘယ်သူကများ ဒဏ်ရာတွေရစေခဲ့တာလည်း
ခါးသည်းစေခဲ့တာလည်း
င့ါကိုယ်ငါ သတိမထားလိုက်မိချိန်မှာ
မင်းဟာ ငါ့ရင်ခွင်ထဲရောက်နှင့်နေပြီး
တုန်ရိနေတဲ့ မင်းရဲ့လက်ကိုဆုတ်ကိုင်ထားမိပြီ
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားကို နွေးထွေးစေခဲ့မိပြီး
ရီဝေနေတဲ့မင်းရဲ့ မျက်ဝန်းအစုံကို ကြည်လင်စေခဲ့မိပြီး
မင်းရဲ့ လွမ်းမောဆွတ်ပျံံ့ဖွယ် အနမ်းတွေက
ငါ့ရဲ့ နှလုံးသားထိ ပျံ့လွင့်ခဲ့တယ်
မင်းရဲ့ ငိုရှိုက်သံတိုင်းမှား ငါ့နှလုံးသားတွေ တစစီကြေမွနေခဲ့ပြီ
ငါမသိလိုက်ဘူး...
ဘာကိုမှ မသိလိုက်ဘူး...
ဒီအတိုင်းလေးပဲ....
ငါသတိရတဲ့ အချိန်လေးမှာတော
စကားလေးတခွန်းကို နှလုံးသားနဲ့ပြောဖြစ်ခဲ့တယ်
'ဒီရင်ခွင်မှာ နားခိုလှည့်ပါ ချစ်သူ'

ဆက္ဖတ္ပါ...

Thursday, February 28, 2008

ဘယ်သူ့ကြောင့်လဲ??????

ခုရက်ပိုင်း Blog ဘက်ကိုမလှည်နိုင်ဘူးဖြစ်နေတယ်၊ လာလည်တဲ့သူုငယ်ချင်းများအားလုံးကိုလည်း တောင်းပန်ပါတယ်၊ Post အသစ်မတင်နိုင်တဲ့အတွက်။ လူသားတစ်ယောက်ဖြစ်တဲ့ကျွန်တော်မှာလည်း လူသားတိုင်ကြုံတွေ့တတ်ကြတဲ့ စိတ်ညစ်စရာ၊ပူပင်စရာများ ကိုနဲနဲခံစားနေရတယ်။

ကျွန်တော်နဲနဲစိတ်ညစ် နေခဲ့တယ် ခုရက်ပိုင်းမှာ၊ ဘာကိုစိတ်ညစ်တယ်ဆိုတာတောင် မပြောပြတတ်အောင်ပါပဲ၊ အလုပ်တွေကလည်း ဒိရက်ပိုင်းမှာ အတော့်ကိုများနေတယ်၊ မျက်လုံးတွေတောင် အာရုံစိုက်ရလို့ နဲတူတယ် နဲနဲအောက်ချင်လာတယ်၊ မျက်စိကအောက်၊ခါးကအောက်လာရင် ကိုယ့်ရှေ့က မော်နီတာကိုတောင်း ကိုင်ပေါက်ချင်လာတယ်တစ်ခါတစ်ခါစဉ်းစားမိတယ်၊ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတဲ့စကားဟာ သိပ်မှန်ပါလား ဆိုတာကို၊

ခုကျွန်တော်တို့ ဘဝ တွေဟာလည်း ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ အမိမြန်မာပြည် ကြီးကို ခွဲခွါခဲ့ရတယ်၊ ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ မိသားစုကိုလည်းခွဲခွါခဲ့ရတယ်၊ ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ်ချစ်သူနဲ့လည်း ခွဲခွါခဲ့ရတယ် အဲ့ဒီလိုခွဲခွါပြီးတဲ့နောက်ပိုင်းကစပြီး ကျွန်တော်တိုဆီမှာ ပျော်ရွှင်မူဆိုတာ ပျောက်ဆုံးခဲ့ကြရတယ်၊ ဒါတွေဟာ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတဲ့ စကားဟာ ကျွန်တော်တို့အတွက်ပိုပြီးအသက်ဝင်လာတယ်၊ ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ????? ဘယ်သူ့ကြောင့်လဲ?????

ဘယ်သူမပြု မိမိအမူ တဲ့၊ ကိုယ်ဖြတ်သန်းလာရတဲ့ ကိုယ့်ဘဝ၊ ကိုယ့်မိသားစုဘဝ၊ ကိုယ်ပဲ သိတယ်၊ ကိုယ်သင်ကြားခဲ့တဲ့ စက်မူပညာ၊ လက်မူပညာတွေဟာ ဒီကိုယ့်ဘဝပျော်ရွှင်မူတွေနဲ လဲလည်ဖို့များဖြစ်လာ သလား???? ကျပ်တည်းလွန်းတဲ့ မိသားစု စိပွားရေးမှာ ကိုယ်သင်ကြားခဲ့ရတဲ့ စက်မူပညာ၊ လက်မူပညာတွေဟာ ဘာမှ အထောက်အပံ့မဖြစ်ခဲ့ဘူး၊ ဘားမှလုပ်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် တွေးခဲ့မိတယ် ဒါတွေဟာ ငါပဲတော်တော်ညံ့ခဲ့လိုလား၊ ငါတတ်ခဲ့ရတဲ့ ပညာတွေနဲ့ ဒီမိသားစုကိုတောင် မထောင့်ပံနိုင်တာ၊
ဒါနဲ့ပဲ ငါကြိုးစာကြည့်ဦးမှပဲ ဆိုပြိး ကိုယ်ချစ်တဲ့အမိမြန်မာပြည်၊ကိုယ့်မိသားစု၊ကိုယ့်ချစ်သူ၊ကိုယ့်ပျော်ရွှင်မူ၊
အားလုံးအားလုံးကိုထားရစ်ခဲ့ရတယ်။
ဒါတွေအားလုံးဟာ ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူ့ကြောင့်ရွေးချယ်ခဲ့ရတာလည်း...
ဘယ်သူ့ကြောင့်လဲ????? ဘယ်သူ့ကြောင့်လဲ?????

ဒါတို့ပြည် ဒါတို့မြေ ဒို့ပိုင်တဲ့မြေ။ ကလေးဘဝ မူလတန်းတက်ကတည်းက ကျောင်းဆင်း ကျောင်းတက်ဆိုခဲ့ရတဲ ကမ္ဘာမကြေ၊ ကလေးဘဝ သူထက်ငါအပြိုင်အော်ဆိုခဲ့ရတဲ့ကမ္ဘာမကြေ၊ အဲ့ဒီ့ ဒို့ပိုင်တဲ့မြေ ဆိုတာဟာ ငယ်ငယ်တည်းက ကျွန်တော်တို့ရဲ့ နှလုံးအိမ်မှာ ကိန်းအောင်းနေခဲ့တယ်။ အဲ့ဒီ ဒို့ပိုင်တဲ့မြေကို ဘာကြောင့် စွန့်လွှတ်ခဲ့ရတာလည်း၊ ဘာလို့ ဒို့မပိုင်တဲ့မြေမှာ လာနေကြရတာလည်း။ ကျွန်တော်တို မြန်မာလူမျိုုးများဟာ ဟိုး လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက မျိုးချစ်စိတ် ပြင်းထန်ခဲ့တဲ့ လူမျိုး၊
ဘယ်နိုင်ငံရောက်ရောက် ကိုယ့်အမိမြေကို ချစ်တဲ့စိတ်ကတော့ နဲနဲမှရော့မသွားဘူး၊ ဘယ်လောက်တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံ တွေရောက်ရောက်၊ သူတိုရဲ့တိုးတက်မူတွေဟာကိုယ်နဲ့မဆိုင်သလိုခံစားရတယ်။ သူများနိုင်ငံ တွေက မိုးမျှော်တိုက်တွေ ဘယ်နှစ်လုံး ဆောက်ဆောက်၊ ကိုယ့်တိုင်ပြည်မှာဆောက်တဲ့ ခပ်နိမ့်နိမ့် တိုက်တစ်လုံးလောက်ရင်မခုန်တာတော့ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားတိုင်းမှာ တူညီတာ လူတိုင်းသိတယ်။ အဲ့ဒီ မျိုးချစ်စိတ်တွေကို ဖိနှိပ်ပြိး ပျော်ရွှင်မူ့တွေဆိတ်သုန်းတဲ့ သူများနိုင်ငံတွေမှာ နေနေရတာ
ဘယ်သူ့ကြောင့်လဲ့?????? ဘယ်သူ့ကြောင့်လဲ?????

အဲ့ဒိလိုနဲ့ ကျွန်တော်မှာ စိတ်ညစ်စရာတွေ ကြုံလာတိုင်း အဲ့ဒီ့ ဘယ်သူ့ကြောင့်လဲ ဘာကြောင်လဲ ပေါင်းများစွာတွေ ခေါင်းထဲရောက်လာတယ်။ အဲ့ဒိ လိုနဲ့ အိပ်ရေးပျက်ပေါင်း များလာတယ်၊ တရေးနိုး သန်းခေါင်ယံတိုင်းမှာ တွေးတွေးမိတာကတော့ ရွှေအကြောင်းငွေအကြောင်းတော့ မဟုတ်ဘူးအမေရေ "ဘယ်သူ့ကြောင့်လဲ" ဆိုတာပါပဲ။

မြန်မာပြည်ကို လွမ်းတယ်



ဆက္ဖတ္ပါ...