ချစ်သူမင်းဟာငါရဲ့ရင်ခွင်တံခါးကို မခေါက်ပဲနဲ့ တွန်းဖွင့်ခဲ့တယ်
ဝင်ခွင့်မတောင်းဘဲနဲ မင်းရဲ့ခြေလှမ်းတွေက သေချာလှမ်းဝင်ခဲ့တယ်
ယိုင်နဲ့နေတဲ့မင်းရဲခြေလှမ်းတွေက အပြေးတပိုင်းနဲငါ့ဆိသို့
တုန်ရိနေတဲ့လက်တွေနဲ့ ငါ့ကို တွဲခိုလို့
ရီဝေနေတဲ့မင်းရဲ့မျက်လုံးမှာ ကြေကွဲမူ့တွေကအပြည့်
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားမှာ နာကြည်းမူကအပြည့်
အို....... ပင်ပန်းလိုက်တာ
မင်းကိုဘယ်သူကများ ဒဏ်ရာတွေရစေခဲ့တာလည်း
ခါးသည်းစေခဲ့တာလည်း
င့ါကိုယ်ငါ သတိမထားလိုက်မိချိန်မှာ
မင်းဟာ ငါ့ရင်ခွင်ထဲရောက်နှင့်နေပြီး
တုန်ရိနေတဲ့ မင်းရဲ့လက်ကိုဆုတ်ကိုင်ထားမိပြီ
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားကို နွေးထွေးစေခဲ့မိပြီး
ရီဝေနေတဲ့မင်းရဲ့ မျက်ဝန်းအစုံကို ကြည်လင်စေခဲ့မိပြီး
မင်းရဲ့ လွမ်းမောဆွတ်ပျံံ့ဖွယ် အနမ်းတွေက
ငါ့ရဲ့ နှလုံးသားထိ ပျံ့လွင့်ခဲ့တယ်
မင်းရဲ့ ငိုရှိုက်သံတိုင်းမှား ငါ့နှလုံးသားတွေ တစစီကြေမွနေခဲ့ပြီ
ငါမသိလိုက်ဘူး...
ဘာကိုမှ မသိလိုက်ဘူး...
ဒီအတိုင်းလေးပဲ....
ငါသတိရတဲ့ အချိန်လေးမှာတော
စကားလေးတခွန်းကို နှလုံးသားနဲ့ပြောဖြစ်ခဲ့တယ်
'ဒီရင်ခွင်မှာ နားခိုလှည့်ပါ ချစ်သူ'

3 Comments:
ကျေးဇူးအရမ်းတင်ပါတယ်
ဘယ်လိုပြောရမှန်းတောင်မသိတောဘူး
ခွင့်တောင်းပြီးတော့လာခဲ့မယ်နော်
သူ့ပာာနဲ့သူတော့ အဆင်ပြေနေတာပဲ.. :)
Post a Comment