မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Friday, September 18, 2009

နိဗ္ဗာန် ပြည်ကြီး မဝေးတော့ပြီ။




ဟောင်း...တဲ့ အတိတ်
ညစ်မဲရိပ်ကို ဖယ်ကာ အခု
အားထုတ်ပြုလော

နောင်... အနာဂတ်
စိတ်ချဖို့အရေး ခုတိုင်မနှေး
အားထုတ်ပြုလော

ပစ္စုပ္ပန် ယခု လက်ဝယ်ခုကို
သေချာသတိ စိတ်ဝယ်သိ၍
ခန္ဓာအမဲ အယူစွဲကို
ပယ်ကာ ဂရု
သီလ ပြုကာ
ဆောက်တည်ဖြည့်ကျင့်
သမာဓိမှ သည်
နိဗ္ဗာန် ပြည်ကြီး မဝေးတော့ပြီ။
မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Tuesday, August 18, 2009

ပြည်သူချစ်သော အမေ


အမေ
ခံယူချက်အပြည့်နဲ့ ဘဝကိုစတေးခဲ့တဲ့ အမေ
မှောင်မိုက်နေတဲ့သားတို့ ကို ရောင်နီသဖွယ်လမ်းပြခဲ့တဲ့အမေ
ဝံပုလွေတွေကြားမှာ ခြင်္သေ့တစ်ကောင်လို ရဲရင့်တဲ့အမေ
အမေ
အမေ့ရဲ့ ခံယူချက်
အမေ့ရဲ့ ညွန်ကြားချက်
အမေ့ရဲ့ သတ္တိတွေ နဲ့
သားတို့ လူလားမြောက်ခဲ့ပြီ အမေ
အရာရာရှင်သန်ခွင့် မရှိတဲ့ ကန္တာရမှာ
အမေဟာအိုအေစစ်ပါပဲအမေ
လူဖြစ်ပေမယ့် လူဖြစ်ခွင့်မရှိတဲ့ဘဝတွေ
ဖေါက်ထွက်ခြင်ပေမယ့် ဖေါက်ထွက်ခွင့်မရှိတဲ့ ဘဝတွေ
ဘဝတွေ ဘဝတွေ စတေးခဲ့ရပြီ အမေ..
အမေ
သားတို့ကို အမေကြည့်ပြီး တိတ်တခိုးကျနေမယ့်
အမေရဲ့ ရင်ထဲက မျက်ရည်တွေကို သားတို့ တွေ့နေရတယ် အမေ
မဝေးတော့တဲ့တစ်နေ့မှာ
အမေ့ဆန္ဒတွေ ပြည့်ဝမှာပါ အမေ
အမေ့ ယုံကြည်ချက်တွေ ပြီးပြည့်စုံတော့မှာပါ အမေ...

အမေအမြန်ဆုံး လွတ်မြောက်နိုင်ပါစေ......


မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Wednesday, April 1, 2009

ကျောက်ရုပ်လူသား


အကြီးမားဆုံး စွန့်လွတ်မှု နဲ့
အသေးငယ်ဆုံး ပိုင်ဆိုင်မှု ဟာ
ပျော်ရွှင်မှု ဆိုတဲ့ ရူးသွပ်ခြင်းမှာ
သန္ဓေတည့်ခဲ့တာပဲ
ရွေ့လျားနေတဲ့ စက္ကန့်တိုင်းကို
ခေါင်းခေါက်ပြီး
အသေးငယ်ဆုံးသော့ ရွေလျားမှုကို
အခိုင်အမာ ဖမ်းဆုပ်
ငါဟာ ကျောက်ရုပ်တစ်ရုပ်
ဖြစ်တတ်ခဲ့ပြီ

ပြောင်းလဲမှုတိုင်းမှာ
ဖြစ်ပေါ်ခဲ့တဲ့ ခံစားမှုတိုင်းရဲ့
ထိုးနှက်ချက်တွေက
ငါ့ရဲ့ အသက်ကို ရင့်ရော်စေခဲ့တယ်
မာကျောသွားတဲ့
နှလုံးသားကို
အသက်သွင်းဖို့ကြိုးစာခဲ့ရင်းနဲ့
ပေးဆပ်မှုတွေက အပုံအပင်
ဖျက်မရတဲ့ ဒဏ်ရာတွေနဲ့
ငါဟာ ကျောက်ရုပ်တစ်ရုပ်
ဖြစ်တတ်ခဲ့ပြီ


မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Tuesday, October 21, 2008

ပြိုကျခဲ့သောမိုးကောင်းကင်


ပြာဖြစ်သွားတဲ့ညတစ်ညကို
ကောင်းကင်မှာဖြန့်ကြဲလို့
ရင်ခုန်သံတွေကို
အငမ်းမရမျိုချ
ရူးသွပ်သွားတဲ့
ငါ့အိပ်ယာပေါ်မှာ
တွန်ကြေသွားတဲ့ လရောင်ကို
ညင်သာစွာထွေးပွေ
ငါရုန်းထခဲ့တဲ့ နွံထဲမှာ
ပိုင်ဆိုင်တာဆိုလို့ ဘားမှမရှိ
ပေးဆပ်မှုတွေကတော့
မကုန်မခန်းနိုင်
လွတ်လပ်မှုကို ဖမ်းဆုပ်
ငါတူးဖေါ်ခဲ့တဲ့ ဒသနတွေက
အခန်းထောင့်မှာ အစီအရိ
လဲသူလဲ ကွဲသူကွဲနဲ့
ညီမျှမှုဆိုတာ ဘာလဲ
အော်... အတ္တ

ဆက္ဖတ္ပါ...

Saturday, September 13, 2008

သုညဘဝ


ချိုချိုခါးခါးနဲ့ အတ္တတခွက်
ယစ်မူကာမျိုချလို့
ဘယ်တုန်းကမှ မပြည့်ဝခဲ့ပါဘူး
ကျဆုံးသွားခဲ့တဲ့မာနကို
တွယ်တာစရာဆိုလို
ရင်နာစရာတွေနဲ့သာ
အစွယ်အဖွေးသားနဲ့
စက်ဆုတ်စရာ အကြည့်တွေက
ဟိုးအောက် အနက်ရှုင်းဆုံးအထိ
ထွင်းဖောက်ခဲ့
ရင်ခွင်မှာက ဗလာ
သေချာတာက နတ္ထိ
ကြိုးဆွဲရာ က ရတဲ့
သုညဘဝ

ဆက္ဖတ္ပါ...

Monday, August 11, 2008

ရင်ခုန်သံ ကဗျာ အပိုင်းအစ


ဟိုး......အဝေးဆီ
မှန်းမျော်တမ်းတ
တောင်တန်းအလှနှင့်
ချစ်သူအလှကို
စိကာပတ်ကုံး
စကားလုံးများနှင့်
ချယ်ကာမှုန်းလည်း
မှုန်ဝါးမြင်ကွင်း
မျက်ရည်တွင်းမှာ
နစ်မြောရပြီကွယ်..

ဆက္ဖတ္ပါ...

Saturday, August 2, 2008

ကျွန်တော်မြင်သမျှ ဘလော့ဂ် လောက


စိတ်ပျက်စရာ ဘလော့ဂ်လောကမှာ
ဘလော့ဂ်ဂင်း မလုပ်ပဲ
ဂေါက်ကွင်းသာ သွားလိုက်ချင်ပါဘိ
အွန်လိုင်းမှာ ရန်တွေဖြစ်
ဂျီတော့မှာ အသေဆော်
မီဒီယာ စစ်ပွဲ ဆင်ကာနွဲလို့
စိတ်ရိုင်းနှင့် စာတွေဆင်
ကီးဘုတ်နှင့် မောင်းကိုတင်လို့
အန်းတားနှင့် အသေပစ်
ထိချင်သူတွေထိ
ဖြစ်ချင်တာတွေဖြစ်
ရေးသူ ဖတ်သူ အသွင်မတူ
အမြင်တူရင်ကောင်း၏
မကျေနပ်သော်ဝင်ကာဆဲ
ကွန်မန့် နှင့် မြှောက်ကာပင့်
စီဘောက်တွေမှာ ခြစား
သြော်......
စိတ်ပျက်စရာ ဘလော့ဂ်လောက
ဗွက်ကိုပေါက်နေတာပါပဲ.....

ဆက္ဖတ္ပါ...

Monday, March 10, 2008

ချစ်သူ

ချစ်သူရေ
လက်ဖဝါးတွေ ဆုပ်ကိုင်ရင်း
ကိုယ်တို့တွေ ကြယ်တွေဆွတ်ခူးကြမယ်။
အနာဂါတ်ဆိုတာကလည်း
မင်းရှိမှ ပြည့်စုံလာမှာပါပဲ။

အိပ်မက်ကလေး ငါ့ရင်ထဲမှာ
ကြိုးတန်းလန်းနဲ့ ခိုတွဲနေတယ်။

ဟိုးမှာ ကြည့်စမ်း
တောက်ပတဲ့ ငါတို့ နေ့စွဲတွေ
မင်းမြင်ကြည့်လိုက်စမ်းပါ
ငါဟာ မင်းအတွက် သူရဲကောင်းတစ်ယောက်ပါပဲ။

ငါဘာမှမတောင်းဆိုလိုပါဘူး။
မင်းငါ့နားမှာ ရှိနေဖို့တစ်ခုပါပဲ။
(BLUEANGEL)

ဆက္ဖတ္ပါ...


မိုးကလည်း တငွေ့ငွေ့ ရွာတယ်
ဘာကိုမှ မစိုရွှဲခဲ့တာကလွဲရင်
ရင်ထဲကို ရေဝင်ခဲ့ရ။
နတ်ပူးမှာတော့ မကြောက်ပါဘူး
လူစုန်းပူးရင်တော့ နံတတ်တယ်။
နက်ဖြန်ခါ ဘယ်သူပြန်လာမလဲ။
စောင့်ဆိုင်းရင်းနှင်းတွေသည်းပြန်ရော
တောင်လေလာရင် ရွေ့မယ်လို့
တစ်နေ့တစ်နေ့ ပူကျက်ခဲ့ရတဲ့တိမ်
အခု အိမ်ပြန်ရောက်ပါပြီ။


(BLUEANGEL)

ဆက္ဖတ္ပါ...