
အကြီးမားဆုံး စွန့်လွတ်မှု နဲ့
အသေးငယ်ဆုံး ပိုင်ဆိုင်မှု ဟာ
ပျော်ရွှင်မှု ဆိုတဲ့ ရူးသွပ်ခြင်းမှာ
သန္ဓေတည့်ခဲ့တာပဲ
ရွေ့လျားနေတဲ့ စက္ကန့်တိုင်းကို
ခေါင်းခေါက်ပြီး
အသေးငယ်ဆုံးသော့ ရွေလျားမှုကို
အခိုင်အမာ ဖမ်းဆုပ်
ငါဟာ ကျောက်ရုပ်တစ်ရုပ်
ဖြစ်တတ်ခဲ့ပြီ
ပြောင်းလဲမှုတိုင်းမှာ
ဖြစ်ပေါ်ခဲ့တဲ့ ခံစားမှုတိုင်းရဲ့
ထိုးနှက်ချက်တွေက
ငါ့ရဲ့ အသက်ကို ရင့်ရော်စေခဲ့တယ်
မာကျောသွားတဲ့
နှလုံးသားကို
အသက်သွင်းဖို့ကြိုးစာခဲ့ရင်းနဲ့
ပေးဆပ်မှုတွေက အပုံအပင်
ဖျက်မရတဲ့ ဒဏ်ရာတွေနဲ့
ငါဟာ ကျောက်ရုပ်တစ်ရုပ်
ဖြစ်တတ်ခဲ့ပြီ
မင်းမြတ်ဘုန်း
0 Comments:
Post a Comment