နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နုတ်ခွန်းဆက်သလိုက်ပါတယ်။ ပထမဦးစွာ ကျွန်တော့်ကို ဒီနေ့ ဒီရက်မှာ မွေးဖွားသန့်စင်ပေးခဲ့သော မေမေ နှင့် ဖေဖေ့ ကို အဝေးရောက်သားကြီး ကျွန်တော် မင်းမြတ်ဘုန်း မှ ရိုသေစွာ ကန်တော့လိုက်ပါတယ်။ ဖေဖေ နှင့် မေမေ ကျန်းမာ ချမ်းသာပြီး တရားဘာဝနာများ ကို အေးငြိမ်းချမ်းသာစွာဖြင့် အားထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ကို ရင်ဝယ်သားကဲ့သို့ ပြုစုခဲ့သော ကြီးကြီး ကိုလည်း သား မင်းမြတ်ဘုန်း မှ ရိုသေစွာကန်တော့လိုက်ပါတယ်။ ကြီးကြီးတစ်ယောက် ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကျွန်တော် အဝေးကိုရောက်နေပေမယ့် နှစ်စဉ် ဒီအချိန်ရောက်တိုင်း တစ်နှစ်မှ မပျက်ပဲ ကျွန်တော်ကြိုက်တဲ့ မုန့်လုံးရေပေါ်ကို စတုဒီသာ ကျွေးမွေး လှူဒါန်းပေးတဲ့ မေမေ။ ကျေးဇူးပါမေမေ။
ကဲ့..... ကျွန်တော်ကတော့ သူငယ်ချင်းတွေကို ပေါ့ပေါ့ပါးပါး ယိုးဒယားအစားအစာ နဲ့ ဧည့်ခံလိုက်ပါတယ်ဗျာ....
အားရပါးရ သုံးဆောင် ကြပါခင်ဗျာ.........
ဒါကတော့ အချိုပွဲပေါ့ ဗျာ ... ဟဲဟဲ မလောက်ရင်ပြောနော် မရှက်ပါနဲ့ .....
ကျွန်တော့်ရဲ့ မွေးနေ့မှာ ဆုမွန်ကောင်းတွေ တောင်းပေးတဲ့ ချစ်သူရေ.. ကျေးဇူးပါ..........
Tuesday, April 14, 2009
နှစ်သစ်ကူး နှင့် မွေးနေ့မင်္ဂလာ
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:35 PM
Labels: မွေးနေ့လက်ဆောင်
Subscribe to:
Post Comments (Atom)
1 Comment:
တကယ်ကို ကောက်သွားပြီ..
ချစ်သူ နဲ့ private celebration လုပ်တာ လုပ်ပါ.....
နားလည်တယ်ကွာ..မသိ လိုက်ရတာကိုတော့.....
Post a Comment