မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, October 27, 2009

မိုး


အပြင်မှာ မိုးတွေ တသဲသဲမဲမဲ ရွာနေတယ်
ပူလောင်လှတဲ့ငါရင်ခွင်ကို အေးချမ်းအောင်တော့ မင်းမတတ်နိုင်ခဲ့ပါဘူး
ဒါပေမယ့် ငါမသိခဲ့တဲ့ဒဏ်ရာတွေကို တော့ မင်း က တူးဆွနိုင်ခဲ့တယ်
ရင်ခွင်တစ်ခုလုံးပွင့်ထွက်အောင်တော့မင်း မလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ရင်တွင် မြစ်ရေကိုတော့ လျှံကျစေခဲ့တယ်
ကျဆင်းလာတဲ့မျက်ရည်တွေကို မကုန်ခန်းအောင် မင်းမလုပ်နိုင်ခဲ့ပါဘူး
ဒါပေမယ့် ငါရဲ့အာရုံတွေကိုတော့ တိုက်စားသွားခဲ့တယ်။
ပီပြင်လွန်းလှတဲ့မင်းရဲ့ ပုံရိပ်တွေကိုတော့ မင်းမချေဖျက်နိုင်ခဲ့ပါဘူး
ဒါပေမယ့် တစ်လောကလုံးကိုတော့ မင်းအနိုင်ယူနေခဲ့တယ်။
မင်းအနိုင်ယူနိုင်ပါတယ်
မင်းစိတ်ရိုင်းတွေဝင်နေတုန်းတော့
မင်းအားရှိသလောက် လုပ်ပေါ့
မင်းမယာတွေနဲ့ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့
မင်းမေားသွားရင်တော့
ငါ့ရင်ခွင်မှာ အိပ်လှည့်ပေါ့



ဆောင်းခိုငှက်

ဆက္ဖတ္ပါ...

Friday, October 2, 2009

ချစ်သူအတွက်



မှောင်မိုက်တဲ့ ညနက်တွေမှာ
အော်ဟစ်နေတဲ့ ညည့်ငှက်တွေ
စိတ္တဇအိမ်မက်တွေ ကနေ
ရုန်းထွက် ခဲ့ပါတော့ ချစ်သူ...

အာရုံဦးရဲ့ ကြည်လင်လှတဲ့
နေခြည်နုလေးတွေကို ဖမ်းဆုတ်ဖို့ဆိုတာ
အားအင်တွေ ပြည့်ဝနေမှ ဖြစ်မှာပေါ့
ထကြည့်လှည့်ပါ ချစ်သူ.....

လှပ စုံညီတဲ့ ဒီလောကကြီးကို
ဆန်းကျယ်စွာ အရာင်ခြယ်ဖို့ဆိုရင်
ပြည့်စုံရင့်ကျက်တဲ့ စိတ်တော့ရှိမှပေါ့
ဖန်ဆင်းလှည့်ပါ ချစ်သူ....

ရုပ်ဝါဒတွေရဲ့ ပိုင်ဆိုင်လိုမူတွေကို
ပေးဆပ်မူတွေနဲ့ အနိုင်ယူလိုတဲ့အခါ
ပြည့်ဝတဲ့စေတနာလေးတော့လိုတာပေါ့
ပြင်ဆင်လှည့်ပါ ချစ်သူ....

အတ္တတွေရဲ့ တိုက်ခိုက်လာမူတွေကို
အနတ္တတွေနဲ့ ဖယ်ထုတ်လိုတဲ့အခါ
ပြီးပြည့်စုံတဲ့ ဒဿနတွေတော့လိုတာ့ပေါ့
နာကြားလှည့်ပါ ချစ်သူ....

မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Tuesday, September 22, 2009

စိတ်



လွင့်မျောနေတဲ့တိမ်တွေကို ခိုစီးလို့
ရင်ခွင်တစ်ခုလုံးကို ဖွင့်ပြီး
လွင့်ထွက်နေတဲ့စိတ်အစဉ်ကို
အသာအယာတွဲထူလို့
မသဲမကွဲနဲ့ လွဲခဲ့တဲ့ အရာတွေကို
စုပုံ ပြီးစွန့်ပစ်ခဲ့တယ်

မသေချာမယ့် သေချာတာတွေကိုတော့
မစွန့်လွှတ်ချင်တာ အမှန်ပါ
မထင်မှတ်ပေမယ့် အဖြစ်မှန်တွေကတော့
မျက်စိေ့ရှမှာ တန်းစီလို့
ဝေဝါးလာမယ့် စေတနာတွေကို
ဖယ်ကာပိတ်ဆ့ို ခဲ့တယ်


မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Wednesday, July 23, 2008

ကြေကွဲသံစဉ်


တိတ်ဆိတ်တဲ့ည တွေမှာ
မပီဝိုးတဝါးနဲ့
လရောင်က ငါ့ကို ငုံ့နမ်းလို့
ကြယ်တွေကလှောင်ပြုံး
ရှက်လို့ ဆေးလိပ်တိုတောင် မီးမညှိရဲ ခဲ့ဘူး

ရှည်လျှားတဲ့ ညရဲ့ လက်တွေက
နူးညံစွာနဲ
ငါ့ကိုပိုက်ထွေးလို့
ညဉ်ငှက်တွေက ဟစ်ဟော့တွေဆိုပြီး
ဂျစ်ပစီတွေ လမ်းသလားနေတယ်

ယုံကြည်မှုတစ်ခုအတွက်
သံရည်ပူတစ်ခွက် မျိုချလို့
မာနတ်ကို လက်တို့ပြီး
ကောင်းကင်မှာ မြင်းစီးပြိုင်ချင်တယ်
ရှုံးနိမ့်သူကတော့ငါမဖြစ်တန်ကောင်းပါဘူး

လမ်းဘေးမှာ အအတစ်ယောက်ကို
အချစ်သီချင်းတွေ ဆိုခိုင်းလို
ကြားလိုက်ရတာတွေက
အမုန်းသံစဉ်တွေ
ဒီအသံတွေကို ဘယ်ရင်ဘတ်နဲ နားထောင်ရမလဲ

ငါစိုက်ခဲ့တဲ့ အဆိပ်ပင်ကို
ငါပဲဆွတ်ခူးခွင့်ရှိတာပေါ
ကျေနပ်ခဲ့ပါတယ်
အချစ်အမုန်းတွေရဲ့ အဆုံးမှာ
ကမ္ဘာဟာ ပျက်စီးတတ်ပါတယ်။

ဆက္ဖတ္ပါ...

Tuesday, December 18, 2007

မျဉ်းဖြောင့်တစ်ကြောင်းရဲ့သစ္စာ

......အချစ်ကို
ဟောသလို...ဟောသလို
အဓိပ္ပါယ်တွေ ဖွင့်ဆိုကြ
ရင်ခုန်မှု ဗေဒနဲပေါ့

အချို့က....
ပိုင်ဆိုင်လိုခြင်း အစစ်
အချစ် တဲ့....
ကျမ်းကျိန်စရာမလိုတဲ့
တစ်ကယ့်အဖြစ်ကို
မျက်နှာပြန်သစ်လိုက်တော့
စွန့်လွတ်နိုင်ခြင်း
မဟုတ် ပဲနဲ့
ပိုင်ဆိုင် လိုခြင်းနဲ့ လွဲခဲ့ရတဲ့
ချစ်သူရဲ့
နဖူး လှလှ
နှတ်ခမ်း ရွရွ
ပါး မွမွ ကို
တစ်ခါဆို
တစ်ခါ လေးမှ
မနမ်း ခဲ့တဲ့ ဘဝ
ခဏ ခဏ
မှန်းဆ
လွမ်းမဝ
ဒါပေမယ့်
နောင်တ မဟုတ်တာတော့
သေချာတယ်......



မင်းမြတ်ဘုန်း.....

ဆက္ဖတ္ပါ...