တိတ်ဆိတ်တဲ့ည တွေမှာ
မပီဝိုးတဝါးနဲ့
လရောင်က ငါ့ကို ငုံ့နမ်းလို့
ကြယ်တွေကလှောင်ပြုံး
ရှက်လို့ ဆေးလိပ်တိုတောင် မီးမညှိရဲ ခဲ့ဘူး
ရှည်လျှားတဲ့ ညရဲ့ လက်တွေက
နူးညံစွာနဲ
ငါ့ကိုပိုက်ထွေးလို့
ညဉ်ငှက်တွေက ဟစ်ဟော့တွေဆိုပြီး
ဂျစ်ပစီတွေ လမ်းသလားနေတယ်
ယုံကြည်မှုတစ်ခုအတွက်
သံရည်ပူတစ်ခွက် မျိုချလို့
မာနတ်ကို လက်တို့ပြီး
ကောင်းကင်မှာ မြင်းစီးပြိုင်ချင်တယ်
ရှုံးနိမ့်သူကတော့ငါမဖြစ်တန်ကောင်းပါဘူး
လမ်းဘေးမှာ အအတစ်ယောက်ကို
အချစ်သီချင်းတွေ ဆိုခိုင်းလို
ကြားလိုက်ရတာတွေက
အမုန်းသံစဉ်တွေ
ဒီအသံတွေကို ဘယ်ရင်ဘတ်နဲ နားထောင်ရမလဲ
ငါစိုက်ခဲ့တဲ့ အဆိပ်ပင်ကို
ငါပဲဆွတ်ခူးခွင့်ရှိတာပေါ
ကျေနပ်ခဲ့ပါတယ်
အချစ်အမုန်းတွေရဲ့ အဆုံးမှာ
ကမ္ဘာဟာ ပျက်စီးတတ်ပါတယ်။
မပီဝိုးတဝါးနဲ့
လရောင်က ငါ့ကို ငုံ့နမ်းလို့
ကြယ်တွေကလှောင်ပြုံး
ရှက်လို့ ဆေးလိပ်တိုတောင် မီးမညှိရဲ ခဲ့ဘူး
ရှည်လျှားတဲ့ ညရဲ့ လက်တွေက
နူးညံစွာနဲ
ငါ့ကိုပိုက်ထွေးလို့
ညဉ်ငှက်တွေက ဟစ်ဟော့တွေဆိုပြီး
ဂျစ်ပစီတွေ လမ်းသလားနေတယ်
ယုံကြည်မှုတစ်ခုအတွက်
သံရည်ပူတစ်ခွက် မျိုချလို့
မာနတ်ကို လက်တို့ပြီး
ကောင်းကင်မှာ မြင်းစီးပြိုင်ချင်တယ်
ရှုံးနိမ့်သူကတော့ငါမဖြစ်တန်ကောင်းပါဘူး
လမ်းဘေးမှာ အအတစ်ယောက်ကို
အချစ်သီချင်းတွေ ဆိုခိုင်းလို
ကြားလိုက်ရတာတွေက
အမုန်းသံစဉ်တွေ
ဒီအသံတွေကို ဘယ်ရင်ဘတ်နဲ နားထောင်ရမလဲ
ငါစိုက်ခဲ့တဲ့ အဆိပ်ပင်ကို
ငါပဲဆွတ်ခူးခွင့်ရှိတာပေါ
ကျေနပ်ခဲ့ပါတယ်
အချစ်အမုန်းတွေရဲ့ အဆုံးမှာ
ကမ္ဘာဟာ ပျက်စီးတတ်ပါတယ်။
3 Comments:
Chit Thu yin hkwin mar nay pee " Kyay Kwel Than Sin" tway hit jway nar tar ta myo pae kwar..Pee tot taw taw ko Kyay Kwel nay tae pone so tot....innn...
အခ်စ္အမုန္းေတြရဲ့ အဆံုးမွာ
ကမာၻဟာ ပ်က္စီးတတ္ပါတယ္။
မွန္တာေပါ့ဗ်ာ
အရူးတစ္ေယာက္ရဲ ့ကမာၻတစ္ျခမ္းပ်က္စီးသြားတာ
လူမွမသိလိုက္ပဲ
ေကာင္းတယ္ကဗ်ာေလး
ရင္ထဲကိုလာထိတာေတာ့သိပ္မေကာင္းဘူးဗ်ာ
အားေပးေနပါတယ္
ယံုၾကည္မႈတစ္ခုအတြက္
သံရည္ပူတစ္ခြက္ မ်ိဳခ်လို႔
မာနတ္ကို လက္တို႕ျပီး
ေကာင္းကင္မွာ ျမင္းစီးျပိဳင္ခ်င္တယ္
ရံႈးနိမ့္သူကေတာ့ငါမျဖစ္တန္ေကာင္းပါဘူး
ငါစိုက္ခဲ့တဲ့ အဆိပ္ပင္ကုိ
ငါပဲဆြတ္ခူးခြင့္ရွိတာေပါ
ေက်နပ္ခဲ့ပါတယ္
အခ်စ္အမုန္းေတြရဲ့ အဆံုးမွာ
ကမာၻဟာ ပ်က္စီးတတ္ပါတယ္။
တကယ္ၾကိဳက္တယ္ကိုမင္းေရ...
ရင္ထဲကိုထိတယ္။။ :)
ငါစိုက္ခဲ့တဲ့ အဆိပ္ပင္ကုိ
ငါပဲဆြတ္ခူးခြင့္ရွိတာေပါ
ေက်နပ္ခဲ့ပါတယ္
အခ်စ္အမုန္းေတြရဲ့ အဆံုးမွာ
ကမာၻဟာ ပ်က္စီးတတ္ပါတယ္။
မွန္တယ္ေနာ္.. :)
Post a Comment