မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, July 10, 2008

စင်္ကာပူတွင် အလုပ်လုပ် မည်ဆိုသော်

ကျွန်တော်အခုတစ်လော သတင်းတွေ ခဏခဏကြားမိပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ဘာကိုလည်းဆိုတော့ အေးဂျင့်(agent) တွေ အေးဂျင့်( agent) တွေ သူတို့နဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်းတွေ တော်တော်လေးကို ကြားရတယ်။ ဘယ်အေးဂျင့်က ပိုက်ဆံ လိမ်သွားတယ် ဘယ်အေးဂျင့်ကပိုက်ဆံယူပြီးတော့ ခုထိ အလုပ်မရှာပေးသေးဘူး တော်တော်များပါတယ် အဲဒီအသံတွေ။ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အလုပ်ရှာပေးနေတဲ့ အေးဂျင့်တွေ တော်တော်များများရှိပါတယ်။ အားလုံးကို မဆိုလိုပါဘူး။ တချို့အေးဂျင့်တွေဆိုတော်တော်ကောင်းတာကြားမိပါတယ်။ တချို့အေးဂျင့်တွေသာ ကိုယ်နိုင်ငံသားအချင်းချင်း ခေါင်ပုံဖြတ် အမြတ်ထုတ်ချင်ကြတယ်။ အဲဒါတွေဟာတော်တော့်ကို စိတ်ပျက်စရာအော့နှလုံးနာစရာတွေပါပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရော အလုပ်တွေပါပဲ။ မလုပ်ကြပါနှင့် တကယ်အလုပ်ပေးနိုင်ရင် လည်းထိုက်သင့်တဲ့ အကျိုးဆောင်ခ ကိုပဲယူသင့်ပါတယ်။ တစ်ချို့ အေးဂျင့်တွေဆို ပိုက်ဆံကို မတရားတောင်း ပြီတော့ ဟိုရောက်ရင် လစာဘယ်လောက်ရမယ် ဒီလောက်ရမယ် ပြောပြီး တကယ်လည်းဒီရောက်ရော မတန်မဆ နှိမ်ပြီးပေး မလုပ်နိုင်ရင် ပေးထားတဲ့ပိုက်ဆံ အဆုံး အဲဒီလို အကျပ်ကိုင်ကြတယ်။ အဲဒီတော့ လုပ်ချင်မလုပ်ချင် လုပ်ရတော့တယ် တချိုဆို ယူထားတာက ဒီပလိုမာ တွေ ဘွဲ့တွေ လုပ်နေကြရတာတွေက ဟို့သူများ အောက်ခြေသိမ်းအလုပ်တွေ။ ဘယ်သူကလုပ်ချင်မှာလည်း။ အဲဒါတွေက ဘယ်လိုဖြစ်ကြတာလဲ သေချာပြန်တွေးကြည့်ရင် ဘယ်သူကြောင့်လည်း။ လိမ်တဲ့သူ အပြစ်လား အလိမ်ခံရတဲ့သူအပြစ်လားဆိုတာ။ သေချာတာကတော့ နှစ်ဦးနှစ်ဖက်စလုံး အပြစ်ရှိလို့သာ ဒီကိစ္စတွေဖြစ်ပွားလာတာ။ ပြောတဲ့သူကလည်း သူစီးပွားရေးအတွက် ကောင်းအောင်ပြောပြပြီးလိမ်တယ်။ ယုံတဲ့သူကလည်း ဘားမှာ မစဉ်စားမလေ့လာပဲ တောင်သလောက်ကို ထိုးအပ်လိုက်တယ်။ အဲဒီတော့ အဲ့ဒီပြဿနာတွေ ပေါ်ပေါက်လာတယ်

ဟုတ်ပြီ အဲဒီတော့ သေချာစဉ်းစားရမယ်။ လာချင်တဲ့သူတွေ ဖက်က အရင်ဆွေးနွေးကြမယ်။ ဘာလို့လာချင်ကြတာလဲ နိုင်ငံခြားကို။ ကိုယ်မြန်မာပြည်မှာ စီးပွားရေးအဆင်မပြေလို့ ၊ အလုပ်အကိုင် အဆင်မပြေလို့ နိုင်ငံခြားမှာ အလုပ်လုပ်ရင် အဆင်ပြေမယ်ထင်ပြီး လာအလုပ်လုပ်ချင်ကြတယ်။ (အဲ့ဒီမှာ တစ်ခုပြောမယ် နိုင်ငံခြားမှာ အလုပ်လုပ်တိုင်းအဆင်ပြေမယ်လို့ တထစ်ချ မယုံကြည်သင့်ဘူး အဆင်ပြေတဲ့သူတွေရှိသလို မပြေတဲ့သူတွေများကြီးရှိတယ်)။ အဲဒီလိုအလုပ်လုပ်ချင်ကြတဲ့အတွက် ပိုက်ဆံတွေအများကြီးအကုန်ခံပြီး နိုင်ငံခြာကိုထွက်ကြရတယ်။ အဲဒီပိုက်ဆံအများကြီးကို အကုန်ခံတာ အရင်းအနှီးတစ်ခုပါပဲ၊ ဟုတ်ပြီး အဲဒီအရင်းအနှီးကို ဘယ်လိုအသုံးချမလဲ၊ သေချာစဉ်းစားသင့်တယ်။ တကယ်ကိုအလုပ်ရတာတောင် ပိုက်ဆံက တဖြည်းဖြည်းနဲ့ အလုပ်လုပ်ယူပြီးပြန်စုရဦးမှာ၊ ဒီ ကိုယ်ရင်းထားတဲ့ပိုက်ဆံပြန်ရဖို့။ နိုင်ငံခြားကို ရောက်တာနဲ့ ဒီကိုယ့်ပိုက်ဆံတွေက ပြန်ဝင်လာမှာ မဟုတ်သေးဘူး အလုပ်လုပ်ရဦးမှာ။ အလုပ်မှာ အဆင်ပြေဦးမှ အကြောင်အရာတွေက အများကြီးရှိတယ်။ တော်တော့်ကိုကြိုးကြိုးစားစားနဲ့လုပ်ရတယ်။ ကြိုးစားဖို့ဆိုရာမှာလည်း ကိုယ်မှာ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု ရှိခဲ့ရင်တော့ နဲနဲ သက်သာစွာနဲ့ ကြိုးစားရမယ် ဒါမှမဟုတ်ရင်တော့ ခန္ဒာကိုယ်အားကိုရင်းပြီးတော့ ပင်ပင်ပန်ပန်းကြိုးစားကြရမယ်။ ဒါကဘယ်နိုင်ငံမှာမဆို တွေကြုံရမှာပဲ။ အဲ့ဒီလို လုပ်ကိုင်ဖို့အတွက် ကိုယ့်နိုင်ငံမှာဆိုရင်တော့ ပိုက်ဆံအများကြီးရင်းစရာမလိုဘူး။ သူများနိုင်ငံသွားပြီး အဲ့ဒီလိုကြိုးစားဖို့ ပိုက်ဆံအများကြီးရင်းစရာမလိုရင်တော့ တစ်မျိုးပေါ့။ ခုဟာက ပိုက်ဆံတွေအများကြီးရင်းရတော့မယ် အဲ့ဒီတော့ စဉ်းစားပါ။ ပိုက်ဆံမပေးခင် အားလုံးကိုလေ့လာပါ ကိုယ်နိုင်ငံခြားကို သွားလို့သင့်တော်ပါမလား။ ကိုယ့်မှာရော အဲဒီပိုက်ဆံ ရင်းဖို့ အဆင်သင့်ရှိရဲ့လား။ သူများဆီက နေအတိုးနဲ့ယူရမှာလား။ ပြီးတော့ ကိုယ်ဘယ်လောက်နားလည်လည်းကိုယ်သွားမည့်နိုင်ငံအကြောင်းကို။ သူများတွေသွားလို့အဆင်ပြေတိုင်း ကိုယ်အဆင်ပြေလိမ့်မယ်လို့ မယူဆသင့်ဘူး။ လေ့လာပါ သေချာအောင်။ ကိုယ်နဲ့လုပ်တဲ့အေးဂျင်က ဘယ်လိုအေးဂျင်မျိုးလဲဆိုတာ သိတဲ့သူတွေကို မေးစမ်းကြည့်ပါ။ ပြီးမှ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ သင့်တော်တဲ့ ပိုက်ဆံကို ပေးသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ သဲထဲရေသွန်သလိုပါပဲ။ အဓိက ကတော့ နိုင်ငံခြားကိုသွားပြီးအလုပ်လုပ်ချင်တယ်ဆိုရင် ကိုယ်သွားချင်တဲ့နိုင်ငံရဲ့ အခြေအနေကို သေချာစွာစုံစမ်းနားလည်ထားသင့်တယ်။ လိမ်တဲ့သူတွေဆိုတာကလည်း သိနားလည်တဲ့သူတွေကို လိမ်လို့မရပါဘူး။ မသိနားမလည်တဲ့သူတွေကိုသာ လိမ်လို့ရတယ်။ တစ်ခါလိမ်ရင်တော့ လိမ်တဲ့သူအပြစ်၊ နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူရဲ့အပြစ်ပဲ။ အဲ့ဒါကြောင်း ဒီနိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့အတွက် ပေးလိုက်ရတဲ့ပိုက်ဆံက နှစ်ခါမပြောနဲ့ တစ်ခါတောင် အလိမ်မခံသင့်ဘူး။ ဒီအလုပ်လုပ်ဖို့အတွက် ပေးလိုက်ရတဲ့ပိုက်ဆံက အေးအေးဆေးဆေး သက်သက်သာသာနဲ့ ပြန်ရမယ့် ပိုက်ဆံမဟုတ်ဘူး ကိုယ်ပင်ပင်ပန်ပန်း အလုပ်လုပ်ရဦးမယ် ကိုယ်လုပ်အားနဲ့ကိုယ်ရင်းပြီးမှ ပြန်ရလာမည့်ပိုက်ဆံတွေ။ သေချာစဉ်းစားသင့်ပါတယ်။ စကားမစပ် နိုင်ငံခြားမှာ( စင်္ကာပူ ) မှာဘယ်လိုအလုပ် လုပ်နေကြရတယ်ဆိုတာလေးကို အားလုံးကို နဲနဲဝေမျှချင်ပါတယ်။ နိုင်ငံခြားမှာ စတင်ပြီးအလုပ်လုပ်သည်ဆိုတာနှင့် ပထမဦးဆုံး တွေကြုံရမှာက ဘာသာစကား ကိုယ့်မိခင်တိုင်းပြည်မဟုတ်တော့ ကိုယ်မိခင် စကားနဲ့ပြောလို့မရတော့ဘူး ကိုယ်သွားမည့်နိုင်ငံရဲ့ ဘာသာစကားကို ပြောကြရတော့မယ်။ ကဲ့ကိုယ်ဘယ်လောက်ပြောနိုင်သလဲ မနက်အလုပ်စဆင်းလို့ ကိုယ့်သူဌေးနဲ့ အရင်စတွေ့မယ် ဘယ်လိုနုတ်ဆက်မလဲ။ သူကစကားစပြောတဲ့အခါမှာလည်းကိုယ်က ဘယ်လိုနားလည်သလဲ ဘယ်လောက်ထိနားလည်သွားလည်း၊ အလုပ်စလုပ်ဖို့အတွက် က သူကခိုင်းတဲ့ဟာကို ကိုယ်ကနားလည်မှ စတင်ပြီးအလုပ်လုပ်လို့ရမယ်။ဒါက ပထမဦးဆုံးတွေကြုံရမည့်ကိစ္စ အဲ့ဒီတော့ ဘာသာစကားဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်မှာ ပါဝင်တယ်။ စင်္ကာပူမှာဆိုရင်တော့ အင်္ဂလိပ်စကားက ပိုအရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ အင်္ဂလိပ်စာကို လည်လည်ပတ်ပတ်ပြောနိုင်ခဲ့ရင်တော့ အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေချောမွေ့စေပါတယ်။ အဲဒီလိုမှ မပြောနိုင်တောင်မှ ထမင်းစားရေသောက်တော့ ပြောတတ်သင့်ပါတယ် ဒါမှမဟုတ်ရင်တော့ အလုပ်သွားဖို့ကိုက ကြီးမားတဲ့စိတ်အနှောက်အယှက် ဖြစ်စေတတ်ပါတယ်။ အဓိက ကတော့ ကိုယ်တတ်ကျွမ်းတဲ့ပညာလေးနဲ့ အင်္ဂလိပ်စကားကို နဲနဲ ပါပါပြောနိုင်ရင်တောင် အလုပ်လုပ်ရတာအဆင်ပြေ နိုင်ပါတယ်။ နောက်တစ်ခုကဒီမှာ အလုပ်လုပ်တော့မည်ဆိုရင် ကိုယ်ဘက်က တတ်ကျွမ်းတဲ့ပညာရပ်တစ်ခုခုတော့ ရှိထားသင့်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ အတတ်ပညာကိုသေချာလေ့လာဆည်းဖူးပြီးတော့မှ လာသင့်ပါတယ်။ ဒီမှာဘာခေတ်စားနေလို့ ဒီဟာလေးကိုပဲခဏသင်ပြီတော့ သွားမယ်လို့တော့ မဆုံးဖြတ်လိုက်ပါနဲ့။ ပထမဦဆုံး အင်တာဗျူမှာတင် အခက်အခဲတွေ့နိုင်ပါတယ်။ တချို့တွေဆို လုပ်ငန်းခွင်ဝင်ပြီးတာတောင်မှ သူအလုပ်ကို သူ မလုပ်တတ်လို့ ပြန်ပို့ခံရ ဖူူးတယ်။ အဲဒါတွေက လုပ်ငန်းမကျွမ်းကျင်တဲ့သာဓကတွေပဲ။ သူများတွေတောင် ခုမှစင်္ကာပူ ရောက်တယ် လစာလေးကကောင်းပြီး အဆင်ပြေနေတာကို ကြည့်ပြီး ကိုယ်လည်းရလိမ်မယ် လို့မထင်လိုက်ပါနှင့်။ သူတို့မှာ သူတို့တတ်ကျွမ်းတဲ့ ပညာနှင့်သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကို အသုံးချပြီး အဆင်ပြေနေကြတာပါ။ ဘယ်သူမှ ဒီမှာလွယ်လွယ်ကူကူနှင့် အဆင်မပြေကြပါဘူး။ ကိုယ်လည်း အဲ့ဒီလို အဆင်ပြေချင်ရင် ကိုယ့်အမိမြေမှာတင် လုပ်ငန်းအတွေ့အကြုံရအောင် ပထမဦးဆုံးလေ့လာသင့်တယ်။ ကိုယ်တကယ်တတ်ကျွမ်းပြီဆို မှ သူများနိုင်ငံကို ထွက်သင့်ပါတယ်။ ဒါမှလည်း ထိုက်သင့်တဲ့ လစာနှင့် သင့်တော်တဲ့ နေရာမှာ အဆင်ပြေစွာနှင့် အလုပ်လုပ်နိုင်မှာ ပါ။ ဒါတွေ ကျွန်တော် တင်ပြနေတာက ဘယ်သူမဆို အလုပ်ကို အေဂျင့် နဲပဲရှာရှာ၊ ကိုယ်တိုင်ပဲ ရှာရှာ သိထားသင့်တဲ့အချက်လေးတွေထင်လို့ တင်ပြရတာပါ။ မြန်မာတွေ ကမ္ဘာအလယ်မှာ မျက်နှာမငယ်ရအောင် ကျွန်တော်တို့တတွေ ကြိုးစားသင့်ပါတယ်။ လူတိုင်းမှာ တာဝန်ရှိပါတယ်။

2 Comments:

Sean OK, Sai said...

It's been a long time I wanted to write about this but never happened to materialize it so far. It's a good one. Please write more what we have talked and heard nyi.

Anonymous said...

ဟုတ်တယ် ကိုမင်းမြတ်ဘုန်းရေ..
မိတ်ဆွေတစ်ယောက်ဆိုရင် ပါမစ်ရဖို့အတွက် အေးဂျင့်က မလေးရှားကို စတေးရှောင်ခိုင်းတာ။
အဲဒီမိတ်ဆွေ မလေးရောက်လို့ အေးဂျင့်ကိုပြန်ဆက်သွယ်တော့ ဖုန်းမကိုင်တော့ဘူး။ မလေးမှာ အပေါင်းအသင်းကလဲ မရှိနဲ့ နောက်ဆုံး စလုံးကို
ပြန်ဖို့ ဗီဆာ သွားယူတော့ ရုံးပိတ်ရက်နဲ့ ကြုံလို့ ခုတော့ဒုက္ခရောက်ပြီး (အို) လိုက်ရပြီလေ။