မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Friday, July 25, 2008

ဖြူစင်လှတဲ့ ကလေးဘဝ



ဒီကလေးတွေကိုကြည့်ပြီး ကျွန်တော့်ရဲ့ငယ်ဘဝလေးကို ပြန်လည် အောက်မေ့သတိရမိတယ်...


ကလေးဆိုတဲ့ အရွယ်ဟာ အရမ်းကို ဖြူစင်လွန်းပါတယ်။ သူတို့လေတွေရဲ့အပြုအမူလေးတွေဟာ တစ်ခါတစ်လေကျရင် ပျော်ရွှင်စရာကောင်းပေမယ့် တစ်ခါတစ်လေကျရင် အလွန်အန္တာရယ်များ လှတယ် အနည်းဆုံး တစ်ဦးတစ်ယောက်ကစောင့်ကြည့်နိုင်ပါမှ စိတ်ချရတယ်။ ဒါလေးတွေက သူတို့ကို အပြစ်တင်နေလိုမရဘူး ကလေးဆိုတဲ့အရွယ်က အင်မတန်ကို လေ့လာစပ်စုတတ်တဲ့အရွယ်။ အဲဒီအရွယ်တည်းက သူတို့လေးတွေကို မချုပ်ခြယ် ထားသင့်ဘူး။ အကြောက်တရားတွေနဲ့ မခြောက်လှန့်ထားသင့်ဘူး။ လူတိုင်းဟာလည်းသူတိုရဲ့ ငယ်ဘဝတွေကို ဖြတ်သန်းလာရတယ်ဆိုတော့ သူတို့ဘဝအတွက် မမေ့နိုင်စရာ ပျော်ရွှင်စရာ လေးတွေ ကိုယ်စီ ရှိတတ်ပါတယ်။ အပေါ်က ဗီဒီယို ကလစ် လေးကို ကြည့်ပြိး ကျွန်တော့်ရဲ့ ကလေးဘဝကို ပြန်လည် အောက်မေ့သတိရမိတယ်။ အမှန်ကတော့ ကျွန်တော့်မမှတ်မိတော့ပါဘူး မေမေပြန်ပြောပြလို့သာ သိရတာ ရှက်ဖို့လည်းကောင်းပါတယ် :) ။ မေမေပြောပြတာကတော့ ကျွန်တော် ၈လ သားအရွယ်လောက်ပဲ ရှိသေးတယ်၊ စထိုင်တတ်ခါစအရွယ်ပေါ့။ လမ်းတောင်ကောင်းကောင်းမလျှောက်တတ်သေးဘူး။ တစ်နေ့ ကျွန်တော့် နို့ဘူးသောက်နေရင်းနဲ့ ရှုးရှုး တွေပေါချပါလေရော ကျွန်တော့်ကို ပတ်ထားတဲ့ အနှိးတွေစိုရွှဲကုန်တော့ မေမေက အနှိးကို အသစ်လဲပေးမလို့ စိုရွှဲနေတဲ့ အနှိးကို ဖြည်ထုပ်ပြီး ကျွန်တော့်ကို ကြမ်းမှာ ထိုင်ခိုင်းထားတယ် မေမေကတော့ အနှိးတွေကို လျှော်ဖို့ နောက်ဖေးကို ဝင်သွားတယ် ဟဲဟဲ အဲ့ဒီအချိန်မှာ ဘယ်ရမလဲ ကျွန်တော်ကလည်း ထိုင်လို့ရပြီ ဆိုတာနဲ့ ဖင်တွန်းပြီး ကိုယ် လုပ်ချင်တာကိုယ်လုပ်တော့တာပဲ။ (ဟဲဟဲ အကျင့်က အဲဒီကတည်းက) ဒါနဲ့ ကျွန်တော့်လည်း အိမ်ခေါင်ရင်းဘက်မှာ ထားထားတဲ့ စာပွဲခုံအပုလေး ဆီသို့ ဖင်လေးတွန်းကာတွန်းကာနဲ့ပေါ့။ စာပွဲခုံနားလည်းရောက်ရော စာပွဲပေါ်က ညက ဖေဖေ အလုပ်လုပ်ထားခဲ့တဲ့ ဝက်အူလည့် ပလာယာ ကရိယာတွေကတော့ အစုံပဲတင်ထားတယ်။ ဟဲဟဲ ကျွန်တော့်က အဲ့ဒီအရွယ်ထဲက ဒီအင်ဂျင်နီယာ အလုပ်ကို ဝါသနာပါလာခဲ့လားမသိဘူး ဝက်အူလှည့် ပလာယာမြင်တာနဲ့ ကောက်ကိုင်တော့တာပဲ။ အဲဒါနဲ့ ပလာယာလည်းမြင်ရော ကောက်ကိုင်လိုက်ရော ပြီးတော့ ဖွင်ချည်ပိတ်ချည်ကစားတော့တာပေါ့။ ဟဲဟဲ (ရှက်တဲ့လေသံနဲ) အဲဒီမှာ ဇတ်လမ်းကစတော့တာပဲဗျို့ ခုနကအနှီးကလည်း သေးစိုထားတော့ အောက်မှာ ဘားမှ မရှိ ဒါနဲပဲ ကျွန်တော် ဖွင့်ချည်ပိတ်ချည်ဆော့နေတဲ့ ပလာယာလေး က ကျွန်တော့် ဖွားဖက်တော် လေး ကို ညှပ်မိပါလေရော။ ဟားဟား အော်တာမှ လေးဖြု တို့ မျိုကြီးတို့ အရှုံးပေးရတယ် သိတယ်မဟုတ်လား ပလာယာကလည်း အော်လေညှပ်လေ ညှပ်လေအော်လေ ဆိုတော့ မေမေလည်းနောက်ဖေးကနေ ပြေးထွက်လာပြိး ကျွန်တော့်လက်က ပလာယာကို ဆွဲယူလိုက်တော့မှ ပဲ လွတ်သွားတော့တယ်။ တော်သေးတာပေါ့ မေမေ ကယ်ပေလို ဒါမှ မဟုတ်ရင်တော့ ဟိဟိ ပြောချင်တော့ ပါဘူး :) ။ အင်း အဲ့ဒီအဖြစ်ပျက်လေးကို သင်ခန်းစာယူပြိး သားယောကျာၤးလေးမွေးထားတဲ့ မေမေ ဖေဖေ ကိုကို မမ တွေကို သတိပေးလိုက်ပါတယ် ကလေး နှင့် ပလာယာ အတူမထားပါနဲ့ လို့ :) ။

2 Comments:

Dream said...

ကလေးဘ၀ကိုပြန်သတိရတယ်..

ပြန်လည်အစားထိုးမရနိုင်တဲ့ထဲမှာကလေးဘ၀လည်း
ပါတယ်...

ပန်းခရမ်းပြာ said...

အမေ့ ကျေးဇူး ကြီးလှပါပေတယ် မောင်ဘုန်းရေ။