ဒီနေ့မှာ သူမဟာလောကကြီးထဲကို ချဉ်းနင်းဝင်ရောက်ခဲ့တယ်
ပန်းလေးတွေဟာ အစွမ်းကုန်ဖူးပွင့်ပြီး ဦးညွတ်ခဲ့ကြတယ်
စမ်းရေလေးတွေဟာ ပျော်ရွှင် မြူးတူးစွာနဲ့ကောင်းချီးပေးသွားကြတယ်
ကြယ်စင်တွေဟာ စုံလင်စွာနဲ့ ထွန်းလင်းပေးခဲ့ကြတယ်
လောကကြီးက အလှတရားတွေကို စုစည်းပေးခဲ့တယ်
ခွန်အားတွေကို ပေးအပ်ခဲ့တယ်
နူးညံ့မှုတွေကို သွန်းလောင်းခဲ့တယ်
ခိုင်မာမှု့တွေနဲ့ ထုဆစ်ခဲ့တယ်
အဲ့ ဒီလို ပြည့်စုံမူတွေနဲ့အတူ
နှစ်ပေါင်းများစွာကို အောင်မြင်မူတွေ နှင့်
ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ်
သူမကိုပိုင်ဆိုင်ခွင့်ရတဲ့ကျွန်တော်ဟာ ဘာနဲ့မှ မလဲနိုင်တဲ့ ကံကောင်းခြင်းလက်ဆောင်ပါပဲ
ချစ်သူရေ မင်းရဲ့ ပျော်ရွှင်ဖွယ် မွေးနေ့ မှ သည် နောင်နှစ်ပေါင်းတစ်ရာတိုင်အောင် ပျော်ရွှင်မှု အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းလိုက်ပါတယ်။
မွေးနေ့လက်ဆောင်
Sunday, July 6, 2008
ချစ်သူအတွက်မွေးနေ့ဆုတောင်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 12:48 AM
Labels: မွေးနေ့လက်ဆောင်
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment