
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ကျွန်တော် ဒီကဗျာလေးနှင့် ဂုဏ်ပြုကာ အလေးပြုပါ၏
အဖေ(ဗိုလ်ချုပ်)သို့တမ်းချင်း
ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်ကြေးရုပ်သူအရုပ်လုပ်လို့ဆော့ကစားနေပြီအဖေ
အသွေးကိုဖောက် မြန်ပြည်ကို ဆောက်ခဲ့တဲ့ဗိုလ်ချုပ်ရေ
ခု အသွေးကိုသောက်ဖို့ ဂုတ်သွေးကို သူဖောက်ခဲ့ပြီအဖေ
ပြည်သူတွေအတွက် ထမင်းမငတ်စေဖို့ တွန်းလှန်ခဲ့တဲ့ဗိုလ်ချုပ်ရေ
ခု ပြည်သူတွေကို ခုတုံးလုပ် သူ့အတွက် လုပ်နေပြီ အဖေ
ကမ္ဘာအလယ် ဝင့်ထယ်စေဖို့ တကယ်အလုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရေ
ခု ကမ္ဘာအောက်ဆုံး စုန်းစုန်းမြုပ်ဖို့ သူကြံဆောင်နေပြီ အဖေ
ဗိုလ်ချုပ်ရေ
သားတို့ဘဝ လူဖြစ်လာရတဲ့ မြန်ပြည်မှာ
လူမှုဘဝမွဲပြာကျ၍
ကလိမ်ဉာဏ်ဆင့်
နိုင်ထက်စီးကာ
သူတလူငါတမင်းနဲ
ပညာအရာဗလာနတ္ထိ
ငါးပွက်ရာ ငါးစာချလို့
နီးသူကို အဖေခေါ်
ဘဝတွေ စတေးနေရပြီ အဖေ
နာကြည်းခံပြင်းလို့ တောက်တချက်လေးတောင်မှ
ခေါက်ဖို့ရာ အင်အားမရှိ
ထမင်းတလုပ်အတွက် တိုက်ပွဲဝင်လို
ကျွန်တော့်တို့သွေးတွေမြေကျရုံမကပဲ
သံဃာ့သွေးတွေပါ မြေကျခဲ့ရပြီ အဖေ
အဖေရေ
အဖေကျခဲ့ရတဲ့ အဖေ့သွေးစက်တွေဟာ
ခု ၆၁နှစ် တိုင်အောင် ကျနေတုန်းပဲအဖေ
အရိုးကြေကြေအရေခန်းခန်းဆိုတဲ့ အဖေ့စိတ်ဓါတ်လို
မွေးမြူလို့ သားတို့ တိုက်ပွဲဝင်နေတုန်းပါပဲ အဖေ.....
မင်းမြတ်ဘုန်း

ကျနော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှု့ဟာ လူတစ်ဦးထဲက ခေါင်းဆောင်မှု့ မျိုးမဟုတ်ဘဲနှင့် အဖွဲနှင့် ခေါင်းဆောင်မှု့မျိုး မဟုတ်ဘဲ အဖွဲ့ ရဲ့ အုပ်ချုပ်မှု့ အောက်မှာရှိတဲ့ ခေါင်းဆောင်မှု့မျိုးဖြစ်ရမယ်။ လူမျိုးရေးတရားဟောလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်။ ငါ့လူမျိုးသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်း သေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ပဲ ကိုယ့်လူမျိုး ကိုယ်ချစ်သော်လဲ တခြားလူမျိုးများကို မုန်းတီးခြင်း အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်ပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုး တဦးဖြစ်ပွားအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးသာဖြစ်ရမယ် ဂျပန်ပြည်မှာလို စစ်ဘက်ကလက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘားမှ အစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်
ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်း
0 Comments:
Post a Comment