လွင့်မျောနေတဲ့တိမ်တွေကို ခိုစီးလို့
ရင်ခွင်တစ်ခုလုံးကို ဖွင့်ပြီး
လွင့်ထွက်နေတဲ့စိတ်အစဉ်ကို
အသာအယာတွဲထူလို့
မသဲမကွဲနဲ့ လွဲခဲ့တဲ့ အရာတွေကို
စုပုံ ပြီးစွန့်ပစ်ခဲ့တယ်
မသေချာမယ့် သေချာတာတွေကိုတော့
မစွန့်လွှတ်ချင်တာ အမှန်ပါ
မထင်မှတ်ပေမယ့် အဖြစ်မှန်တွေကတော့
မျက်စိရှေ့မှာ တန်းစီလို့
ဝေဝါးလာမယ့် စေတနာတွေကို
ဖယ်ကာပိတ်ဆို့ ခဲ့တယ်
မင်းမြတ်ဘုန်း
1 Comment:
အဲဒီ့ စိတ်ကို လိုက်ဖမ်းနေတာ မရဘူးဖြစ်နေတယ်။
Post a Comment