မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Sunday, September 6, 2009

စုပေါင်း ဘုရား အနေကဇာတင် ကုသိုလ်ယူပွဲ


ကျွန်တော်တို့ သူငယ်ချင်းများရဲ့ စုပေါင်း ဘုရားအနေကဇာတင် ပွဲနှင့် ညောင်ကန်အေးဆရာတော် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒက အားဆွမ်းဆပ်ကပ် လှူဒါန်းပွဲ ကို အောင်မြင်စွာ နှင့်
ပြီးမြောက်ခဲ့ပါသည်။ ခုလို မထင်မှတ်ပဲ နှင့် ဆရာတော်အား ဆွမ်းဆပ်ကပ် လှူဒါန်း နိုင်ခဲ့လို့ အလွန် ဝမ်းမြောက် ပီတိဖြစ်ခဲ့ရပါသည်။ ဆရာတော်၏ မြင့်မားသော သာသနာပြုလုပ်ငန်းများ နှင့် ကမ္ဘာသို့ ထေရဝါဒ သာသနာပြန့်ပွားရေး
အတွက် ပြင်းပြသော ဆရာတော်၏ စိတ်ဓါတ်ကို လက်စုံမိုး၍ ကြည်ညို ပွားများပူဇော်မိပါသည်။



ညောင်ကန်အေး အဓိဋ္ဌန်

ဗုဒ္ဓသာသနာဝင်၊ သူတော်စင်တို့
မြတ်ရှင်ဆန္ဒ၊ လိုတော်ကျ၍
လောကကြီးပွား၊ မပျက်ပြားဘဲ
ဘုရားသာသနာ၊ ရှည်မြင့်ကြာအောင်
ဆရာဒကာ၊ မျိုးသဟာတို့
ညီညာလက်တွဲ၊ တာဝန်ခွဲ၍
စိတ်လဲရှည်ကြ၊ တရားပြလျက်
ဓမ္မကျင့်တူ၊ အိမ်တွင်းလူနှင့်
ရပ်သူရွာမြို့၊ တိုင်းပြည်တို့မှ
ရှေ့သို့ကမ္ဘာ၊ ဖြန့်ချိဖြာလျက်
ချမ်းသာပွားရေး၊ ညောင်ကန်အေး
အားပေးကြိုးပမ်းကြပါစို့......။



ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်ကာပူ)
Nyaung Kan Aye Dharma Society

Blk 209 #02-141, Yishun St 21, Singapore 760209
Tel: 93449842/84140977/67593375
Email: nkasayardaw@gmail.com / ashinvisuddha@gamil.com


ပါဝင်ကုသိုလ်ယူသူ သူငယ်ချင်းများ

ကိုမျိုးအောင်
မစန္ဒာ
မခေမာ
မချို (ပန်းခရမ်းပြာ)
မညိုမီ
ကိုကျော်
မနီလာလင်းထွန်း
ဇာနည်(လေပြေသွေး)
မင်းမြတ်ဘုန်း (အဆုံးမဲ့လွမ်းချင်း)
မျိုးမျိုး
ငြိမ်းငြိမ်း
ရွှေဇင်
ကိုသက်
ဝဏ္ဏ
ကျော်ဇင်သန့်
သုဇာနည်

0 Comments: