နံနက်အာရုံဦးတွန်သံနှင့်အတူ နေခြည်နုလေးတွေက ဟိုမှ ဒီမှ တိုးဝင်လာခဲ့ကြတယ်။
အော် နံနက်မိုးသောက်ခဲ့ပြန်ပြီပေါ့..ဒီလို ရေတွက် ခဲ့တဲ့ မနက်ခင်းလေးတွေက ငါ့အခန်းထဲမှာ ပြန့်ကျဲလို့။
အာရုံကိုစုစည်းလို့ ပြူတင်းပေါက်ကို တွန်းအဖွင့် လေပြေအေးလေးတွေက အလုအယက်နဲ့တိုးထိုး ကျီဆယ်ကာ
ငါကို နှစ်သိမ့်မှု့တွေ ပေးနေသယောင် နဲ့ ...
ဟိုးအဝေမှာ ရင့်ကျက်လှတဲ့တောင်တန်းတွေက အသူရာနေမင်းကို ခေါင်းပေါ်မှာ ရွက်ကာ လောကသစ်တစ်ခုအတွက် အားအင်တွေက အပြည့်။
ရော့ရဲ ချိနဲ့ နေတဲ့ ငါ့အတွက် အားအင်တွေ ဖြည့်ဆည်းပေးနေသလို။
ဟိုး သစ်ပင်ပေါ်က ငှက်မောင်နှံ ကတောင် ငါ့ကို လှောင်ပြုံးလို့ အသံလေးတွေပေးနေပြီး
သူ့ချစ်သူနဲ့ အတူ လှပတဲ့ အနက်ခင်းမှာ ချစ်ခွန်းတွေ ဖွဲ့သီလို
အရာအားလုံးက ငါကို သနားဂရုဏာ အပြည့်နဲ့ အားပေးနေခဲ့ကြတယ်။
မင်းတို့တတွေအားလုံးကို အားနာပါတယ်ကွာ
ဒါပေမယ့် မင်းကိုလွမ်းတဲ့ စိတ်တွေက ဘာနဲ့မှ အစားထိုးလို့ မရခဲ့ဘူး။
မင်းတွက် ရေးခဲ့တဲ့ ကဗျာလေးတွေကလည်း ဟိုတစ်စ ဒီတစ်စ နဲ့ ကြေမွလို့
မှောင်မိုက်နေတဲ့ ငါ့အခန်းထဲမှာ တိတ်ဆိတ်ခဲ့တဲ့ တီတီတာတာအသံလေးတွေ ကပဲ့တင်ထပ်နေခဲ့တယ်
ချစ်သူရယ် နံရံတွေသာ နားရှိခဲ့မယ်ဆိုရင် မင်းကို ပြန်ပြောကြပါလိမ့်မယ်
မင်းကို လွမ်းနေပြီ ဆိုတာ...
မင်းကို ချစ်ခဲ့ ဒီစိတ်လေးနဲ့ ရှင်သန်နေဆဲနေ့ရက်တွေ
ဘယ်ခါ ပျက်စီးမသွားပါ ငါမင်းအတွက်ရှိနေမှာ
မင်းသာငါရဲ့ လိုအပ်ဆုံးပါ ကျန်တာတွေလည်း ဂရုမစိုက်ဘူးကွာ
မင်းလေးတစ်ယောက်တည်းချစ်တာ နေ့ရက်တိုင်းပါပဲ
မင်းကိုပဲ ကမ္ဘာကြီးဆုံးတိုင်လက်တွဲမယ် အချစ်လေးရယ်
မင်းယုံလိုက် ငါချစ်သမျှတွေ ပုံပေးမယ် ချစ်လေးရယ်
ချစ်သူရယ် ဒီနှင်းလေးတွေ မကုန်ဆုံးခင် ပြန်ခဲ့ပါ လွမ်းနေပြီ
ဝေးနေရတဲ့ ချိန်တွေတိုင်းမှာ ရင်မှာကြေကွဲ တမ်းတမိနေတာ
မင်းလေးပြန်ခဲ့အချစ်ရာ တို့ခရီးဆက်ရမှာပဲ
ကိုယ့်ရဲ့ မင်းရဲ့ ကဗျာတွေလည်း လေ ငါမြင်ရောင်တိုင်းလွမ်းလို့ ရူးနေတယ်
မင်းလေး ငါ့နားရှိစဉ် ကမ္ဘာကြီးလည်း ပြည့်စုံတယ်။
ဆောင်းခိုငှက်
Sunday, November 1, 2009
လွမ်းနေပြီ (မြင့်မြတ်)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:27 AM
Labels: ရင်တွင်းဖြစ်
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment