ခုရက်ပိုင်း Blog ဘက်ကိုမလှည်နိုင်ဘူးဖြစ်နေတယ်၊ လာလည်တဲ့သူုငယ်ချင်းများအားလုံးကိုလည်း တောင်းပန်ပါတယ်၊ Post အသစ်မတင်နိုင်တဲ့အတွက်။ လူသားတစ်ယောက်ဖြစ်တဲ့ကျွန်တော်မှာလည်း လူသားတိုင်ကြုံတွေ့တတ်ကြတဲ့ စိတ်ညစ်စရာ၊ပူပင်စရာများ ကိုနဲနဲခံစားနေရတယ်။
ကျွန်တော်နဲနဲစိတ်ညစ် နေခဲ့တယ် ခုရက်ပိုင်းမှာ၊ ဘာကိုစိတ်ညစ်တယ်ဆိုတာတောင် မပြောပြတတ်အောင်ပါပဲ၊ အလုပ်တွေကလည်း ဒိရက်ပိုင်းမှာ အတော့်ကိုများနေတယ်၊ မျက်လုံးတွေတောင် အာရုံစိုက်ရလို့ နဲတူတယ် နဲနဲအောက်ချင်လာတယ်၊ မျက်စိကအောက်၊ခါးကအောက်လာရင် ကိုယ့်ရှေ့က မော်နီတာကိုတောင်း ကိုင်ပေါက်ချင်လာတယ်တစ်ခါတစ်ခါစဉ်းစားမိတယ်၊ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတဲ့စကားဟာ သိပ်မှန်ပါလား ဆိုတာကို၊
ခုကျွန်တော်တို့ ဘဝ တွေဟာလည်း ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ အမိမြန်မာပြည် ကြီးကို ခွဲခွါခဲ့ရတယ်၊ ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ မိသားစုကိုလည်းခွဲခွါခဲ့ရတယ်၊ ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ်ချစ်သူနဲ့လည်း ခွဲခွါခဲ့ရတယ် အဲ့ဒီလိုခွဲခွါပြီးတဲ့နောက်ပိုင်းကစပြီး ကျွန်တော်တိုဆီမှာ ပျော်ရွှင်မူဆိုတာ ပျောက်ဆုံးခဲ့ကြရတယ်၊ ဒါတွေဟာ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတဲ့ စကားဟာ ကျွန်တော်တို့အတွက်ပိုပြီးအသက်ဝင်လာတယ်၊ ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ????? ဘယ်သူ့ကြောင့်လဲ?????
ဘယ်သူမပြု မိမိအမူ တဲ့၊ ကိုယ်ဖြတ်သန်းလာရတဲ့ ကိုယ့်ဘဝ၊ ကိုယ့်မိသားစုဘဝ၊ ကိုယ်ပဲ သိတယ်၊ ကိုယ်သင်ကြားခဲ့တဲ့ စက်မူပညာ၊ လက်မူပညာတွေဟာ ဒီကိုယ့်ဘဝပျော်ရွှင်မူတွေနဲ လဲလည်ဖို့များဖြစ်လာ သလား???? ကျပ်တည်းလွန်းတဲ့ မိသားစု စိပွားရေးမှာ ကိုယ်သင်ကြားခဲ့ရတဲ့ စက်မူပညာ၊ လက်မူပညာတွေဟာ ဘာမှ အထောက်အပံ့မဖြစ်ခဲ့ဘူး၊ ဘားမှလုပ်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် တွေးခဲ့မိတယ် ဒါတွေဟာ ငါပဲတော်တော်ညံ့ခဲ့လိုလား၊ ငါတတ်ခဲ့ရတဲ့ ပညာတွေနဲ့ ဒီမိသားစုကိုတောင် မထောင့်ပံနိုင်တာ၊
ဒါနဲ့ပဲ ငါကြိုးစာကြည့်ဦးမှပဲ ဆိုပြိး ကိုယ်ချစ်တဲ့အမိမြန်မာပြည်၊ကိုယ့်မိသားစု၊ကိုယ့်ချစ်သူ၊ကိုယ့်ပျော်ရွှင်မူ၊
အားလုံးအားလုံးကိုထားရစ်ခဲ့ရတယ်။
ဒါတွေအားလုံးဟာ ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူ့ကြောင့်ရွေးချယ်ခဲ့ရတာလည်း...
ဘယ်သူ့ကြောင့်လဲ????? ဘယ်သူ့ကြောင့်လဲ?????
ဒါတို့ပြည် ဒါတို့မြေ ဒို့ပိုင်တဲ့မြေ။ ကလေးဘဝ မူလတန်းတက်ကတည်းက ကျောင်းဆင်း ကျောင်းတက်ဆိုခဲ့ရတဲ ကမ္ဘာမကြေ၊ ကလေးဘဝ သူထက်ငါအပြိုင်အော်ဆိုခဲ့ရတဲ့ကမ္ဘာမကြေ၊ အဲ့ဒီ့ ဒို့ပိုင်တဲ့မြေ ဆိုတာဟာ ငယ်ငယ်တည်းက ကျွန်တော်တို့ရဲ့ နှလုံးအိမ်မှာ ကိန်းအောင်းနေခဲ့တယ်။ အဲ့ဒီ ဒို့ပိုင်တဲ့မြေကို ဘာကြောင့် စွန့်လွှတ်ခဲ့ရတာလည်း၊ ဘာလို့ ဒို့မပိုင်တဲ့မြေမှာ လာနေကြရတာလည်း။ ကျွန်တော်တို မြန်မာလူမျိုုးများဟာ ဟိုး လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက မျိုးချစ်စိတ် ပြင်းထန်ခဲ့တဲ့ လူမျိုး၊
ဘယ်နိုင်ငံရောက်ရောက် ကိုယ့်အမိမြေကို ချစ်တဲ့စိတ်ကတော့ နဲနဲမှရော့မသွားဘူး၊ ဘယ်လောက်တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံ တွေရောက်ရောက်၊ သူတိုရဲ့တိုးတက်မူတွေဟာကိုယ်နဲ့မဆိုင်သလိုခံစားရတယ်။ သူများနိုင်ငံ တွေက မိုးမျှော်တိုက်တွေ ဘယ်နှစ်လုံး ဆောက်ဆောက်၊ ကိုယ့်တိုင်ပြည်မှာဆောက်တဲ့ ခပ်နိမ့်နိမ့် တိုက်တစ်လုံးလောက်ရင်မခုန်တာတော့ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားတိုင်းမှာ တူညီတာ လူတိုင်းသိတယ်။ အဲ့ဒီ မျိုးချစ်စိတ်တွေကို ဖိနှိပ်ပြိး ပျော်ရွှင်မူ့တွေဆိတ်သုန်းတဲ့ သူများနိုင်ငံတွေမှာ နေနေရတာ
ဘယ်သူ့ကြောင့်လဲ့?????? ဘယ်သူ့ကြောင့်လဲ?????
အဲ့ဒိလိုနဲ့ ကျွန်တော်မှာ စိတ်ညစ်စရာတွေ ကြုံလာတိုင်း အဲ့ဒီ့ ဘယ်သူ့ကြောင့်လဲ ဘာကြောင်လဲ ပေါင်းများစွာတွေ ခေါင်းထဲရောက်လာတယ်။ အဲ့ဒိ လိုနဲ့ အိပ်ရေးပျက်ပေါင်း များလာတယ်၊ တရေးနိုး သန်းခေါင်ယံတိုင်းမှာ တွေးတွေးမိတာကတော့ ရွှေအကြောင်းငွေအကြောင်းတော့ မဟုတ်ဘူးအမေရေ "ဘယ်သူ့ကြောင့်လဲ" ဆိုတာပါပဲ။
မြန်မာပြည်ကို လွမ်းတယ်
Thursday, February 28, 2008
ဘယ်သူ့ကြောင့်လဲ??????
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 1:46 AM
Labels: ရင်တွင်းဖြစ်
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment