ချစ်သူ....
~~~မင်းဟာ ငါ့ကို ရင်ခုန်စရာကောင်တဲ့ ဒီ valentine's day ကို ကျွမ်းဝင်စေခဲ့တယ်၊
~~~ချစ်စရာကောင်းတဲ့ နှင်းဆီ တွေနဲ ကြည်နူးမူ့တွေ ပေးခဲ့တယ်။
ချစ်သူ....
~~~မင်းဟာ ငါ့ကို ပျော်ရွှင်စရာကောင်းတဲ့ ဒီ valentine's day မှာ ပါဝင်ကပြစေခဲ့တယ်၊
~~~သာယာပြော့ပျောင်း တဲ့ ကကြိုး တွေနဲ့ ငါကို တွဲခေါ်ခဲ့တယ်။
ချစ်သူ...
~~~မင်းရေးဖွဲ့ခဲ့တဲ့ ဒီဇတ်လမ်းမှာ မင်းဘာလို့ အဆုံးထိပါဝင်ခွင့် မရခဲ့ဲတာလဲ..၊
~~~အလွမ်း ခန်းတွေကို မင်းဘာလို့ ငါ့တစ်ယောက်တည် ကစေခဲ့တာလဲ။
ချစ်သူ...
~~~မင်းဟာ ငါ့ကို ဒီ valentine's day တိုင်းမှာ ဆိုနင့် ကြေကွဲစေခဲ့တယ်၊
~~~ချစ်စရာကောင်းတဲ့ နှင်းဆီ တွေကို ကြောက်ရွံစေခဲ့ဲတယ်။
ချစ်သူ....
~~~မင်းပေးခဲ့တဲ့ နှင်းဆီတွေက ငါကို တသက်လုံး ထုံမူးရီဝေစေခဲ့ပြီ၊
~~~မင်းရဲ့ဆူတွေနဲ့ ငါ့ရဲ နှလုံးသားမှာ ချစ်ရာတွေ နဲ့ ပြည့်နေပြီ။
ချစ်သူ....
~~~မင်း... အတွက် မပေးလိုက်ရတဲ့ valentine's day လက်ဆောင် ကို မင်ရဲ့နဘေးမှာ ဖြန်ထားလိုက်ပါမယ်...
မင်းထွေးပွေ့ယူပါတော့ ချစ်သူ...
"မောင်... ဒီနေ့ valentine's day နော်" လို့... မင်းပြောခဲ့တဲ့ မင်းအသံလေးကို နားထောင်ခွင့်ရှိသေးရင်........
မင်းမြတ်ဘုန်း
Thursday, February 14, 2008
ချစ်သူအတွက် (အဆုံးမဲ့လွမ်းချင်း)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 12:32 AM
Labels: ရင်တွင်းဖြစ် ကဗျာ
Subscribe to:
Post Comments (Atom)
1 Comment:
greetings from Italy ;d
Post a Comment