မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Wednesday, June 18, 2008

ကော်ဖီ ငံငံ အချစ်

လှပတဲ့မီးရောင်စုံတွေနဲ့အတူ သာယာလှပတဲ့ဂီတသံစဉ်တွေ ရဲ့အောက်မှာ မျောလွင့်ရင်း သူဟာခပ်အုပ်အုပ် မီးရောင်အောက် ထောင့်တစ်ထောင့်ရဲ့စာပွဲဝိုင်း တစ်နေရာမှာ တစ်ကိုယ်တည်း ပါတီညချမ်းကို ခံစားကြည့်ရှုနေမိတယ်။ အဖေါ်ကင်းမဲ့နေတဲ့သူကို တော့ ဘယ်သူမှ သတိမထားမိကြဘူး သူဟာသာမန်ကောင်းလေးတစ်ယောက်ပါပဲ။ အရောင်အသွေးစုံလှတဲ့ လူငယ် လူရွယ် တွေဟာ သူ့အုပ်စုနှင့်သူ မြူးတူးပျော်ရွှင်စွာ ကခုန်နေကြတယ်။ အဲဒီ အထဲမှာမှ သူများနဲမတူ ထူးခြားလှတဲ့ နတ်သမီးလေး(သူမ)ကို သူသတိထားမိတယ်။ သူ့ရဲ့မြင်ကွင်းထဲမှာ သူမရဲ့ အလှအပ အမူအရာတွေဟာ အားလုံးထက်ကို ပေါ်လွင် လွန်းလှတယ်။ သူငေးကြည့်နေမိတယ် သူမရဲ့ အနားမှာ ဝိုင်းဝိုင်းလည်နေတဲ့သူတွေကများပါဘိ။ တစ်ခါတစ်ခါသူမရဲ့ရယ်သံ ချိုချို လေးတွေဟာ သူ့ဘက်ကို ပျံလွင့်လာတယ်။ ဒီလိုနဲ့ ပါတီ အပြီးမှာ သူဟာ ကောင်မလေးအနားကို ထသွားပြီးတော့ ကောင်မလေးကို ယဉ်ကျေးစွာ ပြုံးပြနုတ်ဆက် လိုက်တယ်။ ပြီးတော့ နောက်တနေမှာ သူ့နှင့်အတူ ကော်ဖီသောက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ ကောင်မလေးဟာ အရမ်းကိုအံ့သြသွားတယ်။ ဒါပေမယ့် သူ့ရဲ့ယဉ်ကျေးတဲ့ အပြုအမူကြောင့် ကောင်မလေးက ကျေနပ်စွာနဲ့ ကတိပေးလိုက်တယ်။

နောက်တစ်နေ့မှာ သူတို့နှစ်ယောက် လှပတဲ့ ကော်ဖီ ဆိုင်လေးတစ်ဆိုင်မှာ တွေ့ခဲ့ကြတယ်။ သူဟာ တစ်စုံတစ်ခုကို ပြောဖို့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တယ်။ သူတို့နှစ်ယောက် ရဲ့ ကော်ဖီဝိုင်းလေးဟာ တိတ်ဆိတ်ခြင်းနဲ့ မင်းမူနေတယ်။ အဲ့ဒီအတွက် ကောင်မလေးဟာ တော်တော်အနေရကျပ်လာပြီး ပြန်တော့မလို့ အလုပ်မှာ ကောင်လေးက ရုတ်တရက် စားပွဲထိုးလေးကို လှမ်းခေါ်ပြီး...

ဆားနဲနဲလောက်ရ နိုင်မလားခင်ဗျား ကျွန်တော် ကော်ဖီ ထဲ ထည့်သောက်ချင်လို့” ။

သူ့အသံကို ကြားပြီး ဘေးနာကလူတွေက တအံတသြ နဲ့ ထူးဆန်းစွာ လှည့်ကြည့်ကြတယ်။ သူတော်တော် ရှက်သွားတယ် ဒါပေမယ့် သူဟာ ရှက်ရှက်နဲပဲ ကော်ဖီ ထဲကို ဆားတွေလောင်းထည့်ပြီး သောက်လိုက်တယ်။
သူမလည်းအံ့သြစွာနဲ သူ့ကိုမေးလိုက်တယ်....

မင်း အဲ့ဒီလို့ ကော်ဖီ ငံငံ သောက်တတ်တဲ့အကျင့် ရှိလိုလား

ကောင်လေးက ညင်သာစွာနဲပြန်ဖြေလိုက်တယ်....

ကျွန်တော်ဟာငယ်ငယ်တုန်းက ပင်လယ်ကမ်းခြေက ရွာလေးတစ်ရွာမှာကြီးပြင်းခဲ့ရတယ်။ နေ့စဉ်ပင်လယ်ပြင်မှာ ဆောကစားခဲ့တဲ့ကျွန်တော်ဟာ ပင်လယ်ရေရဲ့ ငံရှရှ အရသာကို ကြိုက်နှစ်သက်ခဲ့တယ်။ နောက်ပိုင်းကျွန်တော်ပင်လယ်ပြင်နဲ့ဝေးကွာခဲ့တဲ့အချိန်ကစပြီး ပင်လယ်ရေရဲ့ အရသာကို လွမ်းဆွတ်ပြီး ကော်ဖီငံငံ လေးကို ကြိုက်နှစ်သက်ခဲ့တယ်။ ဒီကော်ဖီငံငံလေးကို သောက်တိုင်း ကျွန်တော်ချစ်တဲ့ပင်လယ်ရယ်။ ကျွန်တော်ချစ်တဲ့မြို့၊ကျွန်တော်ချစ်တဲ့ ကျွန်တော့်အိမ်၊ ကျွန်တော်ချစ်တဲ့ ဖေဖေနဲ့မေမေကို အရမ်းသတိရမိတယ်။ ကျွန်တော် သတိရတိုင်း ဒီကော်ဖီငံငံ လေးကို သောက်ဖြစ်တယ်။

ကောင်လေးကပြောရင်း မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့တက်လာတယ်။
ကောင်မလေးလည်း နားထောင်ရင်းစိတ်ထဲမှာ စို့သွားတယ်။ ကောင်းလေးကိုလည်း နားလည်ခံစားပေးခဲ့တယ်။ သူဟာ တကယ့်ကို အိမ်လွမ်းသူ ဇာတိမြေကို ချစ်တတ်သူ တစ်ယောက် ဆိုတာ ယုံကြည်ခဲ့တယ်။

ဒါနဲပဲသူတိုဟာ တစ်ယောက်အကြောင်းတစ်ယောက် စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။ နောက်ပိုင်း မကြာခဏတွေဖြစ်ခဲ့ကြတယ်။
ဒီလိုနဲပဲ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှု ဂရုစိုက်မှုတွေနဲ့ ချစ်သူဘဝကိုရောက်သွားကြတယ်။ သူတို့နှစ်ယောက်ရဲ့ဘဝဟာ တစ်ခြားဘာအခက်အခဲမှ မရှိပဲ လက်ထပ်လိုက်ကြတယ်။ နောက် ပျော်ရွှင်စွာနဲ့ နှစ်ယောက်သားနေထိုင်ခဲ့ကြတယ်။ ပြီးတော့ အမြဲတမ်း သူမဟာ ကော်ဖီသောက်တိုင်း သူ့ကောင်လေးကြိုက်တတ်တဲ့ ကော်ဖီငံငံလေး ကို ဖျော်တိုက်ခဲ့တယ်။

ဒီလိုနဲသူတိုဟာ ပျော်ရွှင်စွာနေထိုင်လာခဲ့ ပြီး ဆယ်စုနှစ် ၂ခု ၃ခု ကို ကျော်လွန်လာခဲတယ်။ အသက်တွေကြီးရင့်လာတော့ သူဟာ ဆုံးပါးခဲ့တယ်။ သူဟာ ဆုံးပါးပြီး နောက်စာလေးတစ်စောင် ကို သူမအတွက် ချန်ထားခဲ့တယ်။ စာထဲမှာကတော့

ချစ်လှစွာသော ညီမ

ကိုယ့်ကို ခွင့်လွတ်ပါလို့ ပထမဦးစွာတောင်ပန်ချင်ပါတယ်။ ကိုယ်ဟာ မင်းကို တစ်ဘဝလုံးလိမ်လည်ခဲ့မိတယ်။ ကိုယ်လိမ်လည်ခဲ့မိတာကတော့ ကော်ဖီငံငံ လေးအကြောင်းပါပဲ။ မင်းမှတ်မိ မလားမသိဘူး။ ကိုယ်တို့ ပထမဦးဆုံး စတွေ့ခဲ့တဲ့နေ့ကပေါ့။ အဲဒီနေ့က ကိုယ်တစ်ကယ် စိတ်လှုပ်ရှားပြီးတုန်လှုပ်နေခဲ့တယ်။ အမှန်တကယ် ကိုယ်မှာချင်တာက သကြားပါ။ ဒါပေမယ့် ကိုယ်မှာလိုက်တာက ဆားဖြစ်နေတယ်။ ကိုယ်ပြန်မှာဖို့အတွက်က အရမ်ကို စိတ်လှုပ်ရှားနေလို့ ဒီအတိုင်ပဲထားလိုက်တယ်။ အဲဒီကော်ဖီငံငံလေးကိုပဲဆက်သောက်ဖြစ်လိုက်တယ်။ အဲဒီမှာ ကိုယ်မထင်ထားခဲတဲ့ ကိုယ်တိုနှစ်ယောက်ရဲ့စကားဝိုင်းလေးဟာ တိတ်ဆိတ်နေရာကနေ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။ ကိုယ်မင်းကို အဖြစ်အမှန်ဖွင့်ပြောချင်ပါတယ်။ ဒါပေမယ့် မင်းမုန်းသွားမှာကို ကိုယ်အရမ်းကြောက်ရွံခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကိုယ်မင်းကို ကတိပေးခဲ့တယ်လေ ကိုယ်မင်းကို ဘားမှ မလိမ်ခဲ့ပါဘူး ဆိုတာ။ ကိုယ်အခုသေဆုံးခဲ့ပြီ ဆိုတော့ ကိုယ်အဖြစ်မှန်ကို ပြောပြခဲ့မယ်။ ကိုယ် ကော်ဖီငံငံ လေးကို လုံးဝ မကြိုက်ခဲ့ပါဘူး ။ ဒါပေမယ့် တော်တော်လေးကို ခါးပြီးငံတဲ ကော်ဖီ ကို ကိုယ်တစ်သက်လုံး သောက်သုံးခဲ့တယ်။ ကိုယ်မင်းကို စပြီးတွေတဲ့ အချိန်ကစပြီး ကိုယ်တစ်ခုမှ မင်းအပေါ်မှာ အမှားမလုပ်ခဲ့ပါဘူး ။ မင်းနဲ့အတူတူ ရှိနေတဲ့အချိန်တိုင်းဟာ ကိုယ်အတွက် အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ နောင်ဘဝ ဆိုတာရှိခဲ့ရင် ကိုယ်မင်းနဲ့နေချင်ပါသေးတယ်။ မင်းတိုက်တဲ့ကော်ဖီ ငံငံ လေကို ဆက်သောက်ချင်ပါသေးတယ်။


စာဖတ်နေရင်းနဲ့ သူမရဲ့မျက်ရည်တွေဟာ အတားအဆီမဲ့စွာစီးဆင်းလာတယ်။ သူ့ရဲ့ အချစ်ကို နှမြောတသစွာနဲ့ လွမ်ဆွတ်မိတယ်။ နောင်အခါ သူမကို ဘယ်သူမေးမေး ကော်ဖီ အရသာလေးက ဘယ်လိုနေလဲဆိုရင် ချိုတယ်လို့ ဖြေခဲ့တယ်။

အချစ်ဆိုတာ ဘယ်တော့မှ မမေ့နိုင်သလို ခွင်လွှတ်နိုင်ပါတယ်၊ မမြင်ရနိုင်ပေမယ့် နားလည်ပေးနိုင်ပါတယ်။

1 Comment:

Dream said...

ကြိုက်တယ်။သူ့ရဲ့အချစ်ကိုသက်သေပြဖို့
သူ့အမှားကိုပေးဆပ်တဲ့နေနဲ့
ကော်ဖီငံငံကိုတသက်လုံးသောက်ခဲ့တယ်။
ဘယ်သူမှမသိတဲ့အမှားကိုပေးဆပ်ရင်း
ချစ်ပြခဲ့တယ်။အလိုအချစ်မျိုးလိုချင်လိုက်တာ။