ဒီလိုနဲ့ ကျွန်တော်နှင့် ကျွန်တော့်ရဲ့ အချစ်ဖန်ဆင်းရှင် ခရီးသွားခဲ့ကြတာ ခရီး အတော်အတန်သွားခဲ့ပြီးပြီ အဲ့ဒီအတောအတွင်းမှာ သူနှင့် စကားများလိုက် ရန်ဖြစ်လိုက်ကြနဲ့ပေါ့။ သူက ကျွန်တော့်ကို ကူညီမယ်လို့သာပြောတာ သူလုပ်ချင်တာသူလုပ်တာ ပြောရင်လည်းနားမထောင်တတ်ဘူး ကျွန်တော်ကတော့သူ့ကို နားလည်ဖို့ကြိုးစား ခဲ့တယ်။ သူကတော့ နဲနဲလေးမှ ကျွန်တော့်ကို နားလည်ပေးချင်ပုံမရဘုူး။ ကျွန်တော့်ကို အမျိုးမျိုး နှိပ်စက်တယ်၊ တော်တော်ဆိုးတဲ့ အချစ်ဖန်ဆင်းရှင်။ တစ်ခါတလေတော့လည်း မောပန်းလွန်းနေတဲ့ ကျွန်တော့်ကို ယုံကြည်ချက်တွေ ခွန်အားတွေပေး တတ်တယ်။
ဒီလို နဲ့ တစ်ရက်မှာ ခရီးရှည်ကြီးကို ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ရလို ကျွန်တော် မူးဝေပြိးလဲကျသွားခဲ့တယ် ကျွန်တော်မေ့မျောသွာပြိး လောကကြီနှင့် အဆက်ပြတ်သွားတယ်။ ကျွန်တော်ပြန်သတိရလာပြီး မျက်လုံးဖွင့် ကြည့်လိုက်တော့ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်အောက်ရောက်နေတယ် ကျွန်တော်ရဲ့ အချစ်ဖန်ဆင်းရှင်က သူကိုယ်သူ အချစ်သစ်ပင် ဖန်ဆင်းပြီး ကျွန်တော့် ကို အုပ်မိုးပေးထားခဲ့တယ် အလွန်ကြီးမားတဲ့ အချစ်သစ်ပင်ကြီးက သူ့လက်ရဲ့ အကိုင်းက သစ်ရွက်တွေနဲ့ ကျွန်တော့်ကို ပူလောင်မှုမှကင်းဝေစေခဲ့တယ်၊ ရင်ထဲမှာ အေးချမ်းသွားတယ်၊ ကျွန်တော်နဲနဲကျေနပ်သွားတယ်။ ကျွန်တော် သူ့ကို မော့ကြည့်ပြီးတော့ မေးကြည့်လိုက်တယ်
“ဒီမယ် အချစ်ဖန်ဆင်းရှင် ခင်ဗျားက ဘာလို့ကျွန်တော့်အပေါ်ဒီလောက်ကောင်းနေရတာလဲ၊ ကျွန်တော်က ခင်ဗျားကို ဘာမှ အကူအညီမတောင်းပဲနဲ့ ခင်ဗျားက ကျွန်တော့်ကို အကူအညီတွေ အများကြီးပေးခဲ့တယ်”
အချစ်ဖန်ဆင်းရှင်က သူ့အကိုင်းလေးတွေကို သွက်သွက်ခါအောင် ခါရမ်းပြီး ရယ်မောလိုက်တယ်။
“ ကောင်လေး.. မင်းတို့သက်ရှိလူသားတွေ အသက် ရှင်ရပ်တည်ဖို့အတွက် ငါတို့ အချစ်ဖန်ဆင်းရှင်တွေ လိုက်ပါစောင့်ရှောက်ရမှာက ငါတို့ တာဝန်ပဲလေ...ငါတို့မရှိပဲ မင်းတို့ ရှင်သန်ဖို့ မလွယ်ဘူး”
သစ်ပင်ကြီးကပြောရင်း သူ့ရဲ့ လက်တွေကို ကိုင်းညွတ်ပြီး ကျွန်တော့်ကို ပွေ့ဖက်လိုက်တယ်။ သူ့ရဲ့လက်တွေကို ကိုင်းညွတ်လိုက်တော့ အရွက်တွေကြားမှာ ဖုံးကွယ်ထားတဲ့ အချစ်ပန်းသီးလေးတွေ ထွက်ကျလာတယ်။ ကျွန်တော်လည်းဗိုက်စာတာနဲ့ သစ်ပင်ကြီးဆီက ချစ်ပန်းသီးတွေ စားချင်လို့ ခွင့်တောင်းလိုက်တယ်။
“ ဒီမယ် အချစ်ဖန်ဆင်းရှင်ကြီး ခင်ဗျားဆီက ချစ်ပန်းသီလေးတွေ ကျွန်တော့်ကို နဲနဲလောက် ခူးခွင့်ပေးပါလား။ ကျွန်တော်ဗိုက်ဆာနေလို့”
သစ်ပင်ကြီးက ပြောတယ်
“ကောင်လေး မင်းစားချင်ရင်တော့ ငါ့ဆီက လာခူးစားလို့ရပါတယ်။ ဒါပေမယ် ဒီချစ်ပန်းသီးလေးတွေက ငါ့ ရဲ့ နှလုံးသားထဲက ဖြစ်လာတဲ့အသီးတွေ ငါ့ရဲ့ ချစ်ပန်းသီတွေကို ငါ မခြွေပေးပဲ ဘယ်သူမှ စားလို့ မရသေးဘူး ငါမခြွေချသေးတဲ့ ငါ့ချစ်ပန်းသီးကို လောဘတကြီးနဲ့ ခူးစားမိခဲ့လို့်ရှိရင် ဒီလူမှာ အချစ်အဆိပ်မိသွားပြီး ဒုက္ခတွေခံစားလာရလိမ့်မယ်။ အကယ်ဤ ငါခြွေချ ပေးတဲ့ ချစ်ပန်းသီး ဆိုရင်တော့ သူ့မှာ ချမ်းသာ သုခတွေနဲ့ပြည်စုံလာလိမ်မယ်။ သူ့မှာ မမြင်နိုင်တဲ့စွမ်းအင် တွေအများကြီးရှိနေတယ်။”
ကျွန်တော်နဲနဲတွေဝေသွားတယ်.... ခူးစားရမှာ နဲနဲ တွန့်ဆုတ်သွားတယ်.... ကျွန်တော်သူ့ကို တွေဝေပြီးကြည့်နေမိတယ်။ တော်တော်ကြာမှ သူက
“ကောင်လေး မင်းစားချင်ရင်တော့ ငါတစ်လုံးခြွေပေးပါ့မယ်....ရော့”
အဲ့ဒါနဲ့ အချစ်သစ်ပင်ကြီးက သူရင်ဘတ်ထဲမှ ချစ်ပန်းသီးတစ်လုံး ကျွန်တော့်ကို ချပေးလိုက်တယ်။ ကျွန်တော်လည်းဗိုက်ဆာနေတာနဲ့ အချစ်သစ်ပင်ကြီးကို မှီပြီး အားရပါးရ စားလိုက်တယ်။ စားပြီတာနဲ့ ကျွန်တော် မူးရစ်ရီဝေသလို ခံစားလိုက်ရတယ် ပြီးတော့ ကျွန်တော် အိပ်ပျော်သွားခဲ့တယ်။ ပြန်နိုးလာတော့ ခန္ဓာကိုယ်မှာ အားအင်သစ်တွေတိုးပွားလာသလို ခံစားလိုက်ရတယ်။ တော်တော်ကောင်းတဲ့ ချစ်ပန်းသီး ကျွန်တော့်စိတ်တွေလန်းဆန်းသွားခဲ့တယ်၊ အားအင်တွေပြည့်ဝလာတယ်။ ဒါနဲ့ ကျွန်တော်လည်း ချစ်သစ်ပင်ကြီးကို ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။ သူက ပြန်ပြောတယ်
“ ကျေးဇူးတင်စရာမလိုပါဘူ ကောင်လေး အချစ်ဆိုတာက ကိုယ့်တစ်ယောက်တည်းရဲ့ လိုအပ်ချက်ကို ရှေ့တန်းတင်ပြီး ရယူပိုင်ဆိုင်ချင်စိတ်နဲ့ ခူးယူခဲ့မယ်ဆိုရင် မင်းခူးယူပိုင်ဆိုင်နိုင်ပါတယ် ဒါပေမယ် ခွန်အားကိုဖြစ်စေတဲ့ ချစ်ပန်းသီးတစ်လုံးတော့ ဖြစ်လာမှာ မဟုတ်ဘူး”
ပြီးတော့သူကဆက်ပြောတယ်...
“ကိုယ်တစ်ကယ် လိုအပ်နေတဲ့အချိန်မှာ တစ်ကယ့်ကို စေတနာအစစ်နဲ့ ခူးချွေပေးလို့ ရရှိခဲ့ရင် မင်းရယူပိုင်ဆိုင်နိုင်ပါတယ် ဒါဆိုရင် အဲ့ဒီချစ်ပန်းသီဟာ မင်းအတွက် တကယ့်ကို အားအင်သစ်တွေ ရရှိစေနိုင်ပါတယ်”
အင်း... သူပြောတာတွေကို ကျွန်တော်နဲနဲလက်ခံလိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ခရီးဆက်ထွက်ဖို့ ထွက်လာခဲ့တယ်။
ခရီးလမ်းတစ်လျောက် ကျွန်တော်နဲ့ အချစ်ဖန်ဆင်းရှင်တို့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ခရီးထွက်လာခဲ့တာ နှစ်တောင်တော်တော်ပေါက်ခဲ့ပြီ။ တစ်ရက်မှာ ကျွန်တော်တို့ဟာ အလွန်ပူပြင်းလှတဲ့ ကန္တာရကြီး ကို ဖြတ်သန်းလာခဲ့ကြတယ်။ အရမ်းပူပြင်းလွန်းလို့ ကျွန်တော် အာခေါင်တွေ ခြောက်သွေ့လာတယ်၊ သောက်စရာရေဆိုလို့ နဲနဲမှ မရှိ။
အဲဒီအချိန်မှာ အချစ်ဖန်ဆင်းရှင်က
“ ခဏလေးနေဦးကောင်လေး ...”
ဆိုပြီးတောင်ကုန်းလေးပေါ်ကို တက်သွားတယ်။ ပြီးတော့ တောင်ကုန်းလေးရဲ့ဟိုဖက်မှာ အိုအေစစ်လေးတစ်ခု ဖန်ဆင်းလိုက်ပြီး ကျွန်တော့်ကိုလှမ်းခေါ်ပြတယ်။
“ကောင်လေး ဟို..မှာမင်းတွေ့လား အိုအေစစ်လေး အဲဒီမှာ မင်းအတွက် သောက်စရာရေရှိတယ်။ နားစရာနေရာရှိတယ်။”
ကျွန်တော်ဝမ်းသာသွာတယ်။ ပြီးတော့သူကဆက်ပြောတယ်
“အဲ့ဒါ ငါဖန်ဆင်းထားတဲ့ အိုအေစစ်လေးပဲ မင်းကြည့်နေ အဲဒီကို တခြားသူတွေ တွေ့ပြီး ရေလာရှာလိမ့်မယ်။”
ခဏကြာတော့ လူတစ်ယောက်ရောက်လာတယ်။ အဲ့ဒီသူလည်းအိုအေစစ်ကိုတွေ့တော့ ဝမ်းသာအားရနဲ့ ရေဝင်သောက်တယ်၊ ရေကို အငမ်းမရသောက်လိုက်တယ်။ ပြီးတော့ ခဏထိုင်နားတယ် ပြီးတော့ ထပ်သောက်ပြန်တယ်။ ပြီးတော့ ထပ်ခါထပ်ခါ သောက်ပြန်တယ်။ သူ့မှာ ရေသောက်လွန်လို့ ဗိုက်ကြီးတင်းကားလာတယ် နောက်ဆုံး ဆက်မသောက်နိုင်ပဲနဲ့ လဲကျသွားတယ်။
ခဏကြာပြန်တော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်၊ သူကျတော့ ပထမလူလောက် အလောတကြီးမသောက်ဘူး၊ ပထမ တစ်ငုံလောက်သောက်လိုက်တယ် ကျန်တာကို သွန်ပစ်လိုက်တယ်။ နောက်တစ်ငုံထပ်သောက်တယ် ကျန်တာကိုသွန်ပစ်လိုက်တယ်။ အဲ့ဒီလိုသောက်လိုက်သွန်လိုက်နဲ့ သူလည်း ဗိုက်ကြီးတင်းကားလာတယ်။ နောက်ဆုံး ဆက်မသောက်နိုင်တော့ပဲ လဲကျသွားပြန်တယ်။
ခဏကြာပြန်တော့ နောက်တစ်ယောက် ရောက်ပြန်လာတယ်။ ဒီလူကြတော့ ရေကိုတွေ့တွေ့ချင်း တစ်ဝသောက် ပြီးတော့ ရေကိုခေါင်းပေါ်ကနေ တဝလောင်းချ ပြီးတော့ တဝပြန်သောက် ပြီးတော့ ခေါ်င်းပေါ်ကနေပြန်လောင်းချ၊ အဲဒီလို ကျေနပ်အောင်နေပြီးတော့မှ ပြန်လည်ထွက်ခွာသွားတယ် ဒါပေမယ့် သူဝေးဝေး မသွားနိုင်ဘူး ခဏကြာတော့ လဲကျသွားပြန်တယ်။
အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် အချစ်ဖန်ဆင်းရှင်ကို မေးကြည့်တယ် သူတို့ ဘာဖြစ်သွားကြတာလဲလို့
သူကပြောတယ်။
“သူတို့တွေ က ငါဖန်ဆင်းထားတဲ့ အချစ် အိုအေစစ်လေးက အချစ်ရေတွေကို တန်ဖိုးမထားခဲ့ကြလို့ပဲ။ ပထမ တစ်ယောက်ကတော့ လောဘတကြိး သောက်ယူသုံးစွဲတယ်။ သောက်လေသောက်လေငတ်မပြေဖြစ်ပြီး လဲကျသေဆုံးတယ်။ ဒုတိယတစ်ယောက်ကတော့ တန်ဖိုးမထားတတ်ဘူး။ သောက်တယ် သွန်တယ်။ သူလည်းအဲ့လိုပဲ နောက်ဆုံး လဲကျသေဆုံးခဲ့တယ်။ တတိယတစ်ယောက်ကတော့ အလွဲသုံးစားလုပ်တယ်။ သောက်တယ် ချိုးတယ်။ အဲဒီတော့ အပူရှပ်ပြီးသေဆုံးခဲ့တာပဲ။ အဲ့ဒီငါ့ရဲ့ အချစ်အိုအေစစ်ဆိုတာက ဒီလိုပူပြင်းလှတဲ့လောက အလယ်မှာ ခရိးသွားတွေ တန်ဖိုးရှိရှိ သောက်ယူသုံးစွဲဖို့ ဖန်ဆင်းထားခဲ့တာပဲ။ တန်ဖိုးရှိရှိ သောက်ပါ နားပါ။ ပြီးရင် ကိုယ်ရဲ့လိုရာခရိးကို ငြိမ်းချမ်းစွာနဲ့ သွားနိုင်ကြမယ်။ အဲဒါကြောင့်.....
အချစ်ကို အလွဲသုံးစား မလုပ်ရဘူး။ဘယ်သူမပြုမိမိ အမှုပါပဲ။”
အဲဒါနဲ့ ကျွန်တော်လည်း အဲ့ဒီ အိုအေစစ်လေးမှာ ကျွန်တော့်အတွက် လိုအပ်သလောက် ယူငင်သောက်သုံး အနားယူပြိး ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။။။ ခရီးကတော့ ရာစုနှစ်ခရီးပေါ့ခင်ဗျာ.......
အားလုံးကို ကျေးဇူးတင်ပါတယ် ခုလို ပြီးဆုံးအောင် မျက်စိ အညောင်းခံပြီးဖတ်ပေးတဲ့ အတွက်၊ အားနည်းချက်တွေ ရှိတဲ့အတွက် ခွင့်လွတ်နားလည်ပေးပါလို့ .....
ကြိုးစားလျှက်ပါ။။။။
မင်းမြတ်ဘုန်း
Thursday, October 23, 2008
အချစ်နှင့် ခရီးသွားခြင်း (၂)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 5:47 PM
Labels: ရင်တွင်းဖြစ်
Subscribe to:
Post Comments (Atom)
3 Comments:
အရမ်းကောင်းတဲ့ ပို့စ်လေးပါ...
မိုက်တယ်ဗျာ...။ အင်မတန် နူးညံ့ပြီး စိတ်ကူးကောင်းနဲ့ ဖန်တီးထားတဲ့ ပို့စ်တစ်ခုပဲဗျာ။
kyite dal bro.
cheer up.!
pho-kachin
Post a Comment