မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, January 22, 2008

ယောက်ျား...!!!!!! မိန်းမ......!!!!!!

.......................................................................................................................................

(၁) သြော်...ယောက်ျား

တွေ့စ
ဟာ.. ချစ်စရာလေး...ဖြူလွှလွှလေး....နတ်သမီးလေးကျနေတာပဲ။

ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး....ငါသူကိုပဲလက်ထပ်မယ်။

လက်ထပ်းပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ကြာလေဆိုးလေပဲ ငါသည်းခံလို့မရတောဘူး။

လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ...အကျိုးသင့် အကြောင်းသင့် မစဉ်းစာတတ်တဲ့ မိန်းမငါဘာလို့သူကို လက်ထပ်မိပါလိမ့်။

လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။

လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထားပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။နောင်ဘဝရှိရင်သူ့ကိုပဲ ငါလက်ထပ်မယ်။

မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ဝမ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ ကမ္ဘာပေါ်မှာရှိတဲ့အကောင်းဆုံး မိန်းမတစ်ဦးကိုဆုံးရှုံးလိုက်ရပြီ.....။။။။


(၂)သြော်....မိန်းမ

တွေ့စ
ဟင်း...မအူမလည်လေး.... တုံးအအ ပုံစံလေးနဲ့....ချစ်ဖို့ကောင်းတယ်

ချစ်စ
သူအရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး... ငါ့သူနဲ့ပဲ လက်ထပ်မယ်။

လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး ။ ဗဟုသုတလည်းရှိတယ်၊ ငါ့ကိုလဲ ကြင်နာတယ်၊ ယောက်ျားပီသတယ်။

လက်ထပ်ပြီး(၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ မတူဘူး၊ ကြိုးစားတယ်။

လက်ထပ်ပြီး(၁၀)နှစ်
သူဟာဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ မလဲတောင် မသိဘူး။

လက်ထပ်ပြီး အနှစ် (၂၀)
သူ့ရဲ့ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား....

လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလားပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊ ခေါင်းက မာသေး...

လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီး ကို နောက်ဘဝမှာ ဘာပဲပြောပြော မယူဘူး.....

ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ....။။။

0 Comments: