မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, May 27, 2008

မေလ၏နေ့ရက်များ

အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ လို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခုမှ blog

ဘက်ပြန်လှည့် နိုင်တယ်။ သူငယ်ချင်းအားလုံးနဲ့ ခွဲခွာခဲ့ရတာ တော်တော်လေးကြာသွားတယ်။ ဒီ

May 2 က စပြီး စိတ်ကော လူရော ပင်ပန်ကြီးစွာနဲ့ ဖြတ်သန်းခဲ့ရတယ်။ နာဂစ် ကြောင့်

မြန်မာပြည်ကို မြန်မြန်ပြန်လစ်ရတယ်။ မြန်မာပြည်ကို ဆင်းဆင်း ခြင်း

ကိုယ်တိုင်မြင်တွေ့ရတာတွေဟာ ပြန်မပြောပြလောက်အောင်ကို စိတ်ဆင်းရဲခဲ့ရတယ် နဂိုကမှ

တော်တော်လေးကို ပျက်ဆီးယိုယွင်းနေတဲ့ ရန်ကုန်မြိုကြီးဟာ ခုဆိုရင် တစပြင် ကို

ဖြစ်သွားတယ်။ နှစ်ပေါင်းများစွာ သက်တမ်းရင့်ပြီးသား သစ်ပင်တွေ လဲပြိုခဲ့ တယ်။

သဘောကတော့ ဟောင်းနွမ်းဆွေးမြေ့နေပြီးဖြစ်တဲ့ မြန်မာပြည်ကြီးကို

အသစ်တဖန်ပြန်လည်တည်ဆောက်ဖို့အတွက် နာဂစ်က ပထမဦးစွာ

ရှင်လင်ဖယ်ရှားပေးလိုက်တာပဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပြီးဆိုတာ သဘာဝကြီးက

နိုးဆော်လိုက်တာ။ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ မြန်မာပြည်ကြီးရဲ့ စနစ်ဆိုးတွေကို လည်း

ပြုပြင် ဖယ်ရှားဖို့ သဘာဝတရားကြီးက ဆော်သြော် လိုက်တာ။ ဒါပေမယ့်

ပြည်သူတွေအတွက်တော့ တော်တော့်ကို့ စိတ်မကောင်းစရာပါပဲ။ သဘာဝမုန်တိုင်း နှင့်

အတ္တမုန်တိုင်း အောက်မှာ လူတွေက လူလိမ့်အောင်ကို ခံစားရတယ်။ မုန်တိုင်းကြောင့် အိုးမဲ့

အိမ်မဲ့ သားကွဲ မယားကွဲ နှင့် ရင်နင့်အောင်ခံစာရ နောက်ပြီး အတ္တမုန်တိုင်းကြောင့် ကျန်းမာရေး၊

ပညာရေး၊ အကျင့်စာရိတ္တ ၊ အနာဂတ် အားလုံး မဲ့ အားလုံးအားလုံး ဆုံးရှုံး။

ဒါတွေကို အမှန်တကယ် သိမြင်တတ်ဖို့ လိုလာပြီ၊ ကိုယ်တဦးတစ်ယောက်အတွက်

လူတွေအမျာကြီးကို မစတေးသင့်ဘူး။

ဒိလို စိတ်မကောင်းခြင်းများစွာနဲ့ အိမ်မှာ ပျက်စီးသွားတာလေးတွေကို အမြန်ဆုံး

ပြုပြင်ပြီးတော့ ပြန်လာခဲ့ရတယ်။ ဒီရောက်တော့ လက်ရှိနေတဲ့အိမ်လေးကလည်း နေလို့

မရတော့ ဘူး ဆိုတော့ အိမ်တစ်လုံး အမြန်ရှာရပြန်တယ်။ အိမ်ရှာရတာလည်းတော်တော်လေးကို

ပင်ပန်းရပြန်တယ် စိတ်ကောလူရော။ အင်း.... အိမ်ရပြန်တော့လည်းပြောင်းရ ရွှေ့ရနဲ လူကို

အရမ်းပင်ပန်းသွားတယ်။ ဒီကြားထဲ ပိုပြီးစိတ်ထိခိုက်သွားရတာ တခုက ကျွန်တော်

အကိုကြီးတစ်ယောက်လိုချစ်ရတဲ့ ကိုစိုင်းရဲ့ ညီလေး အိုက်ဆမ် ဆုံးပါးသွားတာနဲပါတ်သက်ပြီး

တော်တော် လေးကို စိတ်မကောင်းဖြစ်မိတယ်။ မြန်မာပြည် ပြန်သွားတဲ့ အချိန်လေးမှာ

ကျွန်တော် အိုက်ဆမ်နဲ စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ် သူ ကိုစိုင်းဆီကို အမေနဲ့ အတူ လိုက်လာမည့် အကြောင်းတွေကို

အားရဝမ်းသာစွာနဲ့ ကျွန်တော့်ကို ပြောပြခဲ့တယ်၊ သူလာချင်တဲ့ကြောင်းလည်းပြောပြခဲ့တယ်။ ပြီးတော့ သေချာစာရေးပြီးတော့

ပေးလိုက်တယ်။ ကျွန်တော်လည်းရောက်ရောက်ချင်း အဲဒီစာကို မပေးဖြစ်ဘူး ဒါနဲ ၂ ရက် ၃ ရက်ကြာသွားတယ်။ ဒီလိုနဲ

သူဆုံးပြီးနောက်နေကျမှ ကိုစိုင်းကို သွားပေးဖြစ်တယ်။ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။

အဲဒီလိုနဲ ဒီမေလဟာဆိုရင်ဖြင့် ကျွန်တော်အတွက် စိတ်မကောင်းခြင်း နာကြည်းခြင်း

ဝမ်းနည်းကြေကွဲခြင်း စိတ်ပူပန်ခြင်း အားလုံး စုပုံပြိးခံစား ခဲ့ရတယ်။ စိတ်ကို တော်တော်

တည်ငြိမ်အောင်ထိန်းသိမ်းပြီးရင်ဆိုင်ခဲ့ရတယ်။ တော်တော်ကြိုးစားရဦးမယ် ရှေ့ရှောက်

အသက်ရှင်သန်နေသရွေ့ ရင်ဆိုင်နေရဦးမယ်။ အတွေ့အကြုံ နှင့် ရင့်ကျက်မူ ကို

ဝယ်ယူလို့မရဘူး ဆိုတာ တော်တော် မှန်တယ်။ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ပြီးမှ

ရင့်ကျက်မူဆိုတာ ရလာတာပါ။ ကျွန်တော် လည်းရင့်ကျက်မူ ရှိလာအောင် အခက်အခဲတွေ ကို

များ များ ရင်ဆိုင်လိုက်ဦးမယ်။ :P

ဆက္ဖတ္ပါ...

Thursday, May 8, 2008

သက်ဆိုင်သူသို့ (ဝမ်းနည်းကြေကွဲချင်း)

ကျွန်တော် ချစ်တဲ့ blog ၊ ကျွန်တော့်ရဲ့ blog သူငယ်ချင်းတွေ နဲ့ ခဏခွဲခွာရဦးမယ်။

ပြီးခဲ့တဲ့ရက်တွေစပြီး blog ဘက်ကို မလှည့်နိုင်ဘူး ဖြစ်သွားတယ်။

်အမိမြန်မာပြည်ရဲ့ ဆိုးဝါလှတဲ့ သတင်ကို ကြားကြားမိချင်း

တော်တော်စိတ်မကောင်းဖြစ်မိတယ်။ နေ့စဉ် သတင်းတွေကိုပဲ ရင်နင့်စွာနဲ

ကြားနေရတယ်ပြီးတော့ ကြားရတဲ့ သတင်းတွေအတွက်လည်း နာကြည်းမိတယ်။

ကျွန်တော်ခံစားရတာတွေကို မြန်မာပြည်သားတစ်ယောက်အနေနဲ

ပေါက်ကွဲမိတယ်။ ကိုယ့်မိသားစု မှာတောင် ကိုယ့်သားသမီးတွေ တစ်စုံ

တစ်ခုဖြစ်ရင် တစ်ခုခု ထိခိုက်ဒဏ်ရာ ရရင် ဘယ်မိဘက မှ ပြစ်မထားဘူး

ဘားမှသိပ်မလုပ်ပေးနိုင်တောင်မှ အားပေးစကားတော့ ပြောဖြစ်ကြတယ်။

ဘယ်လောက်ပဲဆိုးတဲ့ သားသမီး ဖြစ်နေပါစေ သူတို့ ဟာ တို့သားသမီးတွေပဲလို့

ကြင်နာသနားတတ်ကြတယ်။ ခုဆိုရင်လည်း ကိုယ့်သားသမီးတွေ

ဒုက္ခရောက်နေကြကုန်ပြီး၊ ပြီးတော့ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး သန်းနှင့်

ချီတဲ့ သူတွေ။ ခုချိန်သူတို့တွေရဲ့စိတ်မှာ ကူညီကြပါလို့တောင် မအော်နိုင်ကြတဲ့

အခြေနေ၊ အဲ့တာကြောင့် ဒီလောက်ဆိုးရွား လှတဲ့ အခြေနေမှာ

ဂရုတစိုက်နဲ့သူတိုကို အားပေးသင့်တယ် ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ

လုပ်ပေးသင့်တယ်။ နိုင်ငံတကာ ရဲ့အကူအညီကို

လှိုက်လဲဝမ်းသာစွာကြိုဆိုသင့်တယ်

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ စိတ်ယုတ်မာတွေ မမွေးကြပါနဲ့။

ခုချိန်ခါမှာ ရေးပေါ်အကူအညီတကယ်လိုအပ်နေပြီး မိသားစုတွေ မိသားစုတွေ

အဖေတွေ အမေတွေ အဘိုး အဘွား ညိအကို မောင်းနှမအားလုံး ဘယ်သောင်မှာ

ကပ်လို ဘယ်ချုံမှာ တင်နေကြတယ် မသိနိုင်တော့ဘူး

သေဆုံးခဲ့တဲ့သူတွေအတွက်တော့ ဘာမှဆက်လုပ်ပေးလို့ သိပ်မရတော့ပေမယ့်

သူတို့နဲ့ပတ်သက်ပြီးကျန်ခဲ့တဲ့သူတွေ။ သားတွေ သမီးတွေ အဖေတွေ အမေတွ

ခိုကိုးရာမဲ့ကုန်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပြီး သူတို့ကို

ကျွန်တော့်တို့အားလုံးကတတ်နိုင်သရွေ ကူညီကြရတော့မယ် အားပေးရတော့မယ်

သူတို့ရဲ ဘဝတွေ ဆက်လက်ရှင်သန်ဖို စာနာစိတ်နဲ့ကူညီကြရတော့မယ်။

အားလုံးဟာ ကိုယ့်အမိမြန်မာပြည်မှာ တမြေတည်းနေ တရေတည်းသောက် ကြတဲ့ သူတွေ တစ်စိမ်းတစ်ရံတွေတောင်မှာ

စာနာထောက်ထားစွာနဲကူညီနေရင်

ကိုယ်သွေးရင်းသားရင်တွေက ပိုကူညီပံပိုးသင့်တယ်။ စေတနာသန့်သန့် နဲ့ ကူညီပါ

လူသားတစ်ယောက်နေနဲ့ကူညီပါ။ ကိုယ်ချင်းစာ တရားထားပါ။ ကိုယ့်မိသားစုနှင့်

နှှိုင်းယှဉ်ကြည့်ပါ။ ကိုယ်ဘားမှ မလုပ်ပေးနိုင်တာတောင်မှ လုပ်ပေးနိုင်တဲ့သူတွေကို မပိတ်ပင်သင့်ဘူး။ မေတ္တာထားပြီး လုပ်ကြပါ။

တခြားကိစ္စတွေကို ခဏဘေးဖယ် ပြီး

လုပ်သင့်လုပ်ထိုက်တာကို ဦးစားပေးပါ။

ဒါဟာ မြန်မာပြည်သားတစ်ဦးဖြစ်တဲ့ ကျွန်တော့်ရဲ့ ခံစားချက်များပါ။ မြန်မာပြည်မှာ

မွေးဖွားခဲ့တဲ့သူတွေ အားလုံးလည်းဒီလို ခံစားမိမယ်လို ယုံကြည်ပါတယ်။

ဘာလို့များ ကျွန်တော်တို့ ဗုဒ္ဓဘာသာ နိုင်ငံမှ ဒီလို ဆိုးရွားလှတဲ့ ကပ်ဘေး တွေ

ရင်ဆိုင်နေရတာလဲ။ ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်တယ်ဆိုရင်

နောင်အမှားတွေ ဆက်မလုပ်မိဖို့အရေးကြိးပါတယ်။ မြေဇာပင်များကတော့

ပြည်သူတွေပဲပေါ ဗျာ။

ဆက္ဖတ္ပါ...