ယနေ့ သီတင်းကျွတ်လပြည့်နေ့ ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်ကာပူ) ၌ ညောင်ကန်အေး
ဆရာတော် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒက သီတင်းကျွတ်
အထူးတရားပွဲကို နာကြားခဲ့ကြရပါသည်။ ယနေ့ သီတင်းကျွတ်လပြည့် နှင့်ပတ်သက်ပြီး ဆရာတော်ရဲ့
တရားအကျဉ်းချုပ်ကတော့ ဗုဒ္ဓမြတ်စွာ ဘုရားက ဝါတော် ၇ ဝါ အရောက်မှာ မယ်တော်ဖြစ်ခဲ့ဘူးသော
သန ္တုဿီတ နတ်သားကို အမှူး ပြု၍ နတ်ဗြဟ္မာအပေါင်းကို ဝါတွင်း ၃ လ တိုင်တိုင် အဘိဓမ္မာတရား
ဟောကြား၍ မိဘကျေးဇူးဆပ်ကြောင်းကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ ရှင်သာရိပုတ္တာ ရဟန ္တာမြတ်
ကလည်း မိဘကျေးဇူးကို မည်သို့ ဆပ်ခဲ့ပုံတို့ကို ဟောကြား တော်မူခဲ့ပါသည်။
ကျွန်တော်တို့တတွေ မိဘကျေးဇူးဘယ်လောက်ကြီးကြောင်းကို သိပြီး ဘယ်လိုကျေးဇူးဆပ်ရမယ်
ဆိုတာ သိဖို့လို ပါတယ်။ ကျွန်တော်တို့ လိုပုထုဇဉ် လူသားတွေအဖို့ မိဘကျေးဇူးကို မဆပ်နိုင်တောင်မှ
မစော်ကား မိဖို့ တော်တော် သတိထားရပါမယ်။ ကာယကံအနေ နဲ့ရော ဝစီကံ အနေနဲ့ရော
မစော်ကားမိအောင် ပေါ့။ ကျွန်တော်တို့ အများကြီးကံကောင်းကြပါတယ် မြန်မာပြည်လို
ဗုဒ္ဓတရားထွန်းကားတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့ကြတဲ့အတွက် ကျွန်တော် တို့တတွေ
လိမ္မာယဉ်ကျေးလာအောင် သွန်သင် ဆုံးမမည့် ဗုဒ္ဓတရားတော်တွေကို ငယ်စဉ်ကတည်းက
လူကြီးမိဘတွေ ရဲ့ သွန်သင်ဆုံးမ မူ့တွေကို ကြားနာခဲ့ရပါတယ်။
အဲ့ဒီအတွက် ကျွန်တော်တို့ တိုင်းပြည်မှ လူငယ်လူရွယ် များဟာဆိုရင်ဖြင့် အနည်း နှင့် အများတော့
လူကြီးမိဘတွေကို ရိုသေရမှန်း လုပ်ကျွေး ပြုစုရမှန်း သိနားလည်ကြတယ်။
စော်ကားဖို့ စိတ်မဖြစ်တော့ဘူး။ ဒါကောင်းတဲ့ အချက်တစ်ခုပဲ။
ခုကျွန်တော် ရောက်နေတဲ့ တိုင်းပြည်သေးသေးလေးမှာ ကတော့ဖြင့် မိဘကျေးဇူးဆို တာ
သိပ်မသိကြဘူးလို့ထင်တယ် ။ ကျေးဇူးသိဖို့နေနေသာသာ ကိုယ့်မိဘတွေ အသက်ကြီးလာပြီး
မလုပ်နိုင်မကိုင်ကြရင်တောင်ဘယ်လို ပြုစုရမယ်ဆိုတာတောင် သိပ်မသိကြတော့ဘူး။
များသောအားဖြင့်ပေါ့ အကုန်လုံးတော့မဟုတ်ပါဘူး။
တစ်ခါက ကျွန်တော် ကိစ္စတစ်ခုနှင့် ဆေးရုံတစ်ခုကို ခဏရောက်သွားခဲ့တယ် အဲဒီမှာ
ကျွန်တော်လည်း တုံကင် အလှည့် ကို ထိုင်စောင့်နေတုန်း ဆေးရုံထဲကို အသက် ၇ဝ လောက်
အဖိုးအိုတစ်ယောက်က အဖွားအို တစ်ယောက်ကို လက်တွန်းလှည်းလေးပေါ်မှာ တွန်းရင်း
ဝင်လာခဲ့တယ်။ အဖွားအို က ဆေးပိုက်တန်းလန်းနဲ့လှည်းပေါ်မှာ။ ကျွန်တော်တောင်တွေးမိတယ်
ဒီအဖိုးက ဒီအဖွားကို တော်တော်ချစ်ရှာတာပဲ။ ကိုယ်တိုင် မိန်းမကို ဆေးရုံလာပို့တယ်
ဘယ်သားသမီးမှ မခေါ်ပဲ နဲ့ လို့။ အဖိုးအိုကတော့ တက်ကြွရွှင်လန်းစွာနဲ့ပဲ လိုအပ်တဲ့ စာရွက်စာတမ်း
တွေနဲ့ လိုက်လုပ်နေရှာတယ်။ ဒီလိုနဲ့ အဖွားအိုရဲ့ ဆေးစစ်တဲ့ ကိစ္စတွေပြီးလို့ ပိုက်ဆံ ရှင်းတဲ့
အချိန်လောက်ရောက်မှ အသက် ၃၅နှစ် လောက် အမျိုးသမီးတစ်ယောက်ရောက်လာတယ်
ပျာပျာ ပျာပျာ နှင့် မျက်နှာကလည်း ကြည့်ကြည့်သာသာ မရှိဘူး။ ရောက်တာနှင့် အဖိုးအို အား
သူကို ဘာလို့ ခေါ်သလဲဆိုတဲ့အကြောင်း။ သူအလုပ်တွေ အရမ်းများနေတယ် ဆိုတဲ့အကြောင်း။
သူ လိုအပ်တဲ့ ငွေကြေးတွေပေးပြီးပြီဆိုတဲ့ အကြောင်း ဆူဆူပူပူ နှင့် ပြောတော့တာပဲ။ အဖိုးအိုလည်း
ပထမ ဘာမှ ပြန်မပြောသေးပါဘူး လူတွေ အများကြီး ဆိုတော့ ။ အဲဒီအမျိုးသမီးကလည်း ပွစိပွစိနှင့်ကို
ဆက်ပြော နေတော့တာပဲ အဖေတို့ က ကိုယ့် ကိစ္စကိုယ်မရှင်းဘူး တစ်ခါလာလည်း သူကိုပဲခေါ်တယ်
ဆိုတဲ့ အကြောင်းပေါ့၊ နောက်ကြာတော့ အဖိုးအိုလည်း ဆက်လက် သည်းညည်း မခံနိုင်တဲ့အဆုံး
သူ့မ အမေ သေမလို ရှင်မလို ဖြစ်နေလို့ ခေါ်လိုက်ရကြောင်း။ငွေကြေး နဲနဲလိုအပ်လို့ ခေါ်လိုက်ရကြောင်း
တစ်ယောက်တစ်ခွန်းစကားတွေများကြပြီး သူ့သမီးဖြစ်သူကို နောက်ဘယ်တော့မှ ငါတို့နဲ လာမတွေ့နဲ့
ငါ့မိန်းမ ကို ငါဆေးကုမယ် ဆိုပြီး မောင်းထုတ်လိုက်တယ် ဘေးနားမှာ ရှိတဲ့ လူတွေလည်း အဖိုးကြီးနှင့်
အဖွားကြီးကို ဂရုဏာသက်စွာနဲ့ ကြည့်နေကြတယ်။ ကျွန်တော်လည်း တွေးမိလိုက်တယ်
ဒီမိန်းမ မိဘကျေးဇူးဆိုတာ နည်နည်းလေးမှ နားမလည်ဘူး။ အိုကြီးအိုမတွေကို ဘယ်လို စောင့်ရှောက်
ရမယ်ဆိုတာနားမလည်ဘူး။ မိဘတွေဆိုတာက သူတို့အသက်အရွယ်ကြီးလို့ မသွားမလာနိုင်တော့ရင်
သူတို့အားကိုးတဲ့သားသမိးတွေကို သူတို့အနားမှာရှိစေချင်ကြတယ် ပြုစုယုယ တာခံချင်ကြတယ်။
ငါ့သားက ငါတို့ကို ဘယ်လို ဂရုစိုက်တာ ငါတို့သမီးက ငါတို့ကို ဘယ်လိုပြုစုတာဆိုပြီး ဂုဏ်ယူချင်ကြတယ်။
ကျွန်တော်လည်းသူတို့ကို ကြည့်ပြီး အဝေးမှာ ရှိနေကြတဲ့ ဖေဖေနဲ့မေမေကို သွားသတိရလိုက်မိတယ်။
ဖေဖေနဲ့မေမေ တို့နေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဘယ်သူက ဆေးရုံဆေးခန်းလိုက်ပို့ပေးမလဲ
ဘယ်လိုပြုစုမလဲလို တွေးကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်။ ရင်နင့်အောင်လည်းခံစားမိပါတယ်။
ဖေဖေနဲ့ မေမေ တို့ကို အမြန်ဆုံးကိုယ်ထိလက်ရောက်ပြုစုနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ခုလို သီတင်းကျွတ်လပြည့်နေ့မှာ မာတာပိတုဂုဏောအနနေ ္တာဆိုတဲ့အတိုင်း အဝေးမှာ ရှိနေကြသော
ဖေဖေ မေမေ နှင့် ကြီးကြီးတို့ကို သား မင်းမြတ်ဘုန်း ဤနေရာမှ ရိုသေစွာ ရှိခိုးကန်တော့လိုက်ရပါသည်။
ဖေဖေ မေမေ ကြီးကြီးတို့ ကျန်းမာ ချမ်းသာစွာနှင့် တရားဘာဝနာ တွေကို ကျင့်ကြံပွားများနိုင်ပါစေလို့
ဆုတောင်းလိုက်ပါသည်။
မင်းမြတ်ဘုန်း
Saturday, October 3, 2009
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:26 PM
Labels: အထိမ်းအမှတ်
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment