
ဆီးနှင်းမျာ တဖွဲဖွဲကျနေတဲ ဒီဇင်ဘာရဲ့ မနက်ခင်း။
အေးချမ်လှတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ဖြူဆွတ်လို့ကောင်မလေးရေ
ဘယ်ရောက်နေပြီးလည်းကွာ မင်းရဲ့တိတိတာတာ အသံလေးတွေ
ဒီနေရာဒီဒေသကိုရောက်တိုင်းမင်းကို မေ့လို့မရဘူး ကောင်မလေးရေ၊
ငါခုလျှောက်နေတဲ့ မြေနီလမ်းလေးပေါ်မှာလည်းတစ်ခါတုန်က
ကောင်မလေးနဲ့ အတူတူလျှောက်ဖူးခဲတာပဲ မင်းဟာ ငါ့ရဲ့လက်ကို တွဲ၊
အခစ်ခစ် ရယ်သံလေးနဲ့ ခုန်ပေါက် ပြေးလွှားပြီး ငါကို ဆွဲလို့။
ဒီဇင်ဘာ နှင်းတွေ ကျတဖွဲဖွဲ ကျနေတဲ့ ဒီလမ်းပေါ်မှာလည်း
တို့တတွေ လျှောက်ဖူးခဲ့တယ်နော် ကောင်မလေး။
မိုးတွေရွာတဲ့နေ့တွေမှာလည်း လျှောက်ဖူးခဲ့ကြတယ်နော်။
ဒါတွေဟာအားလုံးဟာအိမ်မက်တွေလား။
လွမ်းတယ်ကောင်မလေးရယ်
မင်းအရိပ် မင်းဝိညဉ်တွေ ရှိတဲ့ဒီနေရာလေးကို ကိုယ်မလာချင်ပေမယ့်
ကိုယ်အမြဲရောက်ရှိနေခဲ့တယ်ကောင်မလေးရယ်။
မင်းအသံလေးတွေကို ခုထိကြားနေရတုန်းပဲ။
တကယ်ဆိုရင် ကောင်မလေးက လောကကြီးကို ကိုယ့်ထက်
အများကြီးနောက်ကျပြီးမှရောက်ရှိလာတာပါ၊
ဘာလို့ ကိုယ့်ထက်အစောကြီးပြန်သွား ရတာလဲကောင်မလေးရယ်။
ပြန်တွေ့နိုင်မယ့် ကံတရားကို မချင့်မရဲ့နဲ့
လွမ်းတယ် လို့ တိုးတိုးလေး ရွတ်နေမိတယ်။
ကောင်မလေးရယ် ကိုယ့်နှလုံးသားထဲက လွမ်မောမှုတွေကို
မင်းရဲ့ချစ်စဖွယ် အနမ်းလေးတွေနဲ့ဖြေဖြောက်ပေးပါဦး
မင်း. ချန်ရစ်ခဲ့တဲ့ ဒီဇင်ဘာည တွေက အေးစက်စွာနဲ ကုန်ဆုံးခဲ့ပြီကွာ....
ဆောင်းခိုငှက်
0 Comments:
Post a Comment