
အလွန်ကြီးမားတဲ့ ကျွန်သစ်ပင်ကြီးပေါ်မှာ ငှက်မောင်နှံ အသိုက်ဖွဲပြီး နေထိုင်နေကြတယ်။ တစ်နေ့တော့ ငှက်မလေးဟာ ငှက်ကလေးတစ်ကောင် ကိုမွေးဖွားခဲ့တယ်။
ငှက်မောင်နှံဟာ ငှက်ကလေးကို အရမ်းချစ်တာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျတော့ ထင်းခုတ်သမား သားအဖ နှစ်ယောက်ဟာ ကျွန်းသစ်ပင်ကြီးအောက်ကိုရောက်လာတယ်။
ထင်းခုတ်သမား သားက ကျွန်းသစ်ပင်ကြီးကိုတွေ့တော့
“အဖေ သားတို့ ဒီကျွန်းပင်ကြီးခုတ်ကြမယ်လေ”
ထင်းခုတ်သမားက ကျွန်းပင်ကြီးကိုကြည့်ပြီး
“အင်... ဒီအပင်က တော်တော်ကြီးတယ် နောက်ရက်ကျမှ အဖေတို့ တောင်ပိုင်းက သစ်ခုတ်သမားတွေကို ခေါ်ပြီး လာခုတ်ကြတာပေါ”
“ဟုတ်ကဲ့အဖေ”
ဒီလိုနဲ့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်မှ ထွက်သွားကြတယ်။
အဲဒီလို ထင်းခုတ်သမား သားအဖ ပြေားနေတဲ့ စကားကို ငှက်မလေးကြားသွားတော့ အရမ်းကိုစိုးရိမ်သွားတယ်။
အဲဒါနဲ့ ငှက်မလေးက ငှက်ဖိုကိုပြောတယ်
“ဘယ်လို လုပ်ကြမလဲ ကျွန်မတို့ သားလေးက လည်းမပျံနိုင်သေးဘူး သူတို့နောက်နေ့သစ်ပင် လာခုတ်ရင် ကျွန်မတို့တော့ ဒုက္ခ ပါပဲရှင်ရယ်”
ငှက်ဖိုက
“သိပ်လည်းစိတ်မပူပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၂ပတ်လောက်ကြာတော့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ပြန်ရောက်လာတယ်။
ထင်းခုတ်သမား သားက
“အဖေ သားတို့ ဒီကျွန်ပင်ကြီးကို ခုတ်ကြရအောင်။”
ထင်းခုတ်သမားက
“အဖေ တောင်ပိုင်းကသစ်ခုတ်သမားတွေကို သွားခေါ်တယ် သူတို့က မအားသေးဘူးပြောတယ်။ အဖေတို့ မြောက်ပိုင်းက သစ်ခုတ်သမားတွေကို သွားခေါ်ပြီး တော့ လာခုတ်ကြတာပေါသားရယ်”
ဒီလို နဲ့ သစ်ခုတ်သမား သားအဖ ထွက်သွားကြပြန်တယ်။
အဲဒီလို သစ်ခုတ်သမား သားအဖ ပြောဆိုသံကို ငှက်မလေးက ကြားပြန်တော့ အရမ်းစိုးရိမ်သွားပြန်တယ်။
အဲ့ဒါနဲ့ ငှက်ဖိုကိုပြော ပြန်ရော
“ဒီတစ်ခါတော့ သူတို့ တကယ် လာကြတော့မယ်နဲ့တူတယ် ဘယ်လိုလုပ်ကြမလဲ”
ငှက်ဖိုက....
“သိပ်လည်း မစိုးရိမ်ပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၃ပတ်လောက်ကြာသွားတယ် ဘယ်သူမှ မလာခဲ့ကြဘူး။ နောက် သီတင်း ၄ပတ်လောက်ကြာတော့ သစ်ခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ရောက်လာကြပြန်တယ်။
ထင်းခုတ်သမားက သူ့သားကို ပြောတယ်
“သားရေ အဖေ မြောက်ပိုင်းက ထင်းခုတ်သမားတွေကိုသွားခေါ်တယ် သူတို့ကလာမယ်ပြောပြီး ခု သီတင်း ၃ပတ်ရှိပြီ မလာကြသေးဘူး။ သူတို့ မလာရင်တော့ နောက်ရက်ကြရင် အဖေတို့
နှစ်ယောက်ပဲ လာခုတ်ကြတာပေါ့သားရယ်။”
ထင်းခုတ်သမားသား က
“ဟုတ်တယ် အဖေ သားတို့ သူများအားမကိုးပဲ ကိုယ်အားကိုယ်ကိုးပြီးလာခုတ်ကြတာပေါ့”
ဒီလိုနဲ့ ပြောပြီး ထင်းခုတ်သမား သားအဖ ထွက်သွားကြတယ်။
အဲဒီစကားသံတွေကို ငှက်မောင်နှံ ကြားတော့
ငှက်ဖိုက....
“ရှင်မရေ ဒီတစ်ခါတော့ သူတို့တွေ တကယ်လာခုတ်တော့မယ် ငါတို့ အသိုက်ပြောင်းမှ ရတော့မယ်”
အဲ့ဒီတော့ ငှက်မလေး ပြုံးပြီး
“အင်း... စိုးရိမ်စရာတော့ မရှိတော့ပါဘူး အသိုက်ပြောင်းမယ်ဆိုလည်း ပြောင်းလို့ရပါပြီး ကျွန်မတို့ သားလေးလည်း ကောင်းကောင်းပျံနိုင်နေပြီပဲ။ ဒါနဲ့ ရှင်ပြောတာမှန်သားပဲ သူတို့ မလာနိုင်သေး
ပါဘူး ဆိုတာ” “ ရှင်ကဘယ်လို သိလဲ ”
ငှက်ဖိုက....
“ သြော် ရှင်မရယ် ဘယ်အလုပ်မဆို ကိုယ့်အားကိုယ် မကိုပဲ သူများအားကို နေရင် ဘယ်တော့မှ မဖြစ်မြောက်နိုင်ဘူးလေ” “ ကိုယ့်အားကိုယ် ကိုးရင် တော့တစ်ကယ် ဖြစ်မြောက်တော့မယ်ဆိုတာ
ကျိန်းသေ သလောက်ဖြစ်သွားပြီး။ အဲ့တာကြောင့် သူတို့က သူများကို အားကိုးနေသ၍ ငါတို့သစ်ပင် ကို မခုတ်ဖြစ်သေးဘူးဆိုတာ ကျိန်းသေတာပေါ့ ရှင်မရယ်”
ဒီလိုနဲ့ သူတို့ ငှက်သားအမိလည်း ပျော်ရွှင်စွာနဲ့ အသိုက်ပြောင်းရွှေသွားကြတယ်။
Friday, August 22, 2008
ထင်းခုတ်သမား နှင့် ငှက်မောင်နှံ
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 6:20 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ပုံပြင်
Monday, August 18, 2008
ချစ်သူ နှင့်သာဆိုရင်

အသင့်ပြင်ထားတဲ့
အိမ်မက်ရထားကို
အချစ်တွေအပြည်ဖြည့်
သံယောစဉ် လမ်းပေါ်မှာ
မြတ်နိုးမူနှင့်မောင်းနှင်
ချစ်သူဆီခုတ်မောင်းလို့
လှပတဲ့နေ့ရက်များဆီသို့
ချစ်သူလက်ကိုဆွဲကာ
သူရိန်မင်းဆီမှာ လက်မှတ်ဖြတ်ပြီး
ကိုတို့ကမ္ဘာပတ်ကြမယ်
စကြဝဠာ တံတိုင်းမှာ သွားထိုင်ပြိး
လမင်းကြီးကို လှောင်ပြုံး
ကြယ်တွေကို သီကာကုံးလို့
ချစ်သူ့ရင်ခွင်ကြားမှာ
မှေးကာအိမ်စက်တော့မယ်
(အမြဲစိတ်ကောက်တတ်တဲ့ ကျွန်တော့်ချစ်သူအတွက် :P)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 3:57 PM 1 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ် ကဗျာ
Friday, August 15, 2008
ကူညီကွပါ
ကဲ့ ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ဘလော့ဂ်ကာ ဘော်ဘော် များ ကို အကူအညီတောင်းခံချင်ပါတယ်။
အားလုံးလည်းကူညီနိုင်မယ် လို့ထင်ပါတယ်။
အကြောင်းကတော့ ကျွန်တော့်ရဲ့ ကောင်မလေး က ကျွန်တော့်ရဲ့ excel ဖိုင်ထဲမှာ ပိတ်မိနေတယ် ခင်ဗျာ
အရင်တုန်းက ကျွန်တော်ပျင်းလို့ရှိရင် သူနဲ့သွားသွားပြီးတော့ ကစားတယ် သူကို ချစ်လွန်းလို့ လျှို့ဝှက်ဂဏန်းလေးတွေနဲ့ ပိတ်ထားခဲ့တယ်
ခုမရောက်တာကြာသွားလို့ ခုမှပြန်သွားခဲ့ တာ ကျွန်တော့်ရဲ့ လျှို့ဝှက်ဂဏန်း နံပါတ်ကမေ့သွားတယ် ခုဝင်လို့မရတော့ဘူး ပြသနာတက်နေတယ်ဗျာ
ကူညီပြိးတော့ ဖွင့်ပေးကြပါဦးဗျာ.....
အဲ .... တစ်ခုတော့ ရှိတယ် ဒီဖိုင်ကို ဖွင့်တဲ့ လိျှု့ဝှက် ဂဏန်းကို ကျွန်တော်မေ့သွားတယ်ဆိုပေမယ့် ကျွန်တော်မှတ်မိတာလေးကို နဲနဲ ပြောပြလိုက်မယ်
နောက်ဆုံး နံပါတ် နှင့် တတိယ နံပါတ် ပေါင်းရင်တော့ တစ်ဆယ့်လေး ရတယ်
စတုတ္ထ နံပါတ်ကတော့ ဒုတိယ နံပါတ်ထက်ကို တစ်ကြီးပါတယ်
ပထမနံပါတ်ကတော့ ဒုတိယ နံပါတ် နှစ်ဆ ထက် ကို တစ်ငယ်ပါတယ်
ဒုတိယနံပါတ် နှင့် တတိယနံပါတ် ပေါင်းရင်တော့ တစ်ဆယ်ရပါတယ်
နံပါတ်တွေအားလုံးပေါင်းရင်တော့ သုံးဆယ်ရပါတယ်
ကဲ့ အဖြေရပြီးဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ် လုပ်ပြီးတော့ ဝင်ကြည့်ပါခင်ဗျာ ဝင်လို့ရရင်တော့ ကျွန်တော့်ကောင်မလေးနှင့် အတူတူ ကစားလို့ရပြီပေါ့။ အပျင်းပြေမှာပါ
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 3:30 PM 2 ယောက်က ဒီလိုမြင်တယ်
Labels: လက်ဆောင်
Tuesday, August 12, 2008
ချစ်ဖို့ ကောင်းသော ယောင်္ကျား

အားကစားခန်းမတစ်ခု၏ နားနေဆောင်အထဲမှာ လူလတ်ပိုင်း အမျိုးသား အချို့ လေ့ကျင့်ခန်းအပြီး အနားယူ နေကြသည်။ ရုတ်တရက် ခုံတန်းပေါ်မှာ တင်ထား ဖုန်းတစ်လုံး မှာ ဖုန်းခေါ်သံ ကျယ်လောင်စွားနဲ့ ထွက်ပေါ်လာတယ်။ အမျိုးသား တစ်ယောက်က ကောက်ကိုင်လိုက်ပြိး သူတို့ပြောနေကြတာကတော့
အမျိုးသား။ ”ဟယ်လို့”
အမျိုးသမီး။ ”ဟယ်လို မောင်လား ချစ်လေး ပါ”
မောင် အခုဘယ်မှာလဲ အားကစားဆောင်မှာ လား”
အမျိုးသား။ ”ဟုတ်တယ်”
အမျိုးသမီး။ ” ဟုတ်ပြီမောင်..... ချစ်လေး အခု ရှော့ပင်းစင်တာ မှာ.... သိလားမောင်..ဒီမှာ သိုးမွှေးအင်္ကျီး လေးတစ်ထည် တွေ့ထားတယ် အရမ်းလှတာပဲ ချစ်လေး အရမ်းလိုချင်တာပဲသိလား။ ဝယ်လိုက်ရမလားမောင်”
အမျိုးသား။ "ဘယ်လောက်လဲ"
အမျိုးသမီး။ "၁၅၀၀ ထဲပါမောင်"
အမျိုးသား။ "ဟုတ်ပြီလေ ချစ်လေးကြိုက်တယ်ဆိုရင်လည်း ဝယ်လိုက်ပေါ့"
အမျိုးသမီး။ "ပြီးတော့မောင်... ချစ်လေး ခုနက မာစီဒီးကား ကုမ္ပဏီ ပြခန်းမှာ ၂၀၀၈ မော်ဒယ် ကားတစ်စီးတွေ့ခဲ့တယ် တံခါးနှစ်ပေါက်ထဲ အရမ်းလှတယ်။ ချစ်လေး အရမ်းလိုချင်တာပဲ။ အရောင်လေးကလည်း မောင်ကြိုက်တဲ့အရောင်လေးလေသိလား။ ချစ်လေး..ရောင်းတဲ့သူတွေကိုဝင်မေးကြည့်တော့ ချစ်လေး တို့ယူမယ်ဆိုရင် ဈေးလျှော့ပေးမယ်တဲ့။ ချစ်လေး တို့ကလည်း ခုစီးနေတဲ့ ဘီအမ်ဒယူ ကိုလည်း..လည်းချင်နေတယ်မဟုတ်လား အတော်ပဲနော်။ "
အမျိုးသား။ "သူတို့ကဘယ်လောက်နဲ့ ပေးမှာလဲ"
အမျိုးသမီး။ " ၆၀၀၀၀ ထဲပါမောင်"
အမျိုးသား။ "အင်း...အဲဒီဈေးနဲ့ဆိုရင် အကောင်းဆုံးတော့ လိုချင်တယ်"
အမျိုးသမီး။ "အို... ဝမ်းသာလိုက်တာ..မောင်... မောင်ကလေ ချစ်ဖို့ အရမ်းကောင်းတာပဲ သိလား။ အင်...ပြီတော့သိလားမောင်...ချစ်လေး တစ်ခုပြောမယ် ဒီမနက်က သီတာ အိမ်ခြံမြေ အကျိုးဆောင် ကိုရောက်ခဲ့တယ်။ ချစ်လေး တို့ အရင်နှစ်က သွားကြည့်ခဲ့တဲ့ အိမ်လေးလေး ... မောင်ကြိုက်တယ်ဆိုတဲ့ အိမ်လေးပေါ့ နှစ်ထပ်တိုက် လုံးချင်း လေး၊ ရေကူးကန်လည်းပါတယ်၊ အိမ်ရှေ့မှာ ပန်းခြံလေးနဲ့ ကမ်းခြေကိုမျက်နှာမူထားတာလေ။ ခုရောင်းတော့မယ်တဲ့။"
အမျိုးသား။ "သူတို့က ဘယ်ဈေးခေါ်ထားလဲ"
အမျိုးသမီး။ "၄၅၀၀၀၀ ထဲပါမောင်၊ သူတို့ခေါ်တဲ့ဈေးကလည်း တော်တော်သင့်တော်တဲ့ဈေးပဲ။ ချစ်လေး တို့ ဘဏ်ထဲက ပိုက်ဆံနဲဆို ဝယ်လို့လောက်ပါတယ်။ ဝယ်လိုက်ရမလားမောင်။"
အမျိုးသား။ "အင်း..... ဘဏ်ထဲက ပိုက်ဆံနဲ့လောက်တယ်ဆိုရင် ဝယ်လိုက်လေ.. နဲနဲတော့ ဈေးဆစ်လိုက်ဦး ၄၂၀၀၀၀ လောက်ဆို ပိုအဆင်ပြေတာပေါ့။"
အမျိုးသမီး။ "အို... ကျေးဇူးပါပဲမောင်... မောင်ကတော်တော်ချစ်ဖို့ကောင်တယ်။ နောက်ပြီးကျရင်တွေကြတာပေါ့။ I love you မောင်..... bye..."
အမျိုးသား။ "I love you too ချစ်လေး ..... bye.."
ဒါနဲ့ အမျိုးသားက ဖုန်းကို ပိတ်လိုက်ပြီး ဖုန်းလေးကို ကိုင်ကာ
"ဒီဖုန်း က ဘယ်သူ့ ဖုန်းလဲ ခင်ဗျာ။"
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 9:42 AM 2 ယောက်က ဒီလိုမြင်တယ်
Labels: ဘာသာပြန် ဟာသ
Monday, August 11, 2008
ရင်ခုန်သံ ကဗျာ အပိုင်းအစ

ဟိုး......အဝေးဆီ
မှန်းမျော်တမ်းတ
တောင်တန်းအလှနှင့်
ချစ်သူအလှကို
စိကာပတ်ကုံး
စကားလုံးများနှင့်
ချယ်ကာမှုန်းလည်း
မှုန်ဝါးမြင်ကွင်း
မျက်ရည်တွင်းမှာ
နစ်မြောရပြီကွယ်..
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 11:42 AM 1 ယောက်က ဒီလိုမြင်တယ်
Labels: ကဗ်ာ
Tuesday, August 5, 2008
အန္တရာယ်ကင်း အကျိုးထူးဂါထာတော်
ကျွန်တော့်ရဲ့ ဘလော့ဂ်ဂါ ညီအကိုမောင်နှမ များအားလုံး အန္တရာယ်ကင်း ဘေးကင်းပြီး နှောက်ယှက်မှုများမှ ကင်းဝေးကြစေရန် မြင်းခြံ မြို့ မောင်ရင်ပေါ်ချောက်ကျောင်း ဆရာတော် ဘုရားကြီး အမြဲရွတ်ဖတ်ပူဇော်သော အန္တရယ်ကင်းအကျိုးထူးဂါထာတော် ကို ဓမ္မဒါန အဖြစ် ဖြန်ဝေ ပူဇော်လိုက်ပါသည်။ မည်သူမဆို ထပ်ဆင့်ဖြန့်ဝေ ဓမ္မဒါန ကုသိုလ် ရယူနိုင်ပါသည်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 3:55 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း
Saturday, August 2, 2008
ကျွန်တော်မြင်သမျှ ဘလော့ဂ် လောက

စိတ်ပျက်စရာ ဘလော့ဂ်လောကမှာ
ဘလော့ဂ်ဂင်း မလုပ်ပဲ
ဂေါက်ကွင်းသာ သွားလိုက်ချင်ပါဘိ
အွန်လိုင်းမှာ ရန်တွေဖြစ်
ဂျီတော့မှာ အသေဆော်
မီဒီယာ စစ်ပွဲ ဆင်ကာနွဲလို့
စိတ်ရိုင်းနှင့် စာတွေဆင်
ကီးဘုတ်နှင့် မောင်းကိုတင်လို့
အန်းတားနှင့် အသေပစ်
ထိချင်သူတွေထိ
ဖြစ်ချင်တာတွေဖြစ်
ရေးသူ ဖတ်သူ အသွင်မတူ
အမြင်တူရင်ကောင်း၏
မကျေနပ်သော်ဝင်ကာဆဲ
ကွန်မန့် နှင့် မြှောက်ကာပင့်
စီဘောက်တွေမှာ ခြစား
သြော်......
စိတ်ပျက်စရာ ဘလော့ဂ်လောက
ဗွက်ကိုပေါက်နေတာပါပဲ.....
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 12:31 PM 1 ယောက်က ဒီလိုမြင်တယ်
Labels: ကဗ်ာ
Friday, August 1, 2008
ရွေးချယ်မှု့

တစ်နေ့
ကောင်လေးတစ်ယောက်ဟာ သူတစ်ကိုယ်ထဲ အကြောင်းအရာတစ်ခုကို သေချာစဉ်းစားနေတယ်။ ဘာအကြာင်းအရာလဲဆိုတော့ သူစဉ်းစားတယ်
"လူတွေဟာ သူတို့ တွေနဲ့ သဟဇာတဖြစ်မယ့် သူတို့တွေနဲ့ သင့်မြတ်မယ့် ဘဝလက်တွဲဖော် အပေါင်းအသင်းမိတ်ဆွေတွေကို ဘယ်လိုရှာရမယ်" ဆိုတာကို သူတွေးတောနေတယ်။
ဒါနဲ သူလည်းစဉ်းစာမရတဲ့အဆုံး အိမ်ရှေမှာ ရှိတဲ့သူ့အမေဆီသို ထွက်လာပြီး
"မေမေ... ကျွန်တော်တို့ တတွေဟာ ကျွန်တော်တို့နဲ သဟဇာတ ဖြစ်မယ့်၊ ကောင်းမွန်သင့်မြတ်မယ့် ဘဝလက်တွဲဖော်ကို ဘယ်လိုရှာရမယ် ဆိုတာ သိလားမေမေ"
သူ့မေမေ က ခဏလောက် တွေးပြီး သူကို ပြန်ပြောလိုက်တယ်....
"အင်း... သားရဲ့ မေးခွန်က နဲနဲတော့ ခက်တယ်၊ လွယ်လည်းလွယ်ပါတယ်။"
ကောင်လေးကပြန်ပြောတယ်......
"ဟင်.... ခက်လည်းခက်တယ် လွယ်လည်းလွယ်တယ် ဘယ်လို မျိုးလည်း မေမေ"
သူ့မေမေ က သူ့တိုအိမ်ရှေ့ ကွင်းပြင်ကျယ်မှာ ရှိတဲ့ ပန်းပင်လေးတွေကို ကြည့်ပြီး...
"သား... ဟောဟိုးမှာမြင်လား ပန်းခင်းထဲမှာ ပန်းလေးတွေအများကြီးပဲ အဲဒီ ပန်းခင်းထဲကို သွားပြီးတော့ အလှဆုံး ပန်းတစ်ပွင့်ကို မေ့မေ့ ဆီကို ခူးလာခဲ့ သား.... သွားခူတဲ့ အခါမှာ သားသွားရမှာ က ဒီကနေတည့်တည့်သွား နောက်ပြန်မလှည့်ရဘူး... သားသွာ တဲ့လမ်းတည့်တည့်မှာ သားတွေ့တဲ့ အလှဆုံးပန်းကို ခူးလာခဲ့...ဟစ်ပွင့်ပဲခူးရမယ်နော်....မှတ်မိလား"
"ဟုတ့်ကဲ့ မေမေ သားမှတ်မိတယ် ခဏလေး သားပြန်လာခဲ့မယ်"
ဒါနဲ့ ခဏလောက်ကြာတော့ ကောင်လေးလက်ထဲမှာ ပန်းလေးတစ်ပွင့်ကိုကိုင်းပြီးပြန်လာတယ် ပြီးတော့ သူ့ အမေကို ပေးတယ်..
"ရော့.. မေမေ သားခူးလာတဲ့ ပန်း"
"ဟင်း... မင်းခူးလာတဲ့ပန်းက လှလည်မလှဘူး လှတဲ့ပန်းတွေအများကြီးရှိရက်နဲ့ ဘာလို့မလှတဲ့ပန်းကို ခူးလာရတာလဲ"
ထိုအခါ ကောင်လေးက......
"ဟုတ်ကဲ့မေမေ...လှတဲ့ပန်းတွေ ...သားတွေ့ပါတယ် ဒါပေမယ် ရှေ့မှာ ဒီ့ထက်လှတဲ့ ပန်းတွေ ရှိဦးမယ် ထင်လို့ မခူး လိုက်မိဘူး ။ ဒါပေမယ် သားသတိထားမိတော့ သားက ပန်းခင်းရဲ့ အဆုံးကို ရောက်နေပြီ ပြီးတော့နောက်ပြန်လည်းမလှည့်ရဘူးဆိုတော့ အဲ့ဒါနဲ့ပဲ သားလည်းနောက်ဆုံးတွေတဲ့ ဒီပန်းကို ခူးလာခဲ့တယ် မေမေ"
အဲ့ဒီတော့ သူ့မေမေ က သားကို ဖြေးဖြေးချင်းပြောပြတယ်......
"အဲ့ဒါပဲသား... လောကကြီးမှာလည်းအဲဒီလိုပဲ...... ခုနက မင်းမေးတဲ့ မေးခွန်းကို မင်းပဲ ဖြေခဲ့ပြီးပြီ"
"ဘယ်လိုမျိုးလည်းဟင်.... မေမေ"
"ဟုတ်တယ်သား ...... အဲဒီ ပန်းခင်းကြီးက လူလောကကြီးဖြစ်တယ် ... လှပတဲ့ပန်လေးတွေက သားနဲ့ သဟဇာတဖြစ်မယ့် သူတွေ.... ပြီးတော့ သားသွားခဲ့တဲ့လမ်းကတော့ သားရဲ့ အချိန်တွေပေါ့သား။
လောကကြီးမှာ ကိုယ့်နဲ့ သဟဇာတဖြစ်မယ့်သူ သင့်မြတ်မယ့်သူ ကိုရှာတော့မယ် ဆိုရင် ဘယ်တော့ မှနောက်တစ်ယောက်နှင့် မနိုှုင်းယှဉ်ပါနဲ သား။ နောက်ထပ် ဒီထက် ကောင်းတဲ့သူတွေရှိနိုင်လိမ့်မယ် လို့ လည်းမမျှော်လင့်ပါနဲ့။ အဲဒီလိုမျိုးလုပ်ခဲ့မိရင် မင်းရဲ့ ဘဝမှာ ရှိတဲ့ အချိန်တွေကို အလာဟသ ဖြုန်းတီးသလိုပဲ။ တစ်ခုသတိထားရမှာ က ကုန်ဆုံးသွားတဲ့ အချိန်တွေကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး ဆိုတာပဲ။ အဲဒီတော့ ကိုယ့် နဲ့ ဆက်ဆံရတဲ့သူ က ကိုယ်ရွေးချယ်လိုက်တဲ့သူပဲ ဖြစ်ပါစေ။ ကိုယ်ရွေးချယ်လိုက်တဲ့သူ က ဘယ်သူ ဘယ်ဝါ ဖြစ်နေပါစေ လက်ခံလိုက်ပါသား။"
ကောင်လေးမှာ သူ ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ဥပမာလေး အတွက် အရမ်းကို ပိတိဖြစ်ပြီး ခေါင်းလေးမော့ကာ နဲ့ စဉ်းစားနေခဲ့တယ် ပြီးတော့ တစ်သက်လုံး ဦးနှောက်ထဲမှာလည်း စွဲမြဲးသွားလေတော့သည်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 12:18 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: Story
Wednesday, July 30, 2008
ဦးနှောက်စေရာ

ရွာမည့်ဟန်ပြင်
ညိူစဉ်တွင်လည်း
လေပြင်းမာယာ
ဝင်လာပြန်တော
သူ့မာယာအောက်
လှစ်ကာကွယ်ပျောက်ခဲ့ရတယ်
ချစ်ခွင့်ဟန်ပြင်
ညွှတ်စဉ်တွင်လည်း
ဦးနှောက်စေရာ
ဝင်လာပြန်တော
ချစ်စိတ်ကွယ်ပျောက်
လွမ်းမောခဲ့ရတယ်.....၊၊
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 11:24 AM 1 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ် ကဗျာ
Monday, July 28, 2008
အကူအညီ
အသက်အရွယ်ကြီးရင့်နေသော အဖိုအိုတစ်ယောက်သည် သူ့ ဥယျာဉ်ခြံတွင် ခရမ်းချဉ်သီးစိုက်ဖို့ မြေကြီးတွေကို တူးဆွနေတယ်။ ဒါပေမယ် သူဟာ အလွန်အိုမင်းနေပြီဖြစ်တဲ့အတွက် မြေကြီးတွေကို တူးဆွဖို့ အားမရှိတောဘူး။ အဲဒါကြောင့် နိုင်ငံခြားမှာ ပညာသွားသင်နေတဲ့ သားကို သွားသတိရပြီး အီးမေး တစ်စောင်ပိုလိုက်တယ် ...
ချစ်လှစွာသော သား
အဖေ ဒီနေ့ အဖေခြံမှာ ခရမ်းချဉ်သီး စိုက်ဖို့အတွက် အဖေ မြေကြီးတွေတူးဆွချင်တယ် ဒါပေမယ့် အဖေမှာ မြေကြီးတူးဆွဖို့အတွက် အားအင်တွေမရှိတော့ဘူး သားရယ်။ အဖေထင်ပါတယ် တကယ်လို့များ ခုချိန်မှာ သားရှိနေမယ် ဆိုရင် အဖေကို ကူပြီး မြေကြီးတွေ တူးဆွပေးမှာ သေချာတယ်။
ချစ်တဲ့ အဖေ
အဲဒီလို သားဆီသို့ အီမေး ပို့ပြီး နောက် တစ်နာရီလောက် အကြာမှာ သားဆီက အီးမေးပြန်လာတယ်။
ချစ်လှစွာသော အဖေ
ကျွန်တော်တစ်ခုပြောမယ်၊ အဖေ ကျေးဇူးပြု ပြီး မြေကြီးတွေ မတူးဆွပါနဲ့ ။ အဖေ အဲဒီလို တူးဆွနေလို့ရှိရင် သားတို့ ရဲ့ ပစ္စည်းတွေ ဘယ်မှာ သွားဖွက် ရတော့ မလဲ။
ချစ်တဲ့ သား
အဲဒီလိုနဲ့ သားဆီမှ အီးမေး ရရှိပြီး ၁၅ မိနစ် လောက်အကြာမှာ ထောက်လှမ်ရေး အဖွဲ့မှ လူတွေ တံခါးလာခေါက်ပြီး သူတို့ဟာ ထောက်လှမ်ရေးမှ လူတွေဖြစ်ကြောင်း အဖိုးအိုရဲ့ ခြံမှာ သူတိုကို ရှာခွင့်ပြုပါရန် အဖိုးအိုကို ပြောပြီး။ သူ တို့ဟာ အဖိုးအိုရဲ့ ခြံမှာ စတင်ပြီး တူးဆွ ရှာဖွေကြပါတော့တယ် ။ တူးဆွလို့ တခြံလုံးလည်းကုန်ရော ဘားမှ မတွေ့တာနဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားကြတယ်။
ဒီလိုနဲ့ နောက် တစ်နာရီလောက်အကြာမှာ အဖိုးအိုဟာ သားဆီမှ အီးမေး တစ်စောင်ရရှိပြန်တယ်။
ချစ်လှစွာသော အဖေ
အဖေ ခရမ်းချဉ်သီးစိုက်ဖို့ တူးဆွချင်နေတဲ့ မြေကြီးတွေ ခုလောက်ဆို တူးဆွပြီးပြီလောက်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် အဝေးကို ရောက်နေပေမယ့် ကျွန်တော် တတ်နိုင်သလောက် အဖေကို ကူညီလိုက်ပါတယ်။
ချစ်တဲ့ သား
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 1:51 PM 5 ယောက်က ဒီလိုမြင်တယ်
Labels: ဟာသ


