ကျွန်တော့် ဘလော့ဂ်ကာ ဘော်ဘော်တွေနဲ့ နဲနဲ ဝေကွားသွားခဲ့တယ်။ အလုပ်က အသစ်ဖြစ်သွားတာရယ် ပြောင်းရရွှေရနဲ့ ဘလော့ဂ်ဘက်ကိုမလှည့်နိုင်ဘူး ဖြစ်သွားတယ်။ ဘယ်သူငယ်ချင်းဆီကို မှ သွားမလည်ဖြစ်ဘူးဖြစ်သွားတယ်။ ခုတော့ပြန်လာပါပြီခင်ဗျာ။ ပို့စ် မတင်ခင် အရင်ဆုံး သူငယ်ချင်းတွေဆီလျှောက်လည်လိုက်ပါဦးမယ်။ အားလုံး မင်္ဂလားအပေါင်းနဲ့ပြည့်စုံကြပါစေလို့။ ခုလောလောဆယ်တော့ သူငယ်ချင်းတွေနားထောင်ဖို့ ဒိုးလုံး သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒိုးလုံး အမှတ်တရပေါ့ခင်ဗျာ။
ရင်ထဲကချစ်ဦးမေတဲ့ ခင်ဗျ.....
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...

ဟိုး...တိမ်တွေဆီကို ပျံဝဲလို
ဖြန်ကျက်ချင်တဲ့ငါတောင်ပံတွေကို
ကြင်နာစွာနဲ့ရိုက်မချိုးလိုက်ပါနဲ့
တောင်းပန်ပါတယ်
ဟိုး...အဆုံးမရှိတဲ့ လွင်ပြင်မှာ
ခုန်ပေါက်ချင်နေတဲ့ ငါ့ခြေထောက်တွေကို
နာကြည်းစွာနဲ့ တုတ်နှောင်မထားလိုက်ပါနဲ့
တောင်းပန်ပါတယ်
ဟိုး...မိုးကုတ်စက်ဝိုင်းဆီသို့
ရွက်လွင့်သွားချင်နေတဲ့ငါ့ကို
အချစ်များစွားနဲ့ မသိမ်းပိုက်ထားပါနဲ့
တောင်းပန်ပါတယ်
အချစ်....
အမုန်း....
နာကြည်းခြင်း ဒဏ်ရာ
နာကျင်ခြင်း အလွမ်း
အားလုံး အားလုံး ဘာမှမလိုချင်ဘူး
ကျေးဇူးပြုပြီး အဲ့ဒါတွေငါ့ကို မပေးပါနဲ့
တောင်းပန်ပါတယ်
အသံတွေ
ငိုညည်းသံတွေ
အော်ဟစ်သံတွေ
ကျေးဇူးပြုပြိး မကြားပါရစေနဲ့
တောင်းပန်ပါတယ်
ငါဟာ
ကမ္ဘာပေါ်မှာ အသက်ရှင်ခွင့်
လက်မှတ်ရှိတယ်
လွတ်လပ် ယုံကြည့်ခွင့် ပြုခံထားရတဲ့
သူတစ်ယောက်ဖြစ်တယ်
ငါ့ကို ပိတ်ပင်မထားကြပါနဲ့
ငါ့ကို လှောင်ပိတ်မထာကြပါနဲ့
ငါ့ကို လွတ်လပ်ခွင့်ပေးသလို
ငါ့ကို သေဆုံးခွင့် လည်းပေးလိုက်ပါ
ဆုတောင်းလိုက်ပါတယ်
ဒီညကုန်လွန်လို့
မနက်ဖြန်ကစပြိး မိုးမချုပ်ပါစေနဲ့လို့..........
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...

အလွန်ကြီးမားတဲ့ ကျွန်သစ်ပင်ကြီးပေါ်မှာ ငှက်မောင်နှံ အသိုက်ဖွဲပြီး နေထိုင်နေကြတယ်။ တစ်နေ့တော့ ငှက်မလေးဟာ ငှက်ကလေးတစ်ကောင် ကိုမွေးဖွားခဲ့တယ်။
ငှက်မောင်နှံဟာ ငှက်ကလေးကို အရမ်းချစ်တာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျတော့ ထင်းခုတ်သမား သားအဖ နှစ်ယောက်ဟာ ကျွန်းသစ်ပင်ကြီးအောက်ကိုရောက်လာတယ်။
ထင်းခုတ်သမား သားက ကျွန်းသစ်ပင်ကြီးကိုတွေ့တော့
“အဖေ သားတို့ ဒီကျွန်းပင်ကြီးခုတ်ကြမယ်လေ”
ထင်းခုတ်သမားက ကျွန်းပင်ကြီးကိုကြည့်ပြီး
“အင်... ဒီအပင်က တော်တော်ကြီးတယ် နောက်ရက်ကျမှ အဖေတို့ တောင်ပိုင်းက သစ်ခုတ်သမားတွေကို ခေါ်ပြီး လာခုတ်ကြတာပေါ”
“ဟုတ်ကဲ့အဖေ”
ဒီလိုနဲ့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်မှ ထွက်သွားကြတယ်။
အဲဒီလို ထင်းခုတ်သမား သားအဖ ပြေားနေတဲ့ စကားကို ငှက်မလေးကြားသွားတော့ အရမ်းကိုစိုးရိမ်သွားတယ်။
အဲဒါနဲ့ ငှက်မလေးက ငှက်ဖိုကိုပြောတယ်
“ဘယ်လို လုပ်ကြမလဲ ကျွန်မတို့ သားလေးက လည်းမပျံနိုင်သေးဘူး သူတို့နောက်နေ့သစ်ပင် လာခုတ်ရင် ကျွန်မတို့တော့ ဒုက္ခ ပါပဲရှင်ရယ်”
ငှက်ဖိုက
“သိပ်လည်းစိတ်မပူပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၂ပတ်လောက်ကြာတော့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ပြန်ရောက်လာတယ်။
ထင်းခုတ်သမား သားက
“အဖေ သားတို့ ဒီကျွန်ပင်ကြီးကို ခုတ်ကြရအောင်။”
ထင်းခုတ်သမားက
“အဖေ တောင်ပိုင်းကသစ်ခုတ်သမားတွေကို သွားခေါ်တယ် သူတို့က မအားသေးဘူးပြောတယ်။ အဖေတို့ မြောက်ပိုင်းက သစ်ခုတ်သမားတွေကို သွားခေါ်ပြီး တော့ လာခုတ်ကြတာပေါသားရယ်”
ဒီလို နဲ့ သစ်ခုတ်သမား သားအဖ ထွက်သွားကြပြန်တယ်။
အဲဒီလို သစ်ခုတ်သမား သားအဖ ပြောဆိုသံကို ငှက်မလေးက ကြားပြန်တော့ အရမ်းစိုးရိမ်သွားပြန်တယ်။
အဲ့ဒါနဲ့ ငှက်ဖိုကိုပြော ပြန်ရော
“ဒီတစ်ခါတော့ သူတို့ တကယ် လာကြတော့မယ်နဲ့တူတယ် ဘယ်လိုလုပ်ကြမလဲ”
ငှက်ဖိုက....
“သိပ်လည်း မစိုးရိမ်ပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၃ပတ်လောက်ကြာသွားတယ် ဘယ်သူမှ မလာခဲ့ကြဘူး။ နောက် သီတင်း ၄ပတ်လောက်ကြာတော့ သစ်ခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ရောက်လာကြပြန်တယ်။
ထင်းခုတ်သမားက သူ့သားကို ပြောတယ်
“သားရေ အဖေ မြောက်ပိုင်းက ထင်းခုတ်သမားတွေကိုသွားခေါ်တယ် သူတို့ကလာမယ်ပြောပြီး ခု သီတင်း ၃ပတ်ရှိပြီ မလာကြသေးဘူး။ သူတို့ မလာရင်တော့ နောက်ရက်ကြရင် အဖေတို့
နှစ်ယောက်ပဲ လာခုတ်ကြတာပေါ့သားရယ်။”
ထင်းခုတ်သမားသား က
“ဟုတ်တယ် အဖေ သားတို့ သူများအားမကိုးပဲ ကိုယ်အားကိုယ်ကိုးပြီးလာခုတ်ကြတာပေါ့”
ဒီလိုနဲ့ ပြောပြီး ထင်းခုတ်သမား သားအဖ ထွက်သွားကြတယ်။
အဲဒီစကားသံတွေကို ငှက်မောင်နှံ ကြားတော့
ငှက်ဖိုက....
“ရှင်မရေ ဒီတစ်ခါတော့ သူတို့တွေ တကယ်လာခုတ်တော့မယ် ငါတို့ အသိုက်ပြောင်းမှ ရတော့မယ်”
အဲ့ဒီတော့ ငှက်မလေး ပြုံးပြီး
“အင်း... စိုးရိမ်စရာတော့ မရှိတော့ပါဘူး အသိုက်ပြောင်းမယ်ဆိုလည်း ပြောင်းလို့ရပါပြီး ကျွန်မတို့ သားလေးလည်း ကောင်းကောင်းပျံနိုင်နေပြီပဲ။ ဒါနဲ့ ရှင်ပြောတာမှန်သားပဲ သူတို့ မလာနိုင်သေး
ပါဘူး ဆိုတာ” “ ရှင်ကဘယ်လို သိလဲ ”
ငှက်ဖိုက....
“ သြော် ရှင်မရယ် ဘယ်အလုပ်မဆို ကိုယ့်အားကိုယ် မကိုပဲ သူများအားကို နေရင် ဘယ်တော့မှ မဖြစ်မြောက်နိုင်ဘူးလေ” “ ကိုယ့်အားကိုယ် ကိုးရင် တော့တစ်ကယ် ဖြစ်မြောက်တော့မယ်ဆိုတာ
ကျိန်းသေ သလောက်ဖြစ်သွားပြီး။ အဲ့တာကြောင့် သူတို့က သူများကို အားကိုးနေသ၍ ငါတို့သစ်ပင် ကို မခုတ်ဖြစ်သေးဘူးဆိုတာ ကျိန်းသေတာပေါ့ ရှင်မရယ်”
ဒီလိုနဲ့ သူတို့ ငှက်သားအမိလည်း ပျော်ရွှင်စွာနဲ့ အသိုက်ပြောင်းရွှေသွားကြတယ်။
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...
ကဲ့ ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ဘလော့ဂ်ကာ ဘော်ဘော် များ ကို အကူအညီတောင်းခံချင်ပါတယ်။
အားလုံးလည်းကူညီနိုင်မယ် လို့ထင်ပါတယ်။
အကြောင်းကတော့ ကျွန်တော့်ရဲ့ ကောင်မလေး က ကျွန်တော့်ရဲ့ excel ဖိုင်ထဲမှာ ပိတ်မိနေတယ် ခင်ဗျာ
အရင်တုန်းက ကျွန်တော်ပျင်းလို့ရှိရင် သူနဲ့သွားသွားပြီးတော့ ကစားတယ် သူကို ချစ်လွန်းလို့ လျှို့ဝှက်ဂဏန်းလေးတွေနဲ့ ပိတ်ထားခဲ့တယ်
ခုမရောက်တာကြာသွားလို့ ခုမှပြန်သွားခဲ့ တာ ကျွန်တော့်ရဲ့ လျှို့ဝှက်ဂဏန်း နံပါတ်ကမေ့သွားတယ် ခုဝင်လို့မရတော့ဘူး ပြသနာတက်နေတယ်ဗျာ
ကူညီပြိးတော့ ဖွင့်ပေးကြပါဦးဗျာ.....
အဲ .... တစ်ခုတော့ ရှိတယ် ဒီဖိုင်ကို ဖွင့်တဲ့ လိျှု့ဝှက် ဂဏန်းကို ကျွန်တော်မေ့သွားတယ်ဆိုပေမယ့် ကျွန်တော်မှတ်မိတာလေးကို နဲနဲ ပြောပြလိုက်မယ်
နောက်ဆုံး နံပါတ် နှင့် တတိယ နံပါတ် ပေါင်းရင်တော့ တစ်ဆယ့်လေး ရတယ်
စတုတ္ထ နံပါတ်ကတော့ ဒုတိယ နံပါတ်ထက်ကို တစ်ကြီးပါတယ်
ပထမနံပါတ်ကတော့ ဒုတိယ နံပါတ် နှစ်ဆ ထက် ကို တစ်ငယ်ပါတယ်
ဒုတိယနံပါတ် နှင့် တတိယနံပါတ် ပေါင်းရင်တော့ တစ်ဆယ်ရပါတယ်
နံပါတ်တွေအားလုံးပေါင်းရင်တော့ သုံးဆယ်ရပါတယ်
ကဲ့ အဖြေရပြီးဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ် လုပ်ပြီးတော့ ဝင်ကြည့်ပါခင်ဗျာ ဝင်လို့ရရင်တော့ ကျွန်တော့်ကောင်မလေးနှင့် အတူတူ ကစားလို့ရပြီပေါ့။ အပျင်းပြေမှာပါ
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...
ကျွန်တော့်ရဲ့ ဘလော့ဂ်ဂါ ညီအကိုမောင်နှမ များအားလုံး အန္တရာယ်ကင်း ဘေးကင်းပြီး နှောက်ယှက်မှုများမှ ကင်းဝေးကြစေရန် မြင်းခြံ မြို့ မောင်ရင်ပေါ်ချောက်ကျောင်း ဆရာတော် ဘုရားကြီး အမြဲရွတ်ဖတ်ပူဇော်သော အန္တရယ်ကင်းအကျိုးထူးဂါထာတော် ကို ဓမ္မဒါန အဖြစ် ဖြန်ဝေ ပူဇော်လိုက်ပါသည်။ မည်သူမဆို ထပ်ဆင့်ဖြန့်ဝေ ဓမ္မဒါန ကုသိုလ် ရယူနိုင်ပါသည်။

ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...