မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ
အင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီအေးခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို
သတိမထားမိတော့တဲ့အထိပါပဲ။
လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက် လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ဝင်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့အတူနေတဲ့အချိန်ကိုလက်မလွတ်ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တ့ ဲ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး
ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။
Wednesday, March 26, 2008
ပိုလာဝက်ဝံရဲ့ပုံပြင်
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 5:05 PM 1 ယောက်က ဒီလိုမြင်တယ်
Labels: ဆောင်းပါး
Wednesday, March 19, 2008
နားခိုခွင့်ရင်ခွင်
ဝင်ခွင့်မတောင်းဘဲနဲ မင်းရဲ့ခြေလှမ်းတွေက သေချာလှမ်းဝင်ခဲ့တယ်
ယိုင်နဲ့နေတဲ့မင်းရဲခြေလှမ်းတွေက အပြေးတပိုင်းနဲငါ့ဆိသို့
တုန်ရိနေတဲ့လက်တွေနဲ့ ငါ့ကို တွဲခိုလို့
ရီဝေနေတဲ့မင်းရဲ့မျက်လုံးမှာ ကြေကွဲမူ့တွေကအပြည့်
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားမှာ နာကြည်းမူကအပြည့်
အို....... ပင်ပန်းလိုက်တာ
မင်းကိုဘယ်သူကများ ဒဏ်ရာတွေရစေခဲ့တာလည်း
ခါးသည်းစေခဲ့တာလည်း
င့ါကိုယ်ငါ သတိမထားလိုက်မိချိန်မှာ
မင်းဟာ ငါ့ရင်ခွင်ထဲရောက်နှင့်နေပြီး
တုန်ရိနေတဲ့ မင်းရဲ့လက်ကိုဆုတ်ကိုင်ထားမိပြီ
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားကို နွေးထွေးစေခဲ့မိပြီး
ရီဝေနေတဲ့မင်းရဲ့ မျက်ဝန်းအစုံကို ကြည်လင်စေခဲ့မိပြီး
မင်းရဲ့ လွမ်းမောဆွတ်ပျံံ့ဖွယ် အနမ်းတွေက
ငါ့ရဲ့ နှလုံးသားထိ ပျံ့လွင့်ခဲ့တယ်
မင်းရဲ့ ငိုရှိုက်သံတိုင်းမှား ငါ့နှလုံးသားတွေ တစစီကြေမွနေခဲ့ပြီ
ငါမသိလိုက်ဘူး...
ဘာကိုမှ မသိလိုက်ဘူး...
ဒီအတိုင်းလေးပဲ....
ငါသတိရတဲ့ အချိန်လေးမှာတော
စကားလေးတခွန်းကို နှလုံးသားနဲ့ပြောဖြစ်ခဲ့တယ်
'ဒီရင်ခွင်မှာ နားခိုလှည့်ပါ ချစ်သူ'
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 5:51 PM 3 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ်
Wednesday, March 12, 2008
အမှတ်တရ စိုင်းထီးဆိုင်
သေခြင်းတရားကလည်း
မြက်ခုတ်ဓားနဲ့ မြက်ပင်တွေ
တပင်ပြီးတပင်ရှင်းသလို ရှင်းလို့
ငါတို့ဟာ အပင်တွေဆိုရင်
အရွယ်အစားအမျိုးမျိုး
အကြီးအငယ်
အသက်အမျိုးမျိုး
နာမည်အမျိုးမျိုး
ဂုဏ်ပုဒ်အမျိုးမျိုး
သွားပြီ၊ သွားကြပြီ
ဒီလို အချိန်မရွေး သေမယ်မှန်းသိရင်
ငါ့အလှည့်မှန်းသိရင်
တယောက်က တယောက်ကို
အပြန်အလှန်ပေးအပ်ရမယ့်အရာတွေ
ပေးခဲ့မှာပေါ့လို့
ကွယ်လွန်သူတချို့က နောင်တရချင်
ငါ့အလှည့် ငါတို့အလှည့်က မကျသေးဘူးဆိုရင်
နောင်တရစရာများ ယူဆောင်မသွားဖို့ပါပဲ။ ။
သုခမိန်လှိုင်
(၁၀-၃-၂၀၀၈ ဘိုထီးကွယ်လွန်သည့်နေ့၌ရေးသည်။ )
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:52 AM 2 ယောက်က ဒီလိုမြင်တယ်
Labels: ဝမ်းနည်းခြင်း
Monday, March 10, 2008
ချစ်သူ
လက်ဖဝါးတွေ ဆုပ်ကိုင်ရင်း
ကိုယ်တို့တွေ ကြယ်တွေဆွတ်ခူးကြမယ်။
အနာဂါတ်ဆိုတာကလည်း
မင်းရှိမှ ပြည့်စုံလာမှာပါပဲ။
အိပ်မက်ကလေး ငါ့ရင်ထဲမှာ
ကြိုးတန်းလန်းနဲ့ ခိုတွဲနေတယ်။
ဟိုးမှာ ကြည့်စမ်း
တောက်ပတဲ့ ငါတို့ နေ့စွဲတွေ
မင်းမြင်ကြည့်လိုက်စမ်းပါ
ငါဟာ မင်းအတွက် သူရဲကောင်းတစ်ယောက်ပါပဲ။
ငါဘာမှမတောင်းဆိုလိုပါဘူး။
မင်းငါ့နားမှာ ရှိနေဖို့တစ်ခုပါပဲ။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:16 AM 2 ယောက်က ဒီလိုမြင်တယ်
Labels: ကဗ်ာ

မိုးကလည်း တငွေ့ငွေ့ ရွာတယ်
ဘာကိုမှ မစိုရွှဲခဲ့တာကလွဲရင်
ရင်ထဲကို ရေဝင်ခဲ့ရ။
နတ်ပူးမှာတော့ မကြောက်ပါဘူး
လူစုန်းပူးရင်တော့ နံတတ်တယ်။
နက်ဖြန်ခါ ဘယ်သူပြန်လာမလဲ။
စောင့်ဆိုင်းရင်းနှင်းတွေသည်းပြန်ရော
တောင်လေလာရင် ရွေ့မယ်လို့
တစ်နေ့တစ်နေ့ ပူကျက်ခဲ့ရတဲ့တိမ်
အခု အိမ်ပြန်ရောက်ပါပြီ။
(BLUEANGEL)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:10 AM 0 ယောက်က ဒီလိုမြင်တယ်
Labels: ကဗ်ာ
Wednesday, March 5, 2008
အေးအတူ ပူအမျှ
အေးအတူ ပူအမျှ
1
အေးအတူ ပူအမျှ ဆိုတဲ့ ချစ်စရာ ဟာသလေးကို သဘောကျလို့ မနှင်းပွင့်ဖြူလေး ဆီကနေ ကူယူ ဝေမျှလိုက်ပါတယ်။ အားလုံးပဲပျော်ရွှင် နိုင်ပါစေ။
ချမ်းအေးတဲ့ ဆောင်းတစ်ညနေခင်းမှာ အဘိုးနဲ့အဘွားတို့ စုံတွဲဟာ မက်ဒေါ်နယ် စားသောက်ဆိုင်ထဲကို ခပ်ဖြည်းဖြည်း ဝင်လာပါတယ်။
အဲ့ဒီအဘိုးအဘွားစုံတွဲ ဝင်သွားတဲ့အချိန်မှာ ဆိုင်က လူတွေတော်တော်ပြည့်နေတယ်။ ငယ်ငယ်ရွယ်ရွယ် မိသားစုတွေ၊ ပျိုပျိုမျစ်မျစ်စုံတွဲတွေနဲ့ ပြည့်နေတဲ့ကြားက အဘိုးအဘွားစုံတွဲအတွက် ထိုင်စရာ စားပွဲလွတ်တစ်နေရာကို တွေ့သွားကြတယ်။
စားသောက်နေတဲ့ လူတစ်ချို.က အဘိုးနဲ့အဘွားကို အားကျတဲ့ အကြည့်တွေနဲ့ကြည့်ပြီး သဘောတွေကျနေကျတယ်။ ကြည့်စမ်းပါဦး သည်အဘိုးကြီးနဲ့ အဘွားကြီး ကြည့်ရတာ နှစ်ပေါင်း ၆၀လောက် အတူနေခဲ့ကြပုံရတယ်နော်၊ သိပ်ကြင်နာတာပဲ ဆိုတဲ့ မျက်လုံးမျိုးတွေနဲ့ပေါ့။
နေရာယူပြီးတဲ့အခါ အဘိုးကြီးက ပိုက်ဆံပေးရတဲ့ ငွေသိမ်းစားပွဲကိုသွားပြီးစားစရာတွေကိုမှာတယ်။ အဘိုးကြီးက ငွေရှင်းပြီးတဲ့နောက် စားစရာတွေကို ဗန်းကလေးနဲ့ ထည့်ယူလာပြီး အဘွားကြီးဆီပြန်လာတယ်။
စားပွဲဆီ ပြန်ရောက်တော့ စားစရာတွေကို ဗန်းပေါ်ကနေ စားပွဲပေါ်နှစ်ယောက်သား ပြောင်းနေရာ ချလိုက်ကြပါသေးတယ်။
စားစရာတွေကတော့ ဟမ်ဘာဂါ အသားညှပ်ပေါင်မုန့် တစ်လုံးရယ်၊ အားလူးချောင်းကြော်တစ်ပွဲနဲ့ ဖျော်ရည်တစ်ခွက်ရယ်။
နေရာချလိုက်ပြီးတဲ့အခါ ရေပါးစက္ကူနဲ့ ထုပ်ထားတဲ့ ဟမ်ဘာဂါကို အဘိုးကြီးက ဖြေလိုက်ပါတယ်။ ပြီးတော့ နှစ်ပိုင်း အညီအမျှ ဖြစ်အောင် သေသေချာချာ ဂရုတစိုက် ပိုင်းလိုက်တယ်။ ပိုင်းလို့ရတဲ့ တစ်ဝက်ကို သူ့ ဇနီးသည် အဘွားကြီးရှေ.မှာ ချပေးလိုက်တယ်။
ပြီးတော့ ပန်းကန်ထဲက အားလူးချောင်းကြော်တွေကို အဘိုးကြီးက သေသေချာချာ ရေကြည့်လိုက်ပြန်တယ်။ ပြီးတော့မှ နှစ်ပုံအညီအမျှ ခွဲဝေလိုက်ပြီး တစ်ပုံကို သူ့အဘွားကြီးရှေ.မှာ ချပေးလိုက်ပြန်တယ်။ ပြီးတော့ ဖျော်ရည်ကို တစ်ငုံသောက်တယ်။ သူသောက်ပြီးတဲ့အခါ အဘွားကြီးကို ဖျော်ရည်ခွက်လေး ကမ်းပေးတော့ အဘွားကြီးကလည်း တစ်ငုံသောက်တယ်။ ပြီးတော့ ဖန်ခွက်ကို သူ့တို့နှစ်ယောက်ရဲ. အလယ်တည့်တည့်မှာ ချထားလိုက်တယ်။
ဖျော်ရည် တစ်ငုံဆီသောက်အပြီးမှာ အဘိုးကြီးက စ စားနေပါပြီ။ သည်အခါမှာတော့ ဆိုင်ထဲမှာရှိတဲ့ တစ်ခြားစားသုံးသူ ပရိသတ်ရဲ. ရင်ထဲမှာ တစ်မျိုးဖြစ်လို့လာခဲ့ပြီ။ သနားစရာ ကောင်းလိုက်တာနော်။ အဘိုးနဲ့အဘွားခများမှာ တစ်ယောက်စာလေးပဲ မှာစားနိုင်ကြတယ် ဆိုတဲ့ အတွေးကလည်း လူတိုင်းရဲ.ရင်ထဲမှာ မွနေမှာပါ။
အဘိုးကြီးက ဟမ်ဘာဂါကို စားပြီးနောက် အားလူးချောင်းကြော်တွေကို ကောက်ဝါးတဲ့ အချိန်မှာတော့ စားသုံးသူများထဲက မနေနိုင်ရှာလေတဲ့ လူငယ်တစ်ယောက်က ထပြီး အဘိုးအဘွားတို့ စားပွဲကို သွားလိုက်ပါတော့တယ်။ အဘိုးတို့ ၊ အဘွားတို့ နောက်ထပ် တစ်ယောက်စာ ဝယ်ကျွေးပါရစေ။ ဒါနပြုပါရစေလို့ ချေချေငံငံ ပြောလိုက်တယ်။
အဘိုးရော အဘွားပါ နေပါစေကွယ်၊ တို့များ လုံလောက်ပါတယ် လို့ပြောတယ်။ အဘိုးတို့ နှစ်ယောက်က ဘာမဆို နှစ်ယောက်အတူ မျှဝေခံစားနေကျကွယ့် လို့လည်း ပြောလိုက်သေးတယ်။
တစ်ဆိုင်လုံးမှာရှိတဲ့ ပရိသတ်အနေနဲ့ကတော့ အဘွားကြီးဟာ အခုချိန်ထိ တစ်ဖဲ့တစ်ကိုက်မှ မစားသေးတာ တွေ့နေရပါတယ်။ အဘွားကြီးက အဘိုးကြီးရှေ.မှာ ငုတ်တုတ်ထိုင်လို့ အဘိုးကြီးစားသောက်နေတာကို ပီတိမျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့ရတယ်။ တစ်ခါတစ်လေတော့ အဘိုးကြီးနဲ့အတူ ဖျော်ရည်လေး တစ်ကျိုက်ဆီ သောက်တဲ့အခါမျိုးတော့ ရှိသပေါ့။ ဒါကလွဲရင် အဘွားကြီးက စားကို မစားသေးဘူး။
မနေနိုင်လူငယ်မှာလည်း ပိုလို့တောင် မရိုးမရွဖြစ်လာပြီ။ အဘုးိတို့ အဘွားတို့ရယ် ကျွန်တော်ဘယ်လိုမှ မကြည့်ရက်လို့ပါ။ ကျွန်တော့်ကို ဒါနပြုခွင့်ပေးပါလား ခင်ဗျား လို့ လည်း ထပ်ပြောလိုက်တယ်။ သည်တစ်ခါ မှာတော့ အဘွားကြီးက ဖြေပြန်တယ်။ နေပါစေ မောင်ရယ်၊ အဘွားတို့နှစ်ယောက်က ဘာကိုမဆို နှစ်ယောက်အတူ မျှဝေခံစားနေကျကွဲ. တဲ့။ ဒါနဲ့ လူငယ်လေးခမျာလည်း သူ့စားပွဲကို ပြန်လာခဲ့ရပြန်တယ်။
တိုတိုပြောရရင် အဘိုးကြီး စားလို့ သောက်လို့ ပြီးသွားပြီရော ဆိုပါစို့။ အဘိုးကြီးက သူ့နှုတ်ခမ်းကို စက္ကူလက်သုတ်ပဝါလေးနဲ့ ကျကျနန သုတ်သင်သန့်စင်နေပြန်တယ်။ အဘွားကြီးကလည်း ခုထက်ထိ သူ့ရှေ.က စားစရာတွေကို မစားသေးပဲ အဘိုးကြီးကိုပဲ ရွှန်းရွှန်းစားစား ကြည့်နေတုန်းရယ်။
မနေနိုင်သူ လူငယ်လေးလည်း မအောင့်နိုင်တဲ့ အဆင့်ကိုပြန်တော့တာမို့ သူတို့စားပွဲကို ကူးလိုက်ပြန်တယ်။ တတိယအကြိမ် အဖြစ် သူ့ကို တစ်ယောက်စာ ဝယ်ယူလှူဒါန်းခွင့်ပေးဖို့ အနူးအညွတ် တောင်းပန်ပြန်တယ်။ သည်တစ်ချိန်မှာလည်း မလိုအပ်ကြောင်း ၊ သူတို့မှာ ပြည့်စုံကြောင်းကိုပဲ အဘိုးနဲ့ အဘွားက ချေချေငံငံ ပြန်ဖြေပြန်တယ်။
နောက်ဆုံးမှာတော့ မနေနိုင် မအောင့်နိုင်သူ လူငယ်က တည့်တည့်ပဲ မေးချလိုက်ပါတော့တယ်။
အဘွားရယ် ........ ခုထက်ထိ အဘွားတစ်လုတ်မှ မစားသေးတာ ဘာကြောင့်ပါလဲ ခင်ဗျား၊ အဘွားပြောတော့ အဘွားတို့ နှစ်ယောက်ဟာ ဘာကိုမဆို မျှဝေခံစားနေကျဆို။ ခုကျတော့ အဘိုးက စားလို့တောင်ပြီးသွားပေမဲ့ အဘွားက တစ်လုတ်တောင်မှ မစားရသေးဘူး။ အဘွားက ဘာကို စောင့်နေပါလဲ ခင်ဗျား.................
အဘွားကြီးက လူငယ့်အမေးကို သူ့ထုံးစံအတိုင်း ချေချေငံငံ ပြန်ဖြေပါတယ်။
" သွား ပေါ့ သားရယ်......... သွား ကို စောင့် နေ တာ ပါ ကွယ့် "................ တဲ့ ။
Post settings
Labels
ဟာသ,
No matching suggestions
Published on
3/5/08 2:43 PM
Permalink
Location
Options
Post: EditLoaded more posts.
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:43 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဟာသ
Saturday, March 1, 2008
ပန်းခရေ
ပန်းခရေ နန်းမြေမှာတင့်ဖို့
ပန်းအခြွေ လွမ်းလေကိုမျှော်
ပန်းခရေ နွမ်းပေမယ့်မွှေးသမို့
ပန်းစံရေး ပန်းရွေးကိုမျှော်
ပန်းခရေ ပန်လိုက်မှတင့်သမို့
ပန်းဘဝ နွမ်းလိုက်တာနော်....
မင်းမြတ်ဘုန်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 4:20 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ် ကဗျာ