သီချင်းကောင်းလေးပါ... လိုက်ဆိုကြည့်ပါ.... ကြိုက်သွားပါလိမ့်မယ့် :)
ဆက်ဖတ်ပါ...
ပြန်ခေါက်ထားပါ...
စင်ကာပူမှာ ရှိကြကုန်သော ရွှေ ညီအကို မောင်နှမ များအတွက် မြန်မာနိုင်ငံသား စွန့်လွတ်ပြီး စလုံး ဘဝခံယူချင်ကြသော သူများ အတွက် သတိထားစရာ ဆောင်းပါးလေးပါ။ Forward Email ကနေ ပြန်လည် ဖေါ်ပြရခြင်းဖြစ်ပါသည်။ အားလုံး ဗဟုသုတရရုံသက်သက်ပါ။ ဆောင်းပါရှင်အမည် မရေးထားပါသဖြင့် ဖေါ်ပြနိုင်ခြင်းမရှိပါ။ အမည်မသိ ဆောင်းပါရှင်ကို ကျေးဇူးအထူးတင်ရှိပါတယ် ခုလို ပင်ပန်းခံ ရှာဖွေလေ့လာ ပြီ တင်ပြထားသည့်အတွက်မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?၊ ပြောင်းပြီးသွားယင်-တော့ ဒီစာကို လုံး၀ ရှေ.ဆက်မဖတ်ပါနဲ.။ ဒီစာရဲ့ ရည်ရွယ်ချက်က- စလုံးမပြောင်းရသေး သော်လည်း ပြောင်းယင် ကောင်းမလား စဉ်းစားနေတဲ့ သူများ အတွက်သာ ဖြစ်ပါတယ်။ ကျွန်တော်က စင်္ကာပူမှာ နေ-နေတဲ့မြန်မာ ပီ-အာ တစ်ယောက်ပါ။ မြန်မာ ပီအာ အချင်းချင်း တစ်ဦးနဲ. တစ်ဦး တွေ.ယင် နှုတ်ဆက် စကားပြောယင်၊ စ, လုံးပြောင်းပြီးပြီလား ဆိုတဲ့ မေးခွန်းကို မကြာခဏ ကြားနေရပါတယ်။ ယခု ကျွန်တော်ဆွေးနွေးချင်တဲ့ကိစ္စက မျိုးချစ်စိတ်ဓါတ်တို.၊ နိုင်ငံရေးကိစ္စ တို.နဲ. လုံး၀ မပါတ်သက် ပါဘူး။ မိမိ တစ်ဦးချင်းရဲ. ကိုယ်ကျိုး ကိစ္စကို စဉ်းစားဘို.ကိုပဲ ဆွေးနွေးပြောပြချင်ပါတယ်။ ကျွန်တော်တို. -မိတ်ဆွေအချို.က-သူတို. စ, လုံး ပြောင်းကြတယ်ဆိုတဲ. အကြောင်းရင်းကို အမျိုးမျိုး ပြောပြ ကြပါတယ်။ အချို.က တော့ -“ကျွန်တော့် အလုပ်က မကြာခဏ Oversea သွားရတယ်။ မြန်မာ ပတ်စ်ပို.ဆိုယင် ဗီဇာ ယူရ-တာ တစ်မျိုး၊ အမေရိကန် ဆိုယင် ဗီဇာ မရ တာက တစ်မျိုး၊ ဆိုတော့ စ, လုံးပတ်စ်ပို. ပြောင်းမှ အဆင် ပြေမယ် ဆိုပြီး၊ ပြောင်းလိုက်တာ”။ အချို.ကတော့ “စ, လုံး ပြောင်းလိုက်ယင်၊ အစိုးရဆီက အိမ်ဘိုး ၃-သောင်း ရမယ်လေ၊ ဒါဆိုယင် အိမ်ဝယ်ဘို.က အဆင်ပြေ သွားပြီ၊ ဒါကြောင့် ပြောင်းလိုက်တာ ကောင်းတယ်ဆိုပြီး ပြောင်းလိုက်ကြတာ။” အချို.ကတော့ “ကျွန်တော်က အိမ်အဟောင်းကို ဝယ်ထားတာ၊ နောက်ကျယင် Upgrading လုပ်ယင်၊ P.R ဆိုယင်- စ, လုံးတွေထက် ၄-၅ ဆ ပိုပေးရမှာ ဆိုတော့ ပြောင်းလိုက်တာ” အချို.ကတော့ “မြန်မာ ပတ်စ်ပို.ကိုင်ထားယင်၊ ဘာအခွင့်အရေးမှ မရပဲ၊ အခွန်ဆောင်နေရတာပဲ ရှိတယ်။ စ, လုံး ပြောင်းယင် ဒီအခွန်ပေးနေရတဲ့ မြန်မာ သံရုံးကို သွားစရာ မလိုတော့ဘူး၊ “ အချို.ကတော့ “သားသမီးတွေက- ဒီမှာပဲ အခြေချကြမှာ ဆိုတော့ ပြောင်းလိုက်တာ ကောင်းပါတယ်ဆိုပြီး၊ ပြောင်းလိုက်တာ”? စသည်ဖြင့်- စသည်ဖြင့် ပါပဲ။ ကျွန်တော် ဆွေးနွေးချင်တာ- ကျွန်တော်တို.ရဲ့ ဘ၀ ရှင်သန်ရပ်တည်မှု ရှုထောင့် အမြင်၊ အရှုံးအမြတ် တွက်ကြည့် ဘို. အမြင်၊ (မြင်တွေ.နိုင်တဲ့၊ မမြင်တွေ.နိုင်တဲ့ အကျိုး၊ အဆိုးတို.ကို ယှဉ်ပြပြီး ဆွေးနွေးလိုပါတယ်။ကျွန်တော်တို.ရဲ့ ဘ၀ ရှင်သန်ရပ်တည်မှု အမြင်။ ကျွန်တော် တို.တစ်တွေ ရေခြားမြေခြား မှာ လာရောက်လုပ်ကိုင်နေကြရတဲ့ အဓိက အကြောင်းရင်းဟာ ကိုယ်တိုင်းပြည် အတွင်းမှာ- ကိုယ်ရဲ့ ရည်ရွယ်ချက်တွေ မရရှိမအောင်မြင်နိုင်လို. ရေကြည်ရာ မြက်နုရာကို ထွက်လာရတာ လို. ဆိုယင် အားလုံးလက်ခံကြမယ် ထင်ပါတယ်။ ဟုတ်ကဲ့- စားဝတ်နေရေးကြောင့် ထွက်လာကြသူတွေ အများအပြား ရှိသလို- ကျောင်းသားလူငယ်များ၊ ပညာရှင် များ အနေနဲ. တိုးတက်မှု မျှော်မှန်းမှု တွေ၊ အောင်မြင်မှု၊ စီးပွားရေး သမား တွေအတွက်က- ပြင်ပ ကမ္ဘာနဲ. အဆက်အသွယ် ရရှိပြီး အောင်မြင် ဘို. စသည်တို.ဖြစ်ပါတယ်။ ဒါဆိုယင်- နံပါတ် (၁) အနေနဲ.- မိမိကိုယ်ကို ပြန်ကြည့်ကြဘို.လိုပါတယ်။ မိမိဘာကို တကယ် လိုချင်တာလဲ၊ ကွန်ပျူတာ စကားနဲ.ပြောယင်- System Requirement ကို ပရောဂျက် တစ်ခုလုပ် တဲ့ အခါမှာ- အယင်ဆုံးသတ်မှတ်ကြရပါတယ်။ အဲဒီ အဆင့်မှာ- Requirement တွေကို ကောင်းကောင်းမွန်မွန် သေသေချာချာ Define လုပ်ကြရပါတယ်။ ဆိုလိုတာက- မိမိလိုချင်တဲ့ အချက်ကို သေသေချာချာ မသိပဲ- Software တစ်ခုကို ရေးပြီးယင်- နောက်ဆုံးကြယင်- ပြန်ပြင်ဘို. ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အားလုံးကို အစ-က ပြန်စကြရပါလိမ့်မယ်။ ဒီနေရာမှာ- ကျွန်တော်တို. မြန်မာ လူမျိုးတွေရဲ. အားနည်းချက်ကို မြင်ကြရပါလိမ့်မယ်။ သူများပြောယင်- အလွယ်တစ်ကူ ခေါင်းညိတ်တတ်ပြီး၊ မိမိကိုယ်တိုင် အသေအချာ လေ့လာမှု နည်းပါးတဲ့ အချက်ပါ။ နောက်ပြီး မှ- မီးစင်ကြည့်က တတ်တဲ့သူကို တော်တယ် လို.အသိအမှတ် ပြုပြီး၊ လေ့လာသုံးသပ် တတ်သူ အမြှော်အမြင် ရှိသူ တို.ကို အထင်မကြီး တတ်တဲ့ ကျွန်တော်တို. မြန်မာ လူမျိုးများဟာ ဥပဒေ စာချုပ်စာတမ်းကိစ္စကို နားမလည် လို. အလိမ်ခံ ကြရတာ၊ မိမိက အမှန်ဖြစ်ပါလျှက်နဲ. အမှုရံှုးရတာ၊ ရုပ်ရှင် ဗွီဒီယို သရုပ်ဆောင်များက ဇတ်ကားတွေကို ပါးစပ်ချုပ် ချုပ်ပြီး နောက်ဆုံး ခရီးစရိတ်၊ အဝတ်အစား ဘိုးတွေမှာ ဘယ်သူက အကုန်အကျခံရမှာ လဲမသိလို. အငြင်းပွား ရတတ်တာ- စသည်ဖြင့် လက်ရှိနိုင်ငံတကာမှာ- အရေအတွက် အများဆုံးဖြစ်နေပါတယ်။ အချို.ဆိုယင်- ငါ့မှာ ပိုက်ဆံရှိယင် ပန်းရံနဲ. လက်သမားကို ခိုင်းပြီး ဆောက်မယ် ဆိုပြီး ဒီဇိုင်းပုံ မရှိပဲ အိမ်ဆောက် လို. နောက်ဆုံးမှာ- ကိုးလိုးကန်.လန်. အိမ်ကြီးနဲ. နပမ်းလုံးနေရတာတွေကို- မိမိရဲ့ ပါတ်ဝန်းကျင်မှာ အလွယ်တကူ တွေ.နိုင်ပါတယ်။ မိမိမှာ သင့်တော်တဲ့ အရည်အချင်း မရှိပဲ- ပွဲစားကု ိ ငွေပေးပြီး နိုင်ငံခြား ဖြစ်ယင် ပြီးရောနဲ. ထွက်လာလို. ဒုက္ခအကြီးအကျယ် တွေ.နေတဲ့သူတွေကို ယိုးဒယား၊ မလေးရှားမှာ သိန်းနဲ. ချီပြီး တွေ.နိုင်ပါတယ် ဟုတ်ကဲ့- နဂိုစကားကို ပြန်ကောက် ကြရအောင်။ ကျွန်တော်မှာ- ငွေမရှိယင်၊ ငွေရှိယင် ဘာမဆိုဖြစ်ပြီ လို. ထင်တတ်ကြတတ်။ တကယ် ငွေရှိတော့ရော ဖြစ်ပါ သလား။ တကယ်တော့ လူသားတွေရဲ. အဓိက- လိုအပ်ချက် တိရစ္ဆာန်တွေထက် ပိုလိုတဲ့ အချက် ဟာ စားဝတ်နေရေးက လွဲယင်- မိမိ ဘယ်သူဆိုတာOwn Identity ကို တောင့်တတဲ့ အချက် ဖြစ်ပါတယ်။ ဆိုလိုတာက- လူက အရာရောက် ချင်တယ်။ သူများတကာရဲ. အသိအမှတ်ပြုခံချင်တယ်။ ဒါကြောင့် တစ်ချို.က ဘုရားဒကာ အလှူရှင် ဆိုတဲ့ နာမည် ခံရဘို.၊ တစ်ချို.က “ ငါ့အဖေက ဘာရာထူးကွ“၊ တစ်ချို.က “ ငါ့ကို ဘာထင်နေလဲ“ စသဖြင့် မိမိ ဘယ်သူ ဆိုတာကို ဖော်ပြနိုင်ဘို. ကြိုးစားကြပါတယ်။ ဒီအချက်ကို သိထားတဲ့ အာဏာရှိသူ အရာရှိများက- “ဒီနယ်မြေမှာ ဆိုယင်-မောင်ရင့်ကိုပဲ အားကိုးရတာ“ ဆိုယင် သံဃာကိုတောင် ရိုက်ပုတ်ရဲတဲ့သူများ ပေါ်လာရခြင်း ဖြစ်ပါတယ်။ ဒီကိစ္စတွေမှာ- ငွေပေးဘို. မလိုပါဘူး၊ အဲဒီ သူတွေ အထင်ကြီးထားတဲ့သူများက- ကျောသပ်ချီးမွမ်း မှုလေး ပေးလိုက်ရုံပါပဲ။ ဟုတ်ကဲ့- အဲဒီတော့ ကျွန်တော့် လူသားတွေ ဘာလိုသလဲ ဆိုတာကို နားလည်လောက်ပါပြီ။ ကျွန်တော် တို.တစ်တွေ အပြာရောင် အိုင်စီကဒ်ကနေ- အနီရောင် အိုင်စီကဒ်ကို ပြောင်းကိုင်တဲ့ အခါမှာ- စာရွက်ပေါ်မှာ- စ, လုံးဖြစ်သွားပါပြီ။ ဒါဆိုယင် ဒီမှာ လက်ရှိ- စ,လုံးတွေနဲ. တူသွားပြီလား။ သူတို.က- ကိုယ့်ကို အသိုင်းအဝိုင်းတစ်ခု ထဲမှာ ထည့်သွင်းလက်ခံလိုက်ပြီလား။ လက်ရှိ ရွှေ စ,လုးံ တွေကို- ဒီကလူတွေက မင်းဘယ်တော့ ပြန်မှာလဲ မေးယင်- I’m Singaporean လို. ရဲရဲ မဖြေ ရဲကြပါ။ ဘာဖြစ်လို.ပါလဲ။ လက်ရှိ အိမ်ရှင် အုပ်စုတွေနဲ. ပေါင်းသင်း ကျင်လည်နေသလား၊ မိမိနဲ. နိုင်ငံတူ အသိုင်းအဝိုင်း ထဲမှာပဲ ကျင်လည်နေရပါသလား၊ နိုင်ငံသား မပြောင်းထားတဲ့ သူတွေဟာ ဧည့်သည်တွေပါ။ ဒီတိုင်းပြည် စီးပွားပျက်ယင် ဖြစ်စေ၊ ကပ်တစ်ခုခု ကျရောက်ယင် ဖြစ်စေ၊ မိမိ နိုင်ငံမှာ အခွင့်အလမ်း ပေါ်လာယင် ဖြစ်စေ၊ သူတို.အားလုံး အိမ်ပြန်သွားကြမှာပါ။ ဒါဆိုယင်- ဒီမှာပဲ အခြေစိုက်မယ် လုပ်ထားတဲ့ သူများအနေနဲ. ဒီက ိအိမ်ရှင်တွေကိုပဲ အပေါင်းအသင်းလုပ်ရပါလိမ့်မယ်။ အဲဒါ အပြင် နောက်တစ်ခုကတော့- ဒီက လူတွေက အပြင်မှာ- နိုင်ငံခြားသား အလုပ်သမား တွေကို ထောက်ခံ ပါတယ် လို.ပဲပြော ပြော၊ သူတို.ရဲ. ရင်ထဲမှာ- ဒီကောင် တွေဟာ အခွင့်အရေးသမား တွေလို. ရှိနေကြပါတယ်။ သူတို.တွေ အလုပ်ရှိနေချိန်မှာ- ကိုယ်တို.ကို ထောက်ခံနေပေမဲ့- သူတို. အလုပ်မရကြတော့တဲ့ အချိန်မှာ- သူတို.နေရာကို အခွင့်အရေးသမား-တွေ အောက်ဈေးနဲ. လာပြီး သူတို. အလုပ်ကို လုယူသွားတယ်လို. ခံစား ကြတယ် ဆိုတာကို နားလည် ထားပါ။ ဒီတော့- ကိုယ်တကယ် ပျော်နိုင်ပါ့မလား။ရေကြည်ရာ မြက်နုရာ။ ရှေးနှစ်ပေါင်း များစွာကတည်းက ကျွန်တော်တို. လူသားများဟာ မိမိတို.ရဲ. စားဝတ်နေရေး၊ လုံခြုံရေးအတွက် တစ်နေရာက တစ်နေရာကို ရွှေ.ပြောင်း နေထိုင်ခဲ့ကြပါတယ်။ အဲဒီတုန်းအခါက- ပါတ်စ်ပို. တို.၊ ဗီဇာတို.မလိုခဲ့ကြပါဘူး၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ တို.ဘာတို. သေသေချာချာ မရှိခဲ့ ကြပါဘူး။ အဆင်မပြေယင်- နောက်တစ်နေရာ ထပ်ရွှေ.ပြီး၊ မျိုးဆက်သစ်တွေကို မွေးဖွားလာခဲ့ကြပါတယ်။ ဒီနေရာမှာ- အရေးအကြီးဆုံးက စားဝတ်နေရေး က မရှိမဖြစ်ပါ။ အခု ကျွန်တော်ပြောချင်တာက- စင်္ကာပူဟာ အမှန် စင်စစ် ရေကြည်ရာ မြက်နုရာ ဖြစ်နေသလား ဆိုတာပါပဲ။ တကယ်တမ်းက- စင်္ကာပူမှာ- သောက်ရေက အစ ဘာဆို ဘာမျှ သဘာ၀ အရင်းအမြစ်မရှိပါ။ ကမ္ဘာ.ကုန်သွယ်မှု စီးပွားရေးလမ်းကြောင်းမှာ- နေရာကောင်းရထား တဲ့ အတွက် ကြောင့် ဝင်ငွေကောင်းနေရခြင်းပါ။ ဟိုအစတုန်းက- အရှေ.တောင် အာရှဒေသမှာ- သူလို.မျိုး၊ နည်းပညာ၊ အရည်အသွေး ဘယ်သူမှ မရှိသေးချိန်၊ အခြားနိုင်ငံတွေမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိသေးချိန်တွေကို အခွင့်ကောင်း ယူပြီး ကြီးပွားလာရပါတယ်။ ဒါပေမယ့် အခုဆိုယင်- အခြားနိုင်ငံတွေမှာ- သူထက် ကောင်းတဲ့၊ လုပ်အားခ၊ မြေနေရာငှါးခ၊ ဈေးသက်သာ တဲ့ ဆိပ်ကမ်းကြီးတွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းကြီးတွေ ဆက်တိုက် ပေါ်ထွက်လာပါပြီ။ အနောက် အုပ်စု၊ ဂျပန် အစရှိတဲ့ ရင်းနှီးမြုပ်နှံသူတွေဟာ လုပ်အားခ သက်သာတဲ့ နိုင်ငံတွေကို ရွှေ.ပြောင်း ဘို.အတွက် နေ.စဉ်ဆိုသလို- စင်္ကာပူက စက်ရုံတွေကို ပိတ်လာနေတာကို သတိထားမိသူတိုင်း သိနိုင် ပါတယ်။ နှစ်ပေါင်း ပြောင်းများစွာ လုပ်လာခဲ့တဲ့ ကွန်တိန်နာ ရှစ်ပင်း လုပ်ငန်းကြီးတွေဟာ လည်း စင်္ကာပူက ထွက်ခွာနေပါပြီ။ ဒါတွေကို စင်္ကာပူ Aစိုးရက ကြိုတင်သိထားတဲ့ အတွက် သူတို.နိုင်ငံကို ကုန်ထုတ်လုပ်မှုနိုင်ငံကနေ- ဝန်ဆောင်မှု နိုင်ငံအဖြစ် ပြောင်းဘို.ကြိုးစားလာရပါတယ်။ Resort တို. Casino ပျော်ပွဲစားလုပ်ငန်း၊ လောင်းကစားလုပ်ငန်း, Formula One ပြိုင်ကား လုပ်ငန်းတို.ကို တစ်ဘက်က လုပ်လာရသလို၊ Financial Hub, Medical Hub, Educational Hub, တို.လုပ်ငန်းတွေကို လုပ်ဘို. အစီအစဉ်တွေချလာရပါတယ်။ အဲဒီလိုမှ မကြံစည်ယင် စင်္ကာပူဟာ ကမ္ဘာမြေပုံမှာ မည်သူမျှ မသိနိုင်တဲ့ ကျွန်းကလေးအဖြစ်ကို ပြန်ရောက်သွားမှာကို အားလုံး သိကြ ပါတယ်။ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ပြောသလို- ကျွန်တော် တို.အစိုးရ အနေနဲ.အရည်အချင်း မရှိယင်၊ မင်းတို. သားသမီးတွေ နိုင်ငံခြားမှာ ပညာသွားသင်ကြရမယ်။ မင်းတို.မိန်းမ တွေ အခြားနိုင်ငံမှာ Maid သွားလုပ်ကြရမယ်။ မင်းတို.ဝယ်ထားတဲ့ အိမ်တွေဟာ အခုတန်ဘိုးရဲ့ အစွန်းထွက်တန်ဘိုးတောင် ရှိမှာ မဟုတ်တော့ ဘူး ဆိုတာ သူချဲ.ကားပြောတာမဟုတ်ပါ။ အမှန်တကယ် ဖြစ်သွားမှာပါ- အဲဒီတော့ သူတို.လုပ်မယ့် လုပ်ငန်းတွေ ဖြစ်တဲ့ လုပ်လာရသလို၊ Financial Hub, Medical Hub, Educational Hub တို.ဟာ ကိုယ်သင်ကြား၊ လာခဲ့တဲ. အတတ်ပညာ၊ ကိုယ်လုပ်လာခဲ့တဲ့ အတွေ.အကြုံတွေနဲ. ဆက်စပ်လို. ရပါ သလား၊ တကယ်လို. ကိုယ်က လိုင်းပြောင်းပြီး လုပ်မယ် ဆိုယင်ရော- သူတို.အနေနဲ. လက်ခံနိုင်မလား ဆိုတာက စဉ်းစားရမယ့် အချက်တစ်ချက်ပါ။ တရုပ်ပြည်၊ အိန္ဒိယ တို.မှာ နည်းပညာတွေ၊ လူအင်အားတွေ ရှိနေတဲ့ အတွက်ကြောင့် ရင်းနှီးမြုပ်နှံသူတွေဟာ အဲဒီနိုင်ငံတွေကို နေ.တိုင်းပြောင်းရွှေ.နေပါတယ်။ ဒီတိုင်းပြည်မှာ- ကပ်ရောဂါတစ်ခု ကျရောက်ခဲ့ယင်ဖြစ်စေ၊ အကြမ်းဘက် ပေါက်ကွဲမှု ၊ လူမျိုးရေး အထိကရုဏ်း တစ်စုံတစ်ခု ဖြစ်ခဲ့ယင် ဖြစ်စေ၊ ယခုမြင်တွေ.နေရတဲ့အနေအထားနဲ. Aင်မတန်ကွာခြားတဲ့ စင်္ကာပူ ဖြစ်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ကပ်ရောဂါ၊ အကြမ်းဘက်မှု၊ လူမျိုးရေး အထိကရုဏ်း တွေကို စင်္ကာပူအစိုးရအနေနဲ. အလွန် ဂရုစိုက်ရပါတယ်။ တစ်ဘက်ကလည်း ရင်းနှီးမြုပ်နှံသူတွေကို ထိန်းထားနိုင်ဘို. မက်လုံးတွေ ပေးထား ရပါတယ်။ အမှန်က စင်္ကာပူဟာ- လေဆန်ရေဆန်ကို လှော်ခတ်နေရတဲ့ ရွက်လှေငယ် လေးတစ်စင်းပါ- သတိဝီရိယ လျှော.လိုက်တာနဲ. နောက်ကြောင်းကို ချက်ခြင်းဆိုသလို ပြန်ရောက်သွားမှာကို အလုပ်လုပ်နေတဲ့ သူတွေ သိထားကြပါတယ်။ သဘာ၀ အရင်းအမြစ်ပြည့်ကြွယ်တဲ့ နိုင်ငံတွေမှာ- စောစောက ပြောခဲ့တဲ့ ပြဿနာများ ပေါ်ခဲ့ယင်၊ ရက်အနည်းငယ် အတွင်းမှာပဲ နလံထူနိုင်တယ် ဆိုတာ အိန္ဒိယ မွန်ဘိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပြီး နောက်နေ. မှာ မူလအတိုင်း လူတွေ အသွားအလာမပျက်တဲ့ အခြေအနေများကို သက်သေခံနေပါတယ်။ ဒီအချက်များကို သိထားကြတဲ့ နိုင်ငံကြီးသား များဖြစ်တဲ့ ပြည်ကြီးတရုပ်များ၊ မလေးရှား၊ အင်ဒိုနီးရှား တရုပ်များ၊ အိန္ဒိယ များ၊ ဟာ စင်္ကာပူ ပီအာ အဖြစ်မှာတင် ရပ်ထားကြပြီး၊ စလုံးနိုင်ငံသား အဖြစ်ကိုပြောင်းသူ ၂-ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ ကျွန်တော်တို. မြန်မာများက တော့ စလုံးပြောင်းသူဟာ ပီအာ အရေအတွက် ရဲ. တစ်ဝက်မက တော့ပါ။ ကျွန်တော်တို.အနေနဲ. အိမ်တစ်အိမ်ဆောက်တော့မယ် ဆိုယင်- ဆောက်မည့်နေရာက မြေကြီး အနေအထား ကို လေ့လာရပါမယ်။ မြေပျော.၊ ရွှံ.မြေ ဖြစ်နေခဲ့ပြီး။ သတိမထားပဲ ဆောက်လိုက်ယင်- အားလုံး ပြိုပျက်သွားပါလိမ့်မယ်။ ဒီနေရာမှာ- အချို.သော အမေရိကန် နိုင်ငံသားများ- စင်္ကာပူ နိုင်ငံသား ပြောင်းတာကို သတိထားမိကြပါလိမ့်မယ်။ အဖြေက ဘာများပါလဲ။ ဥပမာ- ၂-ခု ပေးချင်ပါတယ် မကြာခင်က ဟယ်လီကော့ပတာ ပျက်ကျသေဆုံးသွား တဲ့ Chemoil ကုမ္ပဏီ ရဲ့. ပိုင်ရှင်၊ CEO ဖြစ်သူ Robert Chandra ဆိုယင် သူအနေနဲ. ရေနံအရောင်းအဝယ် လုပ်သူဖြစ်တဲ့ အတွက်ကြောင့် အမေရိကန်နိုင်ငံသား ဆိုလျှင်- အီရတ်ရေနံကို ဝယ်လို.မရတဲ့အတွက် မပြောင်းမနေ ပြောင်းရခြင်း ဖြစ်သလို။ မကြာသေးခင်က နိုင်ငံသားပြောင်းလိုက်တဲ့ ရုပ်ရှင်မင်းသား ဂျက်လီ ဆိုလျှင်- ၁၉၈၀ နှစ်များမှာ အမေရိကန် နိုင်ငံသား ဖြစ်ခ့ြဲ ပီး၊ ယခုပြောင်းလိုက်ရတာက- အမေရိကန် အစိုးရရဲ့. အခွန်ဥပဒေ ကြောင့် ဖြစ်ပါတယ်။ ၄၀% ဝင်ငွေခွန်ဆောင်ရတဲ့ အမေရိကန်ရဲ့ ဝင်ငွေခွန် ဥပဒေဟာ ယခင်က အမေရိကန် နိုင်ငံမှာ အလုပ်လုပ်သူများသာ အကြုံးဝင် တဲ့ အတွက်ကြောင့်- ချမ်းသာတဲ့ လုပ်ငန်းရှင်များ၊ ရုပ်ရှင်မင်းသားများဟာ ပြင်ပ ထုတ်လုပ်သူ များနဲ့ အမေရိကန် ပြင်ပမှာ စာချုပ်ချုပ်ခြင်းဖြင့် ဝင်ငွေခွန် မပေးရအောင် ကြိုးစားခဲ့ကြပါတယ်။ ယခု ဥပဒေ အသစ်အရ- Aမေရိကန် နိုင်ငံသား ဖြစ်လျှင် ဘယ်နေရာမှာပဲ လုပ်လုပ် ဝင်ငွေခွန်ပေးရမယ် ဖြစ်ပါတယ်။ ဒါကြောင့် သူတို. ရဲ့ ၄၀ ရာခိုင်နှုန်းသော ဝင်ငွေခွန်ကို သက်သာ ဘို.က အမေရိကန် နိုင်ငံသား ဘဝကို စွန်.ရပါလိမ်မယ်။လက်ခံရခြင်း ရည်ရွယ်ချက်။ ကျွန်တော် တို.ကို လက်ခံရခြင်းရဲ့ ပထမဆုံး အကြောင်းရင်းက- လုပ်အား အတွက်ဖြစ်ပါတယ်။ ဒုတိယက လူမျိုးရေး ဟန်ချက်ညီဘို.ဖြစ်ပါတယ်။ တတိယက ၂၀၀၁ နှစ်မှာ ဖြစ်ခဲ့တဲ့ စီးပွားရေး ကပ်ကြောင့် ဆောက်ထားတဲ့ တိုက်ခန်း အများအပြား ဝယ်သူ မရှိတော့ ပါဘူး။ ဒီနေရာ အခြား နိုင်ငံတွေမှာ ဆိုယင်- ပုဂ္ဂလိက ဆောက်လုပ်သူ ဟာ သူရဲ. ငွေကို ဖြစ်တဲ့ နည်း နဲ. ပြန်ဖေါ် နိုင်ဘို. အတွက် ဈေးလျော့ခြင်း၊ ငှားခြင်း ဆိုတဲ့ လုပ်ရပ်တွေကို လုပ်ရပါတယ်။ ဒီမှာ တော့ တိုက်ခန်း တွေဟာ အစိုးရပိုင် ဖြစ်တဲ့ အတွက် - ဈေးကို လျော့ချမည့် အစား၊ Demand ကို အပြောင်းအလဲ ဖြစ်အောင် နိုင်ငံခြားသား တွေကို အိမ်ဝယ် ခွင့် ရအောင် ခေါ်သွင်းလိုက်ပါတယ်။ နိုင်ငံခြားသားတွေကို အိမ်ဝယ်ခွင့် ရတဲ့ တစ်ဘက်က ပီအာ တွေ ပေးပစ်သလို၊ 4-Room တွေကို နဂိုက လူပျိုလူလွတ် စ, လုံး တွေ ဝယ်ခွင့် မရခဲ့ပေမယ့် ဝယ်လို.ရအောင် စည်းမျဉ်း ပြောင်းပစ်လိုက်ပါတယ်။ ပထမအချက်- သူ.နိုင်ငံအတွက် ကာယ၊ ဉာဏ လုပ်သားတွေကို လိုအပ်နေပါတယ်။ သူတို.နိုင်ငံသား တွေဟာ အန္တရယ်ကြီးတဲ့ နေရာတွေမှာ မလုပ်လိုတဲ့ အတွက်၊ လုပ်ရလျှင်လည်း တစ်ခုခုဖြစ်လျှင် လျော်ကြေးပေးရမှာ ဖြစ်တဲ့ အတွက်- သင်္ဘောကျင်း လုပ်ငန်းမျိုးတွေမှာ- ဈေးပေါပြီး၊ ကျန်မာရေး၊ အသက်အာမခံကို သိပ်ဂရုစိုက် ပေးစရာ မလိုတဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အလုပ်သမားတို.ဟာ မရှိမဖြစ်ပါ။ ခန္ဓာ အစိတ်အပိုင်း တစ်ခု ပြတ်တောက် သွားခဲ့ပေမယ့်၊ သင့်တော်တဲ့ လျော်ကြေး မရပဲ ပြည်တော်ပြန်သွားရတဲ့ နိုင်ငံခြားသား တွေ အများကြီးပါ။ ဒုတိယ အချက်က- ရုတ်တစ်ရက် သိပ်မမြင်သာပါဘူး၊ စင်္ကာပူနိုင်ငံ လွတ်လပ်ရေး ရတဲ့အချိန်တုန်းက တရုပ်လူမျိုးက ၈၀% လောက်ရှိပါတယ်။ ဒါပေမယ့် စင်္ကာပူနိုင်ငံကို ကြီးပွားရေး အတွက် ကြိုးစားနေကြရတဲ့ ကာလ တွေအတွင်းမှာ- ကလေးမွေးကို သွယ်ဝိုက်သော အားဖြင့် ပိတ်ပင် တားမြစ်ခဲ့ပါတယ်။ ၁၉၇၀- နှစ်လွန်ကာလ တွေမှာ- တတိယ မွေးတဲ့ကလေးကို မိမိအိမ်နဲ. နီးတဲ့ကျောင်းမှာ တက်ခွင့်မရအောင် လုပ်ခဲ့ပါ တယ်။ ဒါပေမယ့် မူဆလင်ဘာသာဝင် မလေး လူမျိုးတွေက သားသမီး ရခြင်းကို တားမြစ်ခြင်း မရှိတဲ့ အတွက်- မလေး နဲ.၊ တရုပ် အရေအတွက် အချိုး ဟာ အနှစ်လေးဆယ် ကာလမှာ သိပ်မကွာတော့ပါဘူး။ မလေးရှား ရဲ့ အစွန်းထွက်၊ ကျွန်းငယ် ဖြစ်သလို၊ အင်ဒိုနီးရှားရဲ့ ဝန်းရံထားခြင်းကို ခံနေရတဲ့ စင်္ကာပူမှာ- စုစုပေါင်း လူဦးရေမှာ- မလေး အချိုးကို လျှော့ပစ်ဘို.လိုလာပါတယ်။ ဒါကြောင့် အခြားနိုင်ငံခြားကို ဖြည့်သွင်းတာ ဖြစ်ပေမယ့်- မလေးရှားက မလေးတွေအနေနဲ.- စင်္ကာပူမှာ- အလုပ်လာရှာဘို. မလွယ်သလို- စင်္ကာပူ တရုပ်တစ်ယောက်နဲ. အိမ်ထောင် ကျတဲ့ မလေးရှား မလေး အမျိုးသမီးကို စင်္ကာပူနိုင်ငံသား ပေးဘို. အလွန်.လွန်.ခက်အောင် လုပ်ထား ပါတယ်။ ဒီအချက်ကို စင်္ကာပူ နိုင်ငံသား မလေးလူမျိုး တွေ- ခံစားသိနေကြပေမယ့်- အချိန်အခါ မတိုင်သေးတဲ့အတွက် သူတို.မြိုသိပ်နေကြပါတယ်။ ဒါဟာ- ကောင်းတဲ့လက္ခဏာမဟုတ်ပါ။ ဒါကြောင့်လည်း တရုပ်အားကို ဖြည့်ဘို.- အဓိက- အားဖြင့် ပြည်ကြီး တရုပ်လူမျိုးကို ခေါ်သွင်းနိုင်ဘို.အတွက် Spass ဆိုတာကို စတင်ပြဌာန်းလိုက်ပါတယ်။ နဂိုက Work permit, Employment pass စသဖြင့် သတ်မှတ်ထားတဲ့ အတွက်- Work permit တစ်ယောက် ကို PR ပေးဘို.က ခက်ပါတယ်။ Employment pass ကို Eligibility Criteria တွေသတ်မှတ်ထားတဲ့ Aတွက် Aများစု ဝင်လာမယ့် ပြည်ကြီးတရုပ်ကို Employment pass ပေးဘို.က ခက်ပါတယ်။ ပြီးတော့ Employment pass ဆိုလျှင် ၂-နှစ်နေပြီးမှ PR လျှောက်ခွင့် သတ်မှတ်ထားခဲ့ တဲ့အတွက်၊ အမြန်အဆန် PR ပေးဘို.လည်း လွယ်၊ Eligibility Criteria တွေ လျှော့ချ ထားတဲ့ S-pass ကို စတင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာ- Internet ကနေ အလွယ်တကူ ဗီဇာ လျှောက်နိုင်ပြီး တရုပ်ပြည်မှာ တွင် ဗီဇာကို Collect လုပ်နိုင်တဲ့ နေရာပေါင်း ၃၀-ကျော် သတ်မှတ် ပေးလိုက်ပါတယ်။ PR ပေးပြီးယင်- လူတွေကို နိုင်ငံသား အဖြစ်ပြောင်းလာအောင်- ကျုံးသွင်း ဘို.ဖြစ်တဲ့၊ PR ခံစားခွင့်တွေကို လျှော့ချ လိုက်ပါ တယ်။ ဒါတွေကို တစ်ဆင့်ချင်း လုပ်သွားပေမယ့် မလုပ်ခင် ကတည်းက အစီအစဉ် အတိအကျ ရှိထား ပြီးသား ဖြစ်ပါတယ်။ ဒီနည်းနဲ. တရုပ်အရေ အတွက် အချိုးပမာဏ တိုးတက်ဘို. လုပ်တာဖြစ်ပေမယ့်- ပြည်ကြီး တရုပ်တွေ ထဲက- သိပ်သုံးလို.မရတဲ့ အနှိပ်သည်၊ ပြည်.တန်ဆာ၊ ကားသမား၊ Hawker Center အလုပ်သမား တွေလောက်သာ နိုင်ငံသား ဖြစ်သွားပြီး၊ ပညာတတ် တရုပ်များက- ၂-မျိုးဖြစ်သွားပါတယ်။ ပထမ တစ်မျိုးက PR အနေနဲ.သာ ရပ်တည်နေကြပြီး၊ ဒုတိယ တစ်မျိုးက အနောက်နိုင်ငံတွေကို ဆက်သွားလိုသူများ ဖြစ်ပါတယ်။ ဒုတိယ အမျိုးဟာ စလုံးနိုင်ငံသား ဖြစ်သွားတာနဲ. အမေရိကန် H1 ဗီဇာကို အလွယ်တကူ ယူပြီး Aမေရိကန်ကို သွား၊ အစိမ်းရောင်ကဒ်ပြား ကိုင်ဆောင်သူများ ဖြစ်သွားပါတယ်။ စုစုပေါင်း တရုပ်လူမျိုးရဲ့ ၂% လောက်ပဲ စ, လုံးပြောင်းဖြစ်သွားပါတယ်။ အိန္ဒိယ တွေလည်း ဒီပမာဏ လောက်ပဲ ရှိပါတယ်။ ထောင်တာက ယုန်ပါ။ မိသွားတကာ ကြောင်ပါ။ ထောင်တုန်းက တရုပ်လူမျိုးများကို ထောင်တာ ဖြစ်ပေမယ့်၊ မိသွားတာက မြန်မာ များဖြစ်ပါတယ်။ တတိယ အချက်က တော့ အထက်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စ, လုံး အစိုးရ အနေနဲ. - ပထမ အချက် ၃- ချက်အပြင် ထပ်ရသွားတဲ့ အကျိုးအမြတ် အပိုဆု တွေကတော့- - ကလေးများ- သူတို.လူမျိုးတွေ- မမွေးတဲ့ ကလေးတွေကို ကျွန်တော်တို.က သယ်ဆောင်လာကြတယ်။ - ဉာဏ်ပညာရည်စွမ်း- ရုတ်တစ်ရက်မမြင်နိုင်တဲ့ အချက်ပါ။ ကျွန်တော်တို. မြန်မာ ပညာတတ် အများစုက မွေးတဲ့ ကလေးတွေဟာ ဉာဏ်စွမ်းရည်အားဖြင့် ဒီက လူတွေရဲ. ကလေးတွေထက် မြင့်မားကြတယ် ဆိုတာ သတိပြုမိကြမယ် ထင်ပါတယ်။ ဉာဏ်စွမ်းရည် ဟာ မျိုးရိုးလိုက်တတ်တာမို.- ပညာတတ် မြန်မာက မွေးတဲ့ ကလေးတွေဟာ- ထမင်းဆိုင်မှာ လုပ်တဲ့၊ ကားဒရိုင်ဘာ လုပ်တဲ့ စ,လုံး ကလေးတွေ ထက်သာပါတယ်။ - CPF- ဒါက ထင်ထင်ရှားရှား ရလိုက်တဲ့ အကျိုးအမြတ်ပါ။အရံှုး အမြတ်၊ (၁- ကျန်းမာရေး Medical benefit) ကမ္ဘာမှာ ဖွံ.ဖြိုးတိုးတက်ပြီး- နိုင်ငံ လို. ကျေငြာထားတဲ. နိုင်ငံတွေမှာ- သူ.တို.နိုင်ငံသား တွေအတွက် အလုပ်လက်မဲ့ ထောက်ပံ့ကြေး၊ သားသမီး အနည်းအများအလိုက် ထောက်ပံ့ကြေး၊ ပညာရေး၊ ကျန်းမာရေး ထောက်ပံ့ကြေး ဆို.တဲ့ ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ အစိုးရ အနေနဲ. သူ.အိပ်ထောင်ထဲက စိုက်ပြီး- ပြည်သူတွေအတွက် ကူညီကြရပါတယ်။ လူတွေအတွက် အရေးအကြီးဆုံးက ကျန်းမာရေး ကူညီမှုပါ။ ကနေဒါမှာ- သြစတျေလျမှာ- ဆိုယင်- နိုင်ငံသား တွေအတွက် ကျန်းမာရေး ကို အစိုးရက လုံးလုံးလျားလျား စိုက်ထားပါတယ်။ စင်္ကာပူဟာ ငွေကြေး အနေအထားအားဖြင့် နိုင်ငံတော် အရန် ဘဏ္ဌာ အများဆုံး ကမ္ဘာ. နိုင်ငံ တွေထဲမှာ- ထိပ်ဆုံး မှာ ရှိပါတယ်။ ဒါပေမယ့် ဒီအရန်ငွေကြေး ဟာ ပြည်သူ ပြည်သားများ နဲ. လုံးလုံးလျားလျား မဆိုင်ဘူး ဆိုတာ- ပြီးခဲ့တဲ့ စီးပွားရေး ပြဿနာ ကိစ္စတွေမှာ သတိထားကြည့်လျှင် သိနိုင်ပါတယ်။ ဆေးရုံတွေဟာ နှစ်စဉ် မိမိတို.အတွက် သတ်မှတ်ထားတဲ့ အရောင်းလျာထားချက် Sales Budget ကို ပြည့်မီအောင် ကြိုးစား ကြရပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေရဲ. အဓိက ရည်မှန်းချက်ဟာ ငွေကြေး အကျိုးအမြတ် ဖြစ်တယ်ဆိုတာကို နားလည် လက်ခံနိုင်ပေမယ့် အစိုးရ ဆေးရုံတွေကပါ- နှစ်စဉ် အကျိုးအမြတ် ဖြစ်ထွန်း နေတဲ့ အချက်ဟာ- သူတို. က ဆင်းရဲတဲ့ နိုင်ငံလို. အထင်သေး ပြောဆိုနေတဲ့ အင်ဒိုနီးရှား၊ ထိုင်း နိုင်ငံတွေက ဆေးရုံတွေ လောက်တောင် မွန်မြတ်မှု မရှိပါဘူး။ သတင်း အမှောင် ချထားလို. အပြင်ပိုင်း အမြင်ကောင်း နေတဲ့ စ,လုံး ဆေးရုံတွေရဲ. အမှား တွေ၊ ငွေမရှိတဲ့ ကင်ဆာ ရောဂါ ဝေဒနာသည် အတွက် စမ်းသပ်မှု တွေဟာ- ဆေးရုံ လောက အတွင်းသတင်းတွေကို သတိထား လေ့လာ ယင် သိနိုင်ပါတယ်။ ငွေကြေး အလွန်ချမ်းသာယင်- အကောင်းဆုံး ဆေးရုံမှာ အကောင်းဆုံးဆရာ တွေနဲ. အသက်ကို ဆွဲဆန်. နိုင်တာမှန်ပေမဲ့- ဝန်ထမ်း ဘဝမှာ သာ အများစု ရှိနေတဲ့ ပြည်သူ တွေအတွက်က တော့ တကယ့် ဒုက္ခ ပင်လယ်ပါ။ မကြာသေးခင်က ဖြစ်ရပ် တစ်ခုမှာ- လုပ်ငန်း အောင်မြင် နေတဲ့ သားသမီး- ၃-ယောက်ဟာ အရေးပေါ် ဌာနမှာ အသက်လု နေရတဲ့ အမေအတွက် ၆-လ လောက် ငွေနဲ.ရင်းကုသ ပြီးနောက် - နောက်ဆုံးငွေကြေး မတတ်နိုင်ကြတော့ တဲ့ အတွက် လက်လျှော့ လိုက်ကြ ရပါတယ်။ တကယ်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ရပ်ပါ။ ICU မှာ- ၆-လ လောက်ထားပြီး၊ Treatment တွေအတွက်- Diagnosis တွေအတွက်၊ သီးသန်. ပေးရတဲ့ ကုန်ကျ စရိတ်ကို မှန်းကြည့်ပါ။ သားသမီး ၃-ယောက် စလုံးရော- မိခင် ဖြစ်သူပါ- စ, လုံး စစ်စစ်တွေပါ။ နောက်ဆုံးမှာ တော့ မိခင်ဟာ- သေတာပါပဲ။ ငွေကြေးအကျိုးအမြတ် ရသွားတာက ဆေးရုပံ ါ။ ဒီနေရာမှာ- တစ်ခြား နိုင်ငံ တစ်ခုခု- က ဆေးရုံဖြစ်လျှင်- မိခင် သေဆုံးတာခြင်း တူနိုင်ပေမယ့် လူနာရှင် တွေရဲ. အိပ်ထောင်ထဲက ငွေကို ဒီက ဆေးရုံတွေလောက် နှိုက်သွားမှာ မဟုတ်တာပါပဲ။ ဒါကြောင့်မို.လို. လွန်ခဲ့တဲ့ ၅-၆ လ လောက်က သတင်းစာမှာ- စင်္ကာပူနိုင်ငံမှာ ရှိတဲ့ သက်ကြီးရွယ်အို တွေရဲ့ ၇၀% ဟာ သူတို.အနေနဲ. လိုအပ်တဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု Regular Medical Check up မလုပ်တဲ့ အတွက် အရေးပေါ်ဌာနကို ထပ်ဖန် တစ်လဲလဲ တက်နေကြရတယ်လို. ရေးထားပါတယ်။ ဟုတ်ကဲ့- ကျန်းမာရေး စစ်ဆေးမှု လုပ်လိုက်လို. ရောဂါတစ်ခု ကို တွေ.ယင်- ကုသနိုင်ဘို. ဒီလူကြီးတွေမှာ ငွေမရှိကြပါဘူး၊ အစိုးရကလည်း နာမည်ခံ စိုက်တယ်ဆိုပေမယ့် တကယ် မစိုက်ပါဘူး။ သူတို. ရဲ့ သားသမီး တွေကိုလည်း ဒုက္ခမပေး ချင်ကြပါဘူး။ ဒါကြောင့်လည်း မကြာသေးခင် ကာလ တွေမှာ- ဆေးစစ်ပြီး ပြန်လာတဲ့ သက်ကြီးရွယ်အိုတွေ- ရထား လမ်းပေါ် ခုန်ချခဲ့ကြရတာပါ။ အစိုးရစိုက်ထုတ်မှု- ဒီနေရာမှာ- ကျွန်တော် ပြောချင်တာက- အချို.ပြောနေကြတဲ့ စ,လုံးဖြစ်ယင် အစိုးရက စိုက်ပေးတယ် ဆိုတဲ့ ကိစ္စကို ပြောချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်က Today သတင်းစာမှာ- လူတစ်ယောက်က တွက်ချက်ပြထားပါတယ်။ Block တစ်ခု စာမြေနေရာ အတွက် Land Lease လို.ခေါ်တဲ့ မြေငှားခ ၉၉-နှစ် ကို တွက်၊ နောက်ထပ် piling ကုန်ကျ စရိတ်ကို တွက်၊ ပြီးယင် ဆောက်လုပ်ရေး ကုန်ကျမှုကို တွက်၊ ရင်းနှီးမြုပ်နံှမှု အတွက် အတိုးတွက်ကို တွက်၊ အားလုံးစာရင်း ပေါင်းလိုက်ယင်၊ HDB တိုက်ခန်း ၄-ခန်း တစ်ခုကို ငွေ ၅-သောင်းနဲ. ရောင်းယင်ကို မြတ်နေ ပါပြီ၊ ဒါကို အစိုးရ ကိုယ်တိုင်က ၃-သိန်း ရောင်းတာဟာ ဘာဖြစ်လို.ပါလဲ၊ HDB ရဲ့ တစ်နှစ်တာ ငွေစာရင်း အရံှုးအမြတ်ကို ပြည်သူ လူထုကို သိရအောင် ပြောပြပါလို. တောင်းဆိုခဲ့ပါတယ်။ ဒါကို HDB က တာဝန်ရှိသူက ပြန်လည် ဖြေဆိုချက်က - ဒီကိစ္စကို ဒီလို တွက်လို. မရပါဘူး၊ ဘာဖြစ်လို.လဲ ဆိုတော့ ကျွန်တော်တို. ဆောက်ပေးတာက- Home ပါ House မဟုတ်ပါဘူးလို. ပြန်ဖြေခဲ့ပါတယ်။ တကယ်တော့ ၅-သောင်းတန်တဲ့ တိုက်ခန်း ကို ၃-သိန်းလို. ဈေးတင်၊ ၃-သောင်းကို စ, လုံးအတွက် အစိုးရက စိုက်ပေးတယ် လို.လုပ်ထားတာပါ။ ဒါကလည်း လူတိုင်းကို စိုက်ပေးတာ မဟုတ်ပါဘူး။ မိသားစု ဝင်ငွေ စုစုပေါင်း တစ်လကို ၈၀၀၀ မကျော်မှ ပါ။ ဒီကိစ္စကို ကြည့်လိုက်ယင်- နောက်ထပ် ကိစ္စတွေ ဖြစ်တဲ့ HDB upgrading, နဲ. ဆေးရုံကိစ္စတွေမှာ- ကိုယ့်ရဲ. လစာ ဝင်ငွေနဲ.၊ ဆေးရုံ တက်တဲ့ အဆင့်အတန်း ပေါ်မူတည်ပြီး စိုက်ပေးတယ် ဆိုတဲ့ ကိစ္စကို သဘောပေါက်မယ် ထင် ပါတယ်။ Medisave Accont ကနေ ပေးလို. ရတယ် လို.ပြောင်းလိုက် တဲ့ နောက်ပိုင်းမှာ- ဆေးရုံစရိတ်ကို ၃- ဆ တင်လိုက်ပါတယ်။ ဒါကို လူကြီးပိုင်း စင်္ကာပူ တွေ သိကြပါတယ်။ အခု ကုန်တိုက်တွေမှာ- Discount 50% , ဆိုပြီး၊ မူလ ဈေးကု ိ Sticker မှာ ပြင်ပြီး၊ ပြန်ရောင်း တာဟာ- အဆန်းမဟုတ်ပါ။ ဘဝကို အရွယ် ၃-ပိုင်း ပိုင်းလိုက်ယင်- ကျွန်တော်တို.ဟာ ဒုတိယ အရွယ်ထဲရောက်နေပါပြီ။ တတိယ အရွယ်မှာ မလွှဲ မရှောင်သာတဲ့ အိုခင်း၊ နာခြင်း၊ သေခြင်း တို.ကို သိပ်မကြာခင် ရင်ဆိုင်ရပါတော့မယ်။ ဒါကြောင့်မို.လို.- ကျွန်တော်တို.သာ ဒီမှာ နေယင်- စောစောက ပြောလိုက်တဲ့ ဒီက အသက်ကြီးသူတွေ ရဲ. အခြေအနေနဲ. ဘဝကို နှစ်အနည်းငယ် အတွင်း ရောက်ရှိပါတော့မယ် ဆိုတာကို သတိပြုကြပါ။အရံှုး အမြတ်၊ (၂) CPF လက်ရှိ အားဖြင့် မလေးရှားကနေ- စင်္ကာပူနိုင်ငံကို နေ.စဉ် အသွားအပြန် လုပ်ပြီး အလုပ်လာ လုပ်နေတဲ့ လူဦးရေဟာ ၈-သောင်းကျော် ရှိပါတယ်။ ဒီအထဲမှာ- PR အဖြစ်နဲ. နေ နေတဲ့ မလေးရှား တရုပ်တွေ မပါသေးပါဘူး၊ အလုပ်လုပ်နေတဲ့ နေရာ- အားလုံးမှာ မလေးရှား တရုပ်တွေ အရေအတွက်ဟာ အလွန်များ ပါတယ်။ ဒါကြောင့် မလေးရှားပါတ်စ်ပို. ကိုင်ထားတဲ့ မလေး တရုပ် PR တွေ အနေနဲ. သူတို.ရဲ. PRကို စွန်.လွှတ်ပြီး- မလေးရှား ပြန်မယ် ဆိုယင် -Sabah, Salawak စတဲ့ အရှေ.ဘက် မလေးရှား East Malaysia က သူတွေ ဆိုယင်တော့ သူတို.ရဲ့ CPF ကို ချက်ခြင်း ထုတ်လို.ရပေမယ့်၊ အနောက် မလေးရှား ခေါ်တဲ့ အဓိက မလေးရှား ဘက်က လာတဲ့ သူတွေကို တော့ ၂-နှစ် ဆိုင်းငံ့ပြီးမှ ထုတ်လို.ရပါတယ်။ ဘာကြောင့် လဲ ဆိုတော့ အနောက် မလေးရှားက အများစု ဖြစ်နေလို.- ဒီငွေကို ချက်ခြင်း ထုတ်ပေးလိုက်ယင် - သူတို. တိုင်းပြည်ရဲ. ငွေ အမြောက် အများ ထွက်သွားပါလိမ့်မယ်။ လောလောဆယ် အထိ ကျွန်တော်တို. မြန်မာ PR တွေ အနေနဲ. ကိုယ် PR ကို စွန်.လွှတ်ယင်၊ CPF ကို ချက်ခြင်း ထုတ်လို. ရပါသေးတယ်။ ဒါလိုလုပ်ယင်- အနိုင်နဲ. ပိုင်းပြီးသွားတဲ့ ကိစ္စ ဖြစ်လို. ဒီနိုင်ငံက သိပ်လိုလား တဲ့ အနေအထား မဟုတ်ပါဘူး။ လက်ရှိအားဖြင့် စ,လုံး နိုင်ငံသား တွေအနေနဲ. ၂၀၀၇ မတိုင်မီက အသက် ၆၂-နှစ် ပြည့်ယင်- CPF ကို ပြန်ထုတ်လို. ရပါတယ်။ ဒါပေမယ့် ၂၀၀၇-သြဂုတ်လမှာ- National Day မှာ ဝန်ကြီးချုပ် လီရှင်လုံးက ၆၂-ကနေ ၆၅ နှစ်ကို ၂၀၁၂ က စပြီး ပြောင်းဘို. ကြေငြာလိုက်ပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။ အပြည့်အစုံကို အောက်က ပေးထားတဲ့ Link မှာ ကြည့်လို.ရပါတယ်။ http://www.channelnewsasia.com/stories/singaporelocalnews/view/294907/1/.html ဒီနေရာမှာ- နောက်တစ်ခု သိထားဘို.က CPF Minimum Sum (Ordinary + Special A/c) Aအနည်းဆုံးပမာဏ ကို ပြောင်းလိုက်တာပါပဲ။ အသက် ၅၅-နှစ် ပြည့်ပေမယ့် လူတစ်ယောက်ရဲ. CPF Special Account MediSave Account တွေမှာ အနည်းဆုံး ထားရမယ့် ပမာဏ မပြည့်သေးယင်၊ သူ.ရဲ. Ordinary Account ကနေ အလိုလို ဆွဲယူမယ် ဖြစ်ပါတယ်။ နောက်ပြောင်းလိုက်တဲ့ - Special Account ရဲ. အနည်းဆုံး ရှိရမယ့် ပမာဏ ဟာ- တစ်သိန်း ၂-သောင်း ဖြစ်ပြီး၊ MediSave Account ရဲ. အနည်းဆုံး ရှိရမယ့် ပမာဏ ဟာ-၃-သောင်း ၂-ထောင် ဖြစ်ပါတယ်။ ဒီဥပဒေဟာ ၂၀၁၃- မှာ စတင် အသက် ဝင်ပါလိမ့်မယ်။ ဆိုလိုတာက- အဲဒီနောက်ပိုင်းနှစ်တွေမှာ- အသက် ၅၅-နှစ်ပြည့် တဲ့သူ ဖြစ်တဲ့ အတွက် ကြောင့် အခုကာလ လူလတ်ပိုင်း ဖြစ်နေတဲ့ ကျွန်တော် တို.အားလုံး ဒိအထဲမှာ အကျုံးဝင်နေပါတယ်။ ဥပမာ- ကိုယ်ဝယ်ထား တဲ့ အိမ်ဘိုးကို အခု လောလောဆယ် မှာ CPF ကနေ ပေးလို.ရပါတယ်။ ဒါပေမယ့် ၅၅- နှစ်ပြည့် တဲ့ အချိန်ကျယင်- Special Account မှာ ၁၂၀,၀၀၀ မပြည့်ယင်၊ MediSave Account မှာ ၃၂,၀၀၀ မပြည့်ယင်- လက်ရှိ အိမ်ဘိုးအရစ်ကျ ပေးနေတဲ. Ordinary Account ကငွေ တွေကို Minimum Sum အဖြစ် သက်ဆိုင်ရာ Account ကို ကွန်ပျူတာကနေ အလိုလို ပြောင်း လိုက်မှာ ဖြစ်ပါတယ်။ အဲဒီအခါကျယင်- ကျန်နေတဲ. အရစ်ကျပေးငွေကို မိမိအိပ်ထောင်ထဲက ငွေသားနဲ. ပဲ ပေးရပါတော့မယ်။ အခု ကျွန်တော်တို. ရတဲ့ ဝင်ငွေကို CPF Calculator မှာ တွက်ကြည့် ပြီး၊ စုစုပေါင်း ငွေ ၁-သိန်း၊ ၅သောင်း ၂ ထောင် ကို ပြည့်နိုင်လား တွက် ကြည့်သင့်ပါတယ်။ အနည်းဆုံး ပမာဏ မပြည့်မီယင်- ၅၀၀၀ က လွဲလို. ထုတ်ယူခွင့် မပြုတော့ပါဘူး။ ဒီစာသားလေးကို ဖတ်ကြည့်ပါ။ After 1 January 2013, CPF members who reach 55 can withdraw the balances in their Ordinary and Special Accounts only after setting aside the CPF Minimum Sum and the Medisave Minimum Sum. However, the first $5,000 can be withdrawn even if the Minimum Sum requirement is not met. အပြည့်အစုံကို အောက်မှာ ဖတ်ကြည့်ပါ။ ဒါက CPF website ထဲက ပါ။ http://www.ltc-cpa.com/Circular_to_%20Clients_Summary_of_CPF_Changes.pdf http://www.cpf.org.sg/NR/rdonlyres/C7A3F0C7-F0E7-4B5A-9792- 2C07D4B6C119/0/Reaching55_Bookletv11.pdf တကယ်တမ်းအားဖြင့် MediSave Account မှာ ရှိနေတဲ့ ငွေကို ဆေးရုံမှာ နောက်ဆုံးသေဆုံး ချိန်အထိ ထုတ်ယူခြင်း မပြုနိုင်ပါဘူး။ ကုန်ကျတဲ့ စရိတ်ကို ဆေးရုံက မစိုက်ရအောင်- ကျွန်တော်တို.ကို ငါးကြင်းဆီ နဲ. ငါးကြင်း ပြန်ကြော်ထား ထားပါ။ အဲဒီတော့ အနိုင်နဲ.ပိုင်းမလား၊ ဆင်သေကောင် နောက်ကို ဆက်လိုက်ကြမလား ဆိုတာ ကို ဆုံးဖြတ်ကြဘို. သင့်ပါတယ်။အရံှုး အမြတ်၊ (မမြင်ရသော ဆုံးရံှုးမှုများ ) နိုင်ငံခြား ရောက်နေကြတဲ့ မြန်မာများဟာ မြန်မာ့ ရိုးရာ၊ မြန်မာ့ ဓလေ့ တွေကို လွမ်းနေတတ်ကြပါတယ်။ ဘယ်လောက် ပဲ ဘိုစိတ် ဆန်တဲ့ သူပဲ့ ဖြစ်ဖြစ်၊ သားသမီး တွေကို သံယောဇဉ်ထားမှု၊ အုပ်ချုပ်မှု၊ စောင့်ရှောက်လိုမှုမှာ- မြန်မာ ဆန်ချင် တတ်ပါတယ်။ ဒါကြောင့် လည်း ဘုန်းကြီးကျောင်း တွေမှာ- ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတွေ တက်ဖြစ်အောင် မိဘ အချို.က ကြိုးစားကြပါတယ်။ ဒါပေမယ့် ကလေး တွေကို တကယ်တမ်း လွှမ်းမိုးတာက ကျောင်း နဲ. သူ.ရဲ. အသိုင်းအ ဝိုင်း ဖြစ်တယ် ဆိုတာကို မိဘ တွေအနေနဲ. လျှော.တွက်ထားမိတတ်ပါတယ်။ တကယ်တမ်းက သိပ္ပံ နည်းပညာ ဆိုတဲ့ စကားကို အထပ်ထပ်ပြော တဲ့ ကျောင်းရဲ. သင်ခန်းစာ တွေကို ရလာပြီးတဲ့ နောက်မှာ- ကလေးတွေဟာ နိဗ္ဗာန် ဆိုတာ၊ မြင့်မိုရ်တောင် ဆိုတာကို ယုံလာကြပါဦးမလား၊ မိဘက ရိုက်နှက်ယင် တရားစွဲလို.ရတယ် လို.ကျောင်းက သင်ပေးလိုက်ပြီး တဲ့အခါမှာ- မိဘရဲ့ စေတနာနဲ. ဆုံးမမှုကို သူတို.လက်သင့် ခံနိုင်ပါတော့မလား၊ ကိုယ်အနေနဲ. မတတ်နိုင်လို. ထွက်ခွာလာတဲ့ရတဲ့ တိုင်းပြည်ကို- ကလေးတွေက တတိယ နိုင်ငံ၊ ဆင်းရဲသား တိုင်းပြည် လို. ပြောနေတတ်ကြပြီလေ။ အသက်ကြီးလာယင်- မိမိနဲ. အကျွမ်းတဝင် ဖြစ်တဲ့ နေရာဟောင်းကို လွမ်းလို.ရပါ့မလား အသက်ကြီးလာယင်- ကိုယ်နဲ. ပြောမနာ ဆိုမနာ မိတ်ဆွေတွေကို တောင့် တမိပေမယ့်၊ သူတို.နဲ. တွေ.နိုင်၊ ပြောဆို နိုင်ပါ့မလား၊ တိုက်အောက်မှာ ဘီယာ တစ်ပုလင်း ကို အဖော်လုပ်နေရတဲ့ စင်္ကာပူ သက်ကြီး ရွယ်ကြီးတွေ.ကို တော့ နေ.တိုင်း တွေ.နိုင်ပါတယ်။သားသမီး အားကိုးရမလား။ ဒီနိုင်ငံမှာ နေထိုင်တဲ့ ဘဝမှာ- လူတိုင်းဟာ ဘ၀ တိုက်ပွဲကို အကြိတ်အနယ် ယှဉ်နွှဲနေကြရပါတယ်။ သားသမီး တွေဟာ လည်း သူတို.ရဲ. ဘ၀ ရပ်တည်မှု အတွက် နေ.စဉ်နှင့် အမျှ ရုန်းကန် နေကြရပါတယ်။ လွန်ခဲ့တဲ့ ၃-နှစ်က သတင်းစာ ထဲမှာ ပါတဲ့ ဖြစ်ရပ်တစ်ခုပါ- လူလတ်တန်းစား အနေအထားနဲ. သားသမီး တွေကို ဆရာဝန် ဖြစ်အောင် လုပ်ပေးခဲ့တဲ့ စင်္ကာပူ လူမျိုး တစ်ယောက်ဟာ- သူ.ရဲ. လူလတ်ပိုင်း အနေအထားမှာ အောင်မြင်ခဲ့ပါတယ်။ ဒါနဲ.ပဲ သားသမီးတွေ ဆရာဝန် ဖြစ်၊ သူလည်း အနားယူ လိုက်ပြီး၊ ဘဝကြီးကို ငြိမ်းချမ်းပြီလို. ယူဆမိပေမယ့်- သားသမီး တွေ အနေနဲ.က- ဒီနိုင်ငံမှာ ဆရာဝန်လုပ်ယင်- ဝင်ငွေအလွန်နည်းတာကို သိလာကြပါတယ်။ နှစ်စဉ် ဆရာဝန် တွေ မွေးထုတ်ပေးနေတဲ့ နောက်မှာ- ဆရာဝန် အရေအတွက် က များလာတော့ အစိုးရ ဆေးရုံမှာ လုပ်ယင်လည်း ဝင်ငွေက နည်းနည်းပဲ ရမယ်။ ကိုယ်ပိုင် ဆေးခန်း ဖွင့်ရအောင်လည်း အရင်းအနှီး ကလိုသေးတယ်။ ဒါနဲ.ပဲ သားသမီး တွေက သြစတျေလျမှာ အလုပ်လုပ်ဘို. စီစဉ်ကြပါတယ်။ ဒါဆိုယင်- ဒီအစိုးရကို လျော်ဘို.ငွေက လိုလာပါတယ်။ ကျွန်တော် မှတ်မိ သလောက်က ၂-သိန်းလား မသိဘူး၊ ဒီပမာဏကို လျော်ဘို. မိဘကို အကူအညီ တောင်းတော့ - ဖခင် ဖြစ်သူက ၅-ခန်းအိမ်ကို ရောင်း၊ အခန်း သေး ဝယ်ပြီး ပိုတဲ့ ငွေနဲ. လျော်ပေးလိုက်ပါတယ်။ နောက်တော့ တစ်ခြား ဟိုကိစ္စ၊ ဒီကိစ္စတွေ အတွက် လိုလာပြန်တာမို. သူ.ရဲ. CPF ငွေကို ထုတ်ပြီး ပေးလိုက်ပါတယ်။ ဒါနဲ.ပဲ- သားသမီး တွေ အခြားနိုင်ငံမှာ အလုပ်သွားလုပ်၊ အိမ်ထောင်ကျ သွားကြပါတယ်။ တကယ်တမ်းက မိဘ ဆီက ကြီးကြီးမားမား တွေ တောင်းပြီးတာနဲ. ပြန်ပေးရ မှာကို သားသမီးတွေက မေ့သွားတတ်ကြပါတယ်။ နောက်ဆုံးမှာတော့- အသက် ၇၀ အရွယ်မှာ- သူ.အနေနဲ. စားသောက်ဆိုင် တွေမှာ- သန်.ရှင်းရေး အလုပ်ကို လုပ်ရတဲ. အဆင့် ရောက်သွားပါတယ်။ အိမ်ပြန်လို. ရမလား၊ အလိုအလျောက် နိုင်ငံသား အဖြစ်မှ ရပ်စဲခြင်း။ အချို.က- ဆိုကြပါတယ်။ “နိုင်ငံသား ပြောင်းထားလည်း ဘာဖြစ်လဲ၊ ငါတို.မှာ မှတ်ပုံတင် ရှိနေတာပဲ။ ကိုယ့်ရပ်ကွက် ထဲ မှာ-မှတ်ပုံတင် နဲ.နေယင် ဘယ်သူ သိမှာ မို.လို.လဲ “ တဲ့။ အင်မတန် စိုးရိမ် စရာ ကောင်းတဲ့ အတွေးအခေါ်ပါ။ ဘာဖြစ်လို.လဲ ဆိုတော့- နိုင်ငံသား အဖြစ်ပြောင်း ထားလိုက်ကတည်းက - နိုင်ငံခြားသား ပါတ်စ်ပို. ကိုင်ပြီး- ရန်ကုန် လေဆိပ်ကို ဝင်လာကတည်းက- လ.ဝ.က အနေနဲ.- နိုင်ငံခြား တစ်ယောက် မြန်မာပြည် ထဲ ဝင်လာတယ် ဆိုပြီး စာရင်း သွင်းလိုက်ပါပြီ။ ကျွန်တော်တို. မြန်မာ တွေအနေနဲ. အကျင့်ပျက် လာဘ်စားမှု နဲ. တကယ့် အုပ်ချုပ်မှု ယန္တရား လည်ပါတ်နေမှုကို ခွဲခြား နားလည် ထားဘို. လိုပါတယ်။ လာဘ်စား တဲ့ လ.ဝ.က ဝန်ထမ်းတွေဘက်က- တခြမ်း၊ အုပ်ချုပ်မှု ယန္တရား တည်ဆောက်ထားမှုက တစ်ခြမ်းပါ။ ၁၉၇၄- မှာ မြန်မာ နိုင်ငံမှာ- မိန်းဖရိမ် ကွန်ပျုတာကို စတင် သုံးစွဲ တဲ့ဌာနက ၂-ခု ပဲ ရှိပါတယ်။ တစ်ခုက- လ.ဝ.က နဲ. နောက်တစ်ခုက C.S.O လို.ခေါ်တဲ့ နိုင်ငံတော် စာရင်းချုပ်ရုံးပါ။ ဆိုလိုတာက- အစိုးရ အနေနဲ. လ.ဝ.က ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား တာမဟုတ်တာကို ဆိုလိုပါတယ်။ နိုင်ငံခြားသား အနေနဲ. မြန်မာ ပြည်ထဲ ဝင်လာပြီး ပြန်အထွက် မရှိဘူးဆိုယင်- လ.ဝ.က အနေနဲ. သိနေပါတယ်။ ဒါကို ငွေပေးပြီး ဖြေရှင်း မယ်ဆိုယင်- မဖြစ်နိုင်ဘူးလို. မဆိုပါဘူး။ ဒါပေမယ့် ရန်ကုန်ရုံးချုပ်ကနေ၊ သက်ဆိုင်ရာ မြို.နယအထိသာမက၊ လ.ဝ.က၊ ရဲ၊ ထောက်လှမ်းရေး စသည်ဖြင့် ဌာနပေါင်းစုံ အထိ ဆက်စပ်နေတယ် ဆိုယင်- ပေါ့သေးသေး မဟုတ် တော့ ပါဘူး။ မြန်မာပြည်ထဲမှာ- F.R.C လို.ခေါ်တဲ့ နိုင်ငံခြားသား မှတ်ပုံတင်၊ ဧည့်နိုင်ငံသား မှတ်ပုံတင် ကိုင်ထားတဲ့ လူတွေ အနေနဲ. ဘယ်ကိုသွားသွား သက်ဆိုင်ရာကို အကြောင်းကြားရတယ်။ အခက်အခဲ အများကြီး ရှိတယ် ဆိုတာ- သက်ဆိုင်သူတွေ သိကြပါတယ်။ အခုကိစ္စက- ဒီထက် အဆများစွာ- ပြင်းထန် ပါတယ်။ လက်ရှိအားဖြင့် အခြား နိုင်ငံတစ်ခု ရဲ. နိုင်ငံသား ဖြစ်နေတဲ့ သူတစ်ယောက်ဟာ မြန်မာနိုင်ငံထဲမှာ- တရားမဝင် ရက်လွန်ပြီး နေတယ် ဆိုခြင်းဟာ- အကျယ်ချဲ.ယင် ချဲ.သလောက် ပြဿနာ ကြီးမားပါတယ်။ ဟုတ်ပြီ- ဒီတော့ ဒီလိုမလုပ်ဘူး၊ ပါတ်စ်ပို.နဲ. ပြန်မဝင်ဘူး။ ယိုးဒယား နယ်စပ်ကနေ ပြန်ခိုးဝင် မယ်ဆိုယင်လည်း- အောင်မြင် ချင်လည်း အောင်မြင်မယ်။ အောင်မြင်လို.အထဲရောက်ပြန်တော့ လည်း - အကြောင်းသိသူက ဖေါ်လိုက်ယင်- အကြီးအကျယ် ဒုက္ခရောက်နိုင်ပါတယ်။ ဒီအချိန်ကာလမှာ- ကိုယ်အနေနဲ. အရွယ် ရှိသေးယင် တော်ပါ သေးတယ်။ အရွယ်ကြီးရင့်ပြီး- ဝင်ငွေမရှာနိုင် တဲ့ အနေအထား မှာ ဆိုယင် အသက်ကြီးပိုင်း မှာ ကြုံတွေ. ရမယ့် ပုံမှန်လောက ဓမ္နတာထက် အများကြီး ဆိုးတဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ နောက်အရေးကြီးတာ တစ်ခုက- မြန်မာနိုင်ငံသားကို စွန်.လွှတ်ပြီးကတည်းက တရားဝင်အားဖြင့် ပြန်ရဘို. လမ်း မရှိတော့ပါဘူး။ လ.ဝ.က ဥပဒေကို နောင်ဘယ်အစိုးရပဲ တက်တက်၊ လွယ်လွယ်ကူကူ ပြောင်းပြန်လှန်ပစ် လိုက်လို.မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အခွင့်ကောင်းကို စောင့်နေတဲ့ အခြား နိုင်ငံခြားသားတွေ နေရာ ဝင်ယူသွားယင်၊ မြန်မာပြည်သား စစ်စစ်တွေ ဒုက္ခရောက်သွားနိုင်တာလည်း ဖြစ်သလို၊ နိုင်ငံတော် လုံခြုံရေးကိစ္စလည်း ဖြစ်နေလို.ပါ။ စင်္ကာပူ နိုင်ငံရဲ. ဥပဒေကလည်း သူ.နိုင်ငံသား ပင် ဖြစ်လင့်ကစား- အခြား နိုင်ငံတစ်ခု ခုမှာ နေထိုင်ပြီး သက်ဆိုင်ရာ သံရုံးကို ဆက်သွယ် မှု (၅) နှစ်အတွင်း မလုပ်ခဲ့ဘူး ဆိုယင်- သူ.နိုင်ငံသား အဖြစ်က အလို အလျောက် ပယ်ဖျက်ပစ်ပါတယ်။ အောက်မှာဖေါ်ပြထားတဲ့ Weblink ကို ကြည့်ပါ။ http://statutes.agc.gov.sg/non_version/cgi-bin/cgi_getdata.pl?actno=1999-REVEDCONST& doctitle=CONSTITUTION%20OF%20THE%20REPUBLIC%20OF%20SINGAPORE%0A&date=latest&method=part &segid=931158660-002788 - နိုင်ငံသား ဥပဒေ၊ အပိုဒ် ၁၂၉- ပုဒ်မ (၅) မှာ အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။ ဆိုလိုတာက Registration ဖြင့် ဖြစ်စေ၊ Naturalization ဖြင့်ဖြစ်စေ၊ စင်္ကာပူ နိုင်ငံသား အဖြစ်ကို ရယူထားသူ တစ်ဦးဟာ စင်္ကာပူ ဝန်ထမ်းလည်း မဟုတ်၊ စင်္ကာပူအစိုးရ ရဲ. အဖွဲ.အစည်းတစ်ခုခုက လည်း မဟုတ်၊ စင်္ကာပူ သံရုံးကို လည်း ဆက်သွယ်မှု မလုပ် - ပါပဲနှင့် အခြားနိုင်ငံ တစ်ခုခု မှာ ၅-နှစ် ဆက်တိုက် နေခဲ့လျှင်- စင်္ကာပူ နိုင်ငံသား အဖြစ်မှ ရပ်စဲ ပြီးသား ဖြစ်သွားပါတယ်။ လူတစ်ယောက် နိုင်ငံပျောက်ဆုံးခြင်း ဆိုတဲ့ ဒုက္ခဟာ ဘယ်လောက် ကြီးမားတယ် ဆိုတာကို- မကြုံဘူးသူတွေ နားမလည် ကြပါဘူး။ မြန်မာပြည်က ရိုဟင်ဂျာ လူမျိုးစုတွေဟာ အကောင်းဆုံး ဥပမာ တစ်ခုပါ။ http://newsgroups.derkeiler.com/Archive/Soc/soc.culture.singapore/2007-08/msg01006.html http://www.channelnewsasia.com/stories/singaporelocalnews/view/294907/1/.html http://www.channelnewsasia.com/stories/singaporelocalnews/view/433064/1/.html နိဂုံးချုပ် ကျွန်တော် တစ်ခုပဲ ပြောချင်ပါတယ်။ တကယ်လို.- အခု ဒီစာကို ဖတ်နေသူဟာ ဒေါ်လာ သန်းချီပြီ စီးပွားရေး လုပ်နေသူ ဆိုယင်- ဒီနိုင်ငံဟာ တကယ်ကောင်းပါတယ်။ ဘေးကင်း လုံခြုံမှု နဲ. တကွ- ကမ္ဘာနဲ. အချိန်ပြည့် ဆက်သွယ် ပြီး အလုပ်လုပ်နိုင်တဲ့ အတွက် အလွန် အဆင်ပြေပါတယ်။ ဒါပေမယ့် အလုပ်လုပ်မှ- ရပ်တည်နိုင်မယ့် သူတွေ. အနေနဲ. အသက်ကြီးပိုင်း အလားအလာကတော့- Town Council မှာ သွားအလုပ်တောင်း ရပါလိမ့်မယ်။ သန်.ရှင်းရေး အလုပ်၊ ကုန်တိုက်တွေမှာ- အသီးအရွက်တွေ ထုပ်ပေးတဲ့ အလုပ်စသဖြင့် ရကောင်း ရပါလိမ့်မယ်။ တကယ်လို. - ဒီနိုင်ငံဟာ- နောက်နိုင်ငံသား အဖြစ်ကို စွန်.စရာ မလိုတဲ့ Dual Citizenship ကိုလက်ခံယင်၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေးတွေ၊ အသက်ကြီးပိုင်း ထောက်ပံ့ ကြေးတွေ ပေးမယ် ဆိုယင်တော့- မိတ်ဆွေ- ချက်ခြင်းပဲ နိုင်ငံသား ပြောင်းလိုက်ပါ။ ဒါမှ မဟုတ်ယင်တော့။ ~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...
IC လာတော့ I See လိုက်တာပေါ့ဗျာ ကောင်းတယ်ဗျာ ခင်ဗျားတို့ လုပ်နိုင်ခဲ့တယ်။ မြန်မာတွေ အားလုံးရဲ့ ရင်ထဲမှာ IC ဆိုတဲ့ နာမည်ကို ခင်ဗျားတို့ ရေးထွင်းနိုင်ခဲ့ပါတယ်။ လူငယ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ် ပထမ မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ရှိုးပွဲရက်က နီးလာတာနဲ့အမျှ မကြည့်တော့ဘူလို့ ဆုံးဖြတ်ထားတဲ့ ခေါင်းထဲက IC (Integrated Circuit)က လောင်သွားတယ် ဒါဆိုတော့ မဖြစ်တော့ဘူးဆိုပြီ အပြင်က IC နဲ့အစားထိုးခဲ့ရတယ် ခင်ဗျားတို့အားလုံးလည်း IC လဲခဲ့ရလိမ့်မယ်လို ထင်ပါတယ် ဘဝအမောတွေ ပြေပျောက်ကြပါစေဗျာ
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...
အမေ ခံယူချက်အပြည့်နဲ့ ဘဝကိုစတေးခဲ့တဲ့ အမေ မှောင်မိုက်နေတဲ့သားတို့ ကို ရောင်နီသဖွယ်လမ်းပြခဲ့တဲ့အမေ ဝံပုလွေတွေကြားမှာ ခြင်္သေ့တစ်ကောင်လို ရဲရင့်တဲ့အမေ အမေ အမေ့ရဲ့ ခံယူချက် အမေ့ရဲ့ ညွန်ကြားချက် အမေ့ရဲ့ သတ္တိတွေ နဲ့ သားတို့ လူလားမြောက်ခဲ့ပြီ အမေ အရာရာရှင်သန်ခွင့် မရှိတဲ့ ကန္တာရမှာ အမေဟာအိုအေစစ်ပါပဲအမေ လူဖြစ်ပေမယ့် လူဖြစ်ခွင့်မရှိတဲ့ဘဝတွေ ဖေါက်ထွက်ခြင်ပေမယ့် ဖေါက်ထွက်ခွင့်မရှိတဲ့ ဘဝတွေ ဘဝတွေ ဘဝတွေ စတေးခဲ့ရပြီ အမေ.. အမေ သားတို့ကို အမေကြည့်ပြီး တိတ်တခိုးကျနေမယ့် အမေရဲ့ ရင်ထဲက မျက်ရည်တွေကို သားတို့ တွေ့နေရတယ် အမေ မဝေးတော့တဲ့တစ်နေ့မှာ အမေ့ဆန္ဒတွေ ပြည့်ဝမှာပါ အမေ အမေ့ ယုံကြည်ချက်တွေ ပြီးပြည့်စုံတော့မှာပါ အမေ... အမေအမြန်ဆုံး လွတ်မြောက်နိုင်ပါစေ...... မင်းမြတ်ဘုန်း
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နုတ်ခွန်းဆက်သလိုက်ပါတယ်။ ပထမဦးစွာ ကျွန်တော့်ကို ဒီနေ့ ဒီရက်မှာ မွေးဖွားသန့်စင်ပေးခဲ့သော မေမေ နှင့် ဖေဖေ့ ကို အဝေးရောက်သားကြီး ကျွန်တော် မင်းမြတ်ဘုန်း မှ ရိုသေစွာ ကန်တော့လိုက်ပါတယ်။ ဖေဖေ နှင့် မေမေ ကျန်းမာ ချမ်းသာပြီး တရားဘာဝနာများ ကို အေးငြိမ်းချမ်းသာစွာဖြင့် အားထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ကို ရင်ဝယ်သားကဲ့သို့ ပြုစုခဲ့သော ကြီးကြီး ကိုလည်း သား မင်းမြတ်ဘုန်း မှ ရိုသေစွာကန်တော့လိုက်ပါတယ်။ ကြီးကြီးတစ်ယောက် ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော် အဝေးကိုရောက်နေပေမယ့် နှစ်စဉ် ဒီအချိန်ရောက်တိုင်း တစ်နှစ်မှ မပျက်ပဲ ကျွန်တော်ကြိုက်တဲ့ မုန့်လုံးရေပေါ်ကို စတုဒီသာ ကျွေးမွေး လှူဒါန်းပေးတဲ့ မေမေ။ ကျေးဇူးပါမေမေ။ ကဲ့..... ကျွန်တော်ကတော့ သူငယ်ချင်းတွေကို ပေါ့ပေါ့ပါးပါး ယိုးဒယားအစားအစာ နဲ့ ဧည့်ခံလိုက်ပါတယ်ဗျာ.... အားရပါးရ သုံးဆောင် ကြပါခင်ဗျာ......... ဒါကတော့ အချိုပွဲပေါ့ ဗျာ ... ဟဲဟဲ မလောက်ရင်ပြောနော် မရှက်ပါနဲ့ ..... ကျွန်တော့်ရဲ့ မွေးနေ့မှာ ဆုမွန်ကောင်းတွေ တောင်းပေးတဲ့ ချစ်သူရေ.. ကျေးဇူးပါ..........
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...
ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်တာ အတော်ကြာသွားပြီ.. သူငယ်ချင်း ဘလော့ဂ်တွေကို တော့လည်ဖြစ်ပါတယ် ခြေရာလေးတွေမထားခဲ့နိုင်တာခွင့်လွတ်ပါ.... ခု စင်ကာပူက ဟာသဗီဒီယို ကလစ်လေးတစ်ခုကို သူငယ်ချင်းတစ်ယောက်ဆီ ကနေရလို့ အားလုံးကို မျှဝေလိုက်ပါတယ်။ ရယ်သောသူ အသက်ရှည်၏
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...
ပျော်ရွှင်ဖွယ် Valentine's Day ချစ်သူတွေအားလုံး ပျော်ရွှင်စွာ နဲ့ Valentine's Day ကို ပျော်ရွှင်စွာ ဆင်နွဲနိုင်ကြပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ရဲ့ ပထမဆုံးသော Valentine's day အမှတ်တရပေါ့
ဆက္ဖတ္ပါ...
ပြန်ခေါက်ထားပါ...