ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။
နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ....ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။
ကိုယ့်ရှေ့မှာ...
ကိုယ့်နောက်မှာ...
ကိုယ့်ဘေးပတ်လည်မှာ...
စိတ်မရှည်တဲ့မျက်နှာနဲ့
လူတွေဟာ လူတွေဟာ...
ခေါ်သံကိုသာ နားစွင့်နေကြတယ်။
ဟော...
ငါ့နာမည်ကို ခေါ်သံပါလား...
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့လာတယ်။
နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။
ရှောင်လွှဲလို့မရတဲ့
သည်ခဏအချိန်ကလေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။
အဆုံးမတော့
ငါဟာ...တုန့်ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ပဲ
သူ့ရှေ့မှောက်အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။
ကမ္ဘာလောကကြီးက
အသံဗလံတွေ အားလုံးဟာ
အဲသည်တခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း ငါထင်လိုက်မိပါရဲ့။
ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တစ်ချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။
“အခွန်ဆောင်မှာလား။ သက်တမ်းတိုးမှာလား”...... တဲ့။
forward မေးတစ်ခုကနေ ရတဲ့ကဗျာလေးပါ။ အားလုံးဖတ်ရအောင်ဝေမျှပေးလိုက်ပါတယ်။
ကျွန်တော်တို့တတွေ မလွဲမသွေ ကြုံဆုံ ရမယ် နေ့တစ်နေ့ ပါခင်ဗျာ။။။
“အခွန်ပေးခြင်း ဆင်းရဲခြင်း ကင်းလွတ်ကြပါစေ။
ခေါင်ပုံဖြတ်ခြင်း အချင်းချင်း ကင်းလွတ်ကြပါစေ။”
Saturday, November 15, 2008
ကြုံဆုံရမည့် နေ့တစ်နေ့
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 11:58 AM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဟာသ
Thursday, October 23, 2008
အချစ်နှင့် ခရီးသွားခြင်း (၂)

ဒီလိုနဲ့ ကျွန်တော်နှင့် ကျွန်တော့်ရဲ့ အချစ်ဖန်ဆင်းရှင် ခရီးသွားခဲ့ကြတာ ခရီး အတော်အတန်သွားခဲ့ပြီးပြီ အဲ့ဒီအတောအတွင်းမှာ သူနှင့် စကားများလိုက် ရန်ဖြစ်လိုက်ကြနဲ့ပေါ့။ သူက ကျွန်တော့်ကို ကူညီမယ်လို့သာပြောတာ သူလုပ်ချင်တာသူလုပ်တာ ပြောရင်လည်းနားမထောင်တတ်ဘူး ကျွန်တော်ကတော့သူ့ကို နားလည်ဖို့ကြိုးစား ခဲ့တယ်။ သူကတော့ နဲနဲလေးမှ ကျွန်တော့်ကို နားလည်ပေးချင်ပုံမရဘုူး။ ကျွန်တော့်ကို အမျိုးမျိုး နှိပ်စက်တယ်၊ တော်တော်ဆိုးတဲ့ အချစ်ဖန်ဆင်းရှင်။ တစ်ခါတလေတော့လည်း မောပန်းလွန်းနေတဲ့ ကျွန်တော့်ကို ယုံကြည်ချက်တွေ ခွန်အားတွေပေး တတ်တယ်။
ဒီလို နဲ့ တစ်ရက်မှာ ခရီးရှည်ကြီးကို ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ရလို ကျွန်တော် မူးဝေပြိးလဲကျသွားခဲ့တယ် ကျွန်တော်မေ့မျောသွာပြိး လောကကြီနှင့် အဆက်ပြတ်သွားတယ်။ ကျွန်တော်ပြန်သတိရလာပြီး မျက်လုံးဖွင့် ကြည့်လိုက်တော့ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်အောက်ရောက်နေတယ် ကျွန်တော်ရဲ့ အချစ်ဖန်ဆင်းရှင်က သူကိုယ်သူ အချစ်သစ်ပင် ဖန်ဆင်းပြီး ကျွန်တော့် ကို အုပ်မိုးပေးထားခဲ့တယ် အလွန်ကြီးမားတဲ့ အချစ်သစ်ပင်ကြီးက သူ့လက်ရဲ့ အကိုင်းက သစ်ရွက်တွေနဲ့ ကျွန်တော့်ကို ပူလောင်မှုမှကင်းဝေစေခဲ့တယ်၊ ရင်ထဲမှာ အေးချမ်းသွားတယ်၊ ကျွန်တော်နဲနဲကျေနပ်သွားတယ်။ ကျွန်တော် သူ့ကို မော့ကြည့်ပြီးတော့ မေးကြည့်လိုက်တယ်
“ဒီမယ် အချစ်ဖန်ဆင်းရှင် ခင်ဗျားက ဘာလို့ကျွန်တော့်အပေါ်ဒီလောက်ကောင်းနေရတာလဲ၊ ကျွန်တော်က ခင်ဗျားကို ဘာမှ အကူအညီမတောင်းပဲနဲ့ ခင်ဗျားက ကျွန်တော့်ကို အကူအညီတွေ အများကြီးပေးခဲ့တယ်”
အချစ်ဖန်ဆင်းရှင်က သူ့အကိုင်းလေးတွေကို သွက်သွက်ခါအောင် ခါရမ်းပြီး ရယ်မောလိုက်တယ်။
“ ကောင်လေး.. မင်းတို့သက်ရှိလူသားတွေ အသက် ရှင်ရပ်တည်ဖို့အတွက် ငါတို့ အချစ်ဖန်ဆင်းရှင်တွေ လိုက်ပါစောင့်ရှောက်ရမှာက ငါတို့ တာဝန်ပဲလေ...ငါတို့မရှိပဲ မင်းတို့ ရှင်သန်ဖို့ မလွယ်ဘူး”
သစ်ပင်ကြီးကပြောရင်း သူ့ရဲ့ လက်တွေကို ကိုင်းညွတ်ပြီး ကျွန်တော့်ကို ပွေ့ဖက်လိုက်တယ်။ သူ့ရဲ့လက်တွေကို ကိုင်းညွတ်လိုက်တော့ အရွက်တွေကြားမှာ ဖုံးကွယ်ထားတဲ့ အချစ်ပန်းသီးလေးတွေ ထွက်ကျလာတယ်။ ကျွန်တော်လည်းဗိုက်စာတာနဲ့ သစ်ပင်ကြီးဆီက ချစ်ပန်းသီးတွေ စားချင်လို့ ခွင့်တောင်းလိုက်တယ်။
“ ဒီမယ် အချစ်ဖန်ဆင်းရှင်ကြီး ခင်ဗျားဆီက ချစ်ပန်းသီလေးတွေ ကျွန်တော့်ကို နဲနဲလောက် ခူးခွင့်ပေးပါလား။ ကျွန်တော်ဗိုက်ဆာနေလို့”
သစ်ပင်ကြီးက ပြောတယ်
“ကောင်လေး မင်းစားချင်ရင်တော့ ငါ့ဆီက လာခူးစားလို့ရပါတယ်။ ဒါပေမယ် ဒီချစ်ပန်းသီးလေးတွေက ငါ့ ရဲ့ နှလုံးသားထဲက ဖြစ်လာတဲ့အသီးတွေ ငါ့ရဲ့ ချစ်ပန်းသီတွေကို ငါ မခြွေပေးပဲ ဘယ်သူမှ စားလို့ မရသေးဘူး ငါမခြွေချသေးတဲ့ ငါ့ချစ်ပန်းသီးကို လောဘတကြီးနဲ့ ခူးစားမိခဲ့လို့်ရှိရင် ဒီလူမှာ အချစ်အဆိပ်မိသွားပြီး ဒုက္ခတွေခံစားလာရလိမ့်မယ်။ အကယ်ဤ ငါခြွေချ ပေးတဲ့ ချစ်ပန်းသီး ဆိုရင်တော့ သူ့မှာ ချမ်းသာ သုခတွေနဲ့ပြည်စုံလာလိမ်မယ်။ သူ့မှာ မမြင်နိုင်တဲ့စွမ်းအင် တွေအများကြီးရှိနေတယ်။”
ကျွန်တော်နဲနဲတွေဝေသွားတယ်.... ခူးစားရမှာ နဲနဲ တွန့်ဆုတ်သွားတယ်.... ကျွန်တော်သူ့ကို တွေဝေပြီးကြည့်နေမိတယ်။ တော်တော်ကြာမှ သူက
“ကောင်လေး မင်းစားချင်ရင်တော့ ငါတစ်လုံးခြွေပေးပါ့မယ်....ရော့”
အဲ့ဒါနဲ့ အချစ်သစ်ပင်ကြီးက သူရင်ဘတ်ထဲမှ ချစ်ပန်းသီးတစ်လုံး ကျွန်တော့်ကို ချပေးလိုက်တယ်။ ကျွန်တော်လည်းဗိုက်ဆာနေတာနဲ့ အချစ်သစ်ပင်ကြီးကို မှီပြီး အားရပါးရ စားလိုက်တယ်။ စားပြီတာနဲ့ ကျွန်တော် မူးရစ်ရီဝေသလို ခံစားလိုက်ရတယ် ပြီးတော့ ကျွန်တော် အိပ်ပျော်သွားခဲ့တယ်။ ပြန်နိုးလာတော့ ခန္ဓာကိုယ်မှာ အားအင်သစ်တွေတိုးပွားလာသလို ခံစားလိုက်ရတယ်။ တော်တော်ကောင်းတဲ့ ချစ်ပန်းသီး ကျွန်တော့်စိတ်တွေလန်းဆန်းသွားခဲ့တယ်၊ အားအင်တွေပြည့်ဝလာတယ်။ ဒါနဲ့ ကျွန်တော်လည်း ချစ်သစ်ပင်ကြီးကို ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။ သူက ပြန်ပြောတယ်
“ ကျေးဇူးတင်စရာမလိုပါဘူ ကောင်လေး အချစ်ဆိုတာက ကိုယ့်တစ်ယောက်တည်းရဲ့ လိုအပ်ချက်ကို ရှေ့တန်းတင်ပြီး ရယူပိုင်ဆိုင်ချင်စိတ်နဲ့ ခူးယူခဲ့မယ်ဆိုရင် မင်းခူးယူပိုင်ဆိုင်နိုင်ပါတယ် ဒါပေမယ် ခွန်အားကိုဖြစ်စေတဲ့ ချစ်ပန်းသီးတစ်လုံးတော့ ဖြစ်လာမှာ မဟုတ်ဘူး”
ပြီးတော့သူကဆက်ပြောတယ်...
“ကိုယ်တစ်ကယ် လိုအပ်နေတဲ့အချိန်မှာ တစ်ကယ့်ကို စေတနာအစစ်နဲ့ ခူးချွေပေးလို့ ရရှိခဲ့ရင် မင်းရယူပိုင်ဆိုင်နိုင်ပါတယ် ဒါဆိုရင် အဲ့ဒီချစ်ပန်းသီဟာ မင်းအတွက် တကယ့်ကို အားအင်သစ်တွေ ရရှိစေနိုင်ပါတယ်”
အင်း... သူပြောတာတွေကို ကျွန်တော်နဲနဲလက်ခံလိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ခရီးဆက်ထွက်ဖို့ ထွက်လာခဲ့တယ်။
ခရီးလမ်းတစ်လျောက် ကျွန်တော်နဲ့ အချစ်ဖန်ဆင်းရှင်တို့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ခရီးထွက်လာခဲ့တာ နှစ်တောင်တော်တော်ပေါက်ခဲ့ပြီ။ တစ်ရက်မှာ ကျွန်တော်တို့ဟာ အလွန်ပူပြင်းလှတဲ့ ကန္တာရကြီး ကို ဖြတ်သန်းလာခဲ့ကြတယ်။ အရမ်းပူပြင်းလွန်းလို့ ကျွန်တော် အာခေါင်တွေ ခြောက်သွေ့လာတယ်၊ သောက်စရာရေဆိုလို့ နဲနဲမှ မရှိ။
အဲဒီအချိန်မှာ အချစ်ဖန်ဆင်းရှင်က
“ ခဏလေးနေဦးကောင်လေး ...”
ဆိုပြီးတောင်ကုန်းလေးပေါ်ကို တက်သွားတယ်။ ပြီးတော့ တောင်ကုန်းလေးရဲ့ဟိုဖက်မှာ အိုအေစစ်လေးတစ်ခု ဖန်ဆင်းလိုက်ပြီး ကျွန်တော့်ကိုလှမ်းခေါ်ပြတယ်။
“ကောင်လေး ဟို..မှာမင်းတွေ့လား အိုအေစစ်လေး အဲဒီမှာ မင်းအတွက် သောက်စရာရေရှိတယ်။ နားစရာနေရာရှိတယ်။”
ကျွန်တော်ဝမ်းသာသွာတယ်။ ပြီးတော့သူကဆက်ပြောတယ်
“အဲ့ဒါ ငါဖန်ဆင်းထားတဲ့ အိုအေစစ်လေးပဲ မင်းကြည့်နေ အဲဒီကို တခြားသူတွေ တွေ့ပြီး ရေလာရှာလိမ့်မယ်။”
ခဏကြာတော့ လူတစ်ယောက်ရောက်လာတယ်။ အဲ့ဒီသူလည်းအိုအေစစ်ကိုတွေ့တော့ ဝမ်းသာအားရနဲ့ ရေဝင်သောက်တယ်၊ ရေကို အငမ်းမရသောက်လိုက်တယ်။ ပြီးတော့ ခဏထိုင်နားတယ် ပြီးတော့ ထပ်သောက်ပြန်တယ်။ ပြီးတော့ ထပ်ခါထပ်ခါ သောက်ပြန်တယ်။ သူ့မှာ ရေသောက်လွန်လို့ ဗိုက်ကြီးတင်းကားလာတယ် နောက်ဆုံး ဆက်မသောက်နိုင်ပဲနဲ့ လဲကျသွားတယ်။
ခဏကြာပြန်တော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်၊ သူကျတော့ ပထမလူလောက် အလောတကြီးမသောက်ဘူး၊ ပထမ တစ်ငုံလောက်သောက်လိုက်တယ် ကျန်တာကို သွန်ပစ်လိုက်တယ်။ နောက်တစ်ငုံထပ်သောက်တယ် ကျန်တာကိုသွန်ပစ်လိုက်တယ်။ အဲ့ဒီလိုသောက်လိုက်သွန်လိုက်နဲ့ သူလည်း ဗိုက်ကြီးတင်းကားလာတယ်။ နောက်ဆုံး ဆက်မသောက်နိုင်တော့ပဲ လဲကျသွားပြန်တယ်။
ခဏကြာပြန်တော့ နောက်တစ်ယောက် ရောက်ပြန်လာတယ်။ ဒီလူကြတော့ ရေကိုတွေ့တွေ့ချင်း တစ်ဝသောက် ပြီးတော့ ရေကိုခေါင်းပေါ်ကနေ တဝလောင်းချ ပြီးတော့ တဝပြန်သောက် ပြီးတော့ ခေါ်င်းပေါ်ကနေပြန်လောင်းချ၊ အဲဒီလို ကျေနပ်အောင်နေပြီးတော့မှ ပြန်လည်ထွက်ခွာသွားတယ် ဒါပေမယ့် သူဝေးဝေး မသွားနိုင်ဘူး ခဏကြာတော့ လဲကျသွားပြန်တယ်။
အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် အချစ်ဖန်ဆင်းရှင်ကို မေးကြည့်တယ် သူတို့ ဘာဖြစ်သွားကြတာလဲလို့
သူကပြောတယ်။
“သူတို့တွေ က ငါဖန်ဆင်းထားတဲ့ အချစ် အိုအေစစ်လေးက အချစ်ရေတွေကို တန်ဖိုးမထားခဲ့ကြလို့ပဲ။ ပထမ တစ်ယောက်ကတော့ လောဘတကြိး သောက်ယူသုံးစွဲတယ်။ သောက်လေသောက်လေငတ်မပြေဖြစ်ပြီး လဲကျသေဆုံးတယ်။ ဒုတိယတစ်ယောက်ကတော့ တန်ဖိုးမထားတတ်ဘူး။ သောက်တယ် သွန်တယ်။ သူလည်းအဲ့လိုပဲ နောက်ဆုံး လဲကျသေဆုံးခဲ့တယ်။ တတိယတစ်ယောက်ကတော့ အလွဲသုံးစားလုပ်တယ်။ သောက်တယ် ချိုးတယ်။ အဲဒီတော့ အပူရှပ်ပြီးသေဆုံးခဲ့တာပဲ။ အဲ့ဒီငါ့ရဲ့ အချစ်အိုအေစစ်ဆိုတာက ဒီလိုပူပြင်းလှတဲ့လောက အလယ်မှာ ခရိးသွားတွေ တန်ဖိုးရှိရှိ သောက်ယူသုံးစွဲဖို့ ဖန်ဆင်းထားခဲ့တာပဲ။ တန်ဖိုးရှိရှိ သောက်ပါ နားပါ။ ပြီးရင် ကိုယ်ရဲ့လိုရာခရိးကို ငြိမ်းချမ်းစွာနဲ့ သွားနိုင်ကြမယ်။ အဲဒါကြောင့်.....
အချစ်ကို အလွဲသုံးစား မလုပ်ရဘူး။ဘယ်သူမပြုမိမိ အမှုပါပဲ။”
အဲဒါနဲ့ ကျွန်တော်လည်း အဲ့ဒီ အိုအေစစ်လေးမှာ ကျွန်တော့်အတွက် လိုအပ်သလောက် ယူငင်သောက်သုံး အနားယူပြိး ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။။။ ခရီးကတော့ ရာစုနှစ်ခရီးပေါ့ခင်ဗျာ.......
အားလုံးကို ကျေးဇူးတင်ပါတယ် ခုလို ပြီးဆုံးအောင် မျက်စိ အညောင်းခံပြီးဖတ်ပေးတဲ့ အတွက်၊ အားနည်းချက်တွေ ရှိတဲ့အတွက် ခွင့်လွတ်နားလည်ပေးပါလို့ .....
ကြိုးစားလျှက်ပါ။။။။
မင်းမြတ်ဘုန်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 5:47 PM 3 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ်
Tuesday, October 21, 2008
ပြိုကျခဲ့သောမိုးကောင်းကင်
ကောင်းကင်မှာဖြန့်ကြဲလို့
ရင်ခုန်သံတွေကို
အငမ်းမရမျိုချ
ရူးသွပ်သွားတဲ့
ငါ့အိပ်ယာပေါ်မှာ
တွန်ကြေသွားတဲ့ လရောင်ကို
ညင်သာစွာထွေးပွေ
ငါရုန်းထခဲ့တဲ့ နွံထဲမှာ
ပိုင်ဆိုင်တာဆိုလို့ ဘားမှမရှိ
ပေးဆပ်မှုတွေကတော့
မကုန်မခန်းနိုင်
လွတ်လပ်မှုကို ဖမ်းဆုပ်
ငါတူးဖေါ်ခဲ့တဲ့ ဒသနတွေက
အခန်းထောင့်မှာ အစီအရိ
လဲသူလဲ ကွဲသူကွဲနဲ့
ညီမျှမှုဆိုတာ ဘာလဲ
အော်... အတ္တ
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:02 AM 1 ယောက်က ဒီလိုမြင်တယ်
Labels: ကဗ်ာ
Saturday, October 18, 2008
အချစ်နှင့် ခရီးသွားခြင်း (၁)

အချစ်ဆိုသည်မှာ ... တဲ့..........
အင်း... လူအတော်တော်များများ က အချစ်ဆိုတဲ့ အရာကို အဓိပ္ပါယ် ဖွဲ့ ဆိုနေလိုက်ကြတာ.. အမျိုးမျိုးပါပဲ... အချို့ကျတော့ အချစ်ကို တစ်သက်မှာ တစ်ခါတွေဖူးကြတယ်တဲ့၊ တချို့ကျတော့ အချစ်က အမြဲတမ်းမွေးဖွားနေကြတာ တဲ့၊ အင်... တချို့ကြတော့ပြောတယ် အချစ်နဲ့တွေရင် ကဗျာ ဆရာတွေဖြစ်သွားကြရောတဲ့.....
ဟဲဟဲ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူးဗျ။ အချစ်ဆိုတာ ကျွန်တော့် ရဲ့ ခရီးသွားဖေါ်ဗျ။ သူက ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်ဖြစ်သလို ကျွန်တော့် နှင့် ခရိးသွား အဖေါ်လည်းဖြစ်တယ်ခင်ဗျ၊
တစ်ရက်မှာ ကျွန်တော်ဟာ ရာစုနှစ်ဆိုတဲ့ ခရီးရှည်ကြီးကို စတင်ဖို့ လာခဲ့တယ်။ အဲ့ဒီမှာ စပြီး အချစ်ဆိုတဲ့ဖန်ဆင်းရှင်နဲ့ စပြီးတွေ့တော့တာပဲ ဘယ်အချိန်တည်းက ကျွန်တော့်ကိုစောင့်ကြည့်နေတယ်မသိဘူး ။ ကျွန်တော် ခရီးသွားမယ် ဆိုတာနဲ့ သူက အတင်းလိုက်မယ် ဆိုတော့တာပဲ....
ကျွန်တော်ကပြောတယ် အချစ် ခင်ဗျား ကျွန်တော့်နဲ့လိုက်လို့ မဖြစ်ဘူး ကျွန်တော် အခုသွားမယ့် ခရီးလမ်း က ရာစုနှစ်ခရီး ခက်ခဲမယ် ကြမ်းတမ်းမယ် မသိနိုင် မမြင်နိုင်တဲ့ အရာတွေ များကြီးရှိလာနိုင်တယ် ခင်ဗျားမလိုက်နဲ့ လို အတန်တန်ပြောတယ် မရဘူး
သူကလိုက်မယ်ပဲပြောတယ် ပြီးတော့ သူကပြောသေးတယ် ဒီခရီးမှာ ငါမပါလို့ရှိရင် မင်း ရှေ့တစ်လှမ်းတောင်လှမ်နိုင်မှာ မဟုတ်ဘူးတဲ့
ဟ... တယ်ဆိုတဲ့စာပါလား ...ကျွန်တော်စဉ်စားတယ် ဒီအချစ်ဆိုတဲ့လူနဲ့တော့ ခက်နေပါပြီ သူကိုခေါ်သွားရင်ကောင်းမလား။ အတင်းထားခဲ့မယ် ဆိုရင်လည်း သူက ပြောတယ် ရှေ့တစ်လှမ်းတောင် လှမ်းနိုင်မှာမဟုတ်ဘူးတဲ့ ... ရော...ခက်နေပါပြီ။ ဘယ်လိုလုပ်ရမလဲ ကျွန်တော်မယုံကြည်ဘူး သူမပါပဲလည်းကျွန်တော်သွားလို့ဖြစ်တယ်ပေါ့။ ကျွန်တော်သူ့ကို ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒါနဲ့ပဲ ကျွန်တော် တစ်ယောက်တည်းထွက်လာခဲ့တယ် ဒါပေမယ် အဲ့ဒီအချစ်ဆိုသူ ကြီးက ကျွန်တော့် နောက်မှာ ကပ်ပြီးလိုက်လာတယ်။ ကျွန်တော်သူ့ကို ဂရုမစိုက်ဘူး ကိုယ်လမ်းကိုဆက်လျှောက်လာခဲ့တယ်။ အဲ့ဒီလို လျှောက်ရင်းနဲ့ ကမ်းစပ်နားကို ရောက်လာတယ် ဟိုဘက်ကမ်းကို ကူးရတော့မယ် ခရီးဆက်ဖို့အတွက် ကျွန်တော် ကူတို့လှေ လိုက်ရှာလိုက်တယ်.... လှေတွေကတော့ အများကြီးပဲ ကမ်းစပ်မှာ ဆိုက်ထားတယ် ကူတို့သမားတွေကလည်းထိုင်နေကြတယ်... ဒါနဲ့ ကျွန်တော် မိဘဆိုတဲ့ လှေနားကို သွားပြီးတော့ မေးကြည့်လိုက်တယ် ကျွန်တော်ဟိုဘက်ကမ်းကို သွားဖို့ လိုက်ပို့ပေးနိုင်မလားမေးကြည့်တယ်။ ကျွန်တော့်ကို ဘာမှပြန်မပြောဘူး ... ဒါနဲ့ ကျွန်တော် ဆက်မေးကြည့်တယ်.. တုတ်တုတ်မှကို မလူပ်ဘူး... ဒါနဲ့ တစ်ခြားမိဘ လှေတွေကိုလည်းလိုက်မေးကြည့်တယ် ဟိုဘက်ကမ်းကို လိုက်ပို့ပေးနိုင်မလားပေါ့။ ဘယ်သူမှ ဘာမှ ပြန်မပြောဘူး ကျွန်တော်စိတ်ညစ်သွားတယ်။ ဒါဆိုငါ ဘယ်လိုခရီးဆက်ရပါ့မလဲ။ ဒါနဲ့ ကျွန်တော် မှာပါတဲ့ ပိုက်ဆံလေးတွေကို ပြပြီး ပိုက်ဆံပေးမယ်ပေါ့ လိုက်ပို့ပေးပါလို့ ပြောကြည့်တယ် မရဘူး။ ကျွန်တော့် အပြုအမူတွေကို အစအဆုံးကြည့်နေတဲ့ အချစ်ဖန်ဆင်းရှင်က ရယ်ပါလေရော။
ပြီးတော့ ပြောသေးတယ် ကောင်လေးမင်းကြည့်တဲ့ ဒီကိစ္စမှာ ငါမပါလို့ရှိရင် မင်းဘယ်လိုမှ ခရီးဆက်လို့မရတော့ ဘူးတဲ့။
ကျွန်တော်က သူ့ကို ဘုကြည့်ကြည့်ပြီးတော့... သူပါတော့ရော သူကဘာလုပ်ပေးနိုင်မှာ မို့လို့လဲ ပေါ့။ သူကရယ်ပြီးတော့ ကောင်လေး ရော့ ငါဆီက အချစ်၅၂၈ ကိုယူသွားပြီတော့ သူတို့ကို ပေးလိုက်တဲ့ သူတို့ မင်းကို လိုက်ပို့လိမ့်မယ် တဲ့ ပြောပြီး ကျွန်တော့်ကို သူ့ အချစ် ၅၂၈ ကမ်းပေးလိုက်တယ်။
ကျွန်တော်လည်း မယူချင်ယူချင်နဲ့ စမ်းကြည့်မယ်ပေါ့ ဆိုပြီး မိဘဆိုတဲ့ လှေနားကိုသွားပြီးတော့ သူပေးလိုက်တဲ့ ၅၂၈ အချစ်တွေပေးလိုက်တယ်။
အဲ့ဒါနဲ့ မိဘလှေကလည်း ၅၂၈ အချစ်တွေလည်းရရော ဝမ်းသာအားရနဲ့ ကျွန်တော့်ကို ခေါ်ပါလေရော။ သားလေးဘယ်သွား မလဲတဲ့
သူတို့လိုက်ပို့ပေးမယ်တဲ့... ဟ... တယ်ဟုတ်တဲ့ အချစ် ဖန်ဆင်းရှင်ပါလားဗျ... တော်တော်ဟုတ်တာပဲ... ဒါနဲ့ ကျွန်တော်လည်းဝမ်းသာအားရနဲ့ လှေပေါ် လိုက်လာပြီး ဟိုဘက်ကမ်းကို ရောက်လာခဲ့တယ်။
ကမ်းစပ်ကို ရောက်တယ်ဆိုရင် ပဲ များပြားလိုက်တဲ့ ကျွန်တော့်လိုပဲ ခရီးသွားတွေကို
တွေ့လိုက်ရတယ်။ အဲ့ သူတို့မှာ လည်း သူတို့မှာလည်းသူတို့ အချစ်ဖန်ဆင်းရှင်နဲ့ သူတို့ ခရီးသွားနေကြတယ်။ တစ်ချို့က ခရီးသွားရင် သူတို့အချစ် ဖန်ဆင်းရှင်ကို အဖော်ပြုသွားကြတယ်.. တချို့ ကြတော့လည်း သူတို့ အချစ်ဖန်ဆင်းရှင်ကို အဖေါ်မလုပ်ချင်ကြဘူး။ တချို့ ကြတော့လည်း သူတို့ အချစ်ဖန်ဆင်းရှင်တွေနဲ့ စကားများနေကြတယ်... ဟဲဟဲ ကျွန်တော့် လိုပေါ့...
အဲ့ဒါနဲ့ ကျွန်တော့် အချစ်ဖန်ဆင်းရှင်ကလည်း ကျွန်တော့်ကိုပြောတယ် ကောင်လေးမင်းကြည့်တဲ့.. ငါတို့မပါပဲ မင်းတစ်ယောက်ထဲ
ခရီးသွားလို့မရဘူးတဲ့။ အင်း.. ကျွန်တော် နဲနဲတော့ လက်ခံလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ခရီးသွားဖေါ်တော့ရတာပေါ့ မပျင်းတော့ဘူးပေါ့။
ဒါနဲ့ပဲ ကျွန်တော် ခရီးဆက်ထွက်ခဲ့တယ်
ဆက်ရန်...........
ဟိဟိ ... ဆက်လက်စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ဆက်လာဦးမယ် ကျွန်တော်နဲ့ ကျွန်တော့် ရဲ့အချစ်ဖန်ဆင်းရှင် ဘယ်လို့ ခရီးသွားကြတယ်ဆိုတာ.. သူက တစ်ခါတစ်ရံ ပျော့ပျောင်းပေမယ့် တစ်ခါတစ်ရံ ခက်ထန်တတ်တယ်။
ဆက်လက်အားပေးပါဦးလို့....
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 1:10 PM 5 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ်
Tuesday, October 14, 2008
သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့)
ရှာ၍မပျက်၊ အိမ်တွင်ဖတ်။
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေးစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း။
( ရှင်မဟာရဋ္ဌသာရ)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 4:02 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း
Saturday, September 13, 2008
သုညဘဝ

ချိုချိုခါးခါးနဲ့ အတ္တတခွက်
ယစ်မူကာမျိုချလို့
ဘယ်တုန်းကမှ မပြည့်ဝခဲ့ပါဘူး
ကျဆုံးသွားခဲ့တဲ့မာနကို
တွယ်တာစရာဆိုလို
ရင်နာစရာတွေနဲ့သာ
အစွယ်အဖွေးသားနဲ့
စက်ဆုတ်စရာ အကြည့်တွေက
ဟိုးအောက် အနက်ရှုင်းဆုံးအထိ
ထွင်းဖောက်ခဲ့
ရင်ခွင်မှာက ဗလာ
သေချာတာက နတ္ထိ
ကြိုးဆွဲရာ က ရတဲ့
သုညဘဝ
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 11:47 AM 2 ယောက်က ဒီလိုမြင်တယ်
Labels: ကဗ်ာ
Friday, September 12, 2008
ပြန်လည်နိုးထခြင်း
ကျွန်တော့် ဘလော့ဂ်ကာ ဘော်ဘော်တွေနဲ့ နဲနဲ ဝေကွားသွားခဲ့တယ်။ အလုပ်က အသစ်ဖြစ်သွားတာရယ် ပြောင်းရရွှေရနဲ့ ဘလော့ဂ်ဘက်ကိုမလှည့်နိုင်ဘူး ဖြစ်သွားတယ်။ ဘယ်သူငယ်ချင်းဆီကို မှ သွားမလည်ဖြစ်ဘူးဖြစ်သွားတယ်။ ခုတော့ပြန်လာပါပြီခင်ဗျာ။ ပို့စ် မတင်ခင် အရင်ဆုံး သူငယ်ချင်းတွေဆီလျှောက်လည်လိုက်ပါဦးမယ်။ အားလုံး မင်္ဂလားအပေါင်းနဲ့ပြည့်စုံကြပါစေလို့။ ခုလောလောဆယ်တော့ သူငယ်ချင်းတွေနားထောင်ဖို့ ဒိုးလုံး သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒိုးလုံး အမှတ်တရပေါ့ခင်ဗျာ။
ရင်ထဲကချစ်ဦးမေတဲ့ ခင်ဗျ.....
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 4:49 PM 2 ယောက်က ဒီလိုမြင်တယ်
Labels: လက်ဆောင်
Monday, September 1, 2008
အပြုံး

အချစ်ဆုံးဟု
အပြုံးတုကို
ယှဉ်ကာပြုလည်း
မယိုင်မလဲ
ပြိုင်ကာနွှဲကာ
ခွင့်လွှတ်ခါရွေး
ပြုသူမေ့လည်း
ပြုံးတုံ့ကလေးနဲ
နေခဲ့တယ်...
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 5:54 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ် ကဗျာ
Tuesday, August 26, 2008
စိတ္တဇ ညများ
ဖြန်ကျက်ချင်တဲ့ငါတောင်ပံတွေကို
ကြင်နာစွာနဲ့ရိုက်မချိုးလိုက်ပါနဲ့
တောင်းပန်ပါတယ်
ဟိုး...အဆုံးမရှိတဲ့ လွင်ပြင်မှာ
ခုန်ပေါက်ချင်နေတဲ့ ငါ့ခြေထောက်တွေကို
နာကြည်းစွာနဲ့ တုတ်နှောင်မထားလိုက်ပါနဲ့
တောင်းပန်ပါတယ်
ဟိုး...မိုးကုတ်စက်ဝိုင်းဆီသို့
ရွက်လွင့်သွားချင်နေတဲ့ငါ့ကို
အချစ်များစွားနဲ့ မသိမ်းပိုက်ထားပါနဲ့
တောင်းပန်ပါတယ်
အချစ်....
အမုန်း....
နာကြည်းခြင်း ဒဏ်ရာ
နာကျင်ခြင်း အလွမ်း
အားလုံး အားလုံး ဘာမှမလိုချင်ဘူး
ကျေးဇူးပြုပြီး အဲ့ဒါတွေငါ့ကို မပေးပါနဲ့
တောင်းပန်ပါတယ်
အသံတွေ
ငိုညည်းသံတွေ
အော်ဟစ်သံတွေ
ကျေးဇူးပြုပြိး မကြားပါရစေနဲ့
တောင်းပန်ပါတယ်
ငါဟာ
ကမ္ဘာပေါ်မှာ အသက်ရှင်ခွင့်
လက်မှတ်ရှိတယ်
လွတ်လပ် ယုံကြည့်ခွင့် ပြုခံထားရတဲ့
သူတစ်ယောက်ဖြစ်တယ်
ငါ့ကို ပိတ်ပင်မထားကြပါနဲ့
ငါ့ကို လှောင်ပိတ်မထာကြပါနဲ့
ငါ့ကို လွတ်လပ်ခွင့်ပေးသလို
ငါ့ကို သေဆုံးခွင့် လည်းပေးလိုက်ပါ
ဆုတောင်းလိုက်ပါတယ်
ဒီညကုန်လွန်လို့
မနက်ဖြန်ကစပြိး မိုးမချုပ်ပါစေနဲ့လို့..........
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:13 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ် ကဗျာ
Friday, August 22, 2008
ထင်းခုတ်သမား နှင့် ငှက်မောင်နှံ

အလွန်ကြီးမားတဲ့ ကျွန်သစ်ပင်ကြီးပေါ်မှာ ငှက်မောင်နှံ အသိုက်ဖွဲပြီး နေထိုင်နေကြတယ်။ တစ်နေ့တော့ ငှက်မလေးဟာ ငှက်ကလေးတစ်ကောင် ကိုမွေးဖွားခဲ့တယ်။
ငှက်မောင်နှံဟာ ငှက်ကလေးကို အရမ်းချစ်တာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျတော့ ထင်းခုတ်သမား သားအဖ နှစ်ယောက်ဟာ ကျွန်းသစ်ပင်ကြီးအောက်ကိုရောက်လာတယ်။
ထင်းခုတ်သမား သားက ကျွန်းသစ်ပင်ကြီးကိုတွေ့တော့
“အဖေ သားတို့ ဒီကျွန်းပင်ကြီးခုတ်ကြမယ်လေ”
ထင်းခုတ်သမားက ကျွန်းပင်ကြီးကိုကြည့်ပြီး
“အင်... ဒီအပင်က တော်တော်ကြီးတယ် နောက်ရက်ကျမှ အဖေတို့ တောင်ပိုင်းက သစ်ခုတ်သမားတွေကို ခေါ်ပြီး လာခုတ်ကြတာပေါ”
“ဟုတ်ကဲ့အဖေ”
ဒီလိုနဲ့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်မှ ထွက်သွားကြတယ်။
အဲဒီလို ထင်းခုတ်သမား သားအဖ ပြေားနေတဲ့ စကားကို ငှက်မလေးကြားသွားတော့ အရမ်းကိုစိုးရိမ်သွားတယ်။
အဲဒါနဲ့ ငှက်မလေးက ငှက်ဖိုကိုပြောတယ်
“ဘယ်လို လုပ်ကြမလဲ ကျွန်မတို့ သားလေးက လည်းမပျံနိုင်သေးဘူး သူတို့နောက်နေ့သစ်ပင် လာခုတ်ရင် ကျွန်မတို့တော့ ဒုက္ခ ပါပဲရှင်ရယ်”
ငှက်ဖိုက
“သိပ်လည်းစိတ်မပူပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၂ပတ်လောက်ကြာတော့ ထင်းခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ပြန်ရောက်လာတယ်။
ထင်းခုတ်သမား သားက
“အဖေ သားတို့ ဒီကျွန်ပင်ကြီးကို ခုတ်ကြရအောင်။”
ထင်းခုတ်သမားက
“အဖေ တောင်ပိုင်းကသစ်ခုတ်သမားတွေကို သွားခေါ်တယ် သူတို့က မအားသေးဘူးပြောတယ်။ အဖေတို့ မြောက်ပိုင်းက သစ်ခုတ်သမားတွေကို သွားခေါ်ပြီး တော့ လာခုတ်ကြတာပေါသားရယ်”
ဒီလို နဲ့ သစ်ခုတ်သမား သားအဖ ထွက်သွားကြပြန်တယ်။
အဲဒီလို သစ်ခုတ်သမား သားအဖ ပြောဆိုသံကို ငှက်မလေးက ကြားပြန်တော့ အရမ်းစိုးရိမ်သွားပြန်တယ်။
အဲ့ဒါနဲ့ ငှက်ဖိုကိုပြော ပြန်ရော
“ဒီတစ်ခါတော့ သူတို့ တကယ် လာကြတော့မယ်နဲ့တူတယ် ဘယ်လိုလုပ်ကြမလဲ”
ငှက်ဖိုက....
“သိပ်လည်း မစိုးရိမ်ပါနဲ့ ရှင်မရယ် သူတို့ မလာနိုင်ကြသေးပါဘူး”
ဒီလိုနဲ့ သီတင်း ၃ပတ်လောက်ကြာသွားတယ် ဘယ်သူမှ မလာခဲ့ကြဘူး။ နောက် သီတင်း ၄ပတ်လောက်ကြာတော့ သစ်ခုတ်သမား သားအဖ ကျွန်းပင်ကြီးအောက်ရောက်လာကြပြန်တယ်။
ထင်းခုတ်သမားက သူ့သားကို ပြောတယ်
“သားရေ အဖေ မြောက်ပိုင်းက ထင်းခုတ်သမားတွေကိုသွားခေါ်တယ် သူတို့ကလာမယ်ပြောပြီး ခု သီတင်း ၃ပတ်ရှိပြီ မလာကြသေးဘူး။ သူတို့ မလာရင်တော့ နောက်ရက်ကြရင် အဖေတို့
နှစ်ယောက်ပဲ လာခုတ်ကြတာပေါ့သားရယ်။”
ထင်းခုတ်သမားသား က
“ဟုတ်တယ် အဖေ သားတို့ သူများအားမကိုးပဲ ကိုယ်အားကိုယ်ကိုးပြီးလာခုတ်ကြတာပေါ့”
ဒီလိုနဲ့ ပြောပြီး ထင်းခုတ်သမား သားအဖ ထွက်သွားကြတယ်။
အဲဒီစကားသံတွေကို ငှက်မောင်နှံ ကြားတော့
ငှက်ဖိုက....
“ရှင်မရေ ဒီတစ်ခါတော့ သူတို့တွေ တကယ်လာခုတ်တော့မယ် ငါတို့ အသိုက်ပြောင်းမှ ရတော့မယ်”
အဲ့ဒီတော့ ငှက်မလေး ပြုံးပြီး
“အင်း... စိုးရိမ်စရာတော့ မရှိတော့ပါဘူး အသိုက်ပြောင်းမယ်ဆိုလည်း ပြောင်းလို့ရပါပြီး ကျွန်မတို့ သားလေးလည်း ကောင်းကောင်းပျံနိုင်နေပြီပဲ။ ဒါနဲ့ ရှင်ပြောတာမှန်သားပဲ သူတို့ မလာနိုင်သေး
ပါဘူး ဆိုတာ” “ ရှင်ကဘယ်လို သိလဲ ”
ငှက်ဖိုက....
“ သြော် ရှင်မရယ် ဘယ်အလုပ်မဆို ကိုယ့်အားကိုယ် မကိုပဲ သူများအားကို နေရင် ဘယ်တော့မှ မဖြစ်မြောက်နိုင်ဘူးလေ” “ ကိုယ့်အားကိုယ် ကိုးရင် တော့တစ်ကယ် ဖြစ်မြောက်တော့မယ်ဆိုတာ
ကျိန်းသေ သလောက်ဖြစ်သွားပြီး။ အဲ့တာကြောင့် သူတို့က သူများကို အားကိုးနေသ၍ ငါတို့သစ်ပင် ကို မခုတ်ဖြစ်သေးဘူးဆိုတာ ကျိန်းသေတာပေါ့ ရှင်မရယ်”
ဒီလိုနဲ့ သူတို့ ငှက်သားအမိလည်း ပျော်ရွှင်စွာနဲ့ အသိုက်ပြောင်းရွှေသွားကြတယ်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 6:20 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ပုံပြင်





