Tuesday, October 27, 2009
မိုး
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:06 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ကဗျာ
Monday, October 19, 2009
ဒီဇင်ဘာ အလွမ်း

စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:28 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ရင်တွင်းဖြစ်
Monday, October 12, 2009
ပထမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲ အောင်မြင်စွာနှင့် ပြီးစီးခြင်း
ကျွန်တော်တို့၏ ကျေးဇူးတော်ရှင် ညောင်ကန်အေး ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်တော်မူသော ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်္ကာပူ) တွင် စုပေါင်း မဟာဘုံကထိန်ပွဲတော်ကြီး (ပထမ)အကြိမ်အဖြစ် Nyaung Kan Aye Dharma Society က ဦးစီးကျင်းပ၍ ပုရိမဝါကပ်တော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ကထိန်သင်္ကန်း အစရှိသော လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်း ရေစက်ချ အခမ်းအနား အောင်မြင်စွာနှင့် ပြီးစီးခဲ့ပါသည်။
ရခဲလှစွာသော လူဘဝတွင် ကြုံခဲလှစွာသော သာသနာတော်ကြီးနှင့် တွေ့ကြုံခိုက် တစ်နှစ်မှ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ကြိမ်သာ လှူဒါန်းရသော ကုသိုလ်ထူး၊ ကုသိုလ်မြတ် ကထိန်သင်္ကန်း ကပ်လှူပွဲကို အလှူရှင်အပေါင်း၏ ထက်သန်တဲ့သဒ္ဒါတရား ကြောင့် များပြားလိုက်တဲ့ ပရိတ်သတ်တွေ ထင်ထားတာထက်တောင် များပြားခဲ့တဲ့အတွက် ပင်ပန်းပေမယ့် ဝမ်းသာပိတိဖြစ်မိပါတယ်။ နောင်နှစ်တွေမှာလည်း ဒီထက် ပိုတိုးလို့ လှူဒါန်းနိုင်အောင် ဆုတောင်းမိပါတယ်။ ဒါန အလှူကြောင့်ဖြစ်ပေါ်လာတဲ့ ပီတိကတော့ ဘာနဲ့မှ လဲလို့မရအောင် တန်ဖိုးကြီးလှပါတယ်။
ကျွန်တော် နှင့် ကျွန်တော့် မဒီတို့ကတော့ မြန်မာ့အစားအစာတွေ သိပ်အများကြီး မလုပ်နိုင် (လူအင်အားလည်းမလောက်) တဲ့ အတွက် အားလုံးအတွက် လည်း အဆင်ပြေမယ့် သောက်ရေသန့် ပုလင်း နဲ့ အချိုရည်ပဲ လှူဖြစ်တယ်။ ရေဆိုတာကတော့ လူ၊ သတ္တဝါ၊ သက်ရှိ အားလုံးအတွက် မရှိမဖြစ်ပေါ့ဗျာ။ ရေလှူရတဲ့ အကျိုးအားဖြစ် ရေအကျိုး ၁၀ ပါးကတော့ မတောင်းပဲနှင့် ပြည့်တယ်လို့ ကြားဖူးပါတယ်။ တကယ်တော့ အကျိုးကို မျှော်ကိုလို့ လှူတာတော့မဟုတ်ပါဘူး။ လှူရင် သူအလိုလိုပြည့်တယ်လို့ ကြားဖူးတာပဲရှိတာပါ။
လှူလို့ ရရှိလာတဲ့အကျိုးဆိုရင်တော့ ခံစားနိုင်ပါတယ် ။ အကျိုးကို လို၍ လှူမယ်ဆိုရင်တော့မလှူသင့်ပါဘူး။ အဲဒါကြောင့် အလှူဒါန ပြုလုပ်တဲ့ နေရာမှာ လှူတတ်ဖို့အရေးကြီးပါတယ်။ ကဲ့ မတောင်းပဲ ပြည့်တဲ့ရေအကျိုးဆယ်ပါးကတော့
ရေအကျိုး၁၀ပါးကတော့
၁၊ အသက်ရှည်ခြင်း
၂၊ အဆင်းလှခြင်း
၃၊ ချမ်းသာကြီးခြင်း
၄၊ ခွန်အားဗလ ကြီးမားခြင်း
၅၊ ဉာဏ်ပညာ ကြီးမားခြင်း
၆၊ သန့်ရှင်းစင်ကြယ်ခြင်း
၇၊ ရောဂါဘယ ကင်းဝေးခြင်
၈၊ အခြွေအရံများခြင်း
၉၊ ရေရှားပါးမှုဒဏ်မှ ကင်းဝေးခြင်း
၁၀၊ လျင်မြန်ဖျတ်လတ်ခြင်း
လင်္လာအဖြစ်မှတ်ချင်ရင်တော့
သက်ရှည်၊ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ဉာဏ်ပညာ။
ကြည်လင် သန့်ရှင်း၊ ရောဂါင်း၊ ခပင်း ခြွေရံဖြာ။
ရေမငတ်ငြား၊ လျင်စွာသွား၊ ဆယ်ပါး ရေကျိုးသာ။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 11:02 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: အထိမ်းအမှတ်
Sunday, October 4, 2009
ဝါလကင်းလွတ် သီတင်းကျွတ်
မြန်ပြည်သူများ သိနှင့်သာ၍
ထိန်ဝါမီးပုံး ရောင်စုံစုံနှင့်
ထွန်းညှီပူဇော် မြတ်ဗုဒ္ဓကို
ဝါတွင်းသုံးလ မယ်တော်နတ်သား
သန ္တုဿီတ အမှူးထား၍
အဘိဓမ္မာတရား ဟောကြားအမှူ့
မြတ်ကျေးဇူးကို ပူဇော်သကာယ
နတ်ဗြဟ္မာအပေါင်းတို့
ခြံရံကြွမြန်း ရတနာစောင်းတန်းနှင့်
လူ့ပြည်နန်းသို့ ဤနေ့ရက်တွင်
ကြိုဆို ဖူးမျှော် သာဓု ခေါ်စေသော်
မင်းမြတ်ဘုန်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:41 AM 0 ယောက်က ဒီလိုမြင်တယ်
Labels: အထိမ်းအမှတ်
Saturday, October 3, 2009
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)

ယနေ့ သီတင်းကျွတ်လပြည့်နေ့ ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်ကာပူ) ၌ ညောင်ကန်အေး
ဆရာတော် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒက သီတင်းကျွတ်
အထူးတရားပွဲကို နာကြားခဲ့ကြရပါသည်။ ယနေ့ သီတင်းကျွတ်လပြည့် နှင့်ပတ်သက်ပြီး ဆရာတော်ရဲ့
တရားအကျဉ်းချုပ်ကတော့ ဗုဒ္ဓမြတ်စွာ ဘုရားက ဝါတော် ၇ ဝါ အရောက်မှာ မယ်တော်ဖြစ်ခဲ့ဘူးသော
သန ္တုဿီတ နတ်သားကို အမှူး ပြု၍ နတ်ဗြဟ္မာအပေါင်းကို ဝါတွင်း ၃ လ တိုင်တိုင် အဘိဓမ္မာတရား
ဟောကြား၍ မိဘကျေးဇူးဆပ်ကြောင်းကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ ရှင်သာရိပုတ္တာ ရဟန ္တာမြတ်
ကလည်း မိဘကျေးဇူးကို မည်သို့ ဆပ်ခဲ့ပုံတို့ကို ဟောကြား တော်မူခဲ့ပါသည်။
ကျွန်တော်တို့တတွေ မိဘကျေးဇူးဘယ်လောက်ကြီးကြောင်းကို သိပြီး ဘယ်လိုကျေးဇူးဆပ်ရမယ်
ဆိုတာ သိဖို့လို ပါတယ်။ ကျွန်တော်တို့ လိုပုထုဇဉ် လူသားတွေအဖို့ မိဘကျေးဇူးကို မဆပ်နိုင်တောင်မှ
မစော်ကား မိဖို့ တော်တော် သတိထားရပါမယ်။ ကာယကံအနေ နဲ့ရော ဝစီကံ အနေနဲ့ရော
မစော်ကားမိအောင် ပေါ့။ ကျွန်တော်တို့ အများကြီးကံကောင်းကြပါတယ် မြန်မာပြည်လို
ဗုဒ္ဓတရားထွန်းကားတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့ကြတဲ့အတွက် ကျွန်တော် တို့တတွေ
လိမ္မာယဉ်ကျေးလာအောင် သွန်သင် ဆုံးမမည့် ဗုဒ္ဓတရားတော်တွေကို ငယ်စဉ်ကတည်းက
လူကြီးမိဘတွေ ရဲ့ သွန်သင်ဆုံးမ မူ့တွေကို ကြားနာခဲ့ရပါတယ်။
အဲ့ဒီအတွက် ကျွန်တော်တို့ တိုင်းပြည်မှ လူငယ်လူရွယ် များဟာဆိုရင်ဖြင့် အနည်း နှင့် အများတော့
လူကြီးမိဘတွေကို ရိုသေရမှန်း လုပ်ကျွေး ပြုစုရမှန်း သိနားလည်ကြတယ်။
စော်ကားဖို့ စိတ်မဖြစ်တော့ဘူး။ ဒါကောင်းတဲ့ အချက်တစ်ခုပဲ။
ခုကျွန်တော် ရောက်နေတဲ့ တိုင်းပြည်သေးသေးလေးမှာ ကတော့ဖြင့် မိဘကျေးဇူးဆို တာ
သိပ်မသိကြဘူးလို့ထင်တယ် ။ ကျေးဇူးသိဖို့နေနေသာသာ ကိုယ့်မိဘတွေ အသက်ကြီးလာပြီး
မလုပ်နိုင်မကိုင်ကြရင်တောင်ဘယ်လို ပြုစုရမယ်ဆိုတာတောင် သိပ်မသိကြတော့ဘူး။
များသောအားဖြင့်ပေါ့ အကုန်လုံးတော့မဟုတ်ပါဘူး။
တစ်ခါက ကျွန်တော် ကိစ္စတစ်ခုနှင့် ဆေးရုံတစ်ခုကို ခဏရောက်သွားခဲ့တယ် အဲဒီမှာ
ကျွန်တော်လည်း တုံကင် အလှည့် ကို ထိုင်စောင့်နေတုန်း ဆေးရုံထဲကို အသက် ၇ဝ လောက်
အဖိုးအိုတစ်ယောက်က အဖွားအို တစ်ယောက်ကို လက်တွန်းလှည်းလေးပေါ်မှာ တွန်းရင်း
ဝင်လာခဲ့တယ်။ အဖွားအို က ဆေးပိုက်တန်းလန်းနဲ့လှည်းပေါ်မှာ။ ကျွန်တော်တောင်တွေးမိတယ်
ဒီအဖိုးက ဒီအဖွားကို တော်တော်ချစ်ရှာတာပဲ။ ကိုယ်တိုင် မိန်းမကို ဆေးရုံလာပို့တယ်
ဘယ်သားသမီးမှ မခေါ်ပဲ နဲ့ လို့။ အဖိုးအိုကတော့ တက်ကြွရွှင်လန်းစွာနဲ့ပဲ လိုအပ်တဲ့ စာရွက်စာတမ်း
တွေနဲ့ လိုက်လုပ်နေရှာတယ်။ ဒီလိုနဲ့ အဖွားအိုရဲ့ ဆေးစစ်တဲ့ ကိစ္စတွေပြီးလို့ ပိုက်ဆံ ရှင်းတဲ့
အချိန်လောက်ရောက်မှ အသက် ၃၅နှစ် လောက် အမျိုးသမီးတစ်ယောက်ရောက်လာတယ်
ပျာပျာ ပျာပျာ နှင့် မျက်နှာကလည်း ကြည့်ကြည့်သာသာ မရှိဘူး။ ရောက်တာနှင့် အဖိုးအို အား
သူကို ဘာလို့ ခေါ်သလဲဆိုတဲ့အကြောင်း။ သူအလုပ်တွေ အရမ်းများနေတယ် ဆိုတဲ့အကြောင်း။
သူ လိုအပ်တဲ့ ငွေကြေးတွေပေးပြီးပြီဆိုတဲ့ အကြောင်း ဆူဆူပူပူ နှင့် ပြောတော့တာပဲ။ အဖိုးအိုလည်း
ပထမ ဘာမှ ပြန်မပြောသေးပါဘူး လူတွေ အများကြီး ဆိုတော့ ။ အဲဒီအမျိုးသမီးကလည်း ပွစိပွစိနှင့်ကို
ဆက်ပြော နေတော့တာပဲ အဖေတို့ က ကိုယ့် ကိစ္စကိုယ်မရှင်းဘူး တစ်ခါလာလည်း သူကိုပဲခေါ်တယ်
ဆိုတဲ့ အကြောင်းပေါ့၊ နောက်ကြာတော့ အဖိုးအိုလည်း ဆက်လက် သည်းညည်း မခံနိုင်တဲ့အဆုံး
သူ့မ အမေ သေမလို ရှင်မလို ဖြစ်နေလို့ ခေါ်လိုက်ရကြောင်း။ငွေကြေး နဲနဲလိုအပ်လို့ ခေါ်လိုက်ရကြောင်း
တစ်ယောက်တစ်ခွန်းစကားတွေများကြပြီး သူ့သမီးဖြစ်သူကို နောက်ဘယ်တော့မှ ငါတို့နဲ လာမတွေ့နဲ့
ငါ့မိန်းမ ကို ငါဆေးကုမယ် ဆိုပြီး မောင်းထုတ်လိုက်တယ် ဘေးနားမှာ ရှိတဲ့ လူတွေလည်း အဖိုးကြီးနှင့်
အဖွားကြီးကို ဂရုဏာသက်စွာနဲ့ ကြည့်နေကြတယ်။ ကျွန်တော်လည်း တွေးမိလိုက်တယ်
ဒီမိန်းမ မိဘကျေးဇူးဆိုတာ နည်နည်းလေးမှ နားမလည်ဘူး။ အိုကြီးအိုမတွေကို ဘယ်လို စောင့်ရှောက်
ရမယ်ဆိုတာနားမလည်ဘူး။ မိဘတွေဆိုတာက သူတို့အသက်အရွယ်ကြီးလို့ မသွားမလာနိုင်တော့ရင်
သူတို့အားကိုးတဲ့သားသမိးတွေကို သူတို့အနားမှာရှိစေချင်ကြတယ် ပြုစုယုယ တာခံချင်ကြတယ်။
ငါ့သားက ငါတို့ကို ဘယ်လို ဂရုစိုက်တာ ငါတို့သမီးက ငါတို့ကို ဘယ်လိုပြုစုတာဆိုပြီး ဂုဏ်ယူချင်ကြတယ်။
ကျွန်တော်လည်းသူတို့ကို ကြည့်ပြီး အဝေးမှာ ရှိနေကြတဲ့ ဖေဖေနဲ့မေမေကို သွားသတိရလိုက်မိတယ်။
ဖေဖေနဲ့မေမေ တို့နေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဘယ်သူက ဆေးရုံဆေးခန်းလိုက်ပို့ပေးမလဲ
ဘယ်လိုပြုစုမလဲလို တွေးကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်။ ရင်နင့်အောင်လည်းခံစားမိပါတယ်။
ဖေဖေနဲ့ မေမေ တို့ကို အမြန်ဆုံးကိုယ်ထိလက်ရောက်ပြုစုနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ခုလို သီတင်းကျွတ်လပြည့်နေ့မှာ မာတာပိတုဂုဏောအနနေ ္တာဆိုတဲ့အတိုင်း အဝေးမှာ ရှိနေကြသော
ဖေဖေ မေမေ နှင့် ကြီးကြီးတို့ကို သား မင်းမြတ်ဘုန်း ဤနေရာမှ ရိုသေစွာ ရှိခိုးကန်တော့လိုက်ရပါသည်။
ဖေဖေ မေမေ ကြီးကြီးတို့ ကျန်းမာ ချမ်းသာစွာနှင့် တရားဘာဝနာ တွေကို ကျင့်ကြံပွားများနိုင်ပါစေလို့
ဆုတောင်းလိုက်ပါသည်။
မင်းမြတ်ဘုန်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:26 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: အထိမ်းအမှတ်
Friday, October 2, 2009
ချစ်သူအတွက်

မှောင်မိုက်တဲ့ ညနက်တွေမှာ
အော်ဟစ်နေတဲ့ ညည့်ငှက်တွေ
စိတ္တဇအိမ်မက်တွေ ကနေ
ရုန်းထွက် ခဲ့ပါတော့ ချစ်သူ...
အာရုံဦးရဲ့ ကြည်လင်လှတဲ့
နေခြည်နုလေးတွေကို ဖမ်းဆုတ်ဖို့ဆိုတာ
အားအင်တွေ ပြည့်ဝနေမှ ဖြစ်မှာပေါ့
ထကြည့်လှည့်ပါ ချစ်သူ.....
လှပ စုံညီတဲ့ ဒီလောကကြီးကို
ဆန်းကျယ်စွာ အရာင်ခြယ်ဖို့ဆိုရင်
ပြည့်စုံရင့်ကျက်တဲ့ စိတ်တော့ရှိမှပေါ့
ဖန်ဆင်းလှည့်ပါ ချစ်သူ....
ရုပ်ဝါဒတွေရဲ့ ပိုင်ဆိုင်လိုမူတွေကို
ပေးဆပ်မူတွေနဲ့ အနိုင်ယူလိုတဲ့အခါ
ပြည့်ဝတဲ့စေတနာလေးတော့လိုတာပေါ့
ပြင်ဆင်လှည့်ပါ ချစ်သူ....
အတ္တတွေရဲ့ တိုက်ခိုက်လာမူတွေကို
အနတ္တတွေနဲ့ ဖယ်ထုတ်လိုတဲ့အခါ
ပြီးပြည့်စုံတဲ့ ဒဿနတွေတော့လိုတာ့ပေါ့
နာကြားလှည့်ပါ ချစ်သူ....
မင်းမြတ်ဘုန်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 6:11 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ကဗျာ
Tuesday, September 22, 2009
စိတ်

လွင့်မျောနေတဲ့တိမ်တွေကို ခိုစီးလို့
ရင်ခွင်တစ်ခုလုံးကို ဖွင့်ပြီး
လွင့်ထွက်နေတဲ့စိတ်အစဉ်ကို
အသာအယာတွဲထူလို့
မသဲမကွဲနဲ့ လွဲခဲ့တဲ့ အရာတွေကို
စုပုံ ပြီးစွန့်ပစ်ခဲ့တယ်
မသေချာမယ့် သေချာတာတွေကိုတော့
မစွန့်လွှတ်ချင်တာ အမှန်ပါ
မထင်မှတ်ပေမယ့် အဖြစ်မှန်တွေကတော့
မျက်စိေ့ရှမှာ တန်းစီလို့
ဝေဝါးလာမယ့် စေတနာတွေကို
ဖယ်ကာပိတ်ဆ့ို ခဲ့တယ်
မင်းမြတ်ဘုန်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 9:20 PM 1 ယောက်က ဒီလိုမြင်တယ်
Labels: ကဗျာ
Friday, September 18, 2009
နိဗ္ဗာန် ပြည်ကြီး မဝေးတော့ပြီ။

ဟောင်း...တဲ့ အတိတ်
ညစ်မဲရိပ်ကို ဖယ်ကာ အခု
အားထုတ်ပြုလော
နောင်... အနာဂတ်
စိတ်ချဖို့အရေး ခုတိုင်မနှေး
အားထုတ်ပြုလော
ပစ္စုပ္ပန် ယခု လက်ဝယ်ခုကို
သေချာသတိ စိတ်ဝယ်သိ၍
ခန္ဓာအမဲ အယူစွဲကို
ပယ်ကာ ဂရု
သီလ ပြုကာ
ဆောက်တည်ဖြည့်ကျင့်
သမာဓိမှ သည်
နိဗ္ဗာန် ပြည်ကြီး မဝေးတော့ပြီ။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:10 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ကဗ်ာ
Tuesday, September 15, 2009
ပထမအကြိမ်း စုပေါင်းမဟာဘုံကထိန်ပွဲ ဖိတ်ကြားခြင်း
ကျေးဇူးတော်ရှင် ညောင်ကန်အေး ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်တော်မူသော ညောင်ကန်အေး သာသနာ့ရိပ်သာ (စင်္ကာပူ) တွင် စုပေါင်း မဟာဘုံကထိန်ပွဲတော်ကြီး (ပထမ)အကြိမ်အဖြစ် Nyaung Kan Aye Dharma Society က ဦးစီးကျင်းပ၍ ပုရိမဝါကပ်တော်
မူကြကုန်သော သံဃာတော်အရှင်မြတ်တို့အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ကထိန်သင်္ကန်း အစရှိသော လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်း ရေစက်ချ အခမ်းအနားသို့ အောက်ပါ အစီစဉ်အတိုင်း ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်ဖိတ်ကြားအပ်ပါသည်။
မြန်မာ ရိုးရာ အစားအသာက်များဖြင့် နံနက် (၉း၃၀) မှ စတင်ကာ ဓမ္မမိတ်ဆွေများအား ဧည့်ခံကျွေးမွေးပါမည်။
Place: Link Hall, Between Blk 212 and Blk 213,
Yishun st 21, Singapore 760209
Date: 11th October 2009 (Sunday)
6:30am: Offering Breakfast Dana to the Venerable Sangha.
10:30am: Offering Kathina Robe to the Venerable Sengha.
11:30am: Offering of Lunch Dana to the Venerable Sangha.
2:00pm: Dhamma Talk by the Most Venerable Nyaung Kan Aye Sayadaw
on the benefits of Kathina Robe offering and sharing of merits.
All of our Buddhist devotees in Singapore are kindly informed and invited to Listen to the Noble Dhamma talk together with us for realization of Nibbana.
Your attendance and participation at this auspicious event will be much appreciated.
Mya the blessing of the Noble Trple Gem be with you and all devotees!
၁. တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။
Five kinds of benefit of offering kathina robes gained by donors
The following requisites are available at the Tample so that you can easily offer them to the Venerable Monks.
1. A set of robe S$ 50
Blk 209 #02-141, Yishun St 21, Singapore 760209
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 6:16 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း
Friday, September 11, 2009
မေ့ဘူးသက်လယ်
ကျွန်တော် ဟိုးငယ်ငယ်လေးထဲက အလွန်ကြိုက်ခဲ့တဲ့သီချင်းလေးပါ... မြန်မာသံစဉ် စစ်စစ် နှင့် သံစဉ်ကာလာလေးက လည်း အတော်စုံစုံစီစီပါပဲ။ စာသား ကလည်း အလွန်ကောင်းတဲ့ သီချင်းလေးပါ ဒီအပြင် ကို သိန်းတန်(မြန်မာပြည်) ရဲ့ အသံအေးအေး လေးနဲ့ဆိုတော့ ရင်ထဲထိသွားတာပေါ့ဗျာ....
ဒီတပတ် Weekend မှာ သူငယ်ချင်းတွေ နားဆင်ခံစားနိုင်အောင်လို့မျှဝေပေးလိုက်ပါတယ်။
နားဆင်ကြည့် ပါဗျာ.... ဘဝအမောတွေကို ဂီတသံစဉ် သီချင်း လေးထဲမှာ မျှောချလိုက်ပေါ့..... အကုန်လုံး မဟုတ်တောင်မှ နဲနဲ တော့ သက်သာသွားပါလိမ့်မယ်။
ကောင်းသော weekend ပါခင်ဗျာ။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 4:22 PM 1 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း




