မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, April 3, 2008

စိတ်

ကျွန်တော့် blog ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင် ပါတယ်။ ကျွန်တာ့်ရဲ့ post တွေကို စောင့်မျှော် ဖတ်ရှူ့နေတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ ခုရက်ပိုင်း ကျွန်တော် blog နှင့် နဲနဲ အဆက်ပြတ်သွားခဲ့တယ် post အသစ်လည်းမတင်ဖြစ်ဘူး။ ခုဆိုရင် ဧပြီလ ရောက်လာ လို့ နဲ့ တူတယ် နဲနဲ ရူးချင်လာတယ်၊ အဲဒီလိုပဲ လူဆိုတဲ့ သတ္တဝါဟာ အရူးတွေပဲ တစ်မျိုး တစ်ဘာသာစီရူးနေကြတာပဲ အဲ့တာကြောင့် သတိဆိုတဲ့ ချွန်းလေးနဲ့ထိန်းကြောင်းနိုင်ပါမှ ဘဝကို မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်မယ်။

"သတိတစ်လုံး လက်ကိုင်သုံး အဆုံး နိဗ္ဗာန်ပြည် " တဲ့ ကျွန်တာ်တို့ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အဆုံးပန်းတိုင်ဟာ နိဗ္ဗာန် ပဲဖြစ်တယ်။ ဗုဒ္ဓ ဘာသာဝင်တိုင်းဟာ ဘုရားရှိခိုး ဆုတောင်းတိုင်း နိဗ္ဗာန်ရောက်ရပါလို၏ တဲ့ ဆုတောင်းတတ်ကြပါတယ်။ ဒါပေမယ် တကယ် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ရော တကယ်ရှိရဲ့လားဆိုတာ အရင်မေးရမယ်။
ကျွန်တော်ကြားဘူးတဲ့ ပုံပြင်ထဲကလို "နောက်အခေါက်များကြမှပဲ နိဗ္ဗာန်ကို လိုက်ပါတော့မည် ဘုရား" လိုဖြစ်နေပြီ

တစ်ခါက ရွာတစ်ရွာမှာ သူကြီး တစ်ဦး ရှိသတဲ့ သူ့မှာ ချစ်လှစွာသော ဇနီး နှင့် သားသမီး ၂ ယောက်ရှိတယ်။ သူဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပြီး ဘုရားတရားကို အလွန်ရိုသေ ကိုင်းရှိုင်းတယ်၊ ပြီးတော့ အပေါင်းအသင်းတွေနဲ့ စကားပြောတိုင်း နိဗ္ဗာန်ရောက်ချင်ကြောင်းအမြဲပြောလေ့ရှိတယ်၊ဘုရားရှိခိုးရင်လည်း နိဗ္ဗာန်ရောက်ရပါလို၏ဟုဆုတောင်းကြောင်း ပြောလွန်းအားကြီးလို့ အပေါင်းအသင်းတွေတောင် နဲနဲ နားကြားပြင်းကပ်လာတယ်။ ပြီတော့သူဟာ မနက်တိုင်း ရွာဦးစေတီမှာ ပန်း၊ဆီမီး ကပ်လှူပြီး ဘုရားရှိခိုးတယ် ပြီးရင် နိဗ္ဗာန်ရောက်ရပါလို၏ဟု ကျယ်လောင်စွာဆုတောင်းတယ်။ နေ့စဉ်နဲ့ အမျှ အဲဒီလို ဆုတောင်းသံကို ကြားရတော့ အဲဒီရွာဦးစေတီနားက ဘုန်းကြီးကျောင်းမှ ကပ္ပိယ ကြီးက နောက်ချင်စိတ်ဖြစ်လာပြီး တစ်ရက်ကြတော့ ကပ္ပိယကြီးက စေတီရဲ့နောက်ကွယ်မှာ ပုန်းနေပြီး
သူကြီးရဲ့ ဘုရားရှိခိုးအပြီးကို စောင့်ဆိုင်းနေတယ်။ သူကြီးလည်း ထုံးစံအတိုင်း ဘုရားရှိခိုးအပြီး နိဗ္ဗာန်ရောက်ရပါလို၏ ဘုရားဟု ကျယ်လောင်စွာဆုတောင်းတယ်၊
သူဆုတောင်းအပြီး ကပ္ပိယကြီးရဲ့ အသံလည်းကျယ်လောင်စွာထွက်ပေါ်လာတယ်။

" ချစ်သား.... မောင်မင်းရဲ့ ဆုတောင်းသံကြောင့် ငါသိကြား မနေသာ၍ လူပြည်ကို ဆင်းသက်လာတယ်၊ မောင်မင်း ရောက်ချင်တဲ့ နိဗ္ဗာန်ပြည်သို့ ပို့ဆောင်ပေးရန် ငါသိကြား ရောက်လာခြင်းဖြစ်တယ်၊ ခုပင် မဆိုင်းမတွ လိုက်ခဲ့ပေတော့ မောင်မင်း"

သူကြီးလည်း ရုတ်တရက် အသံကြားလိုက်ရတော့ တော်တော်လေးကို အံသြသွားတယ်။
ပြီးတော့ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ ပြီးတော့ ကပ္ပိယကြီးရဲ့ အသံ ထွက်ပေါ်လာပြန်တယ် နိဗ္ဗာန်ပို့ပေးမယ့်အကြောင်းထပ်ပြောတယ် သူကြီးလည်း နဲနဲတွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာတယ်။
ဒါကိုကပ္ပိယကြီးကသိတော့ နောက် တကြိမ်ထပ်ခေါ်ပြန်တယ်၊ အဲဒီတော့ သူကြီးလည်း မနေသာတောပဲ ဒီလိုပြန်ပြောလိုက်တယ်

" အရှင်သိကြားမင်း ကျွန်တော်မျိုး လိုက်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ဇနီး နှင့် သားသမီးတွေကို မပြောရသေးပါ သိကြားမင်း၊ ပြီးတော့ ကျွန်တော့်မှာလည်း ရွာသူကြီးဆိုတော့ ရွာတာဝန်တွေက လည်းရှိသေးပါတယ် သိကြားမင်း အဲ့ဒီအတွက်ကြောင့် သိကြားမင်း ပို့ပေးမယ့် နိဗ္ဗာန်ပြည်ကို လည်းသွားချင်ပါတယ် ဒါပေမယ့် နောက်အခေါက်များကြမှပဲ နိဗ္ဗာန် ကို လိုက်ပါတော့မည် ဘုရား"

အဲဒီနေ့ကစပြီး သူကြီးလည်း နိဗ္ဗာန်သွားချင်ကြောင်း ဘယ်သူကိုမှ မပြောတော့ဘူး။

တကယ်တော့ လူတိုင်းဟာ နိဗ္ဗာန်ရောက်ချင်ကြတယ်။ ဒါမှလည်း သံသရာမှ လွတ်မြောက်ကြမည် မဟုတ်လား။ တကယ်တော့ သံသရာမှ လွတ်မြောက်ဖို့ရာ ဆုတောင်းနေရုံနှင့် မပြီးသေးဘူး
မြတ်စွာဘုရား ချမှတ်ပေးထားတဲ့ နည်းလမ်း၊ကျင့်ဝတ်တွေကို တကယ်လိုက်နာကျင့်သုံး မှသာ တကယ်လွတ်မြောက်နိုင်မှာပါ။ သေချာတဲ့နည်းလမ်းတွေ၊ သေချာတဲ့ ကျင့်ဝတ်တွေ က တကယ်ရှိနေတာ လူတွေက သိတော့သိကြတယ် မလုပ်နိုင်ကြတဲ့သူတွေကများတယ်။ ပြီးတော ဒီသံသရာက လွတ်မြောက်ချင်တယ် ပြောနေပြီးတော့ ဒီသံသရာထဲမှာ ပဲပျော်မွေ့နေကြတယ်။ အဲ့တာကို သတိလေးကပ် ထားဖို့တော့ နဲနဲလိုလိမ့်မယ်။ အဲ့ဒီသတိဆိုတာကလည်း စိတ်နဲ့ပဲဆိုင်တယ်၊ ကျွန်တော်တို့တတွေဟာ ဒီလောကကြီထဲမှာ နေ့စဉ် ရုန်းကန် လှုပ်ရှားရင်းနဲ့ ဘဝတွေကို ရှေ့ဆက်နေကြရတယ်။ နေ့စဉ်လူတိုင်းရဲ့ စိတ်အစဉ်မှာ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ သနားခြင်း၊ ဒေါသဖြစ်ခြင်း၊ မနာလိုခြင်း အဲ့ဒီ အရာတွေအားလုံးဟာ စက္ကန့်မလပ်ဖြစ်ပေါ်နေကြတယ်။ အဲ့ဒီ ဖြစ်ပေါ်နေ့တဲ့ စိတ်တွေကို သတိလေးနဲ ယှဉ်ပြီး ဆင်ခြင်ကြည့် ရင် ဘဝဟာပိုပြီးအဓိပါယ် ရှိလာလိမ့်မယ်၊ ပျော်ရွှင်တယ် ဘာလို့ ပျော်ရွှင်တာလဲ၊ စိတ်ညစ်တယ် ဘာလို့စိတ်ညစ်တာလဲ၊ အစရှိသဖြင့် နဲနဲလေးစဉ်းစား ကြည်ရင် နေရထိုင်ရတာ တော်တော်ပေါ့ပါးလာလိမ့်မယ်။ ပြီးတော နေ့စဉ်ကိုယ်ဘာပဲ လုပ်လုပ် တစ်ဘက် စွန်းမရောက်ဖို့လည်းအရေးကြီးတယ်။ ဗုဒ္ဓမြတ်စွာ ချမှတ်ခဲ့သော မဇ္ဖျိမပဋိပဒါ အလယ်အလတ်လမ်းစဉ် ဆိုတာ ကြည့်လိုက်ရင်တော လွယ်လွယ်လေးပါဘဲ ဒါပေမယ့် တကယ်စောင့်ထိန်းလိုက်နာဖို့ဆိုတာကတောတော်တော်လေးကို ခဲယဉ်းပြီးတော အရမ်းကိုသိမ်မွေ့ နက်နဲ ခက်ခဲတဲ့ အလုပ်ပဲ။ အဲဒါကြောင့် ကျွန်တော်တို့ကြိုးစားကျင့်ကြံနေထိုင် ဖို့ရေးကြီးပါတယ်။ ဘဝဆိုတာ အရမ်းကိုတိုလွန်းပါတယ်၊ အဲဒီတိုတောင်းလှတဲ့ဘဝလေးမှာ ဘာတွေကို များ လောဘတကြီးနှင့် တွယ်ဖက်နေဦးမှာလဲ။ လုပ်သင့်လုပ်ထိုက်တာကို အချိန်ကုန်မခံပဲ လုပ်သင့်ပြီလို ကျွန်တော်ယူဆရပါတယ်။ ဒါပေမယ် သိတော့သိတယ် မလုပ်နိုင်သေးတောင်မှ စိတ်ထားလေးတွေကို ပြုပြင် ထိန်းသိမ်းသွားကြမယ် ဆိုရင်ဖြင့် ကျွန်တော်တို့ဟာ တချိန်ကြရင် သေဖို့အတွက် အဆင်သင့် ဖြစ်နေပါမည်။


0 Comments: