မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Wednesday, April 16, 2008

လွတ်လပ်သော စိတ် ( ၁ )

လွတ်လပ်သူ၏ အတွေးအခေါ်အယူအဆများ

လွတ်လပ်တာကို တကယ်လိုချင်ရင် လွတ်လပ်မူအကြောင်းကို အမြဲလေ့လာနေရမယ်။ ကိုယ့်မှာ ဘယ်လောက်လွတ်လပ်မူ ရှိတယ်

မရှိဘူး ဆိုတာကို သတိထားရမယ်။ လွတ်လပ်မှုမရှိရင် ဘာကြောင့် မရှိတာလဲ ဆိုတာကို မြင်အောင်ကြည့်ရမယ်။ နဲနဲဖြစ်ဖြစ် လွတ်လပ်မှု

ပိုရှိလာအောင် နေ့စဉ် ကြိုးစား နေရမယ်။ လွတ်လပ်မှုကို မေ့ထာလိုက်ရင် လွတ်လပ်မှုပျောက်သွားမယ်

လှည့်စားနေတာတွေကို မျက်ခြေမပြတ်ဖို့ လိုတယ်။ လွတ်လပ်မှု ဆိုတာကို ဘာသာရပ်တစ်ခုလို သုတေသန ပြုနေရမယ်။ လွတ်လပ်မှု

သုတေသန အသင်း ဆိုတာမျိုးရှိရင် ကောင်းမယ်။ အဲဒီအသင်းက စာစောင်တွေ ထုတ်နေရမယ်။

ကျောင်းတွေမှာ လွတ်လပ်မှုကို ဆွေးနွေးရင် ကောင်းမယ်။ လွတ်လွတ် လပ်လပ် ဆွေးနွေးမှ ပညာတတ်တွေ ထွက်လာမယ်။ လွတ်လွတ်

လပ်လပ် ဆွေးနွေးမှ အကောင်းဆုံး အဖြေကို ရမယ်။


Truth is spiritually revolutionary.
အမှန်တရားဆိုတာ စိတ်ပိုင်း အသိဉာဏ်ပိုင်း တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။

အတ္တဝါဒကို တော်လှန်လိုက်တာ အနတ္တဝါဒ။ တစ်လောကလုံး လက်ခံခဲ့တဲ့ အတ္တဝါဒကို ဗုဒ္ဓမြတ်စွာဘုရားက ပြောင်းပြန်လှန်လိုက်တာပဲ။

တော်ရုံသတ္တိနဲ့ မလုပ်နိုင်တဲ့အရာဖြစ်တယ်။ လူ့လောကမှာ အကြီးမားဆုံး အသိဉာဏ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပါတယ်။ အနတ္တဝါဒကို

ဘယ်သူမှဖျောက်ဖျက်လို့ မရတော့ဘူး။

အဲ့ဒီလိုပဲ ကမ္ဘာကြီး ပြားတယ်လို့ တစ်လောကလုံးက ယုံနေတာကို လုံးပါတယ်လို့ ပြောတာ စိတ်ပိုင်း အသိဉာဏ်ပိုင်း တော်လှန်ရေးတစ်ခု

ဖြစ်ပါတယ်။ အစမှာတော့ အမှန်ကို လက်မခံနိုင်တဲ့သူတွေ များနေတတ်လို့ အမှန်တရားက ရှုံးနိမ့်သလို ဖြစ်နေပါတယ်။ ဒါပေမယ့်

ရေရှည်မှာ အမှန်တရားက အနိုင်ရစမြဲပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနိုင်တဲ့သူဟာ တောင်ပံကျိုးနေတဲ့ ငှက်နဲ့ တူတယ်။ တောင်ပံရှိပေမယ့် မပျံနိုင်ဘူး။

တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။ အချို့ ငယ်ငယ် ကတည်းက ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ် စဉ်းစားခွင့် ကိုယ့်စိတ်ကူးနဲ့ကိုယ်

လုပ်ခွင့် မရခဲ့လို့ တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ အဲဒီတောင်ပံကပြန်ကောင်း မလာတော့ဘူး။ ဒါကြောင့် တစ်သက်လုံး

တောင်ပံကျိုးနေတဲ့ ငှက်လို ဘဝမှာပဲ နေရတော့တယ်။ ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊ ပေးသမျှကို ယူတဲ့သူ ဖြစ်မယ်။

ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊ ပေးသမျှကို ယူတဲ့သူကို အပည့်မွေးချင်တဲ့သူတွေ များတယ်။ 'ဟုတ်ရဲ့လား ဘာဖြစ်လို့ လုပ်ရမှာလဲ

လုပ်သင့်ရဲလား။ ဒီလိုလုပ်တာ တရားရဲ့လား။ မျှတမှုရှိရဲ့လား။ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး' လို့ ဆိုတဲ့သူကို တပည့်ကောင်းလို့

မယူဆဘူး။ ဒဲ့ဒီလိုလူဟာ တပည့် မဖြစ်ဘူး။ တပည့် မဖြစ်ရင် ဘာဖြစ်မလဲ။ အဲ့ဒါကို ဆက်ပြီး စဉ်းစားပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Negative peace is the absnce of tesion.

အခြေအနေ တင်းမာမှု မရှိတာကို အနှုပ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။


Positive peace is the presence of justice.


တရားမျှတမှု ရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှု လို့ ခေါ်ပါတယ်။


Without justic there is no freedom.


တရားမျှတမှု မရှိရင် လွတ်လပ်မှု မရှိဘူး။

ဒါကြောင့် တရားမျှတမှု ရှိရင် ငြိမ်းချမ်းမှုလည်းရှိတယ်။ လွတ်လပ်မှု့ လည်း ရှိပါတယ်။ လူတိုင်း တကယ်လိုချင်တာ တရားမျှမှုပဲ

ဖြစ်ပါတယ်။ တရားမျှတမှု ရှိရင် ကျန်တာတွေ ပြည့်စုံ လာပါလိမ့်မယ်။ တရားမျှတမှု ရှိတယ်၊ မရှိဘူး ဆိုတာကို လူတိုင်း သိဖို့

နားလည်ဖို့တော့ လိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွတ်လွတ် လပ်လပ် စဉ်းစားတာ တွေးခေါ်တာ မရှိပဲ ဉာဏ်ပညာ မရှိနိုင်ဘူး။ လွတ်လွတ်လပ်လပ် စဉ်းစားတတ်ဖို့ ဘာလိုလဲ။

စာများများဖတ်ဖို့လိုတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့လိုတယ်။

လွတ်လွတ်လပ်လပ် ဆွေးနွေဖို့လိုတယ် ဆိုတော့..... လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတဲ့ စကားပြောဖေါ် ဆွေးနွေးဖက်ရှိုဖို့ လိုတယ်။

ကိုယ့်အယူအဆကို မကြောက်မရွံ နောက်မတွန့်ပဲ ရိုးရိုးသားသား ပြောနိုင်ဖို့ လိုတယ်။ သူများနဲ့မတူတဲ့ ဆန်ကျင်နေ့တဲ့

ကိုယ့်အယူအဆကို ပြောလို့ ရမှသာ တကယ် စဉ်းစားနိုင်တဲ့ စွမ်းရည်ကိုရမယ်။ သူများနဲ့ တူတဲ့ အယူအဆတွေကိုသာ ပြောနေရရင်

ဘာထူးတော့မလဲ။ သူများနဲ့ တူတာကို ပြောဖို့လောက်ကတော့ သိပ်စဉ်းစားနေစရာ မလိုပါဘူး။



ဆရာတော် ဦးဇောတိက

ဆက္ဖတ္ပါ...

Monday, April 14, 2008

ချစ်သူ့ မွေးနေ့လက်ဆောင်

ဆက္ဖတ္ပါ...

နှစ်သစ်မင်္ဂလာ နှင့် မွေးနေ့မင်္ဂလာ

နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ အစဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ယခုအချိန်အခါ၊ ယခုနေ့ရက် များသည် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ၁၂လရာသီပွဲတော်များအနက်မှ ပျော်ရွှင်ဖွယ် အကာင်းဆုံး နဲ့ ရင်ခုန်ဖွယ် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ပဲဖြစ်ပါတယ်။ မြန်မာလူမျိုတိုင်းဟာ ဒီနှစ်သစ်ကူး သင်္ကြန်ပွဲ ကိုရောက်ရင်ဖြင့် သူသူငါငါ ကြီးကြီး ငယ်ငယ် ရွယ်ရွယ် မရွေး ဒီမြန်မာ့နှစ်သစ်ကူးသင်္ကြန် အတာရေသဘင်ပွဲ ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြတယ်။ ကျွန်တော့်အတွက်ကတော့ ဒီနှစ်သစ်ကူးပွဲတော်ဟာ ရင်ခုန်စရာ ပျော်ရွှင်စရာ အကောင်းဆုံးပွဲတော်တစ်ခုပဲ
ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကို ဧပြီလ ၁၄ရက် သင်္ကြန် အကြတ်နေ့ မှာ ဖွားမြင်သန့်စင်ခဲ့တယ်။ နှစ်စဉ်သင်္ကြန်ရောက်တိုင်း ကျွန်တော်ဟာ အတာရေသဘင်ပွဲ နှင့် မွေးနေ့မင်္ဂလာပွဲကို ပြိုင်တူဆင်နွှဲ နိုင်ခဲ့တယ်။ ကျွန်တော့်ကို အဲ့ဒီလို နေ့ထူးနေ့မြတ် မှာ မွေးဖွားသန့်စင်ပေးခဲ့ သော ချစ်မေမေ
ဒေါ်သန်းမြင့် နှင့် ချစ်ဖေဖေ ဦးတင်ရွှေ တို့ကို အဝေးရောက်သားကြီး မင်မြတ်ဘုန်း မှ ဒီ ပို့လေးနဲ့ ရိုသေလေးစားစွာ ကန်တော့လိုက်ပါတယ်။ ဖေဖေ မေမေ တို့ ကျန်းမာ ချမ်းသာစွာ နဲ့ အသက်ရာကျော်ရှည် ပြီး တရားဘာဝနာများကို ကျင့်ကြံ အားထုတ်နိုင်ပါစေ လို့ ရိုသေစွာ ဆုတောင်လိုက်ပါတယ်။ ကျွန်တော့်ကို ဒီအသက် ဒီအရွယ်အထိ ပြုစု ရင်ဝယ်သားကဲ့သို့ ပြုစု့စောင့်ရှောက် ခဲ့သော ကြီးကြီး ဒေါ်အေးမြင့် ကိုလည်း ရိုသေစွာ ကန်တော့လိုက်ပါတယ်။ ကြီးကြီး ကျန်းမာချမ်းသာ ၍အသက် ရာကျော် ရှည်ပါစေ လို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။


သားကြီး မင်းမြတ်ဘုန်း

ဆက္ဖတ္ပါ...

Tuesday, April 8, 2008

လူတစ်မျိုုးရှိသည်

လောကကြီးတွင်လူတစ်မျိုးရှိသည်......
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက်
အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့ အပြင်ထွက်လျှင်အစစအရာအရာ
သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟု
ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန် လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေးနေတတ်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်.......
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီးသားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။ ဆူပူကြီမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်..........
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကိုလုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားလူများထက်ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ ရေးကြုံပါကသွေးနီးကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်.........
မတွေ့ မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေပြန်လျှင် ရင်တွေခုန်ကာ ဆွံအနေတတ်သည်။ စိတ်ထဲ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးစိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်........
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ်ဘက်မှ ရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေး တတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.......
မိဘ၏ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏သွန်သင်ဆုံးမမူ အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏ ချစ်ခင်မူအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာ ယုယမူ အောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမူအောက်တွင် ဘဝ၏တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည် ကိုယ်ဘဝထဲသို့ ဧည့်သည်တစ်ယောက်လို ဝင်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။ သူတိုသည်ဘဝကို အသိဉာဏ်နှင့် ဗဟုသုတ တိုးပွားအောင်ကူညီပေးကြသည်။ ဘဝိကို ပျော်ရွှင်မှူများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံ မေံနေတတ်သည်။
ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်ပါသည်။

ဆက္ဖတ္ပါ...

Thursday, April 3, 2008

စိတ်

ကျွန်တော့် blog ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင် ပါတယ်။ ကျွန်တာ့်ရဲ့ post တွေကို စောင့်မျှော် ဖတ်ရှူ့နေတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ ခုရက်ပိုင်း ကျွန်တော် blog နှင့် နဲနဲ အဆက်ပြတ်သွားခဲ့တယ် post အသစ်လည်းမတင်ဖြစ်ဘူး။ ခုဆိုရင် ဧပြီလ ရောက်လာ လို့ နဲ့ တူတယ် နဲနဲ ရူးချင်လာတယ်၊ အဲဒီလိုပဲ လူဆိုတဲ့ သတ္တဝါဟာ အရူးတွေပဲ တစ်မျိုး တစ်ဘာသာစီရူးနေကြတာပဲ အဲ့တာကြောင့် သတိဆိုတဲ့ ချွန်းလေးနဲ့ထိန်းကြောင်းနိုင်ပါမှ ဘဝကို မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်မယ်။

"သတိတစ်လုံး လက်ကိုင်သုံး အဆုံး နိဗ္ဗာန်ပြည် " တဲ့ ကျွန်တာ်တို့ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အဆုံးပန်းတိုင်ဟာ နိဗ္ဗာန် ပဲဖြစ်တယ်။ ဗုဒ္ဓ ဘာသာဝင်တိုင်းဟာ ဘုရားရှိခိုး ဆုတောင်းတိုင်း နိဗ္ဗာန်ရောက်ရပါလို၏ တဲ့ ဆုတောင်းတတ်ကြပါတယ်။ ဒါပေမယ် တကယ် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ရော တကယ်ရှိရဲ့လားဆိုတာ အရင်မေးရမယ်။
ကျွန်တော်ကြားဘူးတဲ့ ပုံပြင်ထဲကလို "နောက်အခေါက်များကြမှပဲ နိဗ္ဗာန်ကို လိုက်ပါတော့မည် ဘုရား" လိုဖြစ်နေပြီ

တစ်ခါက ရွာတစ်ရွာမှာ သူကြီး တစ်ဦး ရှိသတဲ့ သူ့မှာ ချစ်လှစွာသော ဇနီး နှင့် သားသမီး ၂ ယောက်ရှိတယ်။ သူဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပြီး ဘုရားတရားကို အလွန်ရိုသေ ကိုင်းရှိုင်းတယ်၊ ပြီးတော့ အပေါင်းအသင်းတွေနဲ့ စကားပြောတိုင်း နိဗ္ဗာန်ရောက်ချင်ကြောင်းအမြဲပြောလေ့ရှိတယ်၊ဘုရားရှိခိုးရင်လည်း နိဗ္ဗာန်ရောက်ရပါလို၏ဟုဆုတောင်းကြောင်း ပြောလွန်းအားကြီးလို့ အပေါင်းအသင်းတွေတောင် နဲနဲ နားကြားပြင်းကပ်လာတယ်။ ပြီတော့သူဟာ မနက်တိုင်း ရွာဦးစေတီမှာ ပန်း၊ဆီမီး ကပ်လှူပြီး ဘုရားရှိခိုးတယ် ပြီးရင် နိဗ္ဗာန်ရောက်ရပါလို၏ဟု ကျယ်လောင်စွာဆုတောင်းတယ်။ နေ့စဉ်နဲ့ အမျှ အဲဒီလို ဆုတောင်းသံကို ကြားရတော့ အဲဒီရွာဦးစေတီနားက ဘုန်းကြီးကျောင်းမှ ကပ္ပိယ ကြီးက နောက်ချင်စိတ်ဖြစ်လာပြီး တစ်ရက်ကြတော့ ကပ္ပိယကြီးက စေတီရဲ့နောက်ကွယ်မှာ ပုန်းနေပြီး
သူကြီးရဲ့ ဘုရားရှိခိုးအပြီးကို စောင့်ဆိုင်းနေတယ်။ သူကြီးလည်း ထုံးစံအတိုင်း ဘုရားရှိခိုးအပြီး နိဗ္ဗာန်ရောက်ရပါလို၏ ဘုရားဟု ကျယ်လောင်စွာဆုတောင်းတယ်၊
သူဆုတောင်းအပြီး ကပ္ပိယကြီးရဲ့ အသံလည်းကျယ်လောင်စွာထွက်ပေါ်လာတယ်။

" ချစ်သား.... မောင်မင်းရဲ့ ဆုတောင်းသံကြောင့် ငါသိကြား မနေသာ၍ လူပြည်ကို ဆင်းသက်လာတယ်၊ မောင်မင်း ရောက်ချင်တဲ့ နိဗ္ဗာန်ပြည်သို့ ပို့ဆောင်ပေးရန် ငါသိကြား ရောက်လာခြင်းဖြစ်တယ်၊ ခုပင် မဆိုင်းမတွ လိုက်ခဲ့ပေတော့ မောင်မင်း"

သူကြီးလည်း ရုတ်တရက် အသံကြားလိုက်ရတော့ တော်တော်လေးကို အံသြသွားတယ်။
ပြီးတော့ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ ပြီးတော့ ကပ္ပိယကြီးရဲ့ အသံ ထွက်ပေါ်လာပြန်တယ် နိဗ္ဗာန်ပို့ပေးမယ့်အကြောင်းထပ်ပြောတယ် သူကြီးလည်း နဲနဲတွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာတယ်။
ဒါကိုကပ္ပိယကြီးကသိတော့ နောက် တကြိမ်ထပ်ခေါ်ပြန်တယ်၊ အဲဒီတော့ သူကြီးလည်း မနေသာတောပဲ ဒီလိုပြန်ပြောလိုက်တယ်

" အရှင်သိကြားမင်း ကျွန်တော်မျိုး လိုက်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ဇနီး နှင့် သားသမီးတွေကို မပြောရသေးပါ သိကြားမင်း၊ ပြီးတော့ ကျွန်တော့်မှာလည်း ရွာသူကြီးဆိုတော့ ရွာတာဝန်တွေက လည်းရှိသေးပါတယ် သိကြားမင်း အဲ့ဒီအတွက်ကြောင့် သိကြားမင်း ပို့ပေးမယ့် နိဗ္ဗာန်ပြည်ကို လည်းသွားချင်ပါတယ် ဒါပေမယ့် နောက်အခေါက်များကြမှပဲ နိဗ္ဗာန် ကို လိုက်ပါတော့မည် ဘုရား"

အဲဒီနေ့ကစပြီး သူကြီးလည်း နိဗ္ဗာန်သွားချင်ကြောင်း ဘယ်သူကိုမှ မပြောတော့ဘူး။

တကယ်တော့ လူတိုင်းဟာ နိဗ္ဗာန်ရောက်ချင်ကြတယ်။ ဒါမှလည်း သံသရာမှ လွတ်မြောက်ကြမည် မဟုတ်လား။ တကယ်တော့ သံသရာမှ လွတ်မြောက်ဖို့ရာ ဆုတောင်းနေရုံနှင့် မပြီးသေးဘူး
မြတ်စွာဘုရား ချမှတ်ပေးထားတဲ့ နည်းလမ်း၊ကျင့်ဝတ်တွေကို တကယ်လိုက်နာကျင့်သုံး မှသာ တကယ်လွတ်မြောက်နိုင်မှာပါ။ သေချာတဲ့နည်းလမ်းတွေ၊ သေချာတဲ့ ကျင့်ဝတ်တွေ က တကယ်ရှိနေတာ လူတွေက သိတော့သိကြတယ် မလုပ်နိုင်ကြတဲ့သူတွေကများတယ်။ ပြီးတော ဒီသံသရာက လွတ်မြောက်ချင်တယ် ပြောနေပြီးတော့ ဒီသံသရာထဲမှာ ပဲပျော်မွေ့နေကြတယ်။ အဲ့တာကို သတိလေးကပ် ထားဖို့တော့ နဲနဲလိုလိမ့်မယ်။ အဲ့ဒီသတိဆိုတာကလည်း စိတ်နဲ့ပဲဆိုင်တယ်၊ ကျွန်တော်တို့တတွေဟာ ဒီလောကကြီထဲမှာ နေ့စဉ် ရုန်းကန် လှုပ်ရှားရင်းနဲ့ ဘဝတွေကို ရှေ့ဆက်နေကြရတယ်။ နေ့စဉ်လူတိုင်းရဲ့ စိတ်အစဉ်မှာ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ သနားခြင်း၊ ဒေါသဖြစ်ခြင်း၊ မနာလိုခြင်း အဲ့ဒီ အရာတွေအားလုံးဟာ စက္ကန့်မလပ်ဖြစ်ပေါ်နေကြတယ်။ အဲ့ဒီ ဖြစ်ပေါ်နေ့တဲ့ စိတ်တွေကို သတိလေးနဲ ယှဉ်ပြီး ဆင်ခြင်ကြည့် ရင် ဘဝဟာပိုပြီးအဓိပါယ် ရှိလာလိမ့်မယ်၊ ပျော်ရွှင်တယ် ဘာလို့ ပျော်ရွှင်တာလဲ၊ စိတ်ညစ်တယ် ဘာလို့စိတ်ညစ်တာလဲ၊ အစရှိသဖြင့် နဲနဲလေးစဉ်းစား ကြည်ရင် နေရထိုင်ရတာ တော်တော်ပေါ့ပါးလာလိမ့်မယ်။ ပြီးတော နေ့စဉ်ကိုယ်ဘာပဲ လုပ်လုပ် တစ်ဘက် စွန်းမရောက်ဖို့လည်းအရေးကြီးတယ်။ ဗုဒ္ဓမြတ်စွာ ချမှတ်ခဲ့သော မဇ္ဖျိမပဋိပဒါ အလယ်အလတ်လမ်းစဉ် ဆိုတာ ကြည့်လိုက်ရင်တော လွယ်လွယ်လေးပါဘဲ ဒါပေမယ့် တကယ်စောင့်ထိန်းလိုက်နာဖို့ဆိုတာကတောတော်တော်လေးကို ခဲယဉ်းပြီးတော အရမ်းကိုသိမ်မွေ့ နက်နဲ ခက်ခဲတဲ့ အလုပ်ပဲ။ အဲဒါကြောင့် ကျွန်တော်တို့ကြိုးစားကျင့်ကြံနေထိုင် ဖို့ရေးကြီးပါတယ်။ ဘဝဆိုတာ အရမ်းကိုတိုလွန်းပါတယ်၊ အဲဒီတိုတောင်းလှတဲ့ဘဝလေးမှာ ဘာတွေကို များ လောဘတကြီးနှင့် တွယ်ဖက်နေဦးမှာလဲ။ လုပ်သင့်လုပ်ထိုက်တာကို အချိန်ကုန်မခံပဲ လုပ်သင့်ပြီလို ကျွန်တော်ယူဆရပါတယ်။ ဒါပေမယ် သိတော့သိတယ် မလုပ်နိုင်သေးတောင်မှ စိတ်ထားလေးတွေကို ပြုပြင် ထိန်းသိမ်းသွားကြမယ် ဆိုရင်ဖြင့် ကျွန်တော်တို့ဟာ တချိန်ကြရင် သေဖို့အတွက် အဆင်သင့် ဖြစ်နေပါမည်။


ဆက္ဖတ္ပါ...

Wednesday, March 26, 2008

ပိုလာဝက်ဝံရဲ့ပုံပြင်

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ
အင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီအေးခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို
သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက် လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ဝင်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့အတူနေတဲ့အချိန်ကိုလက်မလွတ်ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တ့ ဲ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး
ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

ဆက္ဖတ္ပါ...

Wednesday, March 19, 2008

နားခိုခွင့်ရင်ခွင်

ချစ်သူမင်းဟာငါရဲ့ရင်ခွင်တံခါးကို မခေါက်ပဲနဲ့ တွန်းဖွင့်ခဲ့တယ်
ဝင်ခွင့်မတောင်းဘဲနဲ မင်းရဲ့ခြေလှမ်းတွေက သေချာလှမ်းဝင်ခဲ့တယ်
ယိုင်နဲ့နေတဲ့မင်းရဲခြေလှမ်းတွေက အပြေးတပိုင်းနဲငါ့ဆိသို့
တုန်ရိနေတဲ့လက်တွေနဲ့ ငါ့ကို တွဲခိုလို့
ရီဝေနေတဲ့မင်းရဲ့မျက်လုံးမှာ ကြေကွဲမူ့တွေကအပြည့်
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားမှာ နာကြည်းမူကအပြည့်
အို....... ပင်ပန်းလိုက်တာ
မင်းကိုဘယ်သူကများ ဒဏ်ရာတွေရစေခဲ့တာလည်း
ခါးသည်းစေခဲ့တာလည်း
င့ါကိုယ်ငါ သတိမထားလိုက်မိချိန်မှာ
မင်းဟာ ငါ့ရင်ခွင်ထဲရောက်နှင့်နေပြီး
တုန်ရိနေတဲ့ မင်းရဲ့လက်ကိုဆုတ်ကိုင်ထားမိပြီ
လူပ်ခါနေတဲ့ မင်းရဲ့ နှတ်ခမ်းဖျားကို နွေးထွေးစေခဲ့မိပြီး
ရီဝေနေတဲ့မင်းရဲ့ မျက်ဝန်းအစုံကို ကြည်လင်စေခဲ့မိပြီး
မင်းရဲ့ လွမ်းမောဆွတ်ပျံံ့ဖွယ် အနမ်းတွေက
ငါ့ရဲ့ နှလုံးသားထိ ပျံ့လွင့်ခဲ့တယ်
မင်းရဲ့ ငိုရှိုက်သံတိုင်းမှား ငါ့နှလုံးသားတွေ တစစီကြေမွနေခဲ့ပြီ
ငါမသိလိုက်ဘူး...
ဘာကိုမှ မသိလိုက်ဘူး...
ဒီအတိုင်းလေးပဲ....
ငါသတိရတဲ့ အချိန်လေးမှာတော
စကားလေးတခွန်းကို နှလုံးသားနဲ့ပြောဖြစ်ခဲ့တယ်
'ဒီရင်ခွင်မှာ နားခိုလှည့်ပါ ချစ်သူ'

ဆက္ဖတ္ပါ...

Wednesday, March 12, 2008

အမှတ်တရ စိုင်းထီးဆိုင်


“သွားနှင့်သူများနှင့် ကျန်ရစ်သူများအတွက်”
သေခြင်းတရားကလည်း
မြက်ခုတ်ဓားနဲ့ မြက်ပင်တွေ
တပင်ပြီးတပင်ရှင်းသလို ရှင်းလို့
ငါတို့ဟာ အပင်တွေဆိုရင်
အရွယ်အစားအမျိုးမျိုး
အကြီးအငယ်
အသက်အမျိုးမျိုး
နာမည်အမျိုးမျိုး
ဂုဏ်ပုဒ်အမျိုးမျိုး
သွားပြီ၊ သွားကြပြီ
ဒီလို အချိန်မရွေး သေမယ်မှန်းသိရင်
ငါ့အလှည့်မှန်းသိရင်
တယောက်က တယောက်ကို
အပြန်အလှန်ပေးအပ်ရမယ့်အရာတွေ
ပေးခဲ့မှာပေါ့လို့
ကွယ်လွန်သူတချို့က နောင်တရချင်
ငါ့အလှည့် ငါတို့အလှည့်က မကျသေးဘူးဆိုရင်
နောင်တရစရာများ ယူဆောင်မသွားဖို့ပါပဲ။ ။

သုခမိန်လှိုင်
(၁၀-၃-၂၀၀၈ ဘိုထီးကွယ်လွန်သည့်နေ့၌ရေးသည်။ )

ဆက္ဖတ္ပါ...

Monday, March 10, 2008

ချစ်သူ

ချစ်သူရေ
လက်ဖဝါးတွေ ဆုပ်ကိုင်ရင်း
ကိုယ်တို့တွေ ကြယ်တွေဆွတ်ခူးကြမယ်။
အနာဂါတ်ဆိုတာကလည်း
မင်းရှိမှ ပြည့်စုံလာမှာပါပဲ။

အိပ်မက်ကလေး ငါ့ရင်ထဲမှာ
ကြိုးတန်းလန်းနဲ့ ခိုတွဲနေတယ်။

ဟိုးမှာ ကြည့်စမ်း
တောက်ပတဲ့ ငါတို့ နေ့စွဲတွေ
မင်းမြင်ကြည့်လိုက်စမ်းပါ
ငါဟာ မင်းအတွက် သူရဲကောင်းတစ်ယောက်ပါပဲ။

ငါဘာမှမတောင်းဆိုလိုပါဘူး။
မင်းငါ့နားမှာ ရှိနေဖို့တစ်ခုပါပဲ။
(BLUEANGEL)

ဆက္ဖတ္ပါ...


မိုးကလည်း တငွေ့ငွေ့ ရွာတယ်
ဘာကိုမှ မစိုရွှဲခဲ့တာကလွဲရင်
ရင်ထဲကို ရေဝင်ခဲ့ရ။
နတ်ပူးမှာတော့ မကြောက်ပါဘူး
လူစုန်းပူးရင်တော့ နံတတ်တယ်။
နက်ဖြန်ခါ ဘယ်သူပြန်လာမလဲ။
စောင့်ဆိုင်းရင်းနှင်းတွေသည်းပြန်ရော
တောင်လေလာရင် ရွေ့မယ်လို့
တစ်နေ့တစ်နေ့ ပူကျက်ခဲ့ရတဲ့တိမ်
အခု အိမ်ပြန်ရောက်ပါပြီ။


(BLUEANGEL)

ဆက္ဖတ္ပါ...