မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, December 20, 2007

မျှော်လင့်ခြင်း ရင်ပြင်

မိုးတဖြောက်ဖြောက် သွန်းကာမှောက်သည်
လွမ်းမောရိပ်ထင် ချစ်သူ့အသွင်ကို
ပူဆွေးသောက ဗျာပါဒနှင့်
ရင်ခုန်မြတ်နိုး ချစ်စိတ်တိုးကာ
လွမ်းလျှက်ပါမေ....

ရေကြည်တစ်ပေါက် ရင်ထဲရောက်လည်း
လိုချင်တက်မက် နောက်တစ်စက်ကို
မက်မောတွယ်တာ မင်းမျက်ဝန်းမှာ
စောင့်မျှော်တန်းတ ချစ်လိမ့်ငြားဟု
လွမ်းလျက်ပါမေ....

စက္ကန့်ရဲနောက် မိနစ်ရောက်သည်
ရာသီလည်သော်လည်း မောင့်မေတ္တာကာ
နုပျိုသစ်လျက် မပျက်ယွင်းပဲ
ချစ်ခင်လျက်သား နောင်များစွာမှာလည်း
ချစ်လျက်ပါမေ....



မင်းမြတ်ဘုန်း.....

0 Comments: