မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, December 20, 2007

လွမ်းရိပ်ပဲ့တင်...

ရင်ခုန်သံတိတ်
အချစ်စိတ်ပို တိတ်တခိုးနဲ
အိပ်နိုးလွန်ထ အစိုးမရခင်
မထင်မှတ်ပဲ လိုက်လှဲကျွမ်းဝင်
သံယောစဉ်ကို မနှင်လိုရက်
အနှင်ခက်ပြီမေ.....

တစ်နေ့တစ်ခြား
အတွေးများလို့ ရွေလျားအသိ
သတိလွတ်ကင်း ဖွဲ့တင်မိကြိုး
ဆတိုးလွန်နှောင် စည်းဘောင်မထား
မှားသလား ဟင်......

သက်အပ်နှင်းပုံ
မြတ်နိုးယုံးစား နှလုံးသားဖြင့်
ခံစားကြည်းနူး မေတ္တာဦးမှာ
လွမ်းလိပ်ပြားစင် မလွမ်းချင်လည်း
လွမ်းရင်ကွဲဖို့ ခွဲခွာခြင်းက
ဘ၀မင်းမူ အနိုင်ယူလျင်.....

ချစ်ဦး ထွတ်တင်
မညွတ်ခင်က ဆွတ်ကျင်ကြေမွ
ရှတဒဏ်ရာ ဝေဒနာအတွက်
အမျက်မထုံ တစ်သက်မမုန်းပဲ
အပြုံးသွေ့သွေ့ အရူံးတွေစမ်း
နှလုံးမြေကျွမ်းလည်း
နွမ်းသည်းညှာမှာ
လွမ်းဆဲပါမေ....


မင်းမြတ်ဘုန်း......

0 Comments: