မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Sunday, December 23, 2007

ခွဲခွာခြင်း ၏ ရလဒ်....

အိမ်ပြန်တေးဆို
ငှက်ငယ်လေးလို
သာယာဟစ်ကျူး
လွမ်းဘွဲထူးကို
ဆိုညည်းချင်လည်း
ဆွံအနေတယ် အမိငယ်....

အိမ်ပြန်ချိန်ဝယ်
နုတ်ဆက်အနမ်း
ပျံ့လွင့်နေလည်း
ပြုံးသူ့စိတ်ဝယ်
မျက်ရည်ချောင်းစီး
တင်းကာထားလည်း
ပြိုပျက်ခဲ့တယ် အမိငယ်....

ဟန်ဆောင်ကာဖုံး
မျက်နက်ဝန်းကို
လှစ်ဟပြချင်လည်း
ထွက်ကျလာမည့်
မျက်ရည်းများကို
တားဆီးပေးပါ အမိငယ်....

0 Comments: