မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, December 20, 2007

ချယ်ရီ အလွမ်း....

တောင်ပေါ်မြိုလေး ငွေနှင်းဖွေးနှင့်
ထင်းရူးမြိုင်တော ယူကလစ်ပေါကာ
တောတောင်ကြားဝယ် ကွေ့လမ်းသွယ်နှင့်
နှင်းရည်သောက်သုံး ချယ်ရီပြုံးကို
မင်းပန်ဆင်ရန်....

ဟိုး..ရင်အတိတ် လွမ်းမောစိတ်နှင့်
နှစ်သက်ကြည်နူး နေ့ရက်ထူးကို
စိကာပတ်ကုံး စကားလုံးများနှင့်
မွှန်းကာဖွဲ့ထုံး အချစ်ဆုံးကို
တမ်းတလေဟန်....

ချစ်စရာအပြုံး မင်မျက်လုံးကို
တမ်းတမြတ်နိုး ချစ်စိတ်တိုးကာ
လွင့်ပျံ့စိတ်ကူး မေတ္တာထူးနှင့်
တံစက်မြိတ်ထက် နှင်းရည်စက်ကို
နှစ်သက်လေဟန်.....


မင်းမြတ်ဘုန်း....

0 Comments: