မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Sunday, December 23, 2007

ရင်တွင်းဖြစ် ကဗျာ အတိုအစများ....

~~ဝါနု~~

အလှတွေစု ဖူးငုံနုမှာ
ဝါနုမျက်နှာ ပြုံးရွှင်သာနှင့်
ရွယ်ကာပျိုနု အပြုံးနုကို
ထွေးကာပြုလို့.....၊၊

~~သံယောစဉ်~~

ရွာမလို့ဟန်ပြင်
တိမ်ညိုတိမ်မဲ
လေယူသိမ်းလည်း
လွင့်ပါးခဲ့ရပါလား

နှင်းနှီးမူတစ်ခု အစပြုကာ
သံယောစဉ်ကြိုး
မတိုးရစ်ခင်
အချိန်လက်တံ
ရိုက်ခတ်ပြန်တော
ခွဲခွာရဦးမှာပါလား...၊၊


~~ချစ်သူ (၂)~~
မြတ်နိုးလွန်းသူ
မင်းမျက်ဝန်းကို
အောက်မေ့တမ်းတ
လွမ်းမဝလည်း
ချစ်သူစကား
နားထောင်မိသည်

ချစ်ရလွန်းသူ
မျက်နက်ဝန်းကို
မြင်ယောင်တမ်းတ
တစ်ရက်ခြားလည်း
တစ်သက်ခြားထင်
ဂတိရိုက်ချိုး
ဖြစ်မိသည်၊၊

0 Comments: