မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Monday, December 24, 2007

ရင်တွင်းဖြစ် ကဗျာ အတိုအစများ....(၂)

~~~ကျေးဇူးရှင်...~~~

တစ်ဝမ်းတစ်ခါး
တစ်လှမ်းအသွားမှာ
ဝမ်းတစ်ထွာ အတွက်
သမုဒ္ဒရာထဲ
နှစ်မြုပ်ခဲ့လည်း
လွတ်ရာလွတ်ကြောင်း
ကောက်ရိုး တစ်စဆုပ်လည်း
ကျေးဇူးရှင်ပဲ၊၊


~~~ကံ~~~~

ကံအကောင်းဆုံး
လူတစ်စုတွင်
ငါလိုလူတစ်ယောက်
ကံကောင်းဆုံးဟု
ထင်ကာထားလည်း
ကံကိုယုံ၍
ဆူးပုံမနင်းနဲ့...၊၊

~~~နှင်းဆီတစ်ပွင့်~~~

လပြည့်ညမှာ
ချစ်သူအလှက
ရင်မှာစွဲညှိချစ်မိခဲ့ပြီ
လမိုက်ညမှာ
ချစ်သူကွယ်ပျောက်
ထားရစ်ခဲ့ပြီ
ှနှင်းဆီတစ်ပွင့်....။


အပွင့်ကားကား
ဆူးရဲကြားမှာ
တင့်တယ်လှပ
သူ့မာနက
သူ့အလှဖျက်သည်...။။။



ဆီးနှင်းဖွေးဖွေး
လွင်ပြင်လေးမှာ
အိမ်မက်ရထား
ခုတ်ကာသွားသည်...



ချစ်သူရင်ခွင် မှေးဝင်အိပ်စက်
ရုန်းထွက် ဖို့ပင်မေ့နေသည်
ချစ်သူအပါးခိုကာနားမည်
ချစ်သူစိတ်ထားလှပသည်...



မင်းရဲ့ဆံပင် မင်းရဲ့အသွင်က
ယမင်းရုပ်သွင် လှပသည်
မင်းရဲမျက်လုံး အသဲနှလုံးက
ရိုးသားဖြူစင် နုးညံသည်...။။



မြတ်နိုးတွယ်တာ ချစ်နေသမျှကို
တမ်းတမျှော်မှန်း ပိုင်ဆိုင်လိုခြင်းအစစ်
သနားကြင်နာ ယုယသမျှကို
ပေးဆပ်ခြင်တာ ကိုယ်ရဲ့အဖြစ်
မြတ်နိုးကြင်နာယုယမူတွေ အချစ်တွေကို
ချစ်သူနားလည်နိုင်ပါစေ။။။



သံယောဇဉ်ကြိုး
ရစ်ပတ်နှောင်ဖွဲ့
ပြစ်ကာထားလည်း
မသိစိတ်က
တိုး၍ရစ်ပတ်
ရုန်းထွက်မရတဲ့
ငယ်ချစ်ဦး...။။



ပြူတင်း မှန်တံခါးမှာ
နှင်းများရိုက်ခတ်တဲ့
ဒီဇင်ဘာရဲ့ ညတည
ပရစ်အော်သံ
ချစ်သူခေါ်သံလားလို့
ယောင်ရမ်းစမ်းမိ
မင်းမရှိ...။။



အမှားတစ်ခု
ပြုခဲ့ဖူးသည်
ငါ၏စိတ်တွင်
ညိုဝင်းရိုက်ခတ်
ပြင်းစွာထိလည်း
ခံနိုင်ရည်းစွမ်းအား
တင်းကာထားလည်း
ပြိုပျက်ခဲ့သည်....။။။




မွန်းကျပ်လွန်းသည့်
ငါ၏စိတ်တွင်
ကိန်းဝင်စွဲညှို
ဖျက်မရသည့် အကြောင်းအချက်များ



ရူပ်ထွေးလွန်းသည်
အကြောင်းအချက်များကို
ပြုပြင်ဖယ်ရှား
ကြိုစားကြံဆရာတွင်
အို...ဘုရားသခင်ကယ်တောင်မူပါ....။။



0 Comments: