မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, December 18, 2007

မျဉ်းဖြောင့်တစ်ကြောင်းရဲ့သစ္စာ

......အချစ်ကို
ဟောသလို...ဟောသလို
အဓိပ္ပါယ်တွေ ဖွင့်ဆိုကြ
ရင်ခုန်မှု ဗေဒနဲပေါ့

အချို့က....
ပိုင်ဆိုင်လိုခြင်း အစစ်
အချစ် တဲ့....
ကျမ်းကျိန်စရာမလိုတဲ့
တစ်ကယ့်အဖြစ်ကို
မျက်နှာပြန်သစ်လိုက်တော့
စွန့်လွတ်နိုင်ခြင်း
မဟုတ် ပဲနဲ့
ပိုင်ဆိုင် လိုခြင်းနဲ့ လွဲခဲ့ရတဲ့
ချစ်သူရဲ့
နဖူး လှလှ
နှတ်ခမ်း ရွရွ
ပါး မွမွ ကို
တစ်ခါဆို
တစ်ခါ လေးမှ
မနမ်း ခဲ့တဲ့ ဘဝ
ခဏ ခဏ
မှန်းဆ
လွမ်းမဝ
ဒါပေမယ့်
နောင်တ မဟုတ်တာတော့
သေချာတယ်......



မင်းမြတ်ဘုန်း.....

0 Comments: