အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ လို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခုမှ blog
ဘက်ပြန်လှည့် နိုင်တယ်။ သူငယ်ချင်းအားလုံးနဲ့ ခွဲခွာခဲ့ရတာ တော်တော်လေးကြာသွားတယ်။ ဒီ
May 2 က စပြီး စိတ်ကော လူရော ပင်ပန်ကြီးစွာနဲ့ ဖြတ်သန်းခဲ့ရတယ်။ နာဂစ် ကြောင့်
မြန်မာပြည်ကို မြန်မြန်ပြန်လစ်ရတယ်။ မြန်မာပြည်ကို ဆင်းဆင်း ခြင်း
ကိုယ်တိုင်မြင်တွေ့ရတာတွေဟာ ပြန်မပြောပြလောက်အောင်ကို စိတ်ဆင်းရဲခဲ့ရတယ် နဂိုကမှ
တော်တော်လေးကို ပျက်ဆီးယိုယွင်းနေတဲ့ ရန်ကုန်မြိုကြီးဟာ ခုဆိုရင် တစပြင် ကို
ဖြစ်သွားတယ်။ နှစ်ပေါင်းများစွာ သက်တမ်းရင့်ပြီးသား သစ်ပင်တွေ လဲပြိုခဲ့ တယ်။
သဘောကတော့ ဟောင်းနွမ်းဆွေးမြေ့နေပြီးဖြစ်တဲ့ မြန်မာပြည်ကြီးကို
အသစ်တဖန်ပြန်လည်တည်ဆောက်ဖို့အတွက် နာဂစ်က ပထမဦးစွာ
ရှင်လင်ဖယ်ရှားပေးလိုက်တာပဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပြီးဆိုတာ သဘာဝကြီးက
နိုးဆော်လိုက်တာ။ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ မြန်မာပြည်ကြီးရဲ့ စနစ်ဆိုးတွေကို လည်း
ပြုပြင် ဖယ်ရှားဖို့ သဘာဝတရားကြီးက ဆော်သြော် လိုက်တာ။ ဒါပေမယ့်
ပြည်သူတွေအတွက်တော့ တော်တော့်ကို့ စိတ်မကောင်းစရာပါပဲ။ သဘာဝမုန်တိုင်း နှင့်
အတ္တမုန်တိုင်း အောက်မှာ လူတွေက လူလိမ့်အောင်ကို ခံစားရတယ်။ မုန်တိုင်းကြောင့် အိုးမဲ့
အိမ်မဲ့ သားကွဲ မယားကွဲ နှင့် ရင်နင့်အောင်ခံစာရ နောက်ပြီး အတ္တမုန်တိုင်းကြောင့် ကျန်းမာရေး၊
ပညာရေး၊ အကျင့်စာရိတ္တ ၊ အနာဂတ် အားလုံး မဲ့ အားလုံးအားလုံး ဆုံးရှုံး။
ဒါတွေကို အမှန်တကယ် သိမြင်တတ်ဖို့ လိုလာပြီ၊ ကိုယ်တဦးတစ်ယောက်အတွက်
လူတွေအမျာကြီးကို မစတေးသင့်ဘူး။
ဒိလို စိတ်မကောင်းခြင်းများစွာနဲ့ အိမ်မှာ ပျက်စီးသွားတာလေးတွေကို အမြန်ဆုံး
ပြုပြင်ပြီးတော့ ပြန်လာခဲ့ရတယ်။ ဒီရောက်တော့ လက်ရှိနေတဲ့အိမ်လေးကလည်း နေလို့
မရတော့ ဘူး ဆိုတော့ အိမ်တစ်လုံး အမြန်ရှာရပြန်တယ်။ အိမ်ရှာရတာလည်းတော်တော်လေးကို
ပင်ပန်းရပြန်တယ် စိတ်ကောလူရော။ အင်း.... အိမ်ရပြန်တော့လည်းပြောင်းရ ရွှေ့ရနဲ လူကို
အရမ်းပင်ပန်းသွားတယ်။ ဒီကြားထဲ ပိုပြီးစိတ်ထိခိုက်သွားရတာ တခုက ကျွန်တော်
အကိုကြီးတစ်ယောက်လိုချစ်ရတဲ့ ကိုစိုင်းရဲ့ ညီလေး အိုက်ဆမ် ဆုံးပါးသွားတာနဲပါတ်သက်ပြီး
တော်တော် လေးကို စိတ်မကောင်းဖြစ်မိတယ်။ မြန်မာပြည် ပြန်သွားတဲ့ အချိန်လေးမှာ
ကျွန်တော် အိုက်ဆမ်နဲ စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ် သူ ကိုစိုင်းဆီကို အမေနဲ့ အတူ လိုက်လာမည့် အကြောင်းတွေကို
အားရဝမ်းသာစွာနဲ့ ကျွန်တော့်ကို ပြောပြခဲ့တယ်၊ သူလာချင်တဲ့ကြောင်းလည်းပြောပြခဲ့တယ်။ ပြီးတော့ သေချာစာရေးပြီးတော့
ပေးလိုက်တယ်။ ကျွန်တော်လည်းရောက်ရောက်ချင်း အဲဒီစာကို မပေးဖြစ်ဘူး ဒါနဲ ၂ ရက် ၃ ရက်ကြာသွားတယ်။ ဒီလိုနဲ
သူဆုံးပြီးနောက်နေကျမှ ကိုစိုင်းကို သွားပေးဖြစ်တယ်။ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။
အဲဒီလိုနဲ ဒီမေလဟာဆိုရင်ဖြင့် ကျွန်တော်အတွက် စိတ်မကောင်းခြင်း နာကြည်းခြင်း
ဝမ်းနည်းကြေကွဲခြင်း စိတ်ပူပန်ခြင်း အားလုံး စုပုံပြိးခံစား ခဲ့ရတယ်။ စိတ်ကို တော်တော်
တည်ငြိမ်အောင်ထိန်းသိမ်းပြီးရင်ဆိုင်ခဲ့ရတယ်။ တော်တော်ကြိုးစားရဦးမယ် ရှေ့ရှောက်
အသက်ရှင်သန်နေသရွေ့ ရင်ဆိုင်နေရဦးမယ်။ အတွေ့အကြုံ နှင့် ရင့်ကျက်မူ ကို
ဝယ်ယူလို့မရဘူး ဆိုတာ တော်တော် မှန်တယ်။ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ပြီးမှ
ရင့်ကျက်မူဆိုတာ ရလာတာပါ။ ကျွန်တော် လည်းရင့်ကျက်မူ ရှိလာအောင် အခက်အခဲတွေ ကို
များ များ ရင်ဆိုင်လိုက်ဦးမယ်။ :P
Tuesday, May 27, 2008
မေလ၏နေ့ရက်များ
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:14 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: မွတ္တမ္း
Thursday, May 8, 2008
သက်ဆိုင်သူသို့ (ဝမ်းနည်းကြေကွဲချင်း)
ကျွန်တော် ချစ်တဲ့ blog ၊ ကျွန်တော့်ရဲ့ blog သူငယ်ချင်းတွေ နဲ့ ခဏခွဲခွာရဦးမယ်။
ပြီးခဲ့တဲ့ရက်တွေစပြီး blog ဘက်ကို မလှည့်နိုင်ဘူး ဖြစ်သွားတယ်။
်အမိမြန်မာပြည်ရဲ့ ဆိုးဝါလှတဲ့ သတင်ကို ကြားကြားမိချင်း
တော်တော်စိတ်မကောင်းဖြစ်မိတယ်။ နေ့စဉ် သတင်းတွေကိုပဲ ရင်နင့်စွာနဲ
ကြားနေရတယ်ပြီးတော့ ကြားရတဲ့ သတင်းတွေအတွက်လည်း နာကြည်းမိတယ်။
ကျွန်တော်ခံစားရတာတွေကို မြန်မာပြည်သားတစ်ယောက်အနေနဲ
ပေါက်ကွဲမိတယ်။ ကိုယ့်မိသားစု မှာတောင် ကိုယ့်သားသမီးတွေ တစ်စုံ
တစ်ခုဖြစ်ရင် တစ်ခုခု ထိခိုက်ဒဏ်ရာ ရရင် ဘယ်မိဘက မှ ပြစ်မထားဘူး
ဘားမှသိပ်မလုပ်ပေးနိုင်တောင်မှ အားပေးစကားတော့ ပြောဖြစ်ကြတယ်။
ဘယ်လောက်ပဲဆိုးတဲ့ သားသမီး ဖြစ်နေပါစေ သူတို့ ဟာ တို့သားသမီးတွေပဲလို့
ကြင်နာသနားတတ်ကြတယ်။ ခုဆိုရင်လည်း ကိုယ့်သားသမီးတွေ
ဒုက္ခရောက်နေကြကုန်ပြီး၊ ပြီးတော့ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး သန်းနှင့်
ချီတဲ့ သူတွေ။ ခုချိန်သူတို့တွေရဲ့စိတ်မှာ ကူညီကြပါလို့တောင် မအော်နိုင်ကြတဲ့
အခြေနေ၊ အဲ့တာကြောင့် ဒီလောက်ဆိုးရွား လှတဲ့ အခြေနေမှာ
ဂရုတစိုက်နဲ့သူတိုကို အားပေးသင့်တယ် ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ
လုပ်ပေးသင့်တယ်။ နိုင်ငံတကာ ရဲ့အကူအညီကို
လှိုက်လဲဝမ်းသာစွာကြိုဆိုသင့်တယ်
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ စိတ်ယုတ်မာတွေ မမွေးကြပါနဲ့။
ခုချိန်ခါမှာ ရေးပေါ်အကူအညီတကယ်လိုအပ်နေပြီး မိသားစုတွေ မိသားစုတွေ
အဖေတွေ အမေတွေ အဘိုး အဘွား ညိအကို မောင်းနှမအားလုံး ဘယ်သောင်မှာ
ကပ်လို ဘယ်ချုံမှာ တင်နေကြတယ် မသိနိုင်တော့ဘူး
သေဆုံးခဲ့တဲ့သူတွေအတွက်တော့ ဘာမှဆက်လုပ်ပေးလို့ သိပ်မရတော့ပေမယ့်
သူတို့နဲ့ပတ်သက်ပြီးကျန်ခဲ့တဲ့သူတွေ။ သားတွေ သမီးတွေ အဖေတွေ အမေတွ
ခိုကိုးရာမဲ့ကုန်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပြီး သူတို့ကို
ကျွန်တော့်တို့အားလုံးကတတ်နိုင်သရွေ ကူညီကြရတော့မယ် အားပေးရတော့မယ်
သူတို့ရဲ ဘဝတွေ ဆက်လက်ရှင်သန်ဖို စာနာစိတ်နဲ့ကူညီကြရတော့မယ်။
အားလုံးဟာ ကိုယ့်အမိမြန်မာပြည်မှာ တမြေတည်းနေ တရေတည်းသောက် ကြတဲ့ သူတွေ တစ်စိမ်းတစ်ရံတွေတောင်မှာ
စာနာထောက်ထားစွာနဲကူညီနေရင်
ကိုယ်သွေးရင်းသားရင်တွေက ပိုကူညီပံပိုးသင့်တယ်။ စေတနာသန့်သန့် နဲ့ ကူညီပါ
လူသားတစ်ယောက်နေနဲ့ကူညီပါ။ ကိုယ်ချင်းစာ တရားထားပါ။ ကိုယ့်မိသားစုနှင့်
နှှိုင်းယှဉ်ကြည့်ပါ။ ကိုယ်ဘားမှ မလုပ်ပေးနိုင်တာတောင်မှ လုပ်ပေးနိုင်တဲ့သူတွေကို မပိတ်ပင်သင့်ဘူး။ မေတ္တာထားပြီး လုပ်ကြပါ။
တခြားကိစ္စတွေကို ခဏဘေးဖယ် ပြီး
လုပ်သင့်လုပ်ထိုက်တာကို ဦးစားပေးပါ။
ဒါဟာ မြန်မာပြည်သားတစ်ဦးဖြစ်တဲ့ ကျွန်တော့်ရဲ့ ခံစားချက်များပါ။ မြန်မာပြည်မှာ
မွေးဖွားခဲ့တဲ့သူတွေ အားလုံးလည်းဒီလို ခံစားမိမယ်လို ယုံကြည်ပါတယ်။
ဘာလို့များ ကျွန်တော်တို့ ဗုဒ္ဓဘာသာ နိုင်ငံမှ ဒီလို ဆိုးရွားလှတဲ့ ကပ်ဘေး တွေ
ရင်ဆိုင်နေရတာလဲ။ ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်တယ်ဆိုရင်
နောင်အမှားတွေ ဆက်မလုပ်မိဖို့အရေးကြိးပါတယ်။ မြေဇာပင်များကတော့
ပြည်သူတွေပဲပေါ ဗျာ။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 1:36 AM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဝမ်းနည်းခြင်း
Wednesday, April 30, 2008
လွတ်လပ်သော စိတ် ( ၄ )
တန်အောင်အလုပ်မလုပ်ပဲ တစ်စုံတရာကို ရဖို့ ဆုတောင်းတာဟာ
တစ်ကိုယ်ကောင်း ဆန်လွန်းတဲ့ ဆန္ဒပဲ။ ကိုယ်က တန်အောင်မလုပ်ပဲနဲ့
များများလိုချင်ပြီး ဆုတောင်းတာဟာ လောဘ အင်မတန်ကြီးတဲ့စိတ်ပဲ။
တန်အောင်မလုပ်ပဲ လိုချင်တာဟာ မလွတ်လပ်လပ်တဲ့စိတ်ထား ဖြစ်တယ်။
တစ်ယောက်ယောက်ဆီက တစ်ခုခုကို တောင်းရရင် ကောင်းမှာပဲလို့
တွေးကြည့်လိုက်ပါ။ တောင်းနေတဲ့ အမူအရာကိုလည်း စိတ်ထဲမှာ မှန်ကြည့်ပါ။
ဂုဏ်သိက္ခာရှိတဲ့စိတ်လား။ ဂုဏ်သိက္ခာရှိတဲ့ အမူအရာလား။ ကိုယ့်ကိုယ်ကို
အဲဒီနေရာမှာ ထားရင် ကိုယ့်ဘဝ ဘယ်လိုဖြစ်လာမလဲ။ တစ်ကယ် ဂုဏ်သိက္ခာရှိတဲ့
ဘဝကိုရနိုင်မှာ မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ။
ဂုဏ်သိက္ခာရှိရှိနေတဲ့သူ ဖြစ်ချင်တယ်ဆိုရင် မတောင်းပါနဲ့။
"ယာစံ အပ္ပိယော ဟောတိ။" တောင်းသောသူသည်၊
မချစ်မနှစ်သက်ခြင်းကို ခံရသူဖြစ်၏။
ငါလိုချင်တာရဖို့ တန်ရာ တန်ကြေးကိုပေးမယ် ဆိုတဲ့စိတ်ကို ပီပီပြင်ပြင်
ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့ စိတ်မှာ
သတ္တိတစ်မျိုး ဖြစ်လာမယ်။ စွမ်းအားတစ်မျိုး ဖြစ်လာမယ်။
အလကား လိုချင်တဲ့စိတ်ဟာ ကိုယ်ကိုယ်ကို
မယုံကြည်တဲ့စိတ်ဖြစ်တယ်။ တည့်တည့်ပြောရရင် သူတောင်းစားစိတ် ဖြစ်တယ်။
အလားကားလိုချင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုကိုယ် အဆင့်အတန်း
အနိမ့်ဆုံးနေရာကို ချထားလိုက်ပြီး။ (စာမေးပွဲ ခိုးဖြေတာလည်းအတူတူပဲ....။
အင်မတန် အဆင့် အတန်း နိမ့်သူတွေ စာမေးပွဲ ခိုးဖြေကြတယ်။ ကိုယ့်ကိုကိုယ်ကို
မယုံကြည်တဲ့သူတွေ စာမေးပွဲ ခိုးဖြေကြတယ်။ အဲ့ဒီလို အလကား လိုချင်တဲ့စိတ်နဲ့
တစ်သက်လုံး နေသွားတဲ့သူဟာ ကိုယ်ဘဝကို တကယ် ကျေနပ်မှု ရမလား။
တနည်းအားဖြင့် အလကားလိုချင်တဲ့စိတ်ကြောင့် ကျွန်ဖြစ်သွားတယ်။)
ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားတဲ့သူ တန်ဖိုးထားတဲ့သူ
ယုံကြည်တဲ့သူဟာ အလကား မလိုချင်ဘူး။ တန်ရာတန်ကြေး ပေပြီးမှ လိုချင်တယ်။
အလကားယူရရင် အကြွေးတင်သလို ဖြစ်နေတယ်။ အကြွေး
တင်နေတဲ့ သူဟာ ကြွေးရှင်ကို မြင်ရရင် အောက်ကြို့ရတယ်။ အဲ့ဒါ မတန်ဘူး။
လူတွေကို အောက်ကြို့တတ်တဲ့စိတ်ကို မမွေးပါနဲ့။ "လူအောက်ကြို့လို့ လူပိ
မသေဘူး" လို့ ပြောကြတယ်။ လူပိတော့ မသေပါဘူး။ ဂုဏ်ကိုတော့ ခွစီးထားတာ
ခံရလိမ့်မယ်။
လေးစားပါ အောက်မကြို့ပါနဲ့။ ဘားမှမလိုချင်ပဲနဲ့ လေးစားမှ တကယ်
လေးစားတာ။ လိုချင်လို့ လေးစားတာက လေးစားဟန်ဆောင်တာ။
ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားတဲ့သူဟာ လိုချင်စိတ်နဲ့
မဆက်ဆံဘူး။ တန်ရာတန်ကြေးပေးပြီး ဆက်ဆံတယ်။ သူ ရသင့်တာ သူ့ကို ပေးပြီး
ကိုယ် ရသင့်တာကို ယူတယ်။ ကိုယ်က သူ့ကို လေးစားတယ်။ သူက
ကိုယ့်ကိုလေးစားတယ်။ အဲ့ဒါဟာ တရားတယ်။ မျှတတယ်။ လွတ်လပ်တယ်။
အဲ့ဒီလိုလူတွေဟာ လူ့အသိုင်းအဝိုင်း အကျိုးပြုတယ်။
ခိုင်းပြီး တန်အောင် မပေးတဲ့သူနဲ့ တန်အောင် မလုပ်ပဲ များများ
လိုချင်တဲ့သူတွေဟာ လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးတဲ့သူတွေပဲ။
တန်ရာတန်ကြေးကို ပေးမယ်ဆိုတဲ့စိတ် ရှိသူတွေဟာ
လေးစားစရာကောင်းတဲ့သူ ဖြစ်တယ်။ တန်ရာတန်ကြေးကို ပေးကြစို့။
နည်းနည်းပေးပြီး များများလိုချင်တဲ့ စိတ်ဟာ တရားမျှတမှုကို
တန်ဖိုးမထားတဲ့စိတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုကိုယ် မယုံကြည်တဲ့သူဟာ
အောင်မြင်ကြီးပွါးတဲ့သူ မဖြစ်နိုင်ဘူး။ တရားမျှတမှုကို တန်ဖိုးမထားတဲ့သူဟာ
လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ အဲ့ဒီတော့ တန်အောင်မလုပ်မလုပ်ပဲနဲ့ များများ
လိုချင်တဲ့သူဟာ အောင်မြင်တဲ့သူ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။
တန်အောင်လုပ်ပြီးမှ ဆုတောင်းပါ။ အမှန်တော့ တကယ်
တန်အောင်လုပ်တဲ့သူဟာ ဆုတောင်းနေစရာ မလိုတော့ပါဘူး။
သဘာဝတရားဟာဆုတောင်နေတာကို မစောင့်နေပါဘူး။ သူ့သဘာဝ
ကြောင်းအကျိုးအတိုင်း လုပ်သင့်တာကို လုပ်ရင် ရသင့်တာကို ရပါတယ်။
ဆုတောင်းတာ သိပ်များနေတဲ့သူဟာ ဆုတောင်းပြည့်တဲ့သူ မဖြစ်နိုင်ဘူး။
ဘယ်သူက ပေးမှားလဲ။ ပေးမယ့်သူ မရှိပါဘူး။ ဆုတောင်းတယ် ဆိုတာကိုယ့်စိတ်ကို
ကိုယ် လမ်းတည့်ပေးလိုက်တာပဲ။ ကိုယ်ဘာကို လိုချင်တယ်ဆိုတာ ကိုယ့်စိတ်ကို
တိတိကျကျ ပြောလိုက်တာပဲ။ ငါဟာ နည်းနည်း လုပ်ပြီး များများ လိုချင်တဲ့သူလား။
ဒီမေးခွန်းကို လေးလေးနက်နက် မေးပါ။ ထီထိုးတာဟာ နည်းနည်းပေးပြီး
များများလိုချင်တဲ့ စိတ်ပဲ။ လူတိုင်း အလုပ်မလုပ်ပဲနဲ့ ထီထိုနေရင် ကြာရင်
ဘာဖြစ်မလဲ။ လူတိုင်း မွဲသွားမှာပဲ။ ထီထိုးဟာ productive ဖြစ်တဲ့ အလုပ်
မဟုတ်ဘူး။ ကောင်းတဲ့ပစ္စည်းတစ်ခု ဖြစ်အောင် လုပ်လိုက်တာဟာ
ကိုယ်အတွက်လည်း အကျိုး ရှိတယ်။ အများအတွက်လည်း အကျိုးရှိတယ်။
ဒါကြောင့် လူ့အသိုင်းအဝိုင်ကို အကျိုးပြုတယ်။ စာသင်ပေးတာ
ဆေးကုပေးတာလည်း လူ့အသိုင်းအဝိုင်းကို အကျိုးပြုတယ်။ ပစ္စည်းတွေကို
ဝယ်ချင်တဲ့သူတွေ အဆင်ပြေအောင် (အလေးမခိုးပဲ၊ တောင်းမခိုးပဲ)
ကောင်းကောင်းမွန်မွန် ရောင်းတာ အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။ ခရီးသည်တွေကို
လိုရာခရီးကို အဆင်ပြေပြေ စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာ
ရောက်အောင်ပို့ပေးတာ အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။ ထီထိုးတာ ဘယ်လို
အကျိုးပြုလဲ။ နည်းနည်းပေးပြီး များများလိုချင်တာ အကျိုးပြုတဲ့ စိတ်ထား
မဟုတ်ဘူး။ လူငယ်တွေ ဒါကို လေးလေး နက်နက် စဉ်းစားစေချင်တယ်။
တန်အောင်လုပ်ပြီး ရအောင်ယူမယ် လို့တကယ်ဆုံးဖြတ်ထားရင်
လုပ်လည်း လုပ်ဖြစ်မယ်။ ရလည်းရမယ်။ ဒီနည်းနဲ့မှ မရရင် တခြား ဘယ်လို နည်းနဲ့
ရအောင်လုပ်မလဲ။ ဒီထက်ကောင်းတဲ့နည်း ရှိသေးသလား။ ကိုယ့်ကိုယ်ကိုကိုယ်
လေးစားတဲ့သူအဖို့တော့ ဒီထက်ကောင်းတဲ့နည်း မရှိတော့ပါဘူး။
“တန်ရာတန်ကြေး မပေးပဲ ဘယ်သောအခါမှာမှ ရအောင် မလုပ်ပါးဘူး။
ဂုဏ်သိက္ခာရှိရှိ ရတာက လွဲလို့ တခြားနည်းနဲ့ရတာကို ဘယ်တော့မှ မလိုချင်ပါဘူး။
ကိုယ်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး” လို့ဆုံးဖြတ်လိုက်ပါ။ အဲ့ဒီလို
ဆုံးဖြတ်လိုက်ရင် အဲ့ဒီ စိတ်ဓါတ်က ကိုယ် လိုချင်တာရအောင်
ကောင်းတဲ့လုပ်နည်းကို ပေးပါလိမ့်မယ်။
ကိုယ် လိုချင်တာ ရအောင် ကိုယ့်ကို လုပ်ပေးနို်င်တာ ကိုယ့် စိတ်ဓါတ်နဲ့
ကိုယ့် အရည်အချင်းပါပဲ။ ဒီစိတ်ဓါတ်ဟာ လွတ်လပ်တဲ့သူရဲ့ စိတ်ဓါတ်ပဲ။
ဒီလို လွတ်လပ်တဲ့စိတ်ဓါတ်မှ မရှိရင် တခြားလွတ်လပ်မှုတွေနဲ့
မထိုက်တန်ဘူး။ လွတ်လပ်စွာ မတရား လုပ်ကိုင်ခွင့်ဆိုတာ မရှိသင့်တဲ့
လွတ်လပ်မှုပါ။ လွတ်လပ်စွာ ခိုးခွင့် ဆိုတာ ရှိသင့်သလား။ လွတ်လပ်စွာ ရိုးသားစွာ
လုပ်ကိုင်ခွင့်ဆိုတာ လူတိုင်းရသင့်တဲ့ လွတ်လပ်ခွင့်ပါ။ လွတ်လပ်စွာ ရိုးသားစွာ
လုပ်ကိုင်ခွင့်မှ မရှိရရင် အဲဒီ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့အသိုင်းအဝိုင်းလို့
ဆိုနိုင်မလား။
အချို့လူတွေကတော့ မရိုးသားတာ လုပ်ခွင့်ရှိတယ် ဆိုရင်ကော....
အဲဒီ အသိုင်းအဝိုင်းဟာ ကောင်းတဲ့အသိုင်းအဝိုင်းလား။ တချို့လူတွေ မရိုးသားတာ
လုပ်ခွင့်ရှိနေရင် ကျန်တဲ့သူတွေကို ပါ မရိုးသားတာကို လုပ်ချင်အောင် နည်းပေး
သလို ဖြစ်နေမယ်။ မရိုးသားတဲ့သူတွေ များလာရင် တကယ် စိတ်ချမ်းသာမှု
ရမလား။
မရိုးသားတဲ့နည်းနဲ့ ရအောင်လုပ်ချင်တဲ့သူဟာ ဘယ်လို
လွတ်လပ်မှုမျိုးနဲ့ ထိုက်တန်သလဲ။ လွတ်လပ်စွာ မရိုးသားတာ လုပ်ခွင့်
ပေးရမလား။ လွတ်လပ်စွာ ရိုးသားစွာ လုပ်ခွင့်ပေးပါ။ အဲဒီလိုဆိုရင် မရိုးသားတာ
လုပ်တဲ့သူတွေ နည်းသွားလိမ့်မယ်။ လွတ်လပ်စွာ ရိုးသားစွာ လုပ်ခွင့်မရရင်
လူများစုဟာ မရိုးသားတာကို လုပ်မိလိမ့်မယ်။ မရိုးသားတာကို ဘယ်တော့မှ
မလုပ်ဘူး ဆိုတဲ့သူဟာ လူနည်းစုလေးပါ။
ဆရာတော် ဦးဇောတိက
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 12:41 AM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း
Thursday, April 24, 2008
လွတ်လပ်သောစိတ် (၃)
လူတွေ မလုပ်သင့်တာကို နည်းနည်းလုပ်အောင် အားပေတဲ့သူတွေ ရှိတယ်။
လူတွေမှာ အပြစ်ရှိနေရင် အဲ့ဒီလူတွေဟာ နည်းနည်းကြောက်နေမယ်။ ကြောက်နေတဲ့သူကို မင်း
မဟုတ်တာ လုပ်ထားတယ်။ ဒါကြောင့် မင်း ငြိမ်ငြိမ်လေးနေ။ လို့ ပြောလို့ရတယ်။
လူတွေကို နိုင်ချင်ရင် အပြစ်ရှိတဲ့သူတွေ ဖြစ်နေအောင် လုပ်ထားပြီးတော့ black mail
လုပ်တဲ့ နည်းနဲ့ နိုင်လို့ရတယ်။ လူများစုဟာ အပြစ်တစ်ခုခုကို လုပ်ထားတဲ့သူတွေ ဖြစ်နေရင်
အဲဒီအသိုင်းအဝိုင်းဟာ ကြောက်နေတဲ့ အသိုင်းအဝိုင်း ဖြစ်နေမယ်။ ကြောက်နေတဲ့သူဟာ
ခေါင်းငုံ့ နေတဲ့သူ ဖြစ်နေမယ်။အပြစ်ရှိတဲ့သူဟာ လွတ်လပ်မှု မရှိတော့ဘူး။
ဘာမှ အပြစ်မရှိတဲ့သူကို လူတွေက သိပ်သဘောမကျဘူး။ အထူးသဖြင့် ကိုယ့်ကို
အနိုင်ယူချင်တဲ့သူတွေက သဘောမကျဘူး။
ကိုယ့်ဘဝကို ကိုယ် ရိုးရိုးရှင်းရှင်း ရိုးရိုးသားသားနေရင် လူတွေက ကိုယ်ကို
နည်နည်းကြောက်တယ်။ ကြောက်တာကို ကောင်းတယ်လို့ မဆိုလိုပါဘူး။ လွတ်လပ်နေတဲ့သူ၊
ဘာကိုမှ မတွယ်တာတဲ့သူ၊ ဘာဂုဏ်ကိုမှ လိုချင်တဲ့ သူကို လူတွေက ပေါင်းရခက်တဲ့သူလို့
ယူဆတယ်။ ကိုယ့်အလုပ်ကို ကိုယ်ရိုးရိုးသားသားလုပ်ပါ။ ရိုးရိုးသားသားနေပါ။ ဘယ်သူ့ကိုမှ
အောက်မကြို့ပါနဲ့။ ဘယ်သူ့ကိုမှ အနိုင်မယူပါနဲ့။ အဲ့ဒီလို နေတဲ့သူတွေ များလာရင်
ပိုပြီးအေးချမ်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာမယ်။ ကိုယ့်အိမ်မှာ ကိုယ် လွတ်လပ်ပါတယ်။
ကိုယ့်မိသားစုဆက်ဆံရေးကို ကိုယ်ကြိုက်သလို ဖန်တီးလို့ ရပါတယ်။ ကိုယ်က လွတ်လပ်မှုကို
ဘယ်လောက် နားလည်တယ်၊ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ကိုယ့်မိသားစုရဲ့
ဆက်ဆံရေးမှာ အားလုံးရဲ့ ပြောခွင့်ဆိုခွင့်ကို ဘယ်လောက် လေးလေးစားစား
အသိအမှတ်ပြုသလဲ့ဆိုတာနဲ့ တိုင်းတာလို့ရတယ်။ မိသားစုထဲမှာ လွတ်လွတ်လပ်လပ်
ပြောဆိုခွင့်မရှိရင် အဲဒီမိသားစုမှာ မွေးလာတဲ့ ကလေးဟာ သူအသိဉာဏ် သူအတွေးအခေါ်
တိုးတက်ဖို့ အလားအလာ သိပ်မရှိတော့ဘူး။ မိသားစုထဲမှာ ပြောသလိုလုပ် ဆိုတဲ့ မူရှိရင်၊
ကိုယ့်စိတ်ကူးနဲ့ ကိုယ် တီထွင်ကြံဆပြီး လုပ်တဲ့အလေံအကျင့်ကို ဘယ်လိုမှ မရနိုင်တော့ဘူး။
မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲသူတွေ ဉာဏ်ရှိတဲ့သူတွေ
ဖြစ်စေချင်တယ်။ ဒါပေမယ့် အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ပြောခွင့်မရရင်
ဘယ်လိုလုပ်ပြီး ပြောရဲ ဆိုရဲတဲ့သူ ဖြစ်လာတော့မလဲ။
လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။ အိမ်မှာ မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ
အပြင်လောကမှာ လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။ မိဘတွေ လွတ်လပ်မှုကို
ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သားသမီးတွေကို ဘယ်လောက် လွတ်လွတ်လပ်လပ်
ဆွေးနွေးခွင့် ပြောခွင့် လုပ်ခွင့်ပေးသလဲ ဆိုတာနဲ့ တိုင်းတာလို့ရတယ်။
ကိုယ်အိမ်ဟာ လွတ်လပ်မှု အပြည့်ရတဲ့နေရာ ဖြစ်ရမယ်။ အပြင်လောကမှာ မရနိုင်တဲ့
လွတ်လပ်မှုတွေကို အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့ အိမ်လို့ ဆိုနိုင်မယ်။ home, sweet
home သိရိဂေဟာလို့ ပြောကြတယ်။ home free home လွတ်လပ်သော ဂေဟာလို ခေါ်နိုင်ရင်
ပိုကောင်းမယ် ထင်တယ်။ လွတ်လပ်သောအိမ် ဖြစ်မှ ပျော်စရာကောင်းသောအိမ် ဖြစ်မယ်။
လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့ အိမ်ဖြစ်အောင် လုပ်ရမယ်။ အိမ်မှာ
freedom of speech လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ သဘောထား အယူအဆတွေ မတူတာ
ကို မကြောက်မရွံ ပြောဆိုလို့ရတဲ့နေရာဟာ ကိုယ့်အိမ်ပဲ ဖြစ်ရမယ်။
သားသမီးတွေ အရွယ်ရောက်လာရင် သားသမီးနဲ့မိဘ အယူအဆမတူတာ၊ အကြိုက်
မတူတာ၊ သဘောထား မတိုက်ဆိုင်တာ ဖြစ်လာတယ်။ မိဘနဲ့ သားသမီး ဆက်ဆံရေး
အဆင်မပြေမှုတွေ ဖြစ်လာတယ်။ အဲဒီအခါမှာ ပြေလည်အောင် ဆွေးနွေးဖို့လိုတယ်။
မဆွေးနွေးနိုင်ရင် ရေရှည်မှာ ဆက်ဆံရေး ပိုပြီး မကောင်းတော့ဘူး။ သားသမီးဟာ မိဘကို
အသိမပေးပဲ လျှို့ဝှက်တာတွေများလာမယ်။ ဘဝကို share မလုပ်တော့ဘူး။ သားသမီးဘဝနဲ့
မိဘဘဝ မထပ်မိတာတွေများလာမယ်။ parallel life မျဉ်းပြိုင်ဘဝ ဖြစ်နေမယ်။
တချို့ဇနီးမောင်နှံတွေ ဘဝဟာ parallel life မျဉ်းပြိုင်ဘဝ ဖြစ်နေတယ်။ အဲဒီလိုအိမ်ဟာ
လွတ်လပ်မှု မရှိတော့ဘူး။ ဒါကြောင့် ကိုယ့်အိမ်မှာ ပွင့်လင်းမှု လွတ်လပ်မှု ရှိအောင် လုပ်နိုင်ဖို့
သိပ်အရေးကြီးတယ်။
သားသမီးတွေ လွတ်လပ်တဲ့စိတ်ဓါတ်ရှိဖို့ အိမ်ကနေ စပြီး လေ့ကျင့်ပေးရမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Plato: "A house that has a library in it has a soul."
စာကြည့်တိုက်ရှိတဲ့ အိမ်မှာ အသက်ဝိဉာဏ်ရှိတယ်။
(ဒီနေရာမှာ အသက်ဝိဉာဏ်ဆိုတာ အတ္တကို မဆိုလိုဘူး။ အသိဉာဏ်ကို တင်စားပြီး ပြောတာ
အသိဉာဏ်ရှိမှ အသက်ဝင်တယ်။)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာဖတ်တဲ့သူများတဲ့ နိုင်ငံဟာ ပိုပြီးတိုးတက်တယ်လို့ သုတေသနပြုထားတဲ့
စာတမ်းတွေ ဖတ်ရတယ်။ ပြောရဲဆိုရဲတဲ့သူတွေ၊ ဆွေးနွေးရဲတဲ့သူတွေ များဖို့လိုတယ်။
ပြောရဲဆိုရဲဖို့ဆိုတာ ပညာ ဗဟုသုတ များမှ ဖြစ်နိုင်တယ်။ ပညာမတတ်တဲ့သူဟာ မပြောရဲဘူး။
မဆိုရဲဘူး။ ဘားမှ မဝေဖန်တတ် မပြောတတ်တဲ့သူတွေဟာ သိုးတွေလိုပဲ။ သိုးတွေလိုလူတွေ
များနေရင် အဲဒီ အသိုင်းအဝိုင်းဟာ မတိုးတက်နိုင်ဘူး။
လူတွေ စာများများဖတ်ဖို့ လိုပါတယ်။ အထူးသဖြင့် လွတ်လပ်မှု ကြောင်း
တရားမျှတမှုအကြောင်းတွေကို များများဖတ်ဖို့ လိုတယ်။ များများ ဆွေးနွေးကြဖို့လိုတယ်။
အရာရာတိုင်းဟာ စိတ်ကနေ စ,ပါတယ်။ စိတ်ထဲမှာ အသက်ဝင်နေတဲ့အရာဟာ
မကြာခင်မှာ အကောင်အထည် ပေါ်လာမယ်။ စိတ်ထဲမှာ အသက်မဝင်သေးရင် ကောင်အထည်
ပေါ်နိုင်ဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အရာဟာ ကိုယ့်စိတ်ထဲမှာ အသက်ဝင်နေရမယ်။
အသက်ဝင်တဲ့ စိတ်ကူကို စိတ်ကူးနိုင်တဲသူတွေသာ မဖြစ်နိုင်ဘူးလို့ ထင်ကြတာကို ဖြစ်အောင်
လုပ်နိုင်ကြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်လာတဲ့သူမှာသာ
ပင်ကိုလို့ခေါ်နိုင်တဲ့ နေပုံထိုင်ပုံတွေဟာ ဖြစ်လာတယ်။
Social group ဆက်ဆံရေး အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမူကနေ မလွန်မြောက်
သေးတဲ့သူဟာ ပီပြင်တဲ့ ပင်ကိုသဘာဝ ရှိတဲ့သူ မဖြစ်သေးဘူး။ ပီပြင်တဲ့ ပင်ကိုသဘာဝ ရှိတဲ့သူ
ဖြစ်လာဖို့ လွတ်လွတ်လပ်လပ် တွေးခေါ် စဉ်းစားနိုင်တဲ့ ဉာဏ်နဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး
လုပ်နိုင်တဲ့ သတ္တိ လိုတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ ဉာဏ် မရှသေးတဲ့သူဟာ
အသိဉာဏ်ပိုင်းမှာ (clone) ပုံတူကူးထားတဲ့သူ အဆင့်မှာပဲ ရှိသေးတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လောကကြီးဟာ unfree world မလွတ်လပ်တဲ့ လောကကြီး။ လူတိုင်းကို နည်းမျိုးစုံနဲ့
ကျွန်ဖြစ်အောင် လုပ်ထားတဲ့ လောကကြီး။ အဲ့ဒါက ဘာမှ သံသယ ဖြစ်စရာ မရှိလောက်အောင်
သေချာတယ်။ လွတ်လပ်မှုကို တန်ဖိုးထားတဲ့သူဟာ အဲဒီလောကကြီးကို ဘယ်လိုလုပ် deal
လုပ်မလဲ။ တစ်နည်းပဲရှိတယ်။ (to become absolutely free) ကိုယ့်ဘဝကို အလွတ်လပ်ဆုံး
ဖြစ်အောင် နေရမယ်။ ကိုယ့်ကို လွှမ်းမိုးနေတာတွေက နေ လွတ်အောင် လုပ်ရမယ်။ အဲဒီလို
အလွတ်လပ်ဆုံးဖြစ်အောင် နေလိုက်တာဟာ တော်လှန်ရေးပဲ။
ဂုဏ်ကို မက်နေရင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တကယ်
လွတ်လပ်ချင်တဲ့သူဟာ ဘာဂုဏ်ကိုမှ မမက်တဲ့သူ ဖြစ်ရမယ်။ ဂုဏ်မက်ရင် ကျွန်ခံရမယ်။
အတ္တစွဲ မရှိတဲ့သူကို ဘယ်သူက ဘယ်လိုနည်းနဲ့ လွှမ်းမိုးမလဲ။
မာနရဲ့ လှည့်စားမှုကို မခံရတော့တဲ့သူကို ဘယ်သူက ပြိုင်ပွဲဝင်ခိုင်းလို့ရမလဲ။
မနာလို ဝန်တိုစိတ် မရှိတဲ့သူကို ဘယ်သူက လာကြွားလို့ ရမလဲ။
ပြိုင်ပွဲ မရှိဘူး၊ အလောင်းအစားမရှိဘူး၊ အနိုင်အရှုံး မရှိဘူး၊ ချီးမွမ်းမှု ကဲ့ရဲ့မှုကနေ
လွတ်နေတဲ့သူ၊ သူ့ကို ဘယ်လိုလွှမ်းမိုးမလဲ။
သူ့ရဲ့လွတ်လပ်မှုဟာ လောကကြီးကို မှန်ထောင်ပြနေသလိုပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်ရဲ့ လွတ်လပ်မှု အပင်ပေါက်ကလေးကို အပင်ကြီးဖြစ်လာအောင် နေ့တိုင်း
ပြုစုရမယ်။
လွတ်လပ်တဲ့စိတ်နဲ့ နေ့တိုင်း တစ်ခုခု လုပ်ပါ။
ငါလုပ်တဲ့ အလုပ်ဟာ လွတ်လပ်တဲ့ စိတ်နဲ့ လုပ်တာလား။ မလွတ်လပ်တဲ့စိတ်နဲ့
လုပ်တာလား ဆိုတာကို မကြာမကြာ သတိထားကြည့်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆရာတော်ဦးဇောတိက
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:22 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း
Saturday, April 19, 2008
လွတ်လပ်သော စိတ် ( ၂ )
အသိဉာဏ်ကြီးတဲ့သူ စိတ်ထားမြင့်တဲ့သူ လွတ်လွတ်လပ်လပ် တွေးတဲ့ သူတွေဟာ အသိဉာဏ်
နည်းတဲ့သူ သဘောထားသေးတဲ့သူ ဘောင်ထဲကနေ တွေးတဲ့သူတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို အမြဲတန်းခံခဲ့ရတယ်။
ဉာဏ်ရည်မြင့်တဲ့သူတွေက ဓလေ့ထုံးစံရဲ့ တစ်ဖက်သပ်အမြင်ကို မစဉ်းစား လက်မခံပဲ ရိုးရိုးသားသား သတ္တိရှိရှိ ကိုယ့်အသိဉာဏ်ကို
ကိုယ်သုံးတာကို ဉာဏ်ရည်နိမ့်တဲ့သူတွေ နားမလည်နိုင်ဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူများကို ဒုက္ခမပေးပဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်တွေးပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ နေရာတွေမှာ လူတွေက ကိုယ့်ဘဝ
အခြေအနေကို ပိုပြီးတိုးတက်အောင် လုပ်ကြတယ်။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူများစုဟာ တိုးတက်ကြပါတယ်။
ဒါကြောင့် သူများကို ဒုက္ခမပေးဖို့ အရေးကြီးတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် လုပ်ဖို့ အရေးကြီးတယ်။ ကိုယ်
ထင်ထားတာထက် ကိုယ်မှာ လွတ်လွတ်လပ်လပ် လုပ်ခွင့် အများကြီး ပိုရှိနေပါတယ်။ မလွတ်လပ်ဘူးလို့ ထင်နေပြီး မလုပ်ပဲ နေကြတာ
များပါတယ်။
ကိုယ့်မိတ်ဆွေတွေထဲမှာ လွတ်လွတ်လပ်လပ် လုပ်နေကြတဲ့သူတွေရှိပါတယ်။ သူတို့ကို လေ့လာပါ။ လွတ်လပ်တဲ့ဘဝကို ရဖို့ ဆိုတာ
လက်တွေ့လွတ်လွတ်လပ်လပ်တွေးပြီး လွတ်လွတ်လပ်လပ် လုပ် နေကြတဲ့ သူတွေနဲ့ ရင်းနှိးမှု ရှိဖို့ လိုပါတယ်။ လွတ်လပ်တဲ့ဘဝကို
နေသွားကြတဲ့သူတွေ အကြောင်းကိုလည်း ရသလောက် လေ့လာနေဖို့ လိုပါတယ်။
လွတ်လပ်တဲ့ဘဝကို တကယ် မလိုချင်ပဲနဲ့ တစ်ယောက်ယောက်က ကိုယ့်ကို လွတ်လပ်တဲ့ဘဝ
ရအောင် လုပ်ပေးလို့ မရနိုင်ဘူး။ လွတ်လပ်တဲ့ ဘဝကို ရအောင်လုပ်တဲ့သူမှာပဲ လွတ်လပ်တဲ့ဘဝ ရှိပါတယ်။
လွတ်လပ်မှုကို ကျင့်သုံးနေတဲ့သူမှာပဲ လွတ်လပ်မှုရှိတယ်။ နောက်တစ်မျိုးပြောရရင် လွတ်လပ်မှုကို ကျင့်သုံးနေတုန်းမှာပဲ
လွတ်လပ်မှုရှိတယ်။
လွတ်လပ်တဲ့အတွေကို တွေးပြီး လွတ်လပ်တဲ့အလုပ်ကို လုပ်နေတုန်းမှာပဲ လွတ်လပ်မှု ရှိတယ်။ လွတ်လပ်ပြီး ဆိုပြီး နေလိုက်တဲ့သူမှာ
လွတ်လပ်မှု မရှိတော့ဘူး။ လွတ်လပ်မှုအစစ်ဆိုတာ စာအုပ်ထဲမှာ မရှိဘူး။ စိတ်ထဲမှာပဲရှိတယ်။ ဒါကြောင့် လွတ်လပ်တဲ့စိတ် မရှိရင်
ဘာကြောင်မရှိတာလဲဆိုတာကို တိတိကျကျ သိအောင်လုပ်ဖို့လိုတယ်။
အခြေအနေတွေပြောင်းသွားရင် ငါ့ဘဝ ပိုပြီး လွတ်လပ်လာမယ်လို့ တွေးပြီး စောင့်နေတဲ့သူဟာ ဘယ်တော့မှ လွတ်လပ်တဲ့ဘဝကို ရမှာ
မဟုတ်ဘူး။ အခြေအနေကို မစောင့်ပဲ မရရအောင် လုပ်တဲ့သူမှာပဲ လွတ်လပ်မှုရှိတယ်။
သူတို့ ပြောင်းသွားရင် ငါ လွတ်လပ်မယ် လို့တွေးသလား။ အဲဒီလို တွေးသ၍ မလွတ်လပ်နိုင်ဘူး။ အခြေအနေတွေ ဘာပဲဖြစ်နေဖြစ်နေ
ငါ့စိတ်မှာ လွတ်လပ်မှုရှိတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူတို့က ငါကို ပြောကြတယ်....။ ကျွန်တစ်ယောက် အိပ်ပျော်နေတာကို တွေ့ရင် မနှိုးလိုက်ပါနဲ့။ သူ လွတ်လပ်မှုကို အိပ်မက်မက်နေတာ
ဖြစ်ကောင်းဖြစ်လိမ့်မယ့်.....တဲ့။
ငါကသူတို့ကိုပြောလိုက်တယ်....။ ကျွန်တယောက် အိပ်ပျော်နေတာကို တွေ့ရင် နှိုးလိုက်ပြီးတော့ လွတ်လပ်မှု အကြောင်း သူ့ကို
ရှင်းပြလိုက်ပါ။
အိပ်ပျော်နေကြတဲ့ သူတွေပဲ များပါတယ်။ အိပ်ပျော်နေကြတဲ့သူတွေဟာ ဘယ်သူတွေလဲ။ လွတ်လပ်နေတဲ့ သူတွေလား။ နှိုးလိုက်ရရင်
ကောင်းမလား။ အိပ်ပျော်နေတဲ့အချိန်မှာတော ခဏ စိတ်ချမ်းသာနေမယ် ထင်ပါတယ်။ လွတ်လပ်မှုအကြာင်းကို
အိမ်မက်မက်နေတယ်ဆိုရင် အိပ်မက်ကောင်းလေးလို့ဆိုရမှာပဲ။သူနိုးလာတဲ့အခါမှာ တကယ့် စစ်မှန်တဲ့ လွတ်လပ်မှုကို
ရအောင်လုပ်မှာလား။ လွတ်လပ်မှုဆိုတာ အိပ်မက်မက်လို့ကောင်းတဲ့အရာပါ.....။လက်တွေ့မှာ ရနိုင်တဲ့ အရာ မဟုတ်ဘူးလို့ တွေးမှာလား။
အိပ်မက်ဆိုတာ နိုးလာပြီးရင် မကြာခင်မှာ မေ့သွားတတ်တဲ့အရာပါ။ အဲဒီလို မေ့သွားလို့ အိပ်မက်တွေ အကောင်းအထည် မပေါ်တာ။
အိပ်မက်ကို မမေ့ရင် အဲဒီအိပ်မက် အကောင်အထည်ပေါ်ဖို့ နေ့တိုင်းကြိုးစားမယ်။ အဲဒီလိုဆိုရင် တစ်နေမှာ အဲဒီအိပ်မက်
အကောင်အထည် ပေါ်လာမှာ သေချာတယ်။
စိတ်ချမ်းသာမှုကို သိပ်လိုချင်တယ်။ စိတ်အေးချမ်းမှုကို သိပ်လိုချင်တယ်။ လွတ်လပ်မှုကို သိပ်လိုချင်တယ်။ ငါလိုချင်သလို သူများလည်း
လိုချင်တာပဲ ဒါကြောင့် ငါတတ်နိုင်သလောက် သူများကို စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု၊ လွတ်လပ်မှုကို ပေးမယ်လို့
သဘောထားတဲ့သူဟာ သူကိုယ်တိုင် တစ်နေ့တစ်ခြား ပိုပြီး စိတ်အေးချမ်းတဲ့သူ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။ ဒါဟာ သဘာဝနိယာမပဲ။
သူများကို စိတ်ချမ်းသာအောင်ပြောရင်းနဲ့ ကိုယ်လည်း စိတ်ချမ်းသာလာတာကို အကြိမ် တော်တော်များများ ကြုံဖူးပါတယ်။
သူများကို မလွတ်လပ်အောင် လုပ်ရင် ကိုယ်လည်း မလွတ်လပ်ဘူး။ သူများကို စိတ်ဆင်းရဲအောင် လုပ်ရင် ကိုယ်လည်း
စိတ်ဆင်းရဲရတယ်။ သူတစ်ပါးကို စိတ်မအေးချမ်းအောင်လုပ်ရင် ကိုယ်လည်း စိတ်အေးချမ်းမှု မရနိုင်ဘူး။ ဒါဟာ သဘာဝနိယာမ
ဖြစ်ပါတယ်
ဆရာတော် ဦးဇောတိက
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 11:43 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း
Wednesday, April 16, 2008
လွတ်လပ်သော စိတ် ( ၁ )
လွတ်လပ်တာကို တကယ်လိုချင်ရင် လွတ်လပ်မူအကြောင်းကို အမြဲလေ့လာနေရမယ်။ ကိုယ့်မှာ ဘယ်လောက်လွတ်လပ်မူ ရှိတယ်
မရှိဘူး ဆိုတာကို သတိထားရမယ်။ လွတ်လပ်မှုမရှိရင် ဘာကြောင့် မရှိတာလဲ ဆိုတာကို မြင်အောင်ကြည့်ရမယ်။ နဲနဲဖြစ်ဖြစ် လွတ်လပ်မှု
ပိုရှိလာအောင် နေ့စဉ် ကြိုးစား နေရမယ်။ လွတ်လပ်မှုကို မေ့ထာလိုက်ရင် လွတ်လပ်မှုပျောက်သွားမယ်
လှည့်စားနေတာတွေကို မျက်ခြေမပြတ်ဖို့ လိုတယ်။ လွတ်လပ်မှု ဆိုတာကို ဘာသာရပ်တစ်ခုလို သုတေသန ပြုနေရမယ်။ လွတ်လပ်မှု
သုတေသန အသင်း ဆိုတာမျိုးရှိရင် ကောင်းမယ်။ အဲဒီအသင်းက စာစောင်တွေ ထုတ်နေရမယ်။
ကျောင်းတွေမှာ လွတ်လပ်မှုကို ဆွေးနွေးရင် ကောင်းမယ်။ လွတ်လွတ် လပ်လပ် ဆွေးနွေးမှ ပညာတတ်တွေ ထွက်လာမယ်။ လွတ်လွတ်
လပ်လပ် ဆွေးနွေးမှ အကောင်းဆုံး အဖြေကို ရမယ်။
Truth is spiritually revolutionary.
အမှန်တရားဆိုတာ စိတ်ပိုင်း အသိဉာဏ်ပိုင်း တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။
အတ္တဝါဒကို တော်လှန်လိုက်တာ အနတ္တဝါဒ။ တစ်လောကလုံး လက်ခံခဲ့တဲ့ အတ္တဝါဒကို ဗုဒ္ဓမြတ်စွာဘုရားက ပြောင်းပြန်လှန်လိုက်တာပဲ။
တော်ရုံသတ္တိနဲ့ မလုပ်နိုင်တဲ့အရာဖြစ်တယ်။ လူ့လောကမှာ အကြီးမားဆုံး အသိဉာဏ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပါတယ်။ အနတ္တဝါဒကို
ဘယ်သူမှဖျောက်ဖျက်လို့ မရတော့ဘူး။
အဲ့ဒီလိုပဲ ကမ္ဘာကြီး ပြားတယ်လို့ တစ်လောကလုံးက ယုံနေတာကို လုံးပါတယ်လို့ ပြောတာ စိတ်ပိုင်း အသိဉာဏ်ပိုင်း တော်လှန်ရေးတစ်ခု
ဖြစ်ပါတယ်။ အစမှာတော့ အမှန်ကို လက်မခံနိုင်တဲ့သူတွေ များနေတတ်လို့ အမှန်တရားက ရှုံးနိမ့်သလို ဖြစ်နေပါတယ်။ ဒါပေမယ့်
ရေရှည်မှာ အမှန်တရားက အနိုင်ရစမြဲပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနိုင်တဲ့သူဟာ တောင်ပံကျိုးနေတဲ့ ငှက်နဲ့ တူတယ်။ တောင်ပံရှိပေမယ့် မပျံနိုင်ဘူး။
တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။ အချို့ ငယ်ငယ် ကတည်းက ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ် စဉ်းစားခွင့် ကိုယ့်စိတ်ကူးနဲ့ကိုယ်
လုပ်ခွင့် မရခဲ့လို့ တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ အဲဒီတောင်ပံကပြန်ကောင်း မလာတော့ဘူး။ ဒါကြောင့် တစ်သက်လုံး
တောင်ပံကျိုးနေတဲ့ ငှက်လို ဘဝမှာပဲ နေရတော့တယ်။ ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊ ပေးသမျှကို ယူတဲ့သူ ဖြစ်မယ်။
ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊ ပေးသမျှကို ယူတဲ့သူကို အပည့်မွေးချင်တဲ့သူတွေ များတယ်။ 'ဟုတ်ရဲ့လား ဘာဖြစ်လို့ လုပ်ရမှာလဲ
လုပ်သင့်ရဲလား။ ဒီလိုလုပ်တာ တရားရဲ့လား။ မျှတမှုရှိရဲ့လား။ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး' လို့ ဆိုတဲ့သူကို တပည့်ကောင်းလို့
မယူဆဘူး။ ဒဲ့ဒီလိုလူဟာ တပည့် မဖြစ်ဘူး။ တပည့် မဖြစ်ရင် ဘာဖြစ်မလဲ။ အဲ့ဒါကို ဆက်ပြီး စဉ်းစားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Negative peace is the absnce of tesion.
အခြေအနေ တင်းမာမှု မရှိတာကို အနှုပ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
Positive peace is the presence of justice.
တရားမျှတမှု ရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှု လို့ ခေါ်ပါတယ်။
Without justic there is no freedom.
တရားမျှတမှု မရှိရင် လွတ်လပ်မှု မရှိဘူး။
ဒါကြောင့် တရားမျှတမှု ရှိရင် ငြိမ်းချမ်းမှုလည်းရှိတယ်။ လွတ်လပ်မှု့ လည်း ရှိပါတယ်။ လူတိုင်း တကယ်လိုချင်တာ တရားမျှမှုပဲ
ဖြစ်ပါတယ်။ တရားမျှတမှု ရှိရင် ကျန်တာတွေ ပြည့်စုံ လာပါလိမ့်မယ်။ တရားမျှတမှု ရှိတယ်၊ မရှိဘူး ဆိုတာကို လူတိုင်း သိဖို့
နားလည်ဖို့တော့ လိုပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လွတ်လွတ် လပ်လပ် စဉ်းစားတာ တွေးခေါ်တာ မရှိပဲ ဉာဏ်ပညာ မရှိနိုင်ဘူး။ လွတ်လွတ်လပ်လပ် စဉ်းစားတတ်ဖို့ ဘာလိုလဲ။
စာများများဖတ်ဖို့လိုတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့လိုတယ်။
လွတ်လွတ်လပ်လပ် ဆွေးနွေဖို့လိုတယ် ဆိုတော့..... လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတဲ့ စကားပြောဖေါ် ဆွေးနွေးဖက်ရှိုဖို့ လိုတယ်။
ကိုယ့်အယူအဆကို မကြောက်မရွံ နောက်မတွန့်ပဲ ရိုးရိုးသားသား ပြောနိုင်ဖို့ လိုတယ်။ သူများနဲ့မတူတဲ့ ဆန်ကျင်နေ့တဲ့
ကိုယ့်အယူအဆကို ပြောလို့ ရမှသာ တကယ် စဉ်းစားနိုင်တဲ့ စွမ်းရည်ကိုရမယ်။ သူများနဲ့ တူတဲ့ အယူအဆတွေကိုသာ ပြောနေရရင်
ဘာထူးတော့မလဲ။ သူများနဲ့ တူတာကို ပြောဖို့လောက်ကတော့ သိပ်စဉ်းစားနေစရာ မလိုပါဘူး။
ဆရာတော် ဦးဇောတိက
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 12:00 AM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဖြန့်ဝေခြင်း
Monday, April 14, 2008
ချစ်သူ့ မွေးနေ့လက်ဆောင်
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:07 PM 1 ယောက်က ဒီလိုမြင်တယ်
Labels: မွေးနေ့လက်ဆောင်
နှစ်သစ်မင်္ဂလာ နှင့် မွေးနေ့မင်္ဂလာ
နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ အစဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ယခုအချိန်အခါ၊ ယခုနေ့ရက် များသည် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ၁၂လရာသီပွဲတော်များအနက်မှ ပျော်ရွှင်ဖွယ် အကာင်းဆုံး နဲ့ ရင်ခုန်ဖွယ် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ပဲဖြစ်ပါတယ်။ မြန်မာလူမျိုတိုင်းဟာ ဒီနှစ်သစ်ကူး သင်္ကြန်ပွဲ ကိုရောက်ရင်ဖြင့် သူသူငါငါ ကြီးကြီး ငယ်ငယ် ရွယ်ရွယ် မရွေး ဒီမြန်မာ့နှစ်သစ်ကူးသင်္ကြန် အတာရေသဘင်ပွဲ ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြတယ်။ ကျွန်တော့်အတွက်ကတော့ ဒီနှစ်သစ်ကူးပွဲတော်ဟာ ရင်ခုန်စရာ ပျော်ရွှင်စရာ အကောင်းဆုံးပွဲတော်တစ်ခုပဲ
ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကို ဧပြီလ ၁၄ရက် သင်္ကြန် အကြတ်နေ့ မှာ ဖွားမြင်သန့်စင်ခဲ့တယ်။ နှစ်စဉ်သင်္ကြန်ရောက်တိုင်း ကျွန်တော်ဟာ အတာရေသဘင်ပွဲ နှင့် မွေးနေ့မင်္ဂလာပွဲကို ပြိုင်တူဆင်နွှဲ နိုင်ခဲ့တယ်။ ကျွန်တော့်ကို အဲ့ဒီလို နေ့ထူးနေ့မြတ် မှာ မွေးဖွားသန့်စင်ပေးခဲ့ သော ချစ်မေမေ
ဒေါ်သန်းမြင့် နှင့် ချစ်ဖေဖေ ဦးတင်ရွှေ တို့ကို အဝေးရောက်သားကြီး မင်မြတ်ဘုန်း မှ ဒီ ပို့လေးနဲ့ ရိုသေလေးစားစွာ ကန်တော့လိုက်ပါတယ်။ ဖေဖေ မေမေ တို့ ကျန်းမာ ချမ်းသာစွာ နဲ့ အသက်ရာကျော်ရှည် ပြီး တရားဘာဝနာများကို ကျင့်ကြံ အားထုတ်နိုင်ပါစေ လို့ ရိုသေစွာ ဆုတောင်လိုက်ပါတယ်။ ကျွန်တော့်ကို ဒီအသက် ဒီအရွယ်အထိ ပြုစု ရင်ဝယ်သားကဲ့သို့ ပြုစု့စောင့်ရှောက် ခဲ့သော ကြီးကြီး ဒေါ်အေးမြင့် ကိုလည်း ရိုသေစွာ ကန်တော့လိုက်ပါတယ်။ ကြီးကြီး ကျန်းမာချမ်းသာ ၍အသက် ရာကျော် ရှည်ပါစေ လို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။
သားကြီး မင်းမြတ်ဘုန်း
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:05 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: အထိမ်းအမှတ်
Tuesday, April 8, 2008
လူတစ်မျိုုးရှိသည်
လောကကြီးတွင်လူတစ်မျိုးရှိသည်......
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက်
အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့ အပြင်ထွက်လျှင်အစစအရာအရာ
သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟု
ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန် လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေးနေတတ်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်.......
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီးသားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။ ဆူပူကြီမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်..........
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကိုလုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားလူများထက်ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ ရေးကြုံပါကသွေးနီးကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်.........
မတွေ့ မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေပြန်လျှင် ရင်တွေခုန်ကာ ဆွံအနေတတ်သည်။ စိတ်ထဲ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးစိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်........
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ်ဘက်မှ ရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေး တတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
လောကကြီးတွင်လူတစ်မျိုးရှိသည်.......
မိဘ၏ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏သွန်သင်ဆုံးမမူ အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏ ချစ်ခင်မူအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာ ယုယမူ အောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမူအောက်တွင် ဘဝ၏တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည် ကိုယ်ဘဝထဲသို့ ဧည့်သည်တစ်ယောက်လို ဝင်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။ သူတိုသည်ဘဝကို အသိဉာဏ်နှင့် ဗဟုသုတ တိုးပွားအောင်ကူညီပေးကြသည်။ ဘဝိကို ပျော်ရွှင်မှူများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံ မေံနေတတ်သည်။
ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်ပါသည်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:42 AM 1 ယောက်က ဒီလိုမြင်တယ်
Labels: ဆောင်းပါး
Thursday, April 3, 2008
စိတ်
ကျွန်တော့် blog ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင် ပါတယ်။ ကျွန်တာ့်ရဲ့ post တွေကို စောင့်မျှော် ဖတ်ရှူ့နေတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ ခုရက်ပိုင်း ကျွန်တော် blog နှင့် နဲနဲ အဆက်ပြတ်သွားခဲ့တယ် post အသစ်လည်းမတင်ဖြစ်ဘူး။ ခုဆိုရင် ဧပြီလ ရောက်လာ လို့ နဲ့ တူတယ် နဲနဲ ရူးချင်လာတယ်၊ အဲဒီလိုပဲ လူဆိုတဲ့ သတ္တဝါဟာ အရူးတွေပဲ တစ်မျိုး တစ်ဘာသာစီရူးနေကြတာပဲ အဲ့တာကြောင့် သတိဆိုတဲ့ ချွန်းလေးနဲ့ထိန်းကြောင်းနိုင်ပါမှ ဘဝကို မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်မယ်။
"သတိတစ်လုံး လက်ကိုင်သုံး အဆုံး နိဗ္ဗာန်ပြည် " တဲ့ ကျွန်တာ်တို့ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အဆုံးပန်းတိုင်ဟာ နိဗ္ဗာန် ပဲဖြစ်တယ်။ ဗုဒ္ဓ ဘာသာဝင်တိုင်းဟာ ဘုရားရှိခိုး ဆုတောင်းတိုင်း နိဗ္ဗာန်ရောက်ရပါလို၏ တဲ့ ဆုတောင်းတတ်ကြပါတယ်။ ဒါပေမယ် တကယ် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ရော တကယ်ရှိရဲ့လားဆိုတာ အရင်မေးရမယ်။
ကျွန်တော်ကြားဘူးတဲ့ ပုံပြင်ထဲကလို "နောက်အခေါက်များကြမှပဲ နိဗ္ဗာန်ကို လိုက်ပါတော့မည် ဘုရား" လိုဖြစ်နေပြီ
တစ်ခါက ရွာတစ်ရွာမှာ သူကြီး တစ်ဦး ရှိသတဲ့ သူ့မှာ ချစ်လှစွာသော ဇနီး နှင့် သားသမီး ၂ ယောက်ရှိတယ်။ သူဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပြီး ဘုရားတရားကို အလွန်ရိုသေ ကိုင်းရှိုင်းတယ်၊ ပြီးတော့ အပေါင်းအသင်းတွေနဲ့ စကားပြောတိုင်း နိဗ္ဗာန်ရောက်ချင်ကြောင်းအမြဲပြောလေ့ရှိတယ်၊ဘုရားရှိခိုးရင်လည်း နိဗ္ဗာန်ရောက်ရပါလို၏ဟုဆုတောင်းကြောင်း ပြောလွန်းအားကြီးလို့ အပေါင်းအသင်းတွေတောင် နဲနဲ နားကြားပြင်းကပ်လာတယ်။ ပြီတော့သူဟာ မနက်တိုင်း ရွာဦးစေတီမှာ ပန်း၊ဆီမီး ကပ်လှူပြီး ဘုရားရှိခိုးတယ် ပြီးရင် နိဗ္ဗာန်ရောက်ရပါလို၏ဟု ကျယ်လောင်စွာဆုတောင်းတယ်။ နေ့စဉ်နဲ့ အမျှ အဲဒီလို ဆုတောင်းသံကို ကြားရတော့ အဲဒီရွာဦးစေတီနားက ဘုန်းကြီးကျောင်းမှ ကပ္ပိယ ကြီးက နောက်ချင်စိတ်ဖြစ်လာပြီး တစ်ရက်ကြတော့ ကပ္ပိယကြီးက စေတီရဲ့နောက်ကွယ်မှာ ပုန်းနေပြီး
သူကြီးရဲ့ ဘုရားရှိခိုးအပြီးကို စောင့်ဆိုင်းနေတယ်။ သူကြီးလည်း ထုံးစံအတိုင်း ဘုရားရှိခိုးအပြီး နိဗ္ဗာန်ရောက်ရပါလို၏ ဘုရားဟု ကျယ်လောင်စွာဆုတောင်းတယ်၊
သူဆုတောင်းအပြီး ကပ္ပိယကြီးရဲ့ အသံလည်းကျယ်လောင်စွာထွက်ပေါ်လာတယ်။
" ချစ်သား.... မောင်မင်းရဲ့ ဆုတောင်းသံကြောင့် ငါသိကြား မနေသာ၍ လူပြည်ကို ဆင်းသက်လာတယ်၊ မောင်မင်း ရောက်ချင်တဲ့ နိဗ္ဗာန်ပြည်သို့ ပို့ဆောင်ပေးရန် ငါသိကြား ရောက်လာခြင်းဖြစ်တယ်၊ ခုပင် မဆိုင်းမတွ လိုက်ခဲ့ပေတော့ မောင်မင်း"
သူကြီးလည်း ရုတ်တရက် အသံကြားလိုက်ရတော့ တော်တော်လေးကို အံသြသွားတယ်။
ပြီးတော့ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ ပြီးတော့ ကပ္ပိယကြီးရဲ့ အသံ ထွက်ပေါ်လာပြန်တယ် နိဗ္ဗာန်ပို့ပေးမယ့်အကြောင်းထပ်ပြောတယ် သူကြီးလည်း နဲနဲတွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာတယ်။
ဒါကိုကပ္ပိယကြီးကသိတော့ နောက် တကြိမ်ထပ်ခေါ်ပြန်တယ်၊ အဲဒီတော့ သူကြီးလည်း မနေသာတောပဲ ဒီလိုပြန်ပြောလိုက်တယ်
" အရှင်သိကြားမင်း ကျွန်တော်မျိုး လိုက်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ဇနီး နှင့် သားသမီးတွေကို မပြောရသေးပါ သိကြားမင်း၊ ပြီးတော့ ကျွန်တော့်မှာလည်း ရွာသူကြီးဆိုတော့ ရွာတာဝန်တွေက လည်းရှိသေးပါတယ် သိကြားမင်း အဲ့ဒီအတွက်ကြောင့် သိကြားမင်း ပို့ပေးမယ့် နိဗ္ဗာန်ပြည်ကို လည်းသွားချင်ပါတယ် ဒါပေမယ့် နောက်အခေါက်များကြမှပဲ နိဗ္ဗာန် ကို လိုက်ပါတော့မည် ဘုရား"
အဲဒီနေ့ကစပြီး သူကြီးလည်း နိဗ္ဗာန်သွားချင်ကြောင်း ဘယ်သူကိုမှ မပြောတော့ဘူး။
တကယ်တော့ လူတိုင်းဟာ နိဗ္ဗာန်ရောက်ချင်ကြတယ်။ ဒါမှလည်း သံသရာမှ လွတ်မြောက်ကြမည် မဟုတ်လား။ တကယ်တော့ သံသရာမှ လွတ်မြောက်ဖို့ရာ ဆုတောင်းနေရုံနှင့် မပြီးသေးဘူး
မြတ်စွာဘုရား ချမှတ်ပေးထားတဲ့ နည်းလမ်း၊ကျင့်ဝတ်တွေကို တကယ်လိုက်နာကျင့်သုံး မှသာ တကယ်လွတ်မြောက်နိုင်မှာပါ။ သေချာတဲ့နည်းလမ်းတွေ၊ သေချာတဲ့ ကျင့်ဝတ်တွေ က တကယ်ရှိနေတာ လူတွေက သိတော့သိကြတယ် မလုပ်နိုင်ကြတဲ့သူတွေကများတယ်။ ပြီးတော ဒီသံသရာက လွတ်မြောက်ချင်တယ် ပြောနေပြီးတော့ ဒီသံသရာထဲမှာ ပဲပျော်မွေ့နေကြတယ်။ အဲ့တာကို သတိလေးကပ် ထားဖို့တော့ နဲနဲလိုလိမ့်မယ်။ အဲ့ဒီသတိဆိုတာကလည်း စိတ်နဲ့ပဲဆိုင်တယ်၊ ကျွန်တော်တို့တတွေဟာ ဒီလောကကြီထဲမှာ နေ့စဉ် ရုန်းကန် လှုပ်ရှားရင်းနဲ့ ဘဝတွေကို ရှေ့ဆက်နေကြရတယ်။ နေ့စဉ်လူတိုင်းရဲ့ စိတ်အစဉ်မှာ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ သနားခြင်း၊ ဒေါသဖြစ်ခြင်း၊ မနာလိုခြင်း အဲ့ဒီ အရာတွေအားလုံးဟာ စက္ကန့်မလပ်ဖြစ်ပေါ်နေကြတယ်။ အဲ့ဒီ ဖြစ်ပေါ်နေ့တဲ့ စိတ်တွေကို သတိလေးနဲ ယှဉ်ပြီး ဆင်ခြင်ကြည့် ရင် ဘဝဟာပိုပြီးအဓိပါယ် ရှိလာလိမ့်မယ်၊ ပျော်ရွှင်တယ် ဘာလို့ ပျော်ရွှင်တာလဲ၊ စိတ်ညစ်တယ် ဘာလို့စိတ်ညစ်တာလဲ၊ အစရှိသဖြင့် နဲနဲလေးစဉ်းစား ကြည်ရင် နေရထိုင်ရတာ တော်တော်ပေါ့ပါးလာလိမ့်မယ်။ ပြီးတော နေ့စဉ်ကိုယ်ဘာပဲ လုပ်လုပ် တစ်ဘက် စွန်းမရောက်ဖို့လည်းအရေးကြီးတယ်။ ဗုဒ္ဓမြတ်စွာ ချမှတ်ခဲ့သော မဇ္ဖျိမပဋိပဒါ အလယ်အလတ်လမ်းစဉ် ဆိုတာ ကြည့်လိုက်ရင်တော လွယ်လွယ်လေးပါဘဲ ဒါပေမယ့် တကယ်စောင့်ထိန်းလိုက်နာဖို့ဆိုတာကတောတော်တော်လေးကို ခဲယဉ်းပြီးတော အရမ်းကိုသိမ်မွေ့ နက်နဲ ခက်ခဲတဲ့ အလုပ်ပဲ။ အဲဒါကြောင့် ကျွန်တော်တို့ကြိုးစားကျင့်ကြံနေထိုင် ဖို့ရေးကြီးပါတယ်။ ဘဝဆိုတာ အရမ်းကိုတိုလွန်းပါတယ်၊ အဲဒီတိုတောင်းလှတဲ့ဘဝလေးမှာ ဘာတွေကို များ လောဘတကြီးနှင့် တွယ်ဖက်နေဦးမှာလဲ။ လုပ်သင့်လုပ်ထိုက်တာကို အချိန်ကုန်မခံပဲ လုပ်သင့်ပြီလို ကျွန်တော်ယူဆရပါတယ်။ ဒါပေမယ် သိတော့သိတယ် မလုပ်နိုင်သေးတောင်မှ စိတ်ထားလေးတွေကို ပြုပြင် ထိန်းသိမ်းသွားကြမယ် ဆိုရင်ဖြင့် ကျွန်တော်တို့ဟာ တချိန်ကြရင် သေဖို့အတွက် အဆင်သင့် ဖြစ်နေပါမည်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:06 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဆောင်းပါး



